← Chapters

အခန်း ၂၂၂၃

Vol. 138 Ch. 2223

အခန်း ၂၂၂၃

Vol. 138 Ch. 2223

အခန်း (၂၂၂၃) မာနထောင်လွှားနေသော ထိုက်ရှီ

လူတိုင်း၏ ရင်ထဲ၌ အလွန်အမင်း ထူးဆန်းနေကြသည့် အချိန်လေး အတွင်းမှာပင်၊ နောက်တစ်ခဏတွင် လူတိုင်းသည် အန်းလုရှန်း၏အသံကို ထပ်မံ ကြားလိုက်ရပြန်သည်။

အန်းလုရှန်း မှာ ခေါင်းလှည့်ကာ ဘေးနားရှိ ထိုက်ရှီနှင့် သူ၏ အနီးအနားရှိ နတ်ဘုရား သခင်အချို့ကို ဖြည်းညင်းစွာ လှမ်းကြည့်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။

အန်းလုရှန်း၏ နောက်ဆုံးစကားကို ကြားလိုက်ရသည့်အခါ လူတိုင်း၏ရင်ထဲ၌ တိတ်တဆိတ် ကျိန်ဆဲလိုက်ကြတော့သည်။ အချိန်အတော်ကြာအောင် ပြောဆိုနေခဲ့ပြီးနောက် အန်းလုရှန်း ပြောဆိုနေသည်များ အားလုံးမှာ ထိုက်ရှီကို မြှောက်ပင့် ဖားယားနေခြင်း သက်သက်သာ ဖြစ်နေတော့သည်။

"ဗိုလ်ချုပ်... ကြည့်ရတာ ကျွန်မ အရင်တုန်းက ဗိုလ်ချုပ်ကို အထင်သေးမိသွားတာပဲ၊ ဗိုလ်ချုပ်ရဲ့ စရိုက်က မာနထောင်လွှားတယ်လို့ အားလုံးက ပြောကြတာ၊ အခု ကြည့်ရတာ ကောလာဟလ တွေကနေ တစ်ဆင့်စကား တစ်ဆင့်နား နဲ့ လွဲမှားသွားပုံ ရတယ်။ ဗိုလ်ချုပ် စကားပြောတဲ့ အခါကျရင် ကျွန်မတို့အားလုံး ပေါင်းရင်တောင် ဗိုလ်ချုပ်ကို ဘယ်လိုမှ မီမှာ မဟုတ်ဘူးနော်"

ရှီဘုရင်မက အေးစက်စွာ ရယ်မောရင်း ဆိုလိုက်တော့သည်။

အန်းလုရှန်းမှာ လုံးဝ စိတ်ဆိုးခြင်း မရှိပါချေ။ တံတိုင်းပြင်ပရှိ နိုင်ငံအသီးသီးတစ်ခုလုံးတွင် ရှီဘုရင်မ၏ သွယ်ဝိုက်သောနည်းဖြင့် လှောင်ပြောင် ပြောဆိုတတ်သောစွမ်းရည်များကို မသိသူ မရှိလောက်အောင်ပင် ဖြစ်တော့သည်။

"သခင်ကြီး... နောက်ပိုင်းကျရင် ငါတို့ ဘယ်လို ဆက်လုပ်ကြမလဲ?"

အန်းလုရှန်းက တိုက်ရိုက်ပင် ထိုက်ရှီကို မေးမြန်းလိုက်တော့သည်။

"ခုနစ်ရက်အတွင်း မင်းတို့ အားလုံး တောင်ဘက်က အဲဒီ သံမဏိခံတပ်ကြီးကို အပြည့်အဝ ဖောက်ထွင်း သိမ်းပိုက်ရမယ်"

ထိုက်ရှီ၏မျက်နှာအမူအရာမှာ အေးစက်နေခဲ့ပြီး လိုရင်းကို တိုက်ရိုက် ရောက်ရှိသွားကာ ချက်ချင်း အမိန့်ပေးလိုက်တော့သည်။

စကားတစ်ခွန်းတည်းဖြင့် လူတိုင်း၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားကြတော့သည်။

"ဒါပေမဲ့ သခင်ကြီး... မဟာထန်ရဲ့ အဲဒီ သံမဏိခံတပ်က အရမ်းကို မြင့်မားပြီးတော့ ခိုင်ခံ့လွန်းလှပါတယ်၊ သာမန် မြို့ရိုး တိုက်ခိုက်ရေး လက်နက်တွေဆိုရင် မြို့ရိုးရဲ့တစ်ဝက် အမြင့်လောက်တောင် မရောက်နိုင်ပါဘူး။ မြို့ကို တိုက်ခိုက်ဖို့ဆိုတာ ပိုပြီးတော့တောင် မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် ဒီအချိန် အတွင်းမှာ ပြင်ပက မြို့ရိုးတွေကို ဖျက်ဆီးပစ်ဖို့ ငါတို့ နည်းလမ်းပေါင်းစုံ သုံးပြီး ကြိုးစားခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အားလုံး ကျရှုံးသွားခဲ့ရပါတယ်"

"အဲဒီ သံမဏိခံတပ်ရဲ့ မြို့ရိုးပေါ်က တစ်ပေ ပတ်လည်တိုင်းမှာ ရေးထွင်းထားတဲ့ မန္တန် စစ်အစီအရင်အရေအတွက်က သာမန် မြို့ရိုးတွေရဲ့ ဆယ်ဆမက ပိုများပါလိမ့်မယ်၊ ပြီးတော့ သူ့ရဲ့ မာကျောမှုကလည်း ပြိုင်ဘက်ကင်း ဓားရှည်တွေနဲ့ ခုတ်ရင်တောင် အပေါ်ယံလေးပဲ ခြစ်ရာ ထင်သွားတာပါ၊ ပြီးတော့ ကိုယ့်ရဲ့ဓားရှည်ကိုတောင် အများကြီး ပျက်စီးသွားစေပါတယ်"

ဂိုဂူလျော ဧကရာဇ်ယွန်းဂျယ်စိုးမွန်းက အနည်းငယ် တွေဝေသွားခဲ့ပြီး လေးနက်သော အသံဖြင့် ဆိုလိုက်တော့သည်။

ယခုအခါ အကြီးမားဆုံးသော ပြဿနာမှာ အင်အား တောင့်တင်းလှသော မဟာထန်၏ စစ်သည်များ လုံးဝမဟုတ်ပါချေ၊ သံမဏိခံတပ် အတွင်းရှိ တိမ်တိုက်များအထိ မြင့်မားလှသော မြို့ရိုးကြီးပင် ဖြစ်တော့သည်။ နိုင်ငံအသီးသီးမှာ မြင်းတပ်များကို အဓိက ထား၍ ဖွဲ့စည်းထားခြင်းဖြစ်ရာ မည်မျှပင် အစွမ်းထက်သော မြင်းတပ်ဖြစ်စေကာမူ မြို့ရိုးကို ကျော်လွှား၍ မရနိုင်ပါချေ။ ခြေလျင်တပ်များ နှင့် ပတ်သက်၍မူ…

လောကကြီးတစ်ခုလုံးကို လှမ်းကြည့်လိုက်မည်ဆိုပါက ခြေလျင်တပ်အပိုင်းတွင် မဟာထန်ကို ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် မည်သည့် အင်ပါယာမျှ လုံးဝမရှိပါချေ။

အကယ်၍ မြို့ရိုး၏ အတားအဆီးသာ မရှိခဲ့ပါက အရာရာတိုင်းမှာ အလွယ်တကူ ဖြေရှင်းနိုင်မည်မှာ သေချာလှပေသည်။ အနည်းဆုံးတော့ နောက်ဆုံး အောင်ပွဲ ရရှိမည်မှာ မိမိတို့ဘက်မှဖြစ်ကြောင်း လူတိုင်း ယုံကြည်မှု အပြည့်အဝ ရှိနေကြပေသည်။

"ဒီကိစ္စတွေအတွက် မင်းတို့ စိတ်ပူနေစရာ မလိုပါဘူး၊ အရာရာတိုင်းကို ဒီနတ်ဘုရား သေချာ စီစဉ်ထားပြီးသားပါ၊ ရှစ်ရက် မြောက်နေ့ ရောက်ရင် အဲဒီ မြို့ကြီး သေချာပေါက် ကျရမယ်"

ထိုက်ရှီက မျက်လုံးများကို တစ်ဝက်ခန့် မှိတ်ထားလျက် အေးဆေးတည်ငြိမ်စွာဖြင့် ဆိုလိုက်တော့သည်။

ထိုက်ရှီ၏ စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် ကြီးမားကျယ်ပြန့်လှသော ခန်းမကြီးအတွင်း၌ ချက်ချင်းပင် လုံးဝတိတ်ဆိတ် ငြိမ်သက်သွားတော့သည်။ လူတိုင်းမှာ ထိုက်ရှီကို ကြောင်တောင်တောင် စိုက်ကြည့်နေကြပြီး စကားတစ်ခွန်းမျှပင် မဆိုနိုင်တော့ပါချေ။

ထိုက်ရှီ၏အဓိပ္ပာယ်မှာ သူ မြို့ရိုးကို ဖောက်ထွင်း သိမ်းပိုက်နိုင်မည့် နည်းလမ်းကို ရှာတွေ့သွားပြီ ဆိုသည့် သဘောလား။

လူတိုင်းမှာ မရည်ရွယ်ဘဲ ထိုက်ရှီနှင့် အရင်းနှီးဆုံးဖြစ်သော အန်းလုရှန်း နှင့် ကောင်းရှန်းတို့ရှိရာအရပ်ဆီသို့ လှမ်းကြည့်လိုက်ကြတော့သည်။

သူတို့နှစ်ဦးမှာမူ လုံးဝအေးဆေးတည်ငြိမ်နေခဲ့ပြီး မျက်နှာပေါ်တွင် ကြီးမားသော ပြောင်းလဲမှုများ မရှိခဲ့ပါချေ၊ အစောကြီးကတည်းက ကြိုတင်သိရှိထားခဲ့ပြီး ဖြစ်ပုံရပေသည်။

"သခင်ကြီး စိတ်ချပါ၊ ငါတို့ အစွမ်းကုန် ပူးပေါင်း ပါဝင်ပေးမှာပါ၊ အားလုံးကလည်း အစွမ်းကုန် ကြိုးစားပေးကြလိမ့်မယ် လို့ ယုံကြည်ပါတယ်၊ ဟုတ်တယ် မလား"

အန်းလုရှန်းက အသာအယာ ပြုံးလိုက်ပြီး ဆိုလိုက်တော့သည်။

လူတိုင်း မှင်တက်သွားကြပြီး လျင်မြန်စွာပင် အရာတစ်ခုခုကို နားလည် သဘောပေါက်သွားကြတော့သည်။

"ဟုတ်ကဲ့ပါ"

"ငါတို့ ကတော့ သဘာဝကျစွာ သခင်ကြီး ရဲ့ ဦးဆောင်မှု ကိုပဲ နာခံရမှာပေါ့"

လူတိုင်းမှာ လျင်မြန်စွာ ခေါင်းငုံ့ကာ အရိုအသေ ပေးလိုက်ကြတော့သည်။

ယနေ့အချိန်အထိ လူတိုင်းအနေဖြင့် ရွေးချယ်စရာ များစွာမရှိတော့ပါချေ။ ထိုက်ရှီ၏ အကူအညီသာ မရှိပါက နိုင်ငံအသီးသီးမှာ မဟာထန်၏ပြိုင်ဘက် လုံးဝမဟုတ်ပါချေ၊ အခြားအရာများကို ထားလိုက်ပါဦး၊ ယိုကျိုး၏ ဤစစ်အစီအရင်ကို ရုပ်သိမ်းလိုက်ရုံဖြင့်ပင် နိုင်ငံအသီးသီး မှာ အလွန်အမင်း ကြီးမားလှသော ဆုံးရှုံးမှုများကို ရင်ဆိုင်ရပေလိမ့်မည်။

ယခုအခါ မိမိတို့မှာ သူတစ်ပါး၏ လက်ထဲတွင် အသားတစ်တုံးအလား ရောက်ရှိနေပြီ ဖြစ်ရာ…နိုင်ငံအသီးသီးမှာ သွယ်ဝိုက်သော နည်းလမ်းဖြင့် ထိုက်ရှီ၏ ထိန်းချုပ်မှု အောက်သို့ အစောကြီးကတည်းက ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ဤတစ်ကြိမ် အစည်းအဝေးမှာ ဆွေးနွေး တိုင်ပင်ရန်ဟု ဆိုသော်ငြားလည်း၊ အမှန်တကယ်တွင်မူ ထိုက်ရှီက လူတိုင်းကို စုစည်းကာ အမိန့်ပေးရန်သက်သက်သာ ဖြစ်ပေလိမ့်မည်။ သူသည် နိုင်ငံအသီးသီး နှင့် တစ်စုံတစ်ရာ ဆွေးနွေး တိုင်ပင်လိုသည့် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ပါချေ။

အစည်းအဝေးမှာ လျင်မြန်စွာ ပြီးဆုံးသွားခဲ့ပြီး၊ နောက်ရက်အနည်းငယ် အကြာတွင် ဖြစ်ပွားမည့် တိုက်ပွဲကြီး အတွက် နိုင်ငံအသီးသီး မှာ လျင်မြန်စွာ လှုပ်ရှားလာကြပြီး စစ်ပွဲ အတွက် ကြိုတင် ပြင်ဆင်မှု များကို လျင်မြန်စွာ ပြုလုပ်နေကြတော့သည်။

......

အချိန်များ ဖြည်းညင်းစွာ ကုန်ဆုံးသွားခဲ့ပြီး၊ နိုင်ငံအသီးသီး ဘက်မှ လှုပ်ရှားမှု များကို ခေတ္တမျှ ထားလိုက်ပါဦး၊ မဟာထန်ဘက်တွင်မူ ဝမ်ချောင်၏ဦးဆောင်မှုအောက်တွင် သံမဏိခံတပ်ကြီးတစ်ခုလုံး လုံးဝ တတ်ဆိတ် ငြိမ်သက်နေခဲ့ပြီး၊ မျက်စိရှေ့ရှိ သမိုင်းတွင် တစ်ခါမျှ မရှိခဲ့ဖူးသော ဧရာမ ရေခဲခေတ်ကြီးနှင့် မျက်နှာချင်းဆိုင်ရှိ နိုင်ငံအသီးသီး၏ စစ်တပ်ကြီးကို အနည်းငယ်မျှ စိုးရိမ်ပူပန်နေပုံ လုံးဝ မပေါ်ပါချေ။

ဟူးးး

လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံနေတော့သည်

ထူထပ်လှသော နှင်းမုန်တိုင်းများအကြားတွင် နိုင်ငံအသီးသီးမှ စစ်သည်အချို့မှာ နှင်းမုန်တိုင်းများ အတွင်း၌ လျင်မြန်စွာ လှုပ်ရှားနေခဲ့ပြီး သံမဏိခံတပ် ရှိရာ အရပ်ဆီသို့ ဦးတည် လာနေကြသည်။

ဤစုံစမ်းထောက်လှမ်းရေး စစ်သည်များ အားလုံးမှာ နိုင်ငံအသီးသီးမှ သေချာစွာ ရွေးချယ်ထားသော အစွမ်းထက် သိုင်းပညာရှင်များ ဖြစ်ကြပြီး၊ အခြေခံအားဖြင့် ဟွမ်ဝူ အဆင့်နှင့် အထက်ရှိသော ဗိုလ်ချုပ်များသာ ဖြစ်ကြသည်။ ဤကဲ့သို့ အလွန်အမင်း ဆိုးရွားပြီး အေးစက်လှသော ရာသီဥတုမျိုးတွင်ပင်လျှင်၊ သူတို့၏ ကိုယ်တွင်းရှိ ပြင်းထန်လှသော ဂန်ချီ စွမ်းအင်များ အကူအညီဖြင့် အနည်းဆုံး တစ်နာရီကျော်ခန့် အထိ တောင့်ခံထားနိုင်စွမ်း ရှိကြပေသည်။

ရွဲလော့ဟယ်များ၏ခွန်အားမှာ အလွန်အစွမ်းထက်လှပြီး အအေးဒဏ်ကို ကြောက်ရွံ့ခြင်း မရှိကြရာ ဤကဲ့သို့သော ရာသီဥတုမျိုးတွင် ရေထဲရောက်သွားသော ငါးတစ်ကောင်အလား ဖြစ်နေကာ အကောင်းဆုံးသော စုံစမ်းထောက်လှမ်းရေး စစ်သည်များပင် ဖြစ်ပေသည်။ သို့သော် ရွဲလော့ဟယ် များမှာ အသက်မရှိသော သက်မဲ့များများ ဖြစ်ကြသည်။ အန်းလုရှန်းအနေဖြင့် အနောက်ဘက်မှနေ၍ ဤရွဲလော့ဟယ်များကို အဝေးမှ ထိန်းချုပ်နိုင်စွမ်းရှိသည် ဆိုသော်ငြားလည်း၊ သူသည် အများဆုံး ရွဲလော့ဟယ် ဆယ်ဂဏန်းခန့်ကိုသာ ထိန်းချုပ်နိုင်စွမ်းရှိရာ အရေအတွက်မှာ အလွန်ပင် နည်းပါးလွန်းလှပေသည်။

သတင်း အချက်အလက် စုံစမ်းထောက်လှမ်းရေး လုပ်ငန် အများစုမှာ နောက်ဆုံးတွင် လူများကိုသာ အသုံးပြု၍ ပြီးမြောက်အောင် လုပ်ဆောင်ရပေလိမ့်မည်။

သံမဏိခံတပ်၏ မြို့ရိုးမှာ အလွန်မြင့်မား ခန့်ညားလှပေရာ ဤကဲ့သို့သော နှင်းမုန်တိုင်းကြီးများအကြားတွင်ပင်လျှင် ဧရာမ သားရဲကြီး တစ်ကောင်အလား ၎င်း၏ ကြီးမားကျယ်ပြန့်လှသော ပုံရိပ်ကို မြင်တွေ့နိုင်သေးသည်။

ဤမြို့ရိုးများကို သူတို့ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း မဟုတ်တော့ပါချေ၊ ဆယ်ရက်ကျော်ခန့် အဆက်မပြတ် စုံစမ်းထောက်လှမ်းလာခဲ့ပြီးနောက် နိုင်ငံအသီးသီးမှ စုံစမ်းထောက်လှမ်းရေး စစ်သည်တိုင်းမှာ ဤနေရာနှင့် ပတ်သက်၍ အလွန်အမင်း ရင်းနှီးကျွမ်းဝင်နေခဲ့ပြီ ဖြစ်သည်။

"ဘာလှုပ်ရှားမှု မှ မရှိဘူး၊ ကြည့်ရတာ အဲဒီ မျိုးနွယ်ခြားဘုရင်က ဒီမြို့ကြီးကို အသုံးပြုပြီး လုံးဝခံစစ်ယူထားဖို့ ပြင်ဆင်နေပုံ ရတယ်"

သံမဏိခံတပ်နှင့် ပေခုနစ်ရာ ရှစ်ရာခန့် အကွာအဝေးတွင် ခီတန် မျိုးနွယ်စုမှ စစ်သည် တစ်ဦးက ရုတ်တရက် ဆိုလိုက်တော့သည်။

"ရွဲလော့ဟယ်တွေက အရမ်းအစွမ်းထက်လွန်းတယ်၊ လူသားတွေရဲ့ စစ်တပ်တွေအနေနဲ့ သူတို့ကို တားဆီးနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး၊ ဝူရှန်း သံချပ်ကာမြင်းတပ်တွေက အဲဒီလောက်တောင် အစွမ်းထက်ပြီး ထိပ်တန်း သံချပ်ကာမြင်းတပ်တွေ အများကြီးကို အနိုင်ယူနိုင်ခဲ့တာတောင်မှ၊ တိုက်ပွဲ တစ်ကြိမ်တည်းနဲ့ စစ်သည် သောင်းဂဏန်းလောက် ဆုံးရှုံးသွားရတယ်။ အကယ်၍ နောက်ပိုင်းမှာ အချိန်မီ ပြန်မဆုတ်နိုင်ခဲ့ဘူးဆိုရင် စစ်တပ် တစ်ခုလုံး အမြစ်ပြတ် သွားလောက်တယ်။ အကယ်၍ ငါသာ အဲဒီလူနေရာမှာ ဆိုရင်လည်း အလွယ်တကူ ထွက်တိုက်မှာ မဟုတ်ဘူး"

အခြားအနောက် တာ့ခ်မှ စုံစမ်း ထောက်လှမ်းရေး စစ်သည်တစ်ဦးက ဆိုလိုက်တော့သည်။

ဤအချိန်ကာလအတွင်း နိုင်ငံအသီးသီးမှာ အချင်းချင်း ရောနှောနေကြပြီး လူတိုင်း အတူတကွ နေထိုင်လာခဲ့သည်မှာ အချိန်အတိုင်းအတာ တစ်ခုအထိ ရှိနေပြီဖြစ်ရာ၊ နိုင်ငံအသီးသီးမှ စစ်တပ်များမှာလည်း အရာတစ်ခုခုကို တဖြည်းဖြည်းချင်း သတိပြုမိလာကြပြီ ဖြစ်သည်။

ယိုကျိုးမှ ထိုရွဲလော့ဟယ် တပ်ဖွဲ့မှာ လုံးဝလူသားများ မဟုတ်နိုင်ပါချေ၊ အဘယ်ကြောင့်ဆိုသော် မည်သည့်လူသားမှ ထိုကဲ့သို့သော တိုက်ခိုက်ရေး စွမ်းအားမျိုးကို ပိုင်ဆိုင်နိုင်မည် မဟုတ်သောကြောင့်ပင် ဖြစ်သည်။ မဟာထန်၏ စစ်ရထားလေးများ၏ ပစ်ခတ်မှုကို ခံရသည်တိုင်အောင် အနည်းငယ်မျှ ထိခိုက် ဒဏ်ရာ ရရှိခြင်း လုံးဝ မရှိခဲ့ပါချေ။

မည်သည့် သွေးသား ကိုယ်ခန္ဓာ ရှိသော သိုင်းပညာရှင်ကမျှ ဤကဲ့သို့သော စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားနိုင်မည် မဟုတ်ပါချေ။

ထို့ပြင် သူတို့၏နီရဲနေသော မျက်ဝန်းများမှာ အေးစက် ရက်စက်ပြီး ခံစားချက် လုံးဝမရှိကြပါချေ၊ စိတ်ခံစားမှုဆိုင်ရာ ပြောင်းလဲမှု အနည်းငယ်မျှ လုံးဝမရှိကြပါချေ၊ အပြင်ထွက်၍ နှင်းမုန်တိုင်းများအကြား၌ အတူတကွ ပူးပေါင်းလေ့ကျင့်သည့် အကြိမ်တိုင်းတွင် ထိုနီရဲနေသော မျက်ဝန်းများကို မြင်တွေ့လိုက်ရပါက၊ နိုင်ငံအသီးသီးမှ စစ်သည်များပင်လျှင် ရင်ထဲ၌ မသိစိတ်ဖြင့် အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။

အကယ်၍ အထက်လူကြီးများထံမှ အမိန့်သာ မရှိခဲ့ပါက နိုင်ငံအသီးသီးမှ စစ်သည်များမှာ အစောကြီးကတည်းက အဝေးသို့ ထွက်ပြေးသွားလောက်ပြီ ဖြစ်သည်။ နောက်ဆုံးတွင် မည်သူကမျှ ဤကဲ့သို့သော လူသေများနှင့် အတူတကွ မနေထိုင်လိုကြပါချေ။

"သွားကြစို့၊ လူတိုင်း သွားပြီး ပတ်ကြည့်လိုက်ဦး၊ ပြန်ရောက်ရင် သတင်းပို့လို့ ရပြီ"

အခြား ရှီမျိုးနွယ်စုမှ စစ်သည်တစ်ဦးက ဆိုလိုက်တော့သည်။

အရှေ့မြောက်ဘက် ဒေသတွင် နိုင်ငံအသီးသီးမှာ အများအပြား ရှိနေကြပြီး အဖွဲ့အစည်း အသီးသီးမှာလည်း အလွန်အမင်း ရှုပ်ထွေးလှပေသည်။ သို့သော် ဆက်သွယ်ပြောဆိုရာတွင်မူ အနည်းငယ်မျှ အခက်အခဲ မရှိကြပါချေ။

ဒေသ တစ်ခုလုံးတွင် ဂိုဂူလျော လူမျိုးများမှလွဲ၍ တာ့ခ် ဘာသာစကားမှာ ဒေသ တစ်ခုလုံးရှိ နိုင်ငံအသီးသီး၏ တူညီသော ဘာသာစကားအဖြစ်သို့ အစောကြီးကတည်းက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အန်းလုရှန်း ကွပ်ကဲသော ယိုကျိုး စောင့်ရှောက်ရေး စစ်တပ်ပင်လျှင် ဤကဲ့သို့ပင် ဖြစ်တော့သည်။

အန်းလုရှန်း၏လက်အောက်တွင် မူလကတည်းက ဟူလူမျိုးအများအပြား ရှိနေခဲ့သည်။ ထို့ကြောင့် နိုင်ငံအသီးသီး မဟာမိတ်ဖွဲ့ရာတွင် ဆက်သွယ်ပြောဆိုမှုအပိုင်း၌ အခြေခံအားဖြင့် မည်သည့် ပြဿနာမျှ မရှိခဲ့ပါချေ။

မြင်းခွာသံများ ဆူညံစွာ ထွက်ပေါ်လာခဲ့ပြီး ယခင်ကကဲ့သို့ပင် သုံးဦးတစ်ဖွဲ့ ဖွဲ့စည်းထားသော ဤ စုံစမ်း ထောက်လှမ်းရေး အဖွဲ့ငယ် မှာ သံမဏိခံတပ် ၏ တောင်ဘက် မြို့ရိုးရှိရာ အရပ်ဆီသို့ လျင်မြန်စွာ ဦးတည် သွားကြတော့သည်။ ယခင် လုပ်ထုံးလုပ်နည်းများအတိုင်း နောက်ပိုင်းတွင် သူတို့သည် သံမဏိခံတပ်၏ အရှေ့ဘက်၊ အနောက်ဘက်နှင့် တောင်ဘက် နေရာများကိုပါ ဆက်လက်၍ ကင်းလှည့် စုံစမ်း ထောက်လှမ်းရဦးမည် ဖြစ်သည်။

သံမဏိခံတပ်၏ သေးငယ်သော သဲပုံစံငယ်အရ ကြည့်မည်ဆိုပါက မဟာထန်ဘက်တွင် နောက်ထပ် မြို့တံခါး သုံးခု ရှိနေသေးသည်။ ယခင် တိုက်ပွဲကြီးတွင် ဝမ်ကျုံးစစ်မှာ အနောက်ဘက် မြို့တံခါးမှနေ၍ ထွက်လာခဲ့ပြီး စစ်တပ်ကို ဦးဆောင်ကာ လူတိုင်းကို အလစ်အငိုက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ၊ ဤအရာများ အားလုံးမှာ နိုင်ငံအသီးသီးအနေဖြင့် မဖြစ်မနေ ကာကွယ်ရမည့် အရာများ ပင် ဖြစ်တော့သည်။

ပေ ရှစ်ရာ

ပေ ခုနစ်ရာ

အကွာအဝေး မှာ ပိုမို နီးကပ်လာခဲ့ပြီး သံမဏိခံတပ် ၏ အပြင်ဘက်ဆုံး ရှိ ဧရာမ မြို့ရိုး ကြီးမှာ လူတိုင်း၏ မျက်စိထဲတွင် တဖြည်းဖြည်းချင်း ပိုမို ရှင်းလင်းလာတော့သည်၊ ဤအရာများ အားလုံး အပေါ်တွင် လူတိုင်းမှာ အစောကြီးကတည်းက ကျင့်သားရနေခဲ့ပြီ ဖြစ်သည်၊ သို့သော် နောက်တစ်ခဏတွင် လူအချို့မှာ ထူးခြားမှု အချို့ကို လျင်မြန်စွာ သတိပြုမိသွားတော့သည်။

"အဲဒါက ဘာကြီးလဲ"

ရုတ်တရက် ရှီမျိုးနွယ်စုမှ စစ်သည်တစ်ဦးမှာ စစ်မြင်းကို ရပ်တန့်လိုက်ပြီး ရှေ့တည့်တည့်ရှိ သံမဏိခံတပ်၏ မြို့ရိုးပေါ်ကို လှမ်းကြည့်ရင်း ဆိုလိုက်တော့သည်။

"ဟင်…"

အခြားလူများ၏ မျက်ခုံးများ ကျုံ့သွားကြပြီး အလွန်အမင်း အံ့ဩသွားကြတော့သည်။

သံမဏိခံတပ် အတွင်း၌ ဘာတွေများ ရှိနိုင်မည်နည်း။ သူတို့ ဤနေရာသို့ လာရောက် စုံစမ်းထောက်လှမ်းနေခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်ပြီး မည်သည့်အရာကိုမျှ ရှာဖွေ မတွေ့ရှိခဲ့ပါချေ။ ထို့ပြင် မြို့ထဲတွင် ကြီးမားကျယ်ပြန့်လှသော စိတ်စွမ်းအင် အတားအဆီးများလည်း အနှံ့အပြား ရှိနေသေးရာ၊ စိတ်စွမ်းအင် အစွမ်းထက်သော သိုင်းပညာရှင်များပင်လျှင် မည်သည့် သတင်းအချက်အလက်များကိုမျှ စုံစမ်းထောက်လှမ်းနိုင်ခြင်း မရှိကြရာ သူတို့အတွက်မူ ပြောနေစရာပင် မလိုတော့ပါချေ၊ အခြားလူများမှာ ရှေ့မှလူအနေဖြင့် အနည်းငယ် အထိတ်တလန့် ဖြစ်နေသည်ဟုပင် ထင်မှတ်နေကြသည်။ သို့သော် ခေါင်းမော့ ကြည့်လိုက်ရာ လူအချို့မှာ သံမဏိခံတပ်၏ မြို့ရိုးကို မြင်တွေ့လိုက်ရသည့် မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုလူ ကဲ့သို့ပင် အားလုံး မှင်တက်သွားကြတော့သည်။

"အဲဒါက... မီးရောင် လား"

လူတိုင်း၏အကြည့်များ အောက်တွင် မြင့်မားလှသော မြို့ရိုးပေါ်၌ ဤထူထပ်လှသော နှင်းမုန်တိုင်းများအကြားတွင် ဧရာမ မီးပုံကြီး တစ်ခု ပြင်းထန်စွာ လောင်ကျွမ်းနေသည်ကို မြင်တွေ့လိုက်ရတော့သည်။

ဤမျှသာမက မီးရောင်ကို ဖြတ်ကျော်၍ ကြည့်လိုက်မည် ဆိုပါက မြင့်မားလှသော မြို့ရိုး၏ အတွင်းပိုင်း မှနေ၍ ကျယ်လောင်လှသော ရယ်မောသံများ အဆက်မပြတ် ထွက်ပေါ်လာနေသည်ကိုပင် ကြားလိုက်ရသေးသည်။ ၎င်းမှာ လူပေါင်း ထောင်နှင့် သောင်းနှင့်ချီ တစ်ပြိုင်နက်တည်း အော်ဟစ်ရယ်မောနေသော အသံ ပင် ဖြစ်တော့သည်။

လေအေးများမှာ မြောက်မှတောင်သို့ တိုက်ခတ်နေခြင်းဖြစ်ပြီး သူတို့မှာ လေအောက်ပိုင်းတွင် ရှိနေကြရာ၊ အကယ်၍ အလွန် နီးကပ်စွာ မသွားရောက်ပါက ကြားနိုင်ရန် လုံးဝ ခက်ခဲလှပေသည်။

သူတို့တွေ ဘာလုပ်နေကြတာလဲ။

လူတိုင်းမှာ အချင်းချင်း ကြည့်လိုက်ကြပြီး စကားတစ်ခွန်းမျှပင် မဆိုနိုင်တော့ပါချေ။

သုံးဦးစလုံးမှာ ရင်ထဲရှိ သိချင်စိတ်များကို ဆက်လက်၍ မဖိနှိပ်ထားနိုင်တော့ဘဲ မြင်းဗိုက်ကို ညှပ်ကာ မြို့ရိုး ရှိရာ အရပ်ဆီသို့ လျင်မြန်စွာ တစ်ဟုန်ထိုး ပြေးဝင်သွားကြတော့သည်။

ယခုအခါ နှင်းမုန်တိုင်းများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့ရာ ဤကဲ့သို့သော ရာသီဥတုမျိုးတွင် ထိပ်တန်း မြားသမားများ၏ မြင်ကွင်းနှင့် တွက်ချက်မှုများမှာလည်း အလွန်အမင်း ကြီးမားလှသော သက်ရောက်မှုများကို ခံရမည်ဖြစ်ရာ၊ ဤအရာက သွယ်ဝိုက်သောနည်းဖြင့် လူတိုင်း ရင်ဆိုင်နေရသော အန္တရာယ်များကို အများအပြား လျော့ကျသွားစေတော့သည်။

"ဒါက... ဝက်ကင်ရဲ့ အနံ့ လား။ သူတို့တွေက မြို့ထဲမှာ ဝက်ကင်နေကြတာလား"

လမ်းခရီး တစ်လျှောက် ပေရာနှင့်ချီ ဆက်လက် ပြေးဝင်သွားပြီးနောက်၊ သုံးဦးစလုံးမှာ လေထုထဲမှ အလွန်အမင်း မွှေးပျံ့ပြီး ဆီဆိမ့်နေသော အနံ့တစ်ခုကို တစ်ပြိုင်နက်တည်း ရှူရှိုက်မိလိုက်ကြတော့သည်။

သူတို့ နောက်ဆုံး ဝက်ကင် စားခဲ့ရသည်မှာ ဘယ်အချိန် ကတည်းကမှန်း သုံးဦးစလုံး လုံးဝမမှတ်မိနိုင်တော့ပါချေ။ သေအောင် ရိုက်သတ်ရင်တောင်မှ ဤကဲ့သို့သော ရက်စက်ကြမ်းတမ်းပြီး အေးစက်လှသည့် စစ်မြေပြင်ရှေ့တန်း၊ အထူးသဖြင့် နှင်းမုန်တိုင်းများ ပြင်းထန်စွာ တိုက်ခတ်နေပြီး ကောင်းကင်နှင့်မြေကြီးတစ်ခုလုံး အေးခဲနေသည့် အခြေအနေ မျိုးတွင်၊ ဤကဲ့သို့သော အလွန်အမင်း တောင့်တနေခဲ့ရသည့် မွှေးပျံ့သောအနံ့ကို ရှူရှိုက်ခွင့် ရလိမ့်မည်ဟု လုံးဝတွေးတောထားခဲ့ခြင်း မရှိပါချေ။

"မဟုတ်ဘူး၊ ဝက်ကင်တင် မဟုတ်ဘူး၊ သိုးကလေးကင်လည်း ပါတယ်၊ ပြီးတော့ ဇီရာလည်း ဖြူးထားသေးတယ်"

အခြားရှီမျိုးနွယ်စုမှ စစ်သည်တစ်ဦးမှာ နှာခေါင်းကို ရှုံ့လိုက်ပြီး ရုတ်တရက် ဆိုလိုက်တော့သည်။

ဝက်ကင်နှင့် နှိုင်းယှဉ်ပါက သူတို့အနေဖြင့် သိုးကင်၏အနံ့ကို ပို၍ပင် ရင်းနှီးကျွမ်းဝင်နေကြပေသည်။ ထိုရင်းနှီးကျွမ်းဝင်နေသောအနံ့က လူအချို့၏ စားချင်စိတ်ကို ချက်ချင်းပင် လှုံ့ဆော်ပေးလိုက်တော့သည်။ ဤအချိန်မှသာ မဟာထန်၏ မြို့တော်ကြီးအတွင်း၌ ဧရာမ စားပွဲသောက်ပွဲကြီးတစ်ခု ပြုလုပ်နေပြီး စစ်တပ်ကြီး တစ်ခုလုံးကို ဆုချီးမြှင့်နေကြောင်း သုံးဦးစလုံး လျင်မြန်စွာ သတိပြုမိသွားကြတော့သည်။

"မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး၊ ငါ အိပ်မက် မက်နေတာ သေချာတယ်၊ ဒီလို ကိစ္စမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

အခြား အနောက် တာ့ခ်မှ စစ်သည်တစ်ဦးမှာ မျက်နှာအမူအရာ ဝေဝါးနေလျက် ဆိုလိုက်သည်။ မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် သုံးဦးစလုံးမှာ အိပ်မက်ထဲ ရောက်နေသည့်အလား ခံစားလိုက်ရပြီး၊ ဤနေရာမှာ ရက်စက်ကြမ်းတမ်းလှသော ငရဲ စစ်မြေပြင် လုံးဝမဟုတ်ဘဲ ငြိမ်းချမ်းပြီး ခင်မင်ရင်းနှီးသော ဈေးတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည့်အလား ခံစားလိုက်ရတော့သည်။

သုံးဦးစလုံးမှာ စကားတစ်ခွန်းမျှ မဆိုကြတော့ဘဲ တစ္ဆေပူးနေသည့်အလား ထိုမွှေးပျံ့သော အနံ့၏ဆွဲဆောင်မှုအောက်တွင်၊ ခန္ဓာကိုယ်မှာ အလိုအလျောက် သံမဏိခံတပ် ရှိရာ အရပ်ဆီသို့ ဦးတည် သွားကြတော့သည်။

******

All Chapters