← Chapters

အခန်း ၄၈

Vol. 5 Ch. 48

အခန်း ၄၈

Vol. 5 Ch. 48

အခန်း (၄၈) သင့်ကိုယ်သင် သက်သေပြရန် အခွင့်အရေး

"မောင်လေး... မင်းရဲ့ ယောက်ဖက မင်းရဲ့စွမ်းရည်တွေကို အထင်သေးပြီး အခွင့်အရေး တစ်ခါမှ မပေးခဲ့ဘူးလို့ ပြောခဲ့တယ် မဟုတ်ဘူးလား"

"အခု မင်းရဲ့ အခွင့်အရေး ရောက်လာပြီ..."

ဝမ်ဝမ် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ဝမ်ကျို၏ မျက်လုံးများ ရုတ်တရက် လင်းလက်သွားလေ၏။

ဒါက သူ၏ စွမ်းရည်များကို သက်သေပြရန် အခွင့်အရေးတစ်ခု ဖြစ်ပုံရပေသည်။

အကယ်၍ သူသာ ဤအခွင့်အရေးကို ဆုပ်ကိုင်နိုင်မည်ဆိုပါက သူ၏ ယောက်ဖဖြစ်သူက သူ့ကို ကုမ္ပဏီ၏ အထွေထွေမန်နေဂျာအဖြစ် ရာထူးမတိုးပေးရန် မည်သည့် အကြောင်းပြချက် ရှိနိုင်မည်နည်း။

"အစ်မ... ကျွန်တော့်ကို ဘာလုပ်စေချင်လဲ တိုက်ရိုက်သာ ပြောပါ..."

ဝမ်ကျိုက ပြတ်သားစွာ ပြောဆိုလိုက်၏။

"အင်း... မင်းရဲ့ ယောက်ဖက လမ်းမှားနေတယ်... Ar နည်းပညာကုမ္ပဏီ လို့ခေါ်တဲ့ အဲဒီ ကုမ္ပဏီငယ်လေးက ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာ လုံးဝ မရှိဘူး..."

"သူက ရှယ်ယာဝယ်ဖို့ ယွမ်သန်း ၂၀၀ နီးပါး သုံးချင်နေတာ... အဲဒါက ရှင်းရှင်းလင်းလင်းကို ကျိုးကြောင်းမဆီလျော်ဘူးလေ..."

"ဒီကိစ္စကို အကုန်လုံး မင်းကို ကိုင်တွယ်ခိုင်းမယ်... သူတို့ရဲ့ အကြီးဆုံး ရှယ်ယာရှင်က ယွမ် သန်း ၉၀ ပဲ ရင်းနှီးမြှုပ်နှံထားတယ်လို့ ငါ ကြားတယ်... မင်းက သူ့ကို ယွမ် တစ်သန်း ဒါမှမဟုတ် နှစ်သန်းလောက် အချိုသတ်ပေးပြီး အခက်အခဲကို မြင်တဲ့အခါ ဆုတ်ခွာသွားအောင် လုပ်လိုက်ရုံပဲ..."

"ဒီတာဝန်ကို ပြီးမြောက်ဖို့အတွက် အနည်းဆုံး ငွေပမာဏကိုပဲ သုံးရမယ်... နားလည်လား..."

ဝမ်ဝမ်က ပြောလိုက်သည်။

"ကောင်းပါပြီ အစ်မ... စောင့်သာကြည့်နေလိုက်... ဒီတစ်ကြိမ် ဒီကိစ္စကို ပြီးပြည့်စုံအောင် ကိုင်တွယ်ပြမယ်..."

ဝမ်ကျိုသည် အလွန် ယုံကြည်မှု ရှိနေခဲ့၏။

ထျန်းရီအရင်းအနှီးမြှုပ်ကုမ္ပဏီ ကို တည်ထောင်သူ၏ ယောက်ဖဆိုသော သူ၏ အမှတ်အသားက သူ့ကို ပြင်းထန်သော ယုံကြည်မှုများဖြင့် ပြည့်နှက်နေစေပြီး အခြားသူများထက် သာလွန်သည်ဟူသော ခံစားချက်ကို ပြင်းပြင်းထန်ထန် ရရှိစေပေသည်။

"အင်း..."

ဝမ်ဝမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ သူမက မောင်ဖြစ်သူကို မှန်ကန်သော လမ်းညွှန်မှု ပေးနိုင်သရွေ့ သူက အလွန် စွမ်းဆောင်နိုင်သူတစ်ဦး ဖြစ်ပေသည်။

ဝမ်ကျို ထွက်သွားသည်ကို ကြည့်ရင်း ကျန်းထျန်းရီ၏ ဘေးတွင် လူတစ်ယောက် ထားရှိနိုင်ခဲ့သဖြင့် ကုမ္ပဏီအတွင်း သူ၏ လှုပ်ရှားမှုတိုင်းကို သိရှိနိုင်ခဲ့သည့်အတွက် ဝမ်ဝမ်သည် အလွန် ဝမ်းသာနေခဲ့၏။

ဤတစ်ကြိမ်တွင် သူမက အတင်းအကျပ် ဝင်ရောက်စွက်ဖက်ခဲ့သဖြင့် တော်သေးသည်။ ထိုသို့မဟုတ်ပါက ဤမျှလောက် ငွေအများကြီး သုံးစွဲခြင်းက လုံးလုံးလျားလျား အလဟဿ ဖြစ်သွားပေလိမ့်မည်။

ယွမ် သန်း ၁၀၀ ဆုကြေးတဲ့လား... ကြီးမားတဲ့ ဗီလာတစ်လုံး ဝယ်ဖို့ မသုံးနိုင်ဘူးလား...

သူက အနာဂတ် ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာ လုံးဝ မရှိသလောက် ဖြစ်နေတဲ့ ကျိုးပဲ့နေသော ကုမ္ပဏီငယ်လေးတစ်ခုမှာ အတင်းအကျပ် ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားနေခဲ့သည်။

ကျန်းထျန်းရီသည် စီးပွားရေးလောကထဲတွင် နှစ်ပေါင်းများစွာ နစ်မြုပ်နေပြီးနောက် သူမနှင့် မတူတော့ဘဲ ယခင်ကရှိခဲ့သော စုရှထက်မြက်သည့် အမြင်များကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်ပုံရပေသည်။

စုယွမ်ဘက်တွင်မူ သူသည် ညစာစားပြီးသွားပြီဖြစ်ကာ အိမ်သို့ လမ်းလျှောက်ပြန်လာခဲ့သည်။

ထိုအချိန်၌ အမည်မသိ နံပါတ်တစ်ခုထံမှ ဖုန်းဝင်လာခဲ့၏။

အကြောင်းပြချက်တစ်ခုခုကြောင့် စုယွမ်သည် သိပ်မကိုင်ချင်သဖြင့် ဖုန်းချလိုက်သည်။

ထို့နောက် ဖုန်းက နောက်ထပ် နှစ်ကြိမ် မြည်လာခဲ့၏။ တစ်ကြိမ်က စုယွမ် ရေချိုးနေစဉ်ဖြစ်ပြီး အခြားတစ်ကြိမ်မှာ စုယွမ် ရုပ်ရှင်ကြည့်နေစဉ် ဖြစ်ပေသည်။

စုစုပေါင်း ဖုန်းသုံးကော ဝင်လာခဲ့ပြီး စုယွမ်က တစ်ကောမျှ မကိုင်ခဲ့ချေ။

ညနက်နေပြီဖြစ်သည်ကို မြင်သောအခါ စုယွမ်သည် အိပ်ရာဝင်ရန်သာ ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့ နံနက်တွင် ဆက်တိုက် မြည်နေသော ဖုန်းသံများက စုယွမ်အား နိုးလာစေခဲ့၏။

သူ ဖုန်းကိုဖွင့်ကြည့်လိုက်ရာ မနေ့က နံပါတ်ပင် ဖြစ်နေဆဲ ဖြစ်သည်။

မနက်ခင်း တစ်ခုတည်းမှာတင် ဖုန်းကော ဆယ်ဂဏန်းလောက် ရှိနေပြီ...

စုယွမ် ချက်ချင်းပင် ဒေါသထွက်သွားလေ၏။

ငါ မင်းကို မသိဘူးလေ... ဒါတောင် မင်းက အရမ်း စိတ်အနှောင့်အယှက် ပေးနေတုန်းပဲလား...

"ဟလို... ဘယ်သူလဲ... မနက်စောစောစီးစီး ဘာလို့ အရူးလို လာလုပ်နေရတာလဲ လူမူရေးမရှိဘူးလား..."

စုယွမ်တွင် မနက်ခင်း အိပ်ရာထ ဒေါသ အနည်းငယ် ရှိနေပြီး ဖုန်းကို ဖြေကြားလိုက်သည်နှင့် တစ်ပြိုင်နက် စတင်ကျိန်ဆဲတော့၏။

ငါ အခု ကျောင်းမှာလည်း မဟုတ်ဘူး အလုပ်မှာလည်း မဟုတ်ဘူး... ဒါကြောင့် မင်းကို သည်းခံနေမှာ မဟုတ်ဘူး...

"ဟင်... မဟုတ်ဘူးလေ... မင်းက ဘာလို့ ပါးစပ်ဖွင့်တာနဲ့ စတင်ကျိန်ဆဲနေရတာလဲ... မင်းမှာ ယဉ်ကျေးမှု မရှိဘူးလား..."

"မင်း ငါ့ဖုန်းတွေကို မကိုင်ဘူးဆိုတော့ ဟန်ရေးပြနေတာလား..."

ဖုန်း၏ အခြားတစ်ဖက်ရှိ အသံမှာ အလွန်စိမ်းသက်နေသော အမျိုးသားတစ်ဦး၏ အသံ ဖြစ်ပေသည်။

"သေလိုက်ပါလား..."

"မင်း ဦးနှောက် ပျက်နေတာလား... ငါ မင်းကို မသိဘူးလေ... ဒါကို မနက်စောစောစီးစီး ဖုန်းတွေ ဆက်တိုက် ခေါ်နေတာ... မင်းကိုယ်မင်း အရမ်း ယဉ်ကျေးတယ်လို့ ထင်နေတာလား..."

"ဒါ့အပြင် မင်းက ဘယ်လိုလူမျိုးမို့လို့ ဒီလောက်တောင် မောက်မာနေရတာလဲ..."

ယခုအချိန်၌ စုယွမ်သည် မည်သူနှင့်မျှ အလျှော့ပေးရန် ငြင်းဆန်နေခဲ့လေ၏။

"ချီးး... ဒါကြီးက တကယ်ကို လွန်လွန်းတယ်..."

"ငါက ဘယ်သူလဲဆိုတာ မင်း သိလား... ဟမ်..."

ဖုန်း၏ အခြားတစ်ဖက်မှ အသံမှာ အလွန် အံ့အားသင့်နေပုံရပေသည်။

"မင်း ဘယ်သူပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး... ငါကို မင်းရဲ့ အဖေလို့ ထင်နေတာလား..."

စုယွမ်သည် နောက်ခံများဖြင့် လူများကို ခြိမ်းခြောက်တတ်သော ဤနည်းဗျူဟာကို အကြောက်ဆုံး မဟုတ်ချေ။

ဒီလိုလူမျိုးတွေ များလေလေ သူတို့ရဲ့ စွမ်းရည်က အများအားဖြင့် နည်းပါးလေလေပဲ...

"မင်း..."

"ငါ့ရဲ့ အနောက်ခံကို ငါ ပြောလိုက်ရင် မင်း လန့်သွားလိမ့်မယ်..."

"မင်း ထျန်းရီအရင်းအနှီးမြှုပ်ကုမ္ပဏီ ကို သိတယ် မဟုတ်လား... အဲဒါကို တည်ထောင်သူ ကျန်းထျန်းရီ က ငါ့ယောက်ဖကွ... ငါ့နာမည်က ဝမ်ကျို... အခု ငါ့အနောက်ခံကို မင်း သိပြီလား..."

သူ၏ အနောက်ခံအကြောင်း ပြောနေစဉ် ဝမ်ကျို၏ လေသံမှာ ပိုမိုမောက်မာလာခဲ့ပေ၏။

"မင်းလို လူရမ်းကားလေးက ဒီလောက် ကြောက်စရာကောင်းတဲ့ အမှတ်အသားနဲ့ ငါက မင်းလို သူဌေးသစ်လေးကို သေအောင် ခြောက်လှန့်ပစ်မယ်..."

"ငါ မင်းကို ပြောမယ်... မင်း Ar နည်းပညာကုမ္ပဏီ ရဲ့ ရှယ်ယာတွေကို ယွမ် သန်း ၉၀ နဲ့ ဝယ်ခဲ့တယ် မဟုတ်လား... အခု ငါက အဲဒီရှယ်ယာတွေကို ယွမ် သန်း ၉၀ နဲ့ ပြန်ဝယ်မယ်... ငါက တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ အားနေတော့ မင်း အမြန်လာပြီး ငါနဲ့ ပူးပေါင်းလိုက်..."

ဝမ်ကျိုက အချိန်အကြာကြီး စကားတွေ တရစပ် ပြောနေခဲ့သော်လည်း တစ်ဝက်တစ်ပျက် အိပ်မောကျနေသော စုယွမ်သည် မည်သည့်အရာကိုမျှ သေချာ မကြားခဲ့ချေ။

"မင်း က မနက်စောစောစီးစီး ခွေးတစ်ကောင်လို ဟောင်နေတာလား... ညည်းတွားနေတာကို ရပ်လို့ရမလား... ငါ့ကိုယ်ငါဝက်ခြံထဲ ရောက်နေတယ်လို့တောင် ငါ ထင်လိုက်မိတယ်..."

စကားပြောပြီးနောက် သူသည် ဖုန်းကို တိုက်ရိုက် ချလိုက်၏။

သူ၏ ကောင်းမွန်သော အိပ်စက်ခြင်းသည် ဤအရူးကြောင့် အနှောင့်အယှက် ဖြစ်သွားရသဖြင့် စုယွမ်သည် အလွန် ဒေါသထွက်နေခဲ့သည်။

"ဒီအရူးက ဘယ်ကရောက်လာမှန်းကို မသိဘူး..."

ကျိန်ဆဲပြီးနောက် စုယွမ်မှာ ဆက်အိပ်၍ မရတော့သဖြင့် မျက်နှာသစ်ရန်သာ ထလိုက်ရလေ၏။

ရေချိုးခန်းထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် ဖုန်းက တစ်ကြိမ်၊ နောက်တစ်ကြိမ်၊ နောက်ထပ်တစ်ကြိမ် ဆက်တိုက် မြည်လာခဲ့ပြန်သည်။

စုယွမ် ကြည့်လိုက်ရာ ထိုအရူးပင် ဖြစ်နေကြောင်း တွေ့လိုက်ရ၏။

"မင်း မပြီးသေးဘူး မဟုတ်လား..."

စုယွမ်က သွားတိုက်နေစဉ် ပြောလိုက်သည်။

"မဟုတ်ဘူး... မင်း ခုနက ဘယ်သူ့ကို ကျိန်ဆဲနေတာလဲ..."

"ငါ မင်းကို အခွင့်အရေး တစ်ခါပေးမယ်... မင်းရဲ့ Ar နည်းပညာကုမ္ပဏီ ရှယ်ယာတွေကို ယွမ် သန်း ၉၀ နဲ့ ငါ ဝယ်မယ်... ငါ သုံးအထိပဲ ရေမယ်... သုံး..."

ဖုန်း၏ အခြားတစ်ဖက်က စကားပြော၍ မပြီးဆုံးမီမှာပင် စုယွမ်က ဖုန်းကို တိုက်ရိုက် ဖြတ်တောက်လိုက်လေသည်။

အောင်မာ... ဒါဆို သူက ငါ့ရှယ်ယာတွေကို လိုချင်နေတာပေါ့...

သူ ယွမ် သန်း ၉၀ ရင်းနှီးမြှုပ်နှံထားသော်လည်း ဤကောင်လေးက သူ့ကို အမြတ်မရစေချင်ဘဲ သူ၏ ရှယ်ယာများကို ယွမ် သန်း ၉၀ ဖြင့်ပင် ဝယ်ယူချင်နေသေးသည်။

ဒါက သက်သက် အရူးလုပ်နေတာ မဟုတ်ဘူးလား...

Ar နည်းပညာကုမ္ပဏီ ၏ ရှယ်ယာများကို ရောင်းချမည့်အစား သူသာ သေလိုက်မည်ပင်။

ရက်အနည်းငယ်အတွင်း ၎င်းသည် ပေါက်ကွဲထွက်လောက်သော တိုးတက်မှုနှင့်အတူ ကြီးမားလှသည့် ဝင်ငွေရလမ်းကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

၎င်း၏ အမြင့်ဆုံး ဈေးကွက်တန်ဖိုးမှာ ဘီလီယံချီအထိ ရောက်ရှိသွားနိုင်ပေ၏။

ယွမ် သန်း ၉၀ ဖြင့် ၎င်းကို ရယူလိုခြင်းမှာ တကယ်ကို အိမ်မက်မက်နေခြင်းပင်။

ထို့နောက် အခြားတစ်ဖက်မှ အကြိမ်များစွာ ထပ်မံခေါ်ဆိုခဲ့သော်လည်း စုယွမ်က မကိုင်ဘဲ ဖုန်းချပစ်လိုက်သည်။

ယနေ့တွင် သူ လုပ်စရာ ကိုယ်ပိုင်ကိစ္စများ ရှိနေပြီး ၎င်းမှာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခု တည်ထောင်ရန် ဖြစ်ပေ၏။

ကုမ္ပဏီ၏ အမည်ကို သူ ဆုံးဖြတ်ပြီးပြီဖြစ်သော်လည်း လုပ်ထုံးလုပ်နည်းများကို သိပ်မကျွမ်းကျင်သဖြင့် တစ်စုံတစ်ယောက်အား မေးမြန်းရန် စုယွမ် စီစဉ်ထားလေသည်။

အခြားတစ်ဖက်တွင် စုယွမ်က သူ့ကို ဘလက်လစ်ထဲ ထည့်လိုက်ပြီဖြစ်ကြောင်း ဝမ်ကျို တွေ့ရှိသွားပြီးနောက် သူသည် အလွန်အမင်း ဒေါသထွက်သွားခဲ့၏။

သူ၏ ယောက်ဖဖြစ်သူ ကျန်းထျန်းရီကိုပင် မသိသော ဤသူဌေးသစ်လေးက သူ့ကို တကယ်ပင် စော်ကားရဲပေသည်။

သူ့ကို ကူညီရန် ယွမ် သန်း ၉၀ ပေးမည်ဟု သူ တွေးထားခဲ့သော်လည်း သူက အသိအမှတ်မပြုခဲ့ချေ။

ဒီလိုလူမျိုးက ရင်းနှီးမြှုပ်နှံဖို့ ထိုက်တန်လို့လား...

ဝမ်ကျို တကယ်ကို နားမလည်နိုင်ခဲ့ပေ။

ဒီလိုဆိုမှတော့ သူနဲ့ ထပ်ပြီး အလုပ်လုပ်နေစရာ မလိုတော့ဘူး... သူ့ကို တိုင်လိုက်ရုံပဲ...

ဤအကြောင်းကို တွေးမိချိန်တွင် ဝမ်ကျိုသည် ကျန်းထျန်းရီ၏ ရုံးခန်းသို့ သွားရောက်ခဲ့၏။

ဝင်သွားသည်နှင့် တစ်ပြိုင်နက် ဝမ်ဝမ်က သူနှင့် အငြင်းပွားနေသည်ကို သူ မြင်တွေ့လိုက်ရသည်။

ဒီကိစ္စအကြောင်းလောက်ပါပဲ...

"ကျန်းထျန်းရီ... ဒီကိစ္စကို ကိုင်တွယ်ဖို့ ငါ ဝမ်ကျိုကို ပြောပြီးပြီ... ရလဒ်တွေကိုသာ စောင့်နေလိုက်..."

ဝမ်ဝမ်က မောက်မာစွာ ပြောဆိုလိုက်သည်။

"မင်း..."

ကျန်းထျန်းရီသည် ဒေါသကြောင့် တုန်ရီသွား၏။ သူ၏ဇနီးသည် အဘယ်ကြောင့် အရေးကြီးသော အချိန်များတွင် သူ၏ အစီအစဉ်များကို အမြဲတမ်း ဖျက်ဆီးရသနည်းဆိုတာကို သူ နားမလည်နိုင်ခဲ့ချေ။

"အင်း... အစ်မ... ယောက်ဖ... ဒီကိစ္စကို ကျွန်တော် ကိုင်တွယ်ပြီးသွားပြီ..."

"အဲဒီလူကို ကျွန်တော် ဆက်သွယ်လိုက်တော့ သူက အရူးတစ်ယောက်လိုပဲ... ယွမ် သန်း ၉၀ ပေးမယ်လို့တောင် ပြောခဲ့တာကို သူက လုံးဝ သဘောမတူဘူး..."

"ကျွန်တော့်ကို မေးမယ်ဆိုရင်တော့ အဲဒီ Ar နည်းပညာကုမ္ပဏီ ဆိုတာက အဲဒီလောက်ပါပဲ... ကျွန်တော်တို့ ဒီကိစ္စကို အချိန်ကုန်ခံနေစရာ မလိုပါဘူး..."

ကျန်းထျန်းရီ၏ မျက်လုံးများထဲတွင် ဖုံးကွယ်ထားသော ပြင်းထန်သည့် သတ်ဖြတ်လိုသော အငွေ့အသက်များကို လုံးလုံးလျားလျား သတိမထားမိဘဲ ဝမ်ကျိုက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်လေသည်။

All Chapters