← Chapters

အခန်း ၁၅၁၇

Vol. 103 Ch. 1517

အခန်း ၁၅၁၇

Vol. 103 Ch. 1517

အခန်း ၁၅၁၇ ဦးလေးဖုန်း

ဖုန်းယွီ၏ လက်ထဲတွင် မှင်တုံး တစ်ခုကို ကိုင်ထားရာ ဤသို့ အော်ဟစ်လိုက်သဖြင့် လန့်သွားကာ လက်ထဲမှ လွတ်ကျသွားပြီး ခွမ်းခနဲ အသံနှင့်အတူ ကွဲကြေသွားခဲ့သည်။

ဖုန်းယွီ လည်း စိတ်ဆိုးသွားခဲ့ကာ ဤမှင်တုံးမှာ တန်ဖိုး မနည်းလှရာ ငွေရှိလျှင်ပင် ဤကဲ့သို့တော့ ဖြုန်းတီး၍ မရနိုင်ချေ။

သူက ခေါင်းလှည့်ကာ မင်း ဘာကိစ္စ ဒီလောက် အနားကို ကပ်လာရတာလဲဟု မေးမြန်းရန် ပြင်လိုက်စဉ် တစ်ဖက်လူက ရုတ်တရက် ကြောက်ရွံ့စွာဖြင့် မေးလိုက်သည်။ "ဦးလေးဖုန်းလား"

ဟင်…

သူ ဘာပြောလိုက်တာလဲ၊ ဦးလေးဖုန်း ဟုတ်လား… သူ ငါ့ကို သိနေတာလား။

မဟုတ်သေးဘူးလေ… ဒီလူကို ကြည့်ရတာ အသက် နှစ်ဆယ်ကျော်လောက် ရှိနေပြီကို ဘာဖြစ်လို့ ငါ့ကို ဦးလေးလို့ ခေါ်ရတာလဲ။ ဘယ်လိုတွေ ဆွေမျိုးစပ်လိုက်တာလဲ ငါက အဲဒီလောက်တောင် အိုနေပြီလား။

သူဌေးကျူးက သခင်လေးလုကို တစ်ချက် ကြည့်လိုက်ပြီး ဖုန်းယွီကို တစ်ချက် ကြည့်လိုက်ကာ ဤသူနှစ်ဦး၏ အသက်အရွယ်မှာ နှစ်အနည်းငယ်မျှသာ ကွာခြားနိုင်ရာ ဤလူကြီးမင်းက အဆင့်အတန်း အတော်လေး မြင့်မားပုံ ရပေသည်။

မဟုတ်သေးဘူးလေ…. ဒီသခင်လေးလုဆိုတာက မိသားစု နောက်ခံ အရမ်း တောင့်တင်းတဲ့သူလေ။ ဒါဆို ဒီလူကလည်း ခေါင်းဆောင်ကြီး တစ်ယောက်ယောက်ရဲ့ သားသမီးများ ဖြစ်နေမလား။

သို့သော် သူဌေးကျူးက အပြင်းအထန် စဉ်းစားကြည့်သော်လည်း ဖုန်းမျိုးရိုးရှိသော ခေါင်းဆောင်ကြီး မည်သူ ရှိသနည်း ဆိုသည်ကို စဉ်းစား၍ မရခဲ့ချေ။ သို့မဟုတ် သူ၏မိခင်က ခေါင်းဆောင်ကြီး ဖြစ်နေသလော ဒါမှမဟုတ် သူ၏ဦးလေး ဒါမှမဟုတ် အဒေါ်၏ ခင်ပွန်း တစ်ယောက်ယောက်များ ဖြစ်နေသလော။

ဖူကွမ်းကျန့်မှာမူ မျက်နှာချင်းဆိုင်ရှိ ဤသူကို နားမလည်နိုင်စွာဖြင့် ကြည့်နေခဲ့ကာ ဖုန်းယွီ၏ တူဟုတ်လား။ သူ့ကို ဘာဖြစ်လို့ တစ်ခါမှ မမြင်ဖူးရတာလဲ။ သို့သော် ဖုန်းယွီ၏ အစ်မနှင့် ညီအစ်ကိုဝမ်းကွဲတို့၏ ကလေးများမှာ ဤမျှလောက်အထိ မကြီးသေးချေ။

ဖုန်းယွီ က မျက်မှောင်ကြုတ်လိုက်ကာ မေးလိုက်သည်။ "မင်းက ဘယ်သူလဲ"

သူ အချိန်အတော်ကြာအောင် စဉ်းစားကြည့်သော်လည်း သူ့တွင် ဤမျှ ကြီးမားသော တူတစ်ယောက် မည်သည့်နေရာမှ ထွက်လာသနည်း ဆိုသည်ကို စဉ်းစား၍ မရခဲ့ချေ။

"ဦးလေးဖုန်း ကျွန်တော့် မျိုးရိုးနာမည်က လု။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဦးလေးသုံးရဲ့အိမ်မှာ တစ်ခါ ဆုံဖူးပါတယ်" လုမင်ယွီက သတိပေးလိုက်သည်။

"မင်းက သခင်လေးလုရဲ့ တူလား" ဖုန်းယွီမှာ မှတ်မိသလိုလို ဖြစ်သွားခဲ့သည်။ သို့သော် ထိုအချိန်က ဤကောင်လေးမှာ အလယ်တန်းကျောင်း တက်နေသေးရာ ယခုအခါ ပြောင်းလဲမှု အတော်လေး ကြီးမားနေပြီ ဖြစ်သည်။

အကယ်၍ သူက မျိုးရိုးနာမည် လုဟု မပြောခဲ့ပါက ဖုန်းယွီသည်လည်း သူ့ကို သခင်လေးလုနှင့် အနည်းငယ် ဆင်တူသည်ဟု ထင်မိမည်ဖြစ်ပြီး လမ်းတွင် တွေ့လျှင်ပင် လုံးဝ မှတ်မိနိုင်မည် မဟုတ်ချေ။

"ဟုတ်ပါတယ် ဟုတ်ပါတယ် ကျွန်တော့် နာမည်က လုမင်ယွီပါ။ ဦးလေးဖုန်းကလည်း ရှေးဟောင်းပစ္စည်းတွေကို သဘောကျတာလား။ လောင်ကျူးပစ္စည်းကောင်းတွေ အကုန် ထုတ်ပြီး ငါ့ ဦးလေးဖုန်းကို ပြလိုက်စမ်း။ အကယ်၍ အတု တစ်ခုပါလာတာ တွေ့ရင် မင်းဆိုင်ကို ငါ ဖျက်ဆီးပစ်မယ်" လုမင်ယွီက သူဌေးကျူးကို အော်ဟစ်လိုက်သည်။

ဖုန်းယွီ မှ ရယ်ချင်စိတ်ကို မနည်း ထိန်းထားရကာ လောင်ကျူးဟုတ်လား… လောင်ကျူးလား… ဒါက ဒုတိယ ဂိုဏ်းတူအစ်ကို မဟုတ်ဘူးလား။ သူ့ရဲ့ခန္ဓာကိုယ် အချိုးအစားကို ကြည့်ရတာလည်း တကယ်ကို ဆင်တူနေတာပဲ။

လုမင်ယွီသခင်လေးလု၏ သားနာမည်မှာ လုမင်ယန်ဖြစ်ရာ ဤသို့ဆိုလျှင် သူတို့က တစ်မိသားစုတည်း ဖြစ်ကြောင်း သေချာသွားပြီ ဖြစ်သည်။

"ဟေ့ မင်ယွီ သူဌေးကျူးကို အခက်မတွေ့စေပါနဲ့… ငါ ပစ္စည်းတွေ ဝယ်ပြီးသွားပြီ။ အော် ဒါနဲ့ သူဌေးကျူး ဒီပစ္စည်းတွေ အားလုံးကို ထုပ်ပိုးပေးပါ။ အဲဒီ ကွဲသွားတဲ့ မှင်တုံး အပိုင်းအစလေးတွေရော ပါအောင် ထည့်ပေးပြီးရင် ကျွန်တော့် ကားပေါ်ကို လာပို့ပေးပါ။ လက်ငင်းငွေ အများကြီး မပါလို့ ချက်လက်မှတ်နဲ့ ပေးလို့ ရတယ် မဟုတ်လား"

သူဌေးကျူးက သခင်လေးလုပင်လျှင် ဤပုဂ္ဂိုလ်ကို ဤမျှလောက်အထိ ရိုသေလေးစားနေသည်ကို မြင်လိုက်ရသောအခါ မည်သို့များ အထင်သေးရဲတော့မည်နည်း။ ခုနက ဤပုဂ္ဂိုလ် လေလုံးထွားနေသည်မှာ ဟန်ဆောင်နေခြင်း မဟုတ်ဘဲ ဤငွေများကို တကယ်ပင် အရေးမစိုက်သောကြောင့် ဖြစ်ကြောင်းကို သဘောပေါက်သွားခဲ့သည်။

"ချက်လက်မှတ်နဲ့ ရပါတယ်"

"ဦးလေးဖုန်း ကျွန်တော် ရှင်းပေးပါ့မယ်" လုမင်ယွီက အလွန်တရာ ကူညီချင်စိတ် အပြည့်ဖြင့် အော်ပြောလိုက်သည်။

"မင်းမှာ ငွေဘယ်က ရလာတာလဲ" ဖုန်းယွီက မျက်စောင်းထိုး ကြည့်လိုက်သည်။

လုမင်ယွီမှာ ချက်ချင်းဆိုသလို အသံတိတ်သွားကာ တိုးညင်းစွာ ပြောလိုက်သည်။ "ကျွန်တော် ဒါက တန်ဖိုးရှိ ပစ္စည်းတွေကို ဈေးပေါပေါနဲ့ ရောင်းပြီး မြတ်ထားတဲ့ ငွေတွေပါ

သူဌေးကျူး၏ စိတ်ထဲတွင် ဖုန်းယွီအား အလွန်တရာ အထင်သေးသွားမိကာ သူများကိုသာ ဆုံးမနေတယ် ခင်ဗျားမှာရော ငွေဘယ်က ရလာတာလဲ။ ပစ္စည်းဝယ်တာတောင် ဈေးမဆစ်ဘူး။ ဒီလောက်တောင် ဖြုန်းတီးနေတာ.. ဒီငွေတွေက သေချာပေါက် ချွေးနှဲစာတွေ မဟုတ်နိုင်ဘူး.. မင်းတို့ အကုန်လုံးက တစ်တန်းစားတည်းတွေပဲ။

ဖုန်းယွီက ချက်လက်မှတ် စာအုပ်ကို ထုတ်ယူကာ ငွေပမာဏကို လျင်မြန်စွာ ရေးသွင်းပြီး လက်မှတ်ထိုးလိုက်ကာ သူဌေးကျူးထံ ကမ်းပေးလိုက်ပြီး "သေချာလေး ထုပ်ပိုးပေးပါ ကျွန်တော် အိမ်ပြန်ရမယ့် ခရီးက ဝေးလို့"

သူဌေးကျူးက ချက်လက်မှတ်ကို စိတ်မရှည်စွာဖြင့် လှမ်းယူလိုက်ပြီး ငုံ့ကြည့်လိုက်သောအခါ ရုတ်တရက် မျက်လုံးပြူးသွားခဲ့သည်။

"ခင် ခင် ခင်ဗျား ခင်ဗျားက ဖုန်း..."

"ရှူး… စည်းကမ်း နားလည်ရဲ့လား ဒီနေရာမှာ အသံကျယ်ကျယ် ဆူညံလို့ မရဘူးလေ" ဖုန်းယွီက ခုနက သူဌေးကျူး ပြောခဲ့သော စကားကို အတိအကျ ပြန်လည် အသုံးပြုလိုက်သည်။

သူက စိတ်ထားကျဉ်းမြောင်းပြီး ရန်ငြိုးဖွဲ့တတ်သူ မဟုတ်ပါဘူး။ တကယ်ကို မဟုတ်ပါဘူး။

သူဌေးကျူးက အလျင်အမြန်ပင် ပါးစပ်ပိတ်လိုက်ကာ ခါးကို အနည်းငယ် ကိုင်းညွတ်ပြီးနောက် နောက်လှည့်ကာ ထွက်သွားခဲ့သည်။ သူ အလုပ်သမားများကို ဤပစ္စည်းများကို သေချာစွာ ထုပ်ပိုးရန် သွားရောက် မှာကြားရမည် ဖြစ်သည်။

ခုနက သူသည် တစ်ဖက်လူမှာ ဤပစ္စည်းများကို ဝယ်နိုင်စွမ်း ရှိမရှိ သံသယဝင်ခဲ့ပြီး တစ်ဖက်လူ သုံးစွဲသော ငွေများမှာ တရားမဝင်သော လမ်းကြောင်းမှ ရရှိလာခြင်း ဖြစ်မည်ဟု ထင်မှတ်ခဲ့ကာ ဤလူမှာ မည်သည့် ခေါင်းဆောင်ကြီး၏ သား သို့မဟုတ် တူ ဖြစ်မည်နည်းဟု သံသယ ဝင်ခဲ့သည်။

သို့သော် ဤလူမှာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖုန်းယွီ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

ဤပုဂ္ဂိုလ်က ယွမ်သန်းပေါင်းများစွာ တန်ဖိုးရှိသော ပန်းအိုးကို မျက်လုံးထဲတွင်ပင် မထည့်ခြင်း ဤနေရာရှိ ပစ္စည်းများ အားလုံးကို အထင်သေးနေခြင်း ပစ္စည်းဝယ်ရာတွင် ဈေးမဆစ်ခြင်းတို့မှာ အဆန်းမဟုတ်တော့ချေ။

အဘယ်ကြောင့်ဆိုသော် သူသည် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသော လူသား ဖြစ်နေသောကြောင့် ပင်ဖြစ်သည်။

ဤပစ္စည်းလေးများကို ဝယ်ယူခြင်းကို အသာထား… ဤအိမ်တော်ကြီး တစ်ခုလုံးကို ဝယ်ယူပြီး အတွင်းရှိ အစစ်ရော အတုပါ ရှေးဟောင်းပစ္စည်းများ အားလုံးကိုပါ ဝယ်ယူလိုက်လျှင်ပင် သူ့အတွက် အလွန် လွယ်ကူလှပေသည်။

ပြောစမှတ်များအရ ဤကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်သည် ပိုင်ဆိုင်မှု အများဆုံး ဖြစ်ရုံသာမက လက်ဝယ်တွင် ငွေသား အများဆုံး ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်ဟု ဆိုကြသည်။ အခြားသော သူဌေးကြီးများကဲ့သို့ ပိုင်ဆိုင်မှု အများစုမှာ ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများဖြစ်ပြီး လျင်မြန်စွာ ငွေသားအဖြစ် ပြောင်းလဲ၍ မရနိုင်သည်မျိုး မဟုတ်ချေ။

ဤငွေကြေးလေးများကို သူက လုံးဝ အရေးမစိုက်ခဲ့ချေ။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် တစ်ဦးအတွက် ဤပစ္စည်းလေးများကို ဝယ်ယူရန် သုံးစွဲလိုက်ရသော ငွေကြေးမှာ ကျွဲတစ်ကောင်မှ အမွေးတစ်ပင်လောက်သာ ဖြစ်ပေလိမ့်မည်။

"မင်ယွီ ဒီလူက ဟောင်ကောင်က သူဌေးဖူကွမ်းကျန့်လေ.. သခင်လေးလုနဲ့လည်း သိတယ် မင်းလည်း... ဦးလေးလို့ပဲ ခေါ်လိုက်ပါတော့"

"ဦးလေးဖူ မင်္ဂလာပါ" လုမင်ယွီက လိမ္မာရေးခြားရှိစွာဖြင့် နှုတ်ဆက်လိုက်သည်။

ဖူကွမ်းကျန့်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားခဲ့ကာ ဘယ်ကနေများ ဒီလောက် ကြီးမားတဲ့ တူတစ်ယောက် ထွက်လာရတာလဲ။ သခင်လေးလုကို သူ လုံးဝ မသိပါဘူး။

"မင်္ဂလာပါ" ဖူကွမ်းကျန့်က ဖော်ရွေသော အပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး ဦးလေးတစ်ဦးနှင့် တူရန် အစွမ်းကုန် ကြိုးစားလိုက်သည်။

"မင်ယွီ မင်းရဲ့အကဲဖြတ်နိုင်စွမ်းက တကယ်ပဲ အဲဒီလောက်တောင် ကောင်းနေတာလား။ တန်ဖိုးရှိ ပစ္စည်းတွေကို ဈေးပေါပေါနဲ့ ရဖို့ ဆိုတာက အဲဒီလောက်တောင် လွယ်ကူနေသလား။ ဘာဖြစ်လို့ မင်းကချည်းပဲ အမြဲတမ်း တန်ဖိုးရှိ ပစ္စည်းတွေကို ဈေးပေါပေါနဲ့ ရနေရတာလဲ ဆိုတာကို မင်း တွေးကြည့်ဖူးလား ဒါက ကံကောင်းလို့လား" ဖုန်းယွီက မေးမြန်းလိုက်သည်။

သခင်လေးလုသည် ဖုန်းယွီ ၏ ရေရှည် ရင်းနှီးမြှုပ်နှံမှု တစ်ခု ဖြစ်ရာ မင်ယွီဟူသော ဤကံမကောင်းလှသည့် ကောင်လေးကြောင့် ဒုက္ခမရောက်စေရချေ။

လုမင်ယွီမှာ မျက်နှာပေါ်တွင် နားမလည်နိုင်သော အမူအရာများ ပေါ်လွင်နေကာ ကျွန်တော် တန်ဖိုးရှိ ပစ္စည်းတွေကို ဈေးပေါပေါနဲ့ ရတာ အရမ်း များလို့လား တစ်လမှ တစ်ကြိမ်လောက်ပဲ ရှိတာလေ… တစ်ခါတလေကျရင်လည်း အလိမ်ခံရတာပဲ မဟုတ်လား။ သို့သော် သူ သေချာစွာ စဉ်းစားကြည့်လိုက်သောအခါ အရှုံးပေါ်တိုင်းတွင် များများစားစား မရှုံးခဲ့သော်လည်း ဈေးပေါပေါဖြင့် ရရှိသည့် အခါတိုင်းတွင်မူ အမြဲတမ်း ကြီးမားသော တန်ဖိုးရှိ ပစ္စည်းများကို ရရှိခဲ့ကြောင်း တွေ့ရှိလိုက်ရသည်။

ဤသို့ဆိုလျှင် တကယ်ပဲ အနည်းငယ် ပုံမှန် မဟုတ်တော့ဘူးထင်တယ်။

သူ့ကို အဖော်ပြုပေးခဲ့သော လူများကို ပြန်လည် စဉ်းစားကြည့်လိုက်ရာ သူတို့က သူ့ကို အကူအညီတောင်းပြီး ခွင့်ပြုချက် စာရွက်စာတမ်းတွေ တောင်းခံခဲ့ကြတာလေဟု တွေးမိကာ အခြေအနေ အမှန်ကို သဘောပေါက်သွားခဲ့လေပြီ။

လုမင်ယွီသဘောပေါက်သွားသည်ကို မြင်လိုက်ရသောအခါ ဖုန်းယွီက ဆုံးမစကား ပြောဆိုလိုက်သည်။ "နားလည်သွားရင် ပြီးတာပါပဲ… နောက်ပိုင်း ဒီကိစ္စတွေကို မပတ်သက်နဲ့တော့။ မင်း ဒီလောက်တောင် အားလပ်နေတာကို ကြည့်ရတာ တကယ်ပဲ ငွေရှာချင်တယ် ဆိုရင် လာ... အင်း... ဦးလေးရဲ့ ကုမ္ပဏီမှာ လာပြီး အလုပ်လုပ်ပါ"

ယခင်က ဖုန်းယွီ သည် သူ့ကိုယ်သူ ဦးလေးဟု ခေါ်ဆိုတိုင်းတွင် မျက်နှာချင်းဆိုင်ရှိ ကလေးများမှာ အသက်ဆယ်နှစ်ပင် မပြည့်သေးသူများသာ ဖြစ်ကြသည်။ ဤတစ်ကြိမ်တွင်မူ အသက်နှစ်ဆယ်ကျော်အရွယ် လုမင်ယွီကို ရင်ဆိုင်နေရသဖြင့် အနည်းငယ် ထူးဆန်းနေသလို ခံစားရသည်။

"ကျေးဇူးတင်ပါတယ် ဦးလေးဖုန်း ဒီကိစ္စကို ကျွန်တော် အိမ်ပြန်ပြီး လူကြီးတွေနဲ့ တိုင်ပင်ကြည့်ပါဦးမယ်"

"အင်း" ဖုန်းယွီက လက်နောက်ပစ်ကာ ခေါင်းညိတ်ပြလိုက်ပြီး လူကြီးတစ်ဦး၏ ဟန်ပန်ကို အပြည့်အဝ ဖမ်းလိုက်သည်။

ဤအချိန်တွင် သူဌေးကျူးက ပြေးလာပြီး ပြောလေသည်။ "မစ္စတာဖုန်း၊ သူဌေးဖူ သခင်လေးလု ဒီပစ္စည်းတွေကို ထုပ်ပိုးဖို့ အချိန်နည်းနည်း ယူရမှာမို့ လူကြီးမင်းတို့ အရင်ဆုံး နောက်ဖေးခြံထဲ သွားပြီး လက်ဖက်ရည် တစ်ခွက်လောက် သောက်နေကြမလား သိပ်ကောင်းတဲ့ လက်ဖက်ရည် မဟုတ်ပေမယ့် သောက်လို့တော့ ရပါတယ်"

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးလေ အခွင့်အရေးရတုန်း ဖားထားရမှာပေါ့။ အကယ်၍ ပုံမှန် ဖောက်သည် တစ်ယောက် ဖြစ်လာခဲ့ရင် နောက်ပိုင်း လစဉ် ဒီလိုမျိုး တစ်ခါလောက် ရောက်လာခဲ့ရင် ဆိုင်ထဲကို အတုဝယ်တဲ့ အရူးတွေ မလာရင်တောင် ဒီဆိုင်လေးက ဝင်ငွေ မနည်းမနော ရနိုင်တယ်လေ။

ဖုန်းယွီက သူဌေးကျူးကို မျက်စောင်းတစ်ချက် ကြည့်လိုက်ကာ မေးလိုက်သည်။ "လက်ဖက်ရည် မသောက်တော့ဘူး ပစ္စည်းတွေကိုသာ မြန်မြန် ထုပ်ပိုးပေးရင် ရပြီ။ ကွမ်းကျန့် မင်း သဘောကျတာ တစ်ခုခု တွေ့ပြီလား"

ဖူကွမ်းကျန့်က ခေါင်းခါပြလိုက်ကာ ထပ်ကြည့်စရာ ဘာရှိတော့လို့လဲ။ မင်း ဒီလို လုပ်လိုက်တော့ ငါ့မှာ ရတနာ ရှာဖွေရတဲ့ ပျော်ရွှင်မှု လုံးဝ မရှိတော့ဘူးလေ။

ဖုန်းယွီက လုမင်ယွီကို လက်ညှိုးထိုးပြကာ သူဌေးကျူးကို သတိပေးလိုက်သည်။ "နောက်ပိုင်း သူ ထပ်လာရင် မင်း သူ့ကို ပစ္စည်းတစ်ခု ရောင်းရဲတယ် ဒါမှမဟုတ် သူ့ဆီက ပစ္စည်းတစ်ခု ဝယ်ရဲတယ်ဆိုရင် ငါ မင်းကို သက်ညှာပေးမှာ မဟုတ်ဘူးနော်"

လုမင်ယွီက မကြာခဏ တန်ဖိုးရှိ ပစ္စည်းများကို ဈေးပေါပေါဖြင့် ရနေခြင်းမှာ ဤဆိုင်က သေချာပေါက် နောက်ကွယ်မှ ကြိုးကိုင်နေခြင်းသာ ဖြစ်ရမည်။

သူဌေးကျူးက ရှက်ရွံ့စွာ ပြုံးပြကာ ပြန်ဖြေလိုက်သည်။ "သေချာပေါက် သေချာပေါက်ပါ"

သူက စိတ်ထဲတွင် တိတ်တဆိတ် တွက်ချက်နေမိရာ ဤဆိုင်ကို ရောင်းပစ်လိုက်လျှင် ကောင်းမည်ဟု ထင်မြင်မိသည်။ ဤနှစ်များအတွင်း ရှာဖွေထားသော ငွေများကလည်း ဇာတိမြေသို့ ပြန်သွားကာ တစ်သက်လုံး အေးအေးချမ်းချမ်း နေထိုင်သွားရန် လုံလောက်နေပြီ ဖြစ်သည်။

မြို့တော်ရဲ့ ရေက အရမ်းကို နက်ရှိုင်းလွန်းတယ်လေ။

……

******

All Chapters