← Chapters

အခန်း ၄၀၉

Vol. 41 Ch. 409

အခန်း ၄၀၉

Vol. 41 Ch. 409

အခန်း။ ၄၀၉

ဘုန်း

ဘုန်း ဘုန်း ဘုန်း

ချန်ကျီရှင်း၏ လက်သီးချက် ကျရောက်သွားသည်နှင့်တစ်ပြိုင်နက် ဆီးနှင်းနတ်ဆိုး ဘိုးဘေးရုပ်တုသည် မီးရှူးမီးပန်းများ ပေါက်ကွဲသကဲ့သို့ ခေါင်းမှသည် ခြေဖျားအထိ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့သည်။

ခန်းမအတွင်းရှိ ကျောက်တိုင်များမှာ တုန်ခါသွားပြီး ဖုန်မှုန့်များမှာ နေရာအနှံ့ လွင့်စင်သွားသည်။ ခန်းမတစ်ခုလုံးမှာ ငလျင်လှုပ်သကဲ့သို့ ပြင်းထန်စွာ ယိမ်းထိုးသွားပြီး နောက်ဆုံးတွင် တအုန်းအုန်းမြည်ဟည်းလျက် ပြိုကျသွားကာ ဖုန်မှုန့်တိမ်တိုက်များမှာ ကောင်းကင်သို့ တိုင်အောင် ပျံ့နှံ့သွားတော့သည်။

"အာ... ဒါ..."

"ဘယ်လိုတောင် ဖြစ်သွားရတာလဲ"

"ဘိုးဘေးခန်းမက တကယ်ပဲ ပြိုကျသွားတာလား"

ဆီးနှင်းနတ်ဆိုးဘုရင်မ၏ နန်းတော်အတွင်းရှိ ဆီးနှင်းနတ်ဆိုးများနှင့် ချန်မျိုးနွယ်စုဝင်များအားလုံးမှာ နောက်ဘက်တောင်တန်းရှိ အပျက်အစီးများကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။

ပလ္လင်ပေါ်တွင် အမြဲတမ်း တည်ငြိမ်အေးဆေးနေတတ်သည့် ဆီးနှင်းနတ်ဆိုးဘုရင်မပင်လျှင် ဤအခိုက်အတန့်တွင် အံ့ဩတုန်လှုပ်သွားရသည်။

သူမ၏ မှိုင်းညို့နေသော မျက်ဝန်းအိမ်များမှာ ချက်ချင်းပင် ပွင့်ဟသွားပြီး ပြိုကျသွားသော ဘိုးဘေးခန်းမကို ကြည့်ကာ မျက်ထောင့်လေးပင်နီလာသည်။

ကျောက်နန်းတော်အပြင်ဘက်တွင် တိတ်ဆိတ်ခြင်းများသာ လွှမ်းမိုးထားသည်။ လူတစ်ထောင်ခန့်၏ အကြည့်များမှာ အပျက်အစီးများထံသို့ အသက်ရှူမှားလောက်အောင် စူးစိုက်နေကြသည်။

တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်...

ဖုန်မှုန့်များ တဖြည်းဖြည်း လွင့်စင်သွားသောအခါ နိဗ္ဗာနအဆင့် စွမ်းအားများဖြင့် ဝန်းရံထားသော ပုံရိပ်တစ်ခု ပေါ်လာသည်။ နှင်းကဲ့သို့ ဖြူစင်သော အဝတ်အစားများကို ဝတ်ဆင်ထားပြီး ဖုန်မှုန့်တစ်စက်မျှ မကပ်ညှိထားပေ။

မင်ရည်ကဲ့သို့ နက်မှောင်သော ဆံနွယ်များမှာ လေထဲတွင် ဝဲပျံနေသည်။ သူသည် လေထဲတွင် ဝဲပျံနေလျက် လူ့လောကသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါနေသည်။ ထိုသူမှာ အခြားသူမဟုတ်ဘံ ချန်ကျီရှင်းပင်။

ဘုန်း….

တစ်ချိန်တည်းမှာပင် နန်းတော်အပျက်အစီးများကြားမှ တောက်ပသော အနက်ရောင်အလင်းတန်းတစ်ခုသည် အရူးအမူး ဒေါသထွက်နေသော နဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်သို့ ထိုးတက်သွားသည်။

ဆီးနှင်းနတ်ဆိုး ဘုရင်မ၏ နန်းတော်ဝန်းကျင် မိုင်တစ်ရာအတွင်းရှိနေရာများမှာ နီရဲသော အရောင်အသွေးဖြင့် ပြည့်နှက်သွားတော့သည်။

"သူ အောင်မြင်သွားတာလား"

အားလုံးမှာ အံ့အားသင့်သွားကြသည်။ ချန်မျိုးနွယ်စုဝင်များမှာ အရင်ဦးဆုံး ကြောင်အသွားကြပြီးနောက် မျက်နှာများမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်လာကြသည်။

ဂိုဏ်းချုပ် အောင်မြင်သွားပြီ သူ နောက်ဆုံးတော့ အောင်မြင်သွားပြီ။

"ကျီအာ... သူ အောင်မြင်သွားပြီ"

ယင်ရွှမ်းရွှမ်းက သူမ၏ လက်ဖဝါးနုနုဖြင့် ပါးစပ်ကို ပိတ်ထားရင်း ဝမ်းသာလွန်း၍ မျက်ရည်ကျလုနီးပါး ဖြစ်နေသည်။ သူမသည် ချန်ထျန်းလျန်၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။

"ဟုတ်တယ် ကျီအာ အောင်မြင်သွားပြီ"

ချန်ထျန်းလျန်မှာလည်း စိတ်သက်သာရာရသွားကာ တင်းမာနေသော သူ၏ အာရုံကြောများကို ဖြေလျှော့လိုက်တော့သည်။

လူသားများ၏ ပျော်ရွှင်မှုနှင့် မတူဘဲ ဆီးနှင်းနတ်ဆိုးများမှာမူ ငန်းပေါက်ကဲ့သို့ လည်ပင်းညှစ်ခံထားရသလို အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ ချန်ကျီရှင်း စမ်းသပ်မှုကို အောင်မြင်လိမ့်မည်ဟု ထင်ထားသော်လည်း ဤမျှလောက် အကြမ်းပတမ်း ဖျက်ဆီးပစ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။

"ဟဲဟဲ... ရိုးသားခြင်းဆိုတာ တစ်ခုတည်းသော နည်းလမ်း မဟုတ်ဘူးထင်တယ်... လက်သီးချက် ပြင်းပြင်းကသာ ထာဝရအမှန်တရားပဲ"

အကြီးအကဲမဟူရာက ရယ်မောလိုက်ပြီး ဆီးနှင်းနတ်ဆိုးဘုရင်မကို လှမ်းကြည့်ကာ ပြောလိုက်သည်။

သူ၏ စကားများသည် ဆီးနှင်းနတ်ဆိုးဘုရင်မ၏ နားထဲသို့ ရောက်သွားသည်။ သူမ၏ မျက်နှာပေါ်တွင် အံ့အားသင့်ခြင်းနှင့် ဒေါသအနည်းငယ် ရောထွေးနေသော အမူအရာများ ပေါ်လာသည်။

သူမက ချန်ကျီရှင်းကို သင်ခန်းစာပေးမည်ဟု ကြုံးဝါးခဲ့သော်လည်း အခုတော့ သူမကိုယ်တိုင်ပင် အရှက်ကွဲရတော့သည်။

သို့သော် ဒေါသနှင့် ရယ်စရာကောင်းခြင်းအပြင် ဆီးနှင်းနတ်ဆိုးဘုရင်မ၏ နှလုံးသားထဲတွင် အံ့ဩခြင်းတစ်ခုလည်း တိုးဝင်လာသည်။ နန်းတော်ပြိုကျခြင်းမှာ အသေးအမွှားကိစ္စသာ ဖြစ်သော်လည်း ချန်ကျီရှင်း၏ အကျပ်အတည်းကို ရင်ဆိုင်ပုံမှာ အလွန်ပင် ထူးခြားလှသည်။

သာမန်လူများမှာ အကျပ်အတည်းနှင့် ကြုံလာပါက ရိုသေလေးစားမှု ရှိကြသည်။

ချန်ကျီရှင်းကမူ ရောက်လာသည်နှင့် တိုက်ရိုက် အကြမ်းပတမ်း ရင်ဆိုင်ခဲ့သည်။ ယင်းသည် ယဉ်ကျေးမှု မရှိဘူးဟု ထင်ရသော်လည်း ကောင်းကင်နှင့် မြေကြီးကို ဆန့်ကျင်သော သတ္တိကို ပြသလိုက်ခြင်းပင်။

စစ်မှန်သော ပုဂ္ဂိုလ်ကြီးတစ်ယောက်သည် စွမ်းအားရှိရုံသာမက အာဏာကို မေးခွန်းထုတ်ရဲသော သတ္တိလည်း ရှိရမည်။ မဟုတ်ပါက ရှေးလူကြီးများ၏ လမ်းဟောင်းအတိုင်းသာ လိုက်နေမိပြီး ကိုယ်ပိုင်ခေတ်ကို တည်ဆောက်နိုင်မည် မဟုတ်ပေ။ စစ်ပညာလည်း ထို့အတူပင်။

ဤသည်မှာ ဖောက်ထွက်သူတို့၏ လမ်းစဉ်ပင်။

မည်သည့်နယ်ပယ်တွင်မဆို ထိပ်တန်းပါရမီရှင်တိုင်းအတွက် မရှိမဖြစ်လိုအပ်သော စိတ်သဘောထားပင်။

ထို့ပြင် နောက်ဘက်တောင်တန်းရှိ မျိုးဆက်ဦး ဆီးနှင်းနတ်ဆိုးရုပ်တုမှာ အပြင်ပန်းအားဖြင့်သာ သာမန်ဟု ထင်ရသော်လည်း ၎င်းတွင် မဟာတာအိုစွမ်းအားများ လျှို့ဝှက်ကိန်းအောင်းနေသည်ဖြစ်ရာ သာမန် နိဗ္ဗာနအဆင့် အထွတ်အထိပ်ပုဂ္ဂိုလ်များပင် ဖျက်ဆီးနိုင်မည် မဟုတ်ချေ။

သို့သော် ချန်ကျီရှင်းကမူ မိနစ်သုံးဆယ်အတွင်း အပြီးသတ် ဖျက်ဆီးပစ်ခဲ့သည်။ ချန်ကျီရှင်း၏ စွမ်းအားမှာ အလွန်ပင် ထင်ရှားလှသည်။

"စွမ်းအားနဲ့ ရည်မှန်းချက် ပေါင်းစပ်လိုက်တဲ့အခါ... ဒီကောင်လေးက တကယ်ကို ထူးခြားတာပဲ"

"အချိန်တစ်ခု ရသွားရင် သူ တကယ်ပဲ ကမ္ဘာ့အထွတ်အထိပ်ကို ရောက်သွားနိုင်မလား ဘယ်သူသိမှာလဲ"

ဆီးနှင်းနတ်ဆိုးဘုရင်မသည် စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်သည်။ ချန်ကျီရှင်းကမူ သူမ၏ အကဲဖြတ်မှုကို မသိရှာပေ။

သူသည် လေထဲတွင် ခဏတာ ရပ်နားကာ ဖုန်မှုန့်များ ငြိမ်ကျသွားသည်အထိ စောင့်ဆိုင်းပြီးနောက် မြေပြင်သို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်သည်။

ချက်ချင်းပင် သူသည် လက်ဝါးကို ဖွင့်လိုက်ရာ အခွံမာသီးအရွယ်အစားရှိ၊ အေးစက်စက် စွမ်းအင်များ လှည့်ပတ်နေသော စိမ်းလန်းကြည်လင်သည့် စိန်ပုံသဏ္ဍာန် ပုံဆောင်ခဲတစ်ခု ပေါ်လာသည်။

"ဒါက... အပြာရောင် ဆီးနှင်းနတ်ဘုရား ပုံဆောင်ခဲ မဟုတ်ဘူးလား"

ချင်းကျီ၏ အံ့ဩသံမှာ ချန်ကျီရှင်း၏ စိတ်ထဲတွင် ပေါ်လာသည်။

ချန်ကျီရှင်း မျက်ခုံးပင့်လိုက်သည်။ သူသည် ဆီးနှင်းနတ်ဆိုးမျိုးနွယ်စုမှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ အသက်စွန့်ရင်း ကျန်ရစ်ခဲ့သည့် ကျောက်စိမ်းသွေး နတ်ဘုရား ပုံဆောင်ခဲအကြောင်းကို ကြားဖူးသည်။ ထိုသို့သော တံဆိပ်ခတ်နည်းမျိုးမှာ အနည်းဆုံး နိဗ္ဗာနအဆင့်ပုဂ္ဂိုလ်တစ်ဦး၏ စွမ်းအား လိုအပ်သည်။

ချန်ကျီရှင်းသည် ထိုပုံဆောင်ခဲကို လက်ဝါးဖြင့် တင်းတင်းဆုပ်ကိုင်ကာ စွမ်းအင်ကို စမ်းသပ်လိုက်သည်။ ဘုန်းချက်ချင်းဆိုသလိုပင် သန့်စင်သော စွမ်းအင်များ ဒီရေလှိုင်းကဲ့သို့ စီးဆင်းလာသည်။

"ဒီလောက် သန့်စင်ပြီး များပြားလှတဲ့ စွမ်းအင်မျိုး... ဒါကို ပိုင်ဆိုင်ခဲ့တဲ့သူက နိဗ္ဗာနအဆင့် အထွတ်အထိပ်နားအထိ ရောက်ခဲ့တာပဲ တကယ်ကို နှမြောစရာပဲ"

ချန်ကျီရှင်း ခေါင်းခါလိုက်ပြီးနောက် ဝမ်းသာအားရ ဖြစ်သွားသည်။

"ဒီ ပုံဆောင်ခဲနဲ့ဆိုရင် အပြင်ရောက်တာနဲ့ ပြန်လည်သန့်စင်လိုက်တာနဲ့ ကျွန်တော် နိဗ္ဗာနအဆင့် အဋ္ဌမအဆင့်ကို ရောက်ဖို့ ရာခိုင်နှုန်း ၇၀ လောက် အခွင့်အရေး ရှိသွားပြီ။ ဒီစမ်းသပ်မှုကတော့ တန်ပါတယ်"

ထိုသို့ တွေးမိရင်း ချန်ကျီရှင်းသည် ပုံဆောင်ခဲကို သိမ်းလိုက်ပြီး ဒုတိယမြောက် ဘိုးဘေးခန်းမဆီသို့ လှည့်လာခဲ့သည်။ ကျောက်နန်းတော်အတွင်းမှ လူများမှာလည်း ချန်ကျီရှင်း၏ လှုပ်ရှားမှုကို စောင့်ကြည့်နေကြရာ လေထုမှာ တင်းမာနေဆဲပင်။

"ဆီးနှင်းနတ်ဆိုးဘုရင်မ... ဒုတိယစမ်းသပ်ချက်က ဘာများလဲ"

အကြီးအကဲမဟူရာက မေးလိုက်သည်။

ဘုရင်မသည် အားလုံးကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ဖြေသည်။

"ပထမခန်းမကို သူက မတော်တဆ အကြမ်းပတမ်း ဖျက်ဆီးပြီး အောင်မြင်သွားပေမဲ့ ဒုတိယခန်းမမှာတော့ အဲဒီကံမျိုး ရှိမှာ မဟုတ်ဘူး"

"ဘာကို ဆိုလိုတာလဲ..."

အကြီးအကဲမဟူရာက မေးသည်။

ဘုရင်မက ကဲ့ရဲ့လိုက်သည်။

"ဒုတိယစမ်းသပ်ချက်က စွမ်းအားနဲ့ မဆိုင်ဘူး စိတ်ဓာတ်အဆင့်နဲ့ပဲ ဆိုင်လို့ပဲ"

"စိတ်ဓာတ်အဆင့်"

အားလုံး၏ နှလုံးသားထဲတွင် အေးစက်သွားသလို ခံစားလိုက်ရသည်။

"ထျန်းလျန်... ကျီအာက ဒီနှစ်မှ ၁၈ နှစ်ပဲ ရှိသေးတာ။ အပြိုင်အဆိုင်တွေများတဲ့ အရွယ်၊ စိတ်ဓာတ်အဆင့် စမ်းသပ်ချက်မှာ သူ..."

ယင်ရွှမ်းရွှမ်းက စိုးရိမ်တကြီး ပြောသည်။ သို့သော် ချန်ထျန်းလျန်က သူမလက်ကို ဆုပ်ကိုင်ကာ နှစ်သိမ့်လိုက်သည်။

"စိတ်မပူပါနဲ့ ရွှမ်းရွှမ်း... ကျီအာက နိဗ္ဗာနအဆင့် သတ္တမအဆင့်တောင် ရောက်နေပြီဆိုတော့ သူ့ရဲ့ စိတ်ဓာတ်အဆင့်ကလည်း မဆိုးလောက်ပါဘူး။ အရင်ဆုံး ကြည့်လိုက်ကြတာပေါ့"

နောက်ဘက်တောင်တန်းရှိ ဘိုးဘေးမြေ။

ချန်ကျီရှင်းသည် လေနှင့်နှင်းများကြားရှိ ဒုတိယမြောက် နန်းတော်ကို မော့ကြည့်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ အတွင်းသို့ ခြေလှမ်းလှမ်းလိုက်သည်။

All Chapters