← Chapters

အခန်း ၁၅၂၁

Vol. 103 Ch. 1521

အခန်း ၁၅၂၁

Vol. 103 Ch. 1521

အခန်း ၁၅၂၁ ဝန်ဆောင်မှုက အလွန် အရေးကြီးသည်

သခင်လေးလုသည် ဖုန်းယွီ ၏ စကားကို ကြားပြီးနောက် အနည်းငယ် တုံ့ဆိုင်းသွားကာ ပြောလေသည်။ "အဲဒီအကျုံးမဝင်တဲ့ စည်းကမ်းချက်တွေကို ဖျက်သိမ်းစရာ မလိုပါဘူး။ ပြဿနာ လာရှာတဲ့သူ ရှိရင် အဲဒီအချိန်ကျမှ သူတို့ကို စာချုပ် ပြလိုက်ရင် လူတော်တော်များများက လက်ခံသွားကြမှာပါ"

ဖုန်းယွီ က သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြောလိုက်သည်။ "သခင်လေးလု ခင်ဗျားတို့က မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးတဲ့သူတွေလေ ဝန်ဆောင်မှု ပေးတဲ့သူတွေ ဆိုတာ နားလည်လား။ ခင်ဗျားတို့ ရောင်းချနေတာက ဝန်ဆောင်မှုပါ ဝန်ဆောင်မှုပါပဲ"

"ခင်ဗျားတို့က အော်ပရေတာတွေပါလို့ ခင်ဗျား ပြောချင်နေတာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ စားသုံးသူတွေ ဝယ်ယူနေကြတာက ခင်ဗျားတို့ရဲ့ ဝန်ဆောင်မှုကိုပါပဲ"

"ဖောက်သည်က ဘုရားသခင်မို့ သေချာပေါက် ဖားယားနေရမယ်။ ဖောက်သည်က အရာအားလုံးထက် ပိုအရေးကြီးတယ်လို့ ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့က ငွေယူထားပြီးပြီ ဆိုမှတော့ ကောင်းမွန်တဲ့ ဝန်ဆောင်မှုကို ပေးရမယ် မဟုတ်လား"

"ဒီစည်းကမ်းချက်တွေက ပြဿနာ ရှိနေတယ် ဆိုတာကို ခင်ဗျား သိနေတယ် ဆိုတာကို ခင်ဗျားရဲ့ သဘောထားကို ကြည့်ရုံနဲ့ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဒါတွေက ခင်ဗျားတို့ဆီကို ပိုပြီး များပြားတဲ့ အကျိုးအမြတ်တွေ ယူဆောင်လာပေးနိုင်လို့ ဆက်လက် ထားရှိချင်နေတာ မဟုတ်လား"

"ခင်ဗျားတို့က နိုင်ငံပိုင် လုပ်ငန်း ဖြစ်နေသလို လုပ်ငန်းလောကမှာ ထိပ်ဆုံးက ရပ်တည်နေလို့ နည်းနည်းလောက် ခပ်တင်းတင်း နေလို့ရတယ်လို့ ထင်နေတာ မဟုတ်လား။ ခင်ဗျားတို့မှာ Liantong ဆိုတဲ့ ယှဉ်ပြိုင်ဘက်တစ်ခု ရှိနေသေးတယ် ဆိုတာကို အသာထား… အဲဒီ အသုံးပြုသူတွေက ကိစ္စကို ကြီးကျယ်သွားအောင် မလုပ်ဘူးလို့ ခင်ဗျားက တကယ်ကြီး ထင်နေတာလား"

"အခု အင်တာနက်တွေက ဘယ်လောက်တောင် ဖွံ့ဖြိုးတိုးတက်နေပြီလဲ တစ်ယောက်ယောက်ကများ ခင်ဗျားတို့ရဲ့ စာချုပ်ထဲက ပြဿနာကို အမိဖမ်းပြီး ကြီးကျယ်အောင် လုပ်လိုက်မယ်ဆိုရင် ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ။ မှန်တယ်… ခင်ဗျားတို့က လက်ဝါးကြီးအုပ်လုနီးပါး ဖြစ်နေတဲ့ လုပ်ငန်းတစ်ခုပါ။ ခင်ဗျားတို့ကို မရွေးချယ်ရင် Liantong ကို ရွေးချယ်ရမယ်။ ဒါမှမဟုတ် Xiaolingtong ကို ရွေးချယ်ရမယ် တခြား ရွေးချယ်စရာ အများကြီး မရှိပါဘူး"

"အသားက အိုးထဲမှာပဲ နူးအိနေတယ် ဆိုပေမယ့် ဒီကိစ္စက ခင်ဗျားအပေါ်မှာ ဘယ်လောက် ကြီးမားတဲ့ သက်ရောက်မှု ရှိလာနိုင်မလဲ ဆိုတာကို ခင်ဗျား တွေးကြည့်ဖူးလား။ ဟုတ်တယ် ခင်ဗျား တာဝန် မပြောင်းရွှေ့ခင်မှာ ဒီကိစ္စက ပေါက်ကွဲထွက်လာမှာ မဟုတ်ဘူး ဆိုတာက ဖြစ်နိုင်ချေ အရမ်း များပါတယ်။ ဒါပေမဲ့ ခင်ဗျား တာဝန် ပြောင်းရွှေ့သွားပြီးမှ ဒီကိစ္စ ပေါက်ကွဲထွက်လာခဲ့ရင် ခင်ဗျားရဲ့နေရာကို ဆက်ခံမယ့်သူက ဒီအမည်းစက်ကြီးကို ယူလိမ့်မယ်လို့ ခင်ဗျား ထင်နေတာလား"

"အဲဒီအချိန်ကျရင် ဒီအမည်းစက်ကြီးက ခင်ဗျားရဲ့ခေါင်းပေါ်ကိုပဲ ပြန်ကျလာမှာ မဟုတ်ဘူးလား။ ခင်ဗျားရဲ့အနာဂတ်အပေါ်မှာ ဘယ်လို သက်ရောက်မှုတွေ ရှိလာမလဲ ဆိုတာကို ခင်ဗျား သိရဲ့လား"

သခင်လေးလုမှာ အထက်သို့ တက်လှမ်းရမည့်သူဖြစ်ပြီး အာရှ၏ အင်အားအကြီးမားဆုံးသော အမျိုးသား အဖွဲ့အစည်းထဲမှ တစ်ဦး ဖြစ်လာလိုသူဖြစ်ရာ သူ၏ကိုယ်ရေးမှတ်တမ်းတွင် မည်သည့် အမည်းစက်မျှ ရှိနေ၍ မဖြစ်နိုင်ပေ။

ဤသို့ ပြုလုပ်ခြင်းက Yidong ကုမ္ပဏီ၏ အမြတ်အစွန်းကို အများကြီး လျော့ကျသွားစေမည်ဖြစ်ပြီး အသုံးပြုသူ အသစ် တိုးလာမှုလည်း အနည်းငယ် လျော့နည်းသွားမည် မှန်သော်လည်း အန္တရာယ်ကင်းရှင်းပြီး နောက်ဆက်တွဲ ပြဿနာများ မရှိနိုင်တော့ချေ။ စာချုပ်ပါ စည်းကမ်းချက်များကို ဖောက်သည်များအား သေချာစွာ ရှင်းပြပြီး ဖောက်သည်များကို ကိုယ်တိုင် ရွေးချယ်ခွင့် ပေးရမည် ဖြစ်သည်။

သေချာစွာ ရှင်းပြလိုက်လျှင်ပင် ဖောက်သည် အများအပြားက ဝယ်ယူရန် ရွေးချယ်ကြမည်သာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ၎င်းတို့၏ အမြင်တွင် ဖုန်းတစ်လုံး အလကား ရလိုက်သည်သာ မဟုတ်ပါလော။

လက်တွေ့တွင် အချို့သော အသုံးပြုသူများ အတွက်မူ ၎င်းတို့သည် အထူးခံစားခွင့်ကို တကယ်ပင် ရရှိသွားခဲ့ခြင်း ဖြစ်သည်။ သေချာပေါက် လူအများအပြားမှာ ဤအထူးခံစားခွင့်ကြောင့် ဆွဲဆောင်ခံရမည်ဖြစ်ပြီး အသုံးစရိတ်က ထိုမျှလောက် မများပြားလျှင်ပင် ၎င်းတို့က တွက်ခြေကိုက်သည်ဟု ထင်မြင်ကာ ဝယ်ယူကြမည် ဖြစ်သည်။

ယင်းမှာ အမြဲတမ်း လူအချို့သည် အလွန် တွက်ခြေကိုက်သည်ဟု ထင်ရသော ကုန်ပစ္စည်း အများအပြားကို ဝယ်ယူလာခဲ့ကြသော်လည်း အိမ်ပြန်ရောက်သောအခါ လုံးဝအသုံးမဝင်ကြောင်း တွေ့ရှိသွားကြသည်နှင့် အတူတူပင် ဖြစ်သည်။ ၎င်းတို့သည် တွက်ခြေကိုက်သည် ဟူသော အချက်ကြောင့် လိုအပ်သည် ဟူသော စကားလုံးနှစ်လုံးကို မျက်ကွယ်ပြုခံလိုက်ရခြင်း ပင်ဖြစ်သည်။

သခင်လေးလုသည် ခေါင်းငုံ့ကာ စဉ်းစားခန်း ဝင်နေပြီး ဤကိစ္စ၏ အကျိုးအပြစ်များကို ချိန်ဆနေခဲ့သည်။ အကယ်၍ ဤစည်းကမ်းချက်များကိုသာ ထည့်သွင်းလိုက်ပါက အချိန်တိုအတွင်း ဤလုပ်ငန်းစဉ်မှာ သေချာပေါက် အလွန်တရာ အောင်မြင်လာမည်ဖြစ်ပြီး ၎င်းအတွက် မဆိုးလှသော နိုင်ငံရေး စွမ်းဆောင်ရည် တစ်ခုကို ပေါင်းထည့်ပေးနိုင်ကာ သူ သွားရောက်လိုသော နေရာသို့ သွားရောက်နိုင်မည်ဖြစ်ပြီး အခြားသူများလည်း သူ့ကို လုယူနိုင်တော့မည် မဟုတ်ချေ။

သို့သော် ဖုန်းယွီ ပြောသော နောက်ဆက်တွဲ ပြဿနာများကလည်း တကယ် ရှိနေပေသည်။ အကယ်၍ ဤပြဿနာများသာ ပေါက်ကွဲထွက်ပေါ်လာပါက မိသားစုက ဖြေရှင်းပေးနိုင်စွမ်း ရှိမရှိနှင့် သူ၏ နိုင်ငံရေး ခရီးလမ်းအပေါ် ကြီးမားသော သက်ရောက်မှု ရှိမရှိ ဆိုသည်ကို သူ သေချာစွာ စဉ်းစားရမည် ဖြစ်သည်။

သခင်လေးလုက ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ရာ ဆေးလိပ်ငွေ့များ၏ နောက်ကွယ်ရှိ သူ၏ မျက်နှာမှာ အနည်းငယ် ရှုံ့မဲ့နေပုံ ပေါက်နေပေသည်။

ဖုန်းယွီ သည် ထိုနေရာတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး ခြောက်သွေ့နေပြီဖြစ်သော ခံတွင်းကို စိုစွတ်သွားစေရန် လက်ဖက်ရည် နှစ်ငုံခန့် သောက်လိုက်သည်။ သခင်လေးလု မည်သို့ ရွေးချယ်မည်နည်း ဆိုသည်က အနာဂတ်တွင် ဖုန်းယွီက သူ့ကို မည်သို့ ထောက်ခံကူညီပေးမည်နည်း ဆိုသည်ကိုလည်း ဆုံးဖြတ်ပေးမည် ဖြစ်သည်။

မျက်မှောက် အကျိုးစီးပွားကိုသာ လွန်ကဲစွာ အလေးထားပြီး အလုပ်လုပ်ရာတွင် အလွန်ရိုးရှင်းကြမ်းတမ်းကာ အနာဂတ်ကို ဂရုမစိုက်တတ်သူ တစ်ဦးသည် ဖုန်းယွီက ဤမျှလောက် ရင်းနှီးမြှုပ်နှံရန် တန်ဖိုး ရှိပါသေးသလော။

သခင်လေးလုအပေါ် အခြားသော ကဏ္ဍများမှ ထောက်ခံကူညီမှုကို အသာထား စိတ်ခံစားချက်သက်သက်ဖြင့်ဆိုလျှင်ပင် ဤသူငယ်ချင်းမှာ မိမိနှင့် တန်ဖိုးထားမှုများ မတူညီကြောင်း ဖုန်းယွီ ခံစားရမည်ဖြစ်ပြီး ရင်းနှီးစွာ ပေါင်းသင်း၍ မရနိုင်တော့ချေ။

သခင်လေးလုသည် ဆေးလိပ်တိုကို ပြာခွက်ထဲတွင် အားကုန်သုံး၍ ထိုးချေလိုက်ပြီး ပြောလိုက်သည်။ "မင်း ပြောတာ မှန်တယ်။ ဒီလို လုပ်တာက နောက်ဆက်တွဲ ပြဿနာတွေ ကျန်ရစ်ခဲ့စေမှာ သာမကဘဲ Yidong ကုမ္ပဏီရဲ့ အငွေ့အသက်ကိုလည်း ဆိုးရွားသွားစေနိုင်တယ်။ အကယ်၍ အနာဂတ်က ဆက်ခံမယ့် သူတွေကလည်း ဒီလိုမျိုး လုပ်လာကြမယ် ဆိုရင် ပြည်သူတွေအတွက် အရမ်းကို မတရားရာ ကျလွန်းတယ်"

"ဒီအစီအစဉ်ကို ပြန်ပြင်ဖို့ လူလွှတ်လိုက်ပါ့မယ်။ ငါတို့က ဝန်ဆောင်မှု ပေးတဲ့သူတွေ ဆိုမှတော့ ဝန်ဆောင်မှုကို မြှင့်တင်ရမှာပေါ့။ ဒီအချက်မှာလည်း အတူတူပဲ အောင်မြင်မှုတွေ လုပ်ပြနိုင်ပါတယ်"

သခင်လေးလု၏မျက်လုံးများထဲတွင် ယုံကြည်မှု အပြည့်ရှိသော အမူအရာများ ပြန်လည် ရရှိလာခဲ့ပြီး နောက်တစ်ဖန် စိတ်ဓာတ် တက်ကြွလာခဲ့လေသည်။ သူသည် မူလကတည်းက မိသားစု၏ ကူညီပံ့ပိုးမှု ရှိနေသဖြင့် အခြားသူများထက် လမ်းလျှောက်ရသည်မှာ များစွာပိုမိုလွယ်ကူလှပေသည်။

သို့သော် ယခုလက်ရှိတွင်သာ အတော်လေး လွယ်ကူနေခြင်းဖြစ်ပြီး အနာဂတ်တွင် မိသားစုက သူ့ကို ပေးအပ်မည့် အကူအညီများမှာ ပိုပိုပြီးနည်းပါးလာတော့မည်ဖြစ်ရာ သူကိုယ်တိုင် အပေါ်တွင်သာ အဓိက မှီခိုရတော့မည် ဖြစ်သည်။ သူသည် အောင်မြင်မှုများကို လိုအပ်သော်လည်း လိမ်လည်လှည့်ဖြား၍ ရလာသော အောင်မြင်မှုမျိုးကိုတော့ မလိုအပ်ချေ။

သူသည်လည်း မာနကြီးပြီး ရည်မှန်းချက် ကြီးမားသူ တစ်ဦး ဖြစ်ရာ အကယ်၍ အစောပိုင်း ကာလများကသာ ဆိုလျှင် လူများကို ဒုက္ခရောက်စေနိုင်သော ထိုစည်းကမ်းချက်များကို သူ လုံးဝ တုံ့ဆိုင်းနေခြင်း မရှိဘဲ ပယ်ဖျက်ပစ်ခဲ့မည် ဖြစ်သည်။ သို့သော် ဘယ်အချိန်က စတင်၍ သူ ကိုယ်တိုင်လည်း ပြောင်းလဲသွားခဲ့မှန်း မသိတော့ချေ။

သို့သော် ယခုအချိန်မှ စတင်၍ သူသည် နိုင်ငံရေးလောကသို့ စတင်ဝင်ရောက်စဉ်က အိပ်မက်ကို ပြန်လည် ရှာဖွေရမည်ဖြစ်ရာ ယင်းမှာ လူအများ အမှတ်ရနေစေပြီး သူ၏ ကောင်းကွက်များကို အောက်မေ့နေစေမည့် အရာရှိ တစ်ဦး ဖြစ်လာရန်ပင် ဖြစ်သည်။

ကိုယ့်ကိုယ်ကိုယ် လူအများ အမှတ်ရနေစေပြီး ကောင်းကွက်များကို အောက်မေ့နေစေဖို့ ဘယ်လို လုပ်ရမလဲ။ အဲဒါကတော့ ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ ကိစ္စတွေကို လုပ်ဆောင်ပေးရမှာပဲ။

ထို့အပြင် ဤသို့ ရွေးချယ်ခြင်းက နောက်ဆက်တွဲ ပြဿနာများကို မကျန်ရစ်စေဘဲ သူ၏ အနာဂတ်အတွက် အကောင်းဆုံး ဖြစ်ပေသည်။

သခင်လေးလု၏ ရွေးချယ်မှုအပေါ် ဖုန်းယွီက အလွန်တရာ ကျေနပ်သွားခဲ့ပြီး သခင်လေးလုက ဤသို့ရွေးချယ်မှသာလျှင် ဖုန်းယွီအနေဖြင့် သူ့ကို အင်တိုက်အားတိုက် ဆက်လက်၍ ထောက်ခံကူညီပေးမည် ဖြစ်သည်။

"သခင်လေးလု ခင်ဗျားရဲ့ဒီနေ့ ရွေးချယ်မှုအတွက် ခင်ဗျား သေချာပေါက် နောင်တရမှာ မဟုတ်ပါဘူး" ဖုန်းယွီ က ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။

"ဟားဟားဟား ငါက ဘယ်ကိစ္စအတွက်မှ နောင်တရလေ့ မရှိဘူး" သခင်လေးလုက ခေါင်းကို မော့ကာ ပြောလေသည်။

"ဒါဆိုရင်လည်း ကောင်းတာပေါ့။ လူတစ်ယောက် ပြောဖူးတာ ရှိတယ်။ ဝန်ဆောင်မှု ဆိုတာက အရောင်းအဝယ်ရဲ့ အစပဲ… ဖောက်သည် တစ်ယောက်ရဲ့ နောက်မှာ ပိုပြီးများပြားတဲ့ ဖောက်သည်တွေ ရှိနေသေးတယ်တဲ့။ အကယ်၍ ခင်ဗျားကသာ Yidong ကုမ္ပဏီက ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှု အမူအကျင့်ကို အများကြီး မြင့်တက်သွားအောင် လုပ်နိုင်မယ်ဆိုရင် ပိုပြီး များပြားတဲ့ လူတွေက Liantong ဒါမှမဟုတ် Xiaolingtong ကို မရွေးချယ်ဘဲ ခင်ဗျားတို့ Yidong ကိုပဲ လိုလိုလားလား… ရွေးချယ်လာကြမယ်ဆိုတာကို ကျွန်တော် အာမခံရဲတယ်"

အကယ်၍ သင်က Liantong သို့ သွားရောက်ပြီး ဆင်းကတ် အသစ်တစ်ခု လုပ်ချိန်တွင် တစ်ဖက်လူ၏ ဆက်ဆံရေး အမူအကျင့်က အလွန်ဆိုးရွားနေပြီး ဘေးဆိုင်တွင် Yidong ရှိနေမည်ဆိုပါက သင်က Yidong သို့ သွားရောက် လုပ်ဆောင်ရန် ရွေးချယ်မည် မဟုတ်ပါလော။

လူအချို့က ပြဿနာများမည်ဟု ထင်မြင်နိုင်သော်လည်း လူအချို့ကမူ သေချာပေါက် Yidong ကို သွားရောက်ရန် ရွေးချယ်ကြမည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့အတွက် အတူတူ သုံးရသည်သာဖြစ်ရာ ငွေပေးထားပါလျက်နှင့် ဘာဖြစ်လို့ ဒေါသထွက်ခံနေရမည်နည်း။

ငွေပေးတိုင်း သခင်ကြီး ဖြစ်ရမည် မဟုတ်သလို အခြားသူများက သင့်ကို ဘုရားသခင်ကဲ့သို့ ကိုးကွယ်ထားရန် မလိုအပ်သော်လည်း တစ်ဖက်လူက ဂရုမစိုက်သည့်ဟန်ဖြင့် ဆိုင်ကြီးလျှင် ဖောက်သည်ကို အနိုင်ကျင့်သည့် ပုံစံမျိုးကိုတော့ လုံးဝ အလိုမရှိကြချေ။

"ဝန်ဆောင်မှု အမူအကျင့်ကို မြှင့်တင်ရမယ် ဟုတ်လား။ အခု Yidong ကုမ္ပဏီရဲ့ ဝန်ထမ်းတွေက ဝန်ဆောင်မှု အမူအကျင့် မကောင်းဘူးလို့ မင်း ဆိုလိုချင်တာလား။ ငါ ကြည့်ဖူးပါတယ် ဝန်ဆောင်မှု အမူအကျင့်တွေက အားလုံး အတော်လေး ကောင်းမွန်နေတာပဲကို" သခင်လေးလု၏ မျက်နှာပေါ်တွင် အံ့အားသင့်နေသော အမူအရာ ပေါ်လွင်နေခဲ့သည်။ မဖြစ်နိုင်ပါဘူး သူ အစည်းအဝေးများတွင် စားသုံးသူများအတွက် အရည်အသွေးမြင့် ဝန်ဆောင်မှုများ ပေးအပ်ရန် အကြိမ်ကြိမ် အလေးအနက်ထား ပြောဆိုခဲ့သည် မဟုတ်ပါလော။

ဖုန်းယွီက သခင်လေးလု၏ပုံစံကို ကြည့်ရသည်မှာ ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း တွေ့ရှိလိုက်ရရာ ဤသည်က သူသည် အခြားသူများ၏ လှည့်စားခြင်းကို ခံထားရကြောင်း သက်သေပြနေလေသည်။

"ခင်ဗျား သွားတဲ့ အချိန်မှာ အခြွေအရံတွေ အများကြီးနဲ့ သွားတာ မဟုတ်ဘူး ဆိုတာကို သေချာရဲ့လား။ သူတို့က ခင်ဗျားကို ပေးကြည့်တဲ့ မြင်ကွင်းက ပုံမှန် အလုပ်လုပ်နေတဲ့ အခြေအနေ ဆိုတာကိုကော ခင်ဗျား သေချာရဲ့လား။ ဘဏ်တွေမှာ လျှို့ဝှက်စစ်ဆေးတာတွေ ရှိတယ် ခင်ဗျားတို့ Yidong ကုမ္ပဏီမှာကော ရှိရဲ့လား"

"ခင်ဗျား အဲဒီအရောင်းဆိုင်တွေကို သွားကြည့်ဖူးလား။ အဲဒီအရောင်းဆိုင် သေးသေးလေးတွေက အရောင်းဆိုင် အကြီးတွေနဲ့ အတူတူပဲလား။ အဲဒါတွေက အပြင်ကို ကန်ထရိုက် ပေးထားတာပါလို့ မပြောနဲ့နော်… သူတို့ ချိတ်ဆွဲထားတာက ခင်ဗျားတို့ တရုတ် Yidong ကုမ္ပဏီရဲ့ ဆိုင်းဘုတ် ဖြစ်ပြီး ခင်ဗျားတို့ရဲ့ ပုံရိပ်ကို ကိုယ်စားပြုနေတာပဲ"

"မင်းရဲ့ စကားအရ ဆိုရင် အောက်ခြေက ဝန်ဆောင်မှု အမူအကျင့်တွေက အရမ်း ဆိုးရွားနေတယ်ပေါ့" သခင်လေးလုမှာ အနည်းငယ် လက်မခံချင်ဖြစ်သွားကာ အနည်းငယ် ဆိုးရွားတာတော့ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် အရမ်း ဆိုးရွားတယ် ဆိုတာတော့ မဖြစ်သင့်ဘူးလေ။

"ခင်ဗျား မယုံဘူးလား။ ဒါဆို ခင်ဗျား ရုပ်ဖျက်ပြီး အောက်ကို သွားကြည့်လိုက်လေ"

******

All Chapters