အခန်း ၁၃၆၁
Vol. 137 Ch. 1361
အခန်း (၁၃၆၁) ငါကိုယ်တိုင် လုပ်မယ်
သူက ချီယွင်မသေမျိုး ဘက်သို့လှည့်မကြည့်ဘဲ "ကျွန်တော်ကိုယ်တိုင်ပဲ ရှင်းလိုက်ပါ့မယ်" ဟုသာ တိုးညင်းစွာ ပြောလိုက်၏။
ကြည်လင်ပြတ်သားသော အသံတစ်သံက ထိုအခိုက်အတန့်တွင် ပဲ့တင်ထပ်သွားပါသည်။
ဤနေရာတွင် ရှိနေသူအားလုံးက ထိုအခါမှသာ အသိစိတ်ပြန်ဝင်လာပြီး တကယ့်အဖြစ်အပျက်ကို သဘောပေါက်သွားကြသည်။
မသေမျိုးဖြစ်စေ၊ ဗောဓိသတ္တဖြစ်စေသူတို့အားလုံးက ရွှေမသေမျိုးအသစ်လေးအား နယ်ပယ်အဆင့်ကို အားကိုးပြီးအနိုင်ကျင့်နေသည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ သူက မဟာလွတ်လပ်ခြင်း ကြာပန်းပုတီးစေ့ဗောဓိသတ္တ၏ အစွမ်းကုန်တိုက်ခိုက်မှုကို မျက်နှာချင်းဆိုင်တိုက်ရိုက်ကာကွယ်တားဆီးနိုင်ခဲ့သည်ကို အံ့ဩဖွယ် တွေ့လိုက်ရ၏။
"ဒါက..." အခြားသူများကို မဆိုထားနှင့်၊ ဂူ ၇၂ခုမှ ရွှေမသေမျိုးများပင်လျှင် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်ထိတ်လန့်သွားကြ၏။
"..."
ချီယွင်ကျစ်က အရှေ့ဘက်သို့တွေဝေစွာ စိုက်ကြည့်နေမိသည်။
ရှန်းယီတွင် လင်းရွှီဂူမှ ဝိညာဉ်ရတနာများ သို့မဟုတ် ဧကရာဇ်ပေးသနားထားသော အရာများ တစ်ခုမှ မရှိဘဲ၊ အစောပိုင်းက သူပေးလိုက်သော ရတနာအိတ်ထဲမှ ပစ္စည်းများသာရှိပါသည်။
ချီယွင်ဂူက မျိုးတုံးလုနီးပါးဖြစ်နေပြီဖြစ်သော်လည်း၊ ယခုအခါ ဤပစ္စည်းများကို ကိုင်ဆောင်ကာ တိတ်ဆိတ်စွာမတ်တပ်ရပ်ရင်း သူ့ကို အနောက်မှ ကာကွယ်ပေးနေသော လူငယ်လေး တစ်ဦး ရှိနေ၏။
ထိုလူငယ်လေးက ကျေးဇူးတင်စကားတစ်ခွန်းမှ မဟဘဲ တည်ငြိမ်စွာရှေ့ထွက်လာကာ၊ ထိုပိန်သွယ်သောခန္ဓာကိုယ်လေးဖြင့် ဗောဓိဂိုဏ်းတစ်ခုလုံး၏ ရန်ငြိုးနှင့် သတ်ဖြတ်လိုသောရည်ရွယ်ချက်များကို ထမ်းပိုးထားခဲ့သည်။
"သူ လုပ်နိုင်ပါ့မလား။" ချီယွင်ကျစ်က မနေနိုင်ဘဲ ထပ်မေးလိုက်မိသည်။
သို့သော်၊ သူ့ကို တုံ့ပြန်လိုက်သည်မှာ မဟာလွတ်လပ်ခြင်း ကြာပန်း ပုတီးစေ့ဗောဓိသတ္တက ခေါင်းကို အနည်းငယ်ငုံ့ကာ တုန်ယင်ပြီး လှောင်ပြောင်သော ရယ်မောသံဖြင့် "သူ လုပ်နိုင်မယ်လို့ မင်းထင်နေတာလား" ဟု ပြောလိုက်ခြင်းပင်။
နောက်ဆုံးတော့၊ အချိန်ကျရောက်လာခဲ့လေပြီ။
သူက ချီယွင်ကျစ်ကို ကောင်းကင်တာအိုသို့ ပြန်မပို့နိုင်ခဲ့သော်လည်း၊ ကနဦးရည်ရွယ်ချက်ကိုတော့ အောင်မြင်သွားခဲ့သည်။
ပြိုင်ဘက်ဖြစ်သူက စင်မြင့်ပေါ်သို့ ဆင်းလာရန် ရွေးချယ်လိုက်သည့် အခိုက်အတန့်မှစ၍၊ မဟာလွတ်လပ်ခြင်း ဗောဓိသတ္တရာချီနှင့် ဘုန်းကြီး ထောင်ပေါင်းများစွာ၏အမျက်ဒေါသရှေ့တွင် ဤလူငယ်လေးက အဝါရောင်တိမ်တိုက်ပေါ်မှ အသက်ရှင်လျက် ထွက်ခွာခွင့်ရတော့မည် မဟုတ်ကြောင်း ကံကြမ္မာက သတ်မှတ်ပြီးသားဖြစ်သွား၏။
အကယ်၍ အခြားသူများသာ တာအိုဓမ္မဆွေးနွေးပွဲတွင် ဝင်ရောက်စွက်ဖက်ခဲ့ပါက၊ ဗောဓိဂိုဏ်းက တရားမျှတမှု ရှိစေရန်အတွက် အစစ်အမှန် ဗုဒ္ဓ ကို သေချာပေါက် တောင်းဆိုမည်ဖြစ်သည်။
သို့သော် ရှန်းယီကတော့ ကွာခြားပေ၏။
ဗောဓိဂိုဏ်းတစ်ခုလုံးက သူ သေပွဲဝင်မည့် အချိန်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။
"စိတ်ချပါ။ငါ့တပည့် ဘယ်လို သေသွားလဲဆိုတာ ငါ သေသေချာချာ မှတ်မိတယ်။ နောက်ကျရင် အဲဒီဖြစ်စဉ်အတိုင်းအတိအကျ မင်းကို ငါမြင်ခွင့်ပေးမယ်။"
မဟာလွတ်လပ်ခြင်း ကြာပန်း ပုတီးစေ့ ဗောဓိသတ္တက သူ၏ ရည်ရွယ်ချက်ကို ဆက်လက် ဖုံးကွယ်မထားတော့ဘဲ၊ မျက်လုံးခြောက်စုံစလုံးမှာ ဆိုးယုတ်သောရည်ရွယ်ချက်များဖြင့် ပြည့်နှက်သွားသည်။
ရှန်းယီက ဂိုဏ်းနှစ်ခုကြားသတ်ဖြတ်လိုသော စိတ်ဆန္ဒများကို ကိုယ်တိုင်ကိုယ်ကျလှုံ့ဆော်ခဲ့ပြီး၊ ယခုအခါ ဤလူယုတ်မာ၏သွားများကို ရိုက်ချိုးကာ ခါးသီးသောအသီးကို သူ၏ဗိုက်ထဲသို့ အတင်းအဓမ္မထိုးထည့်ရပါတော့မည်။
စကားဆုံးသည်နှင့်တစ်ပြိုင်နက်၊ မဟာလွတ်လပ်ခြင်း ကြာပန်း ပုတီးစေ့ ဗောဓိသတ္တက ဆက်လက် တုံ့ဆိုင်းမနေတော့ဘဲ သူ၏ပိန်လှီသော ခန္ဓာကိုယ်ဖြင့် ပြေးလွှားသွားခဲ့သည်။
သူက ကြမ်းကြုတ်သော ကျားသစ်တစ်ကောင်နှင့် တူနေပြီး၊ ရှန်းယီပိုင်ဆိုင်သော မူလနက်မှောင်သည့် တိမ်တိုက်က ယခုအခါ သူ၏ပုံသဏ္ဌာန်ကို ဖုံးကွယ်ရန် အကောင်းဆုံး အကာအကွယ်ဖြစ်လာပုံရသည်။
ကောင်းကင်နှင့် တပြေးညီရှိနေသော ရွှေရောင် ခန္ဓာကိုယ်ကြီးက သာမန် လူသားအရွယ်အစားသို့ ကျုံ့ဝင်သွားသောအခါ၊ မဟာလွတ်လပ်ခြင်း ဗောဓိသတ္တ၏လက်သီးချက်တိုင်းက မိုးကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်စေနိုင်သောကြီးမားလှသည့် စွမ်းအားကို သယ်ဆောင်ထားခဲ့လေသည်။
မျက်လုံးခြောက်စုံက လှည့်စားမှု၏အားလုံးကို ထိုးထွင်းသိမြင်နိုင်နေသကဲ့သို့ပင်။
မျက်တောင်တစ်ခတ်အတွင်း၊ မဟာလွတ်လပ်ခြင်း ကြာပန်း ပုတီးစေ့ ဗောဓိသတ္တက ရှန်းယီရှေ့သို့ ရောက်ရှိလာပြီး သူ၏ညာဘက်လက်မောင်းကို ဝှေ့ယမ်းကာ၊ မိုးကြိုးပစ်သကဲ့သို့သော လက်သီးချက်ဖြင့် မည်သည့်ဟန်ပြမှုမျှမပါဘဲ ပြင်းထန်သောသတ်ဖြတ်လိုသည့် ရည်ရွယ်ချက်သက်သက်ဖြင့် ထိုးချလိုက်၏။
"သတ်.."
ရုတ်တရက် ထွက်ပေါ်လာသော ဟိန်းဟောက်သံက လူအများကို ထိတ်လန့်သွားစေခဲ့သည်။
ထူထပ်သော ဗုဒ္ဓအလင်းတန်းများက လူငယ်လေးအတွက် နောက်ဆုတ်စရာလမ်းကြောင်းမှန်သမျှကို ဖြတ်တောက် ပိတ်ဆို့ထားလိုက်၏။
တစ်ချိန်တည်းမှာပင်၊ မဟာလွတ်လပ်ခြင်း ကြာပန်း ပုတီးစေ့ ဗောဓိသတ္တ၏ မျက်လုံးများစွာထဲတွင် ထင်ဟပ်လာသည်မှာ ရုတ်တရက်မြင့်တက်လာသော လှံသွားပင်။
တဖျပ်ဖျပ်လှုပ်ရှားနေသော အနီရောင်လှံပန်းဖွားလေးက မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်ကို ဖုံးလွှမ်းသွားသောမီးပင်လယ်ကြီး အဖြစ်သို့ ပြောင်းလဲသွားပြီး၊ အရာအားလုံးကို ရစ်ပတ်ထားသည့် အနီရောင်ကန့်လန့်ကာကြီး တစ်ခုအလား အရှေ့ပိုင်း ဍုမေဏုတစ်ခုလုံးကို ပူကျစ်တောက်သွားစေသည်။
ရွှေမသေမျိုး တစ်ပါးပ မဟာလွတ်လပ်ခြင်း ဗောဓိသတ္တ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် အင်အားကိုအင်အားဖြင့် ရင်ဆိုင်ရန် အမှန်တကယ် ရွေးချယ်လိုက်ခြင်းပင်။
ဤပုံမှန်မဟုတ်သောမြင်ကွင်းက လူတိုင်းကို မှင်သက် တိတ်ဆိတ်သွားစေခဲ့၏။
ယခင်က ဗောဓိဂိုဏ်းမှ ဘုန်းကြီးများကို ကစားခဲ့သော ထိပ်တန်းတပည့်က ရုတ်တရက် အသိဉာဏ် ဆုံးရှုံးသွားပုံရသည်။
မဟာလွတ်လပ်ခြင်း ကြာပန်း ပုတီးစေ့ ဗောဓိသတ္တက အနည်းငယ် မှင်သက်သွားသော်လည်း၊ နောက်ပိုင်းတွင် ရက်စက်စွာပြုံးကာ သူ၏ လက်သီးကို ဖြေလျှော့လိုက်ပြီး၊ အားပါးတရထိုးသွင်းလာသော လှံကိုရင်ဆိုင်ရန် လက်ဖဝါး နှစ်ဖက်စလုံးကို အသုံးပြုလိုက်သည်။
မီးတောက်များနှင့် နက်မှောင်သည့် တိမ်တိုက်များ၏ဖုံးကွယ်မှုအောက်တွင်၊ ရှန်းယီ၏အင်္ကျီလက်စအောက်ရှိ လက်မောင်းက ကျောက်စိမ်းဖြူ အသွင်သို့ ရုတ်တရက်ပြောင်းလဲသွားသည်ကို သတိထားမိသူ အလွန်နည်းပါးလှသည်။
၎င်းမှာ တာအိုဓမ္မဆွေးနွေးပွဲ စတင်ကတည်းက အကြမ်းတမ်းဆုံးသော ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ကြောင်း ထင်ရှားပါသည်။
လက်ဖဝါးများက လှံရိုးနှင့် ထိတွေ့သွားသည့် အခိုက်အတန့်တွင်၊ ကြာပန်း ပုတီးစေ့ ဗောဓိသတ္တ၏မျက်နှာပေါ်ရှိ အပြုံးသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်နှုန်းဖြင့် မှေးမှိန်သွားပြီး၊ ပြင်းထန်သော အံ့အားသင့်မှုအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏မျက်နှာပေါ်တွင် အေးခဲသွားခဲ့၏။
ဘုန်း...
ကောင်းကင်ယံတွင် တာအို သင်္ကေတနှစ်ခုက ပြင်းထန်စွာ ထိပ်တိုက်တွေ့သွားခဲ့သည်။
ပုံရိပ်တစ်ခုက အနောက်သို့အကြမ်းပတမ်းလွင့်စင်သွားကာ ကျယ်ပြောလှသောအဝါရောင် တိမ်တိုက်များကို လှိုင်းထန်သွားစေပြီး၊ စုတ်ပြဲနေသော အိတ်တစ်အိတ်အလားလှည့်ပတ်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ကပ်ဘေးစွမ်းအားများ ပျောက်ကွယ်သွားသောအခါ၊လှံကို ပေါ့ပေါ့ပါးပါးကိုင်ဆောင်ပြီး မူလနေရာတွင်ကျန်ရစ်ခဲ့သော လူငယ်လေး၏ယခင်က ခံစားချက်ကင်းမဲ့နေသောမျက်နှာမှာ ပထမဆုံးအကြိမ်အဖြစ် အပြုံးရိပ်လေးတစ်ခု ထွက်ပေါ်လာပါသည်။
လူတိုင်းနီးပါးက ထိုအပြုံးထဲတွင် ဖုံးကွယ်မထားသော လှောင်ပြောင်မှုအရိပ်အယောင်တစ်ခုကို မြင်တွေ့လိုက်ကြ၏။
"..."
မသေမျိုးသုံးပါးဂိုဏ်းမှ တပည့်များ၏အမြင်တွင်၊ စီနီယာအစ်ကို ရှန်းယီက အမြဲတစေတည်ငြိမ်ပြီး ထိန်းသိမ်းတတ်သူဖြစ်ခဲ့၏။ စီနီယာအစ်မ ယိုယောင်က လူများစွာကိုဦးဆောင်ကာ တိုက်ခိုက်ခဲ့ချိန်တွင်ပင်၊ သူက လူကြီးလူကောင်းတစ်ဦးကဲ့သို့ ပြုမူခဲ့သေးသည်။
ယခုအချိန်ရောက်မှသာ၊ လွင့်ပျံနေသော အနက်ရောင်ဝတ်စုံ၊ မိုးပြာရောင်တောက်ပနေသော မသေမျိုးသံချပ်ကာ၊မတ်မတ်ရပ်နေသော ဟန်ပန် နှင့်အတူ ထိုထက်ရှသောလှောင်ပြောင်မှုတို့ ပေါင်းစပ်သွားခဲ့၏။
နောက်ဆုံးတွင် ထိပ်တန်း တပည့်တစ်ဦးနှင့် ထိုက်တန်သောမာနထောင်လွှားမှုနှင့် ကြမ်းတမ်းသော အမူအကျင့်တို့ကို လူတိုင်းမြင်တွေ့ခွင့် ရသွားခဲ့ပြီ ဖြစ်သည်။