← Chapters

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း (၂၂၄) - နို့နှစ်ရောင်လောက်ကောင်လေးရေ၊ ကြိုးစားလိုက်စမ်း (၂)

တကယ်ကို ထင်ထားသည့်အတိုင်းပင်။

နို့နှစ်ရောင်လောက်ကောင်လေးက ချူလျန်အား စိတ်ပျက်အောင် မလုပ်ခဲ့ပေ။

ထို့အပြင် ၎င်းသည်လည်း အလွန်စိတ်လှုပ်ရှားနေပုံရပြီး သေးငယ်လှသော ခန္ဓာကိုယ်လေးက တွန့်လိမ်လှုပ်ရှားကာ အထဲသို့ဖောက်ဝင်ရန် မစောင့်ဆိုင်းနိုင်တော့သည့်အလား ဖြစ်နေပြီး ရွှေရောင်ကြိုးတန်းလေးများက တစ်မျှင်ပြီးတစ်မျှင် ထွက်ကျလာတော့သည်။

ဤသို့ စားလိုက်၊ စွန့်ထုတ်လိုက် ပြုလုပ်နေသည့် လုပ်ငန်းစဉ်အတွင်းတွင် ၎င်း၏ ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်း ကြီးထွားလာနေ၏။

ဝိညာဉ်ဓာတ်ပါဝင်သော ပစ္စည်းများကို စားသုံးသည့်အချိန်တွင်သာ ၎င်း၏ ခန္ဓာကိုယ်အရွယ်အစားက ကြီးထွားလာခြင်း ဖြစ်သည်။

အကယ်၍ ချူလျန်၏ ကိုယ်ပိုင်ပစ္စည်းများဖြစ်ပါက ဝိညာဉ်ပစ္စည်းများကို နို့နှစ်ရောင်လောက်ကောင်လေးအား ဤမျှလောက် စားသုံးခွင့်ပေးရန် နှမြောနေမည်သာ ဖြစ်သည်။

ထို့ကြောင့်သာ ၎င်းကို အချိန်အတော်ကြာ ဆောင်းခိုခိုင်းထားခြင်း ဖြစ်၏။

ယခုတစ်ကြိမ်တွင်မူ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်ကိုလည်း အစာကျွေးနိုင်သလို အခက်အခဲမှလည်း လွတ်မြောက်နိုင်မည်ဖြစ်ရာ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ပင် ဖြစ်တော့သည်။

ကြိုးစားပြီး စားစမ်း... လောက်ကောင်လေးရေ။

...

ယန်ပေါ်မြို့၏ အရှေ့ဘက်သို့ သွားကာ ဝေလငါးမည်းတောင်ကို ကျော်လွန်သွားသည်နှင့် ကျယ်ပြောလှသော သမုဒ္ဒရာကြီး ရှိနေပေသည်။

အရှေ့ပင်လယ်၏ နက်ရှိုင်းသော နေရာတွင် ဖုန်းလိုင်ကျွန်းသုံးကျွန်း ရှိပြီး ထိုကျွန်းများသည် တိမ်တိုက်များကြားတွင် ဝေဝေဝါးဝါး တည်ရှိနေကာ လူ့လောက၏ ပထမဆုံးသော ကောင်းချီးမင်္ဂလာမြေဟု ခေါ်ဆိုကြလေသည်။

အရာအားလုံးမှာ ဖုန်းလိုင်ကျွန်းသုံးကျွန်းတွင် ဝိညာဉ်စွမ်းအင်များ အလွန်ကြွယ်ဝနေသောကြောင့်ပင် ဖြစ်၏။ ကြီးမားကျယ်ပြောလှသော နယ်မြေကြီးပေါ်တွင် မရေမတွက်နိုင်သော ကောင်းကင်နှင့်မြေကြီး ရတနာများ ပေါက်ရောက်နေပြီး ကျင့်ကြံသူအမြောက်အမြားကို ထောက်ပံ့ပေးရန် လုံလောက်လှသည်။

ရှေးဟောင်းခေတ်ကာလတွင် အရှေ့ပင်လယ်ကျွန်းစုများမှ ဒေသခံများက ဤနေရာကို ရှာဖွေတွေ့ရှိခဲ့ကြပြီး လူများ တစ်ဖွဲဖွဲ လာရောက် အခြေချနေထိုင်ခဲ့ကြသည်။

ထိုဒေသခံများတွင်လည်း ကိုယ်ပိုင်ကျင့်ကြံသူများ ရှိကြပြီး အမျိုးအစားစုံလင်သော်လည်း စနစ်တကျတော့ မရှိကြပေ။

နတ်ဆိုးဘုရင် သောင်းကျန်းသည့်ကာလသို့ ရောက်သောအခါ ကျိုကျိုးမှ ကျင့်ကြံသူတစ်စုက အရှေ့ဘက်သို့ ခိုလှုံရန် ရောက်ရှိလာကြပြီး အံ့မခန်းဖွယ်ရာ ဖုန်းလိုင်ကျွန်းသုံးကျွန်းနှင့် ဤနေရာရှိ ဒေသခံကျင့်ကြံသူများကိုပါ တွေ့ရှိသွားကြသည်။

ဒေသခံကျင့်ကြံသူများက သူတို့ကို နွေးထွေးစွာ လက်ခံခဲ့ကြပြီး ဤကျိုကျိုးကျင့်ကြံသူများထံမှ အစွမ်းထက်သော နတ်စွမ်းရည်မန္တန်များကို သင်ယူနိုင်ရန် မျှော်လင့်ခဲ့ကြသည်။

ထိုကျိုကျိုးကျင့်ကြံသူများက အသေးအဖွဲနတ်စွမ်းရည် သို့မဟုတ် မှော်ဝင်ပစ္စည်းအချို့ကို အသုံးပြုရုံဖြင့် တန်ဖိုးဖြတ်မရနိုင်သော ကောင်းကင်နှင့်မြေကြီး ရတနာများကို လဲလှယ်ရယူနိုင်ခဲ့ကြသည်။

သူတို့သည်လည်း ဤနယ်မြေကို သဘောကျသွားကြသဖြင့် ထိုအချိန်မှစ၍ ဤနေရာတွင် ဆက်လက်နေထိုင်ကာ ဒေသခံကျင့်ကြံသူများနှင့် ပေါင်းစပ်သွားကြလေတော့သည်။

သို့သော် ဤကျိုကျိုးကျင့်ကြံသူများမှာ လူဦးရေနည်းပါးသော်လည်း အစွမ်းထက်မြက်ကာ ရည်မှန်းချက်ကြီးမားကြပေသည်။

သူတို့က နတ်စွမ်းရည်များကို အဆင်ပြေပြေ သင်ကြားပေးနိုင်ရန်ဟူသော အကြောင်းပြချက်ဖြင့် လူအားလုံးကို စုစည်းကာ 'ဖုန်းလိုင်' ဟု အမည်ရသော ကြီးမားသည့် ဂိုဏ်းကြီးတစ်ခုကို တည်ထောင်ခဲ့ကြသည်။

ဖုန်းလိုင်ဂိုဏ်းအတွင်းတွင် အထက်ဂိုဏ်းနှင့် အောက်ဂိုဏ်းဟူ၍ နှစ်ပိုင်းခွဲခြားထားသည်။

အထက်ဂိုဏ်းက အာဏာကို ချုပ်ကိုင်ထားပြီး တံလျှပ်တောင်ပေါ်တွင် မြင့်မားစွာ တည်ရှိနေကာ အကောင်းဆုံးသော အရင်းအမြစ်များကို ဦးစားပေးခံစားခွင့် ရှိကြသည်။

အောက်ဂိုဏ်းကမူ တံလျှပ်တောင်အောက်ရှိ ကျွန်းသုံးကျွန်းနယ်မြေတွင် ပြန့်ကြဲတည်ရှိနေပြီး အထက်ဂိုဏ်း၏ ညွှန်ကြားချက်များကို နာခံရလေသည်။

ဖုန်းလိုင်အထက်ဂိုဏ်းကို အဓိကအားဖြင့် ကျိုကျိုးကျင့်ကြံသူများက သိမ်းပိုက်ထားပြီး အရေအတွက်များပြားလှသော ဒေသခံကျင့်ကြံသူများကမူ အောက်ဂိုဏ်းတွင်သာ ရှိနေကြသဖြင့် ဖုန်းလိုင်ကျွန်းသုံးကျွန်းအပေါ် လွှမ်းမိုးနိုင်စွမ်း ဆုံးရှုံးသွားကြရသည်။

ထိုအချိန်အတွင်းတွင် အောက်ဂိုဏ်းမှ လူအချို့က ကိစ္စများ မှားယွင်းနေကြောင်း သတိပြုမိလာကာ ဒေသခံကျင့်ကြံသူများနှင့် ပူးပေါင်း၍ ဤပြင်ပလူများကို မောင်းထုတ်ပြီး သူတို့၏ လောကနှင့်ကင်းကွာသော ငြိမ်းချမ်းသည့်ဘဝကို ပြန်လည်ရယူလိုခဲ့ကြသည်။

သို့သော် အထက်ဂိုဏ်းသားများမှာ အစွမ်းထက်လွန်းလှသဖြင့် ပုန်ကန်သူတစ်စုကို ပြင်းထန်စွာ နှိမ်နင်းရှင်းလင်းပစ်လိုက်ကြသည်။

ထိုအချိန်မှစ၍ ဖုန်းလိုင်အထက်ဂိုဏ်းနှင့် အောက်ဂိုဏ်းဟူသော ဖွဲ့စည်းပုံမှာ လုံးဝ အခြေခိုင်သွားတော့သည်။

နှစ်ထောင်ပေါင်းများစွာ ကြာမြင့်လာသည့်တိုင်အောင် လောကလူသားများက ဖုန်းလိုင်အထက်ဂိုဏ်းကိုသာ သိရှိကြလေတော့သည်။

ထို့အပြင် ဖုန်းလိုင်အောက်ဂိုဏ်းမှ ဆက်ခံသူများစွာသည်လည်း တစ်နေ့နေ့တွင် ထူးချွန်ထက်မြက်လာပြီး အထက်ဂိုဏ်းသို့ ဝင်ရောက်ခွင့်နေရာတစ်ခု ရရှိနိုင်ရန် ကြိုးစားပမ်းစား ကျင့်ကြံနေကြရသည်။

တံလျှပ်တောင်မှာ တိမ်တိုက်များကြားတွင် မြင့်မားစွာ တည်ရှိနေပြီး အစစ်အမှန်လော၊ ထင်ယောင်ထင်မှားလောဟုပင် မကွဲပြားနိုင်အောင် ဖြစ်နေ၏။

အလွန်မြင့်မားကျယ်ပြန့်လှသော တောင်ထွတ်ပေါ်တွင် လှပခမ်းနားလှသော နန်းဆောင်များစွာက မရေမတွက်နိုင်အောင် ရှိနေပြီး တကယ့်ကို လူ့ပြည်ရှိ နတ်ဘုံနတ်နန်းကဲ့သို့ပင် ဖြစ်ပေသည်။

ရန်ယွီဟူ၏ ဝိညာဉ်ရုပ်က ခမ်းနားလှသော ခန်းမဆောင်ကြီးတစ်ခုရှေ့တွင် တိုက်ရိုက်ပေါ်လာပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်လေသည်။

"ဆရာသခင်... ကျွန်တော့်ကို ကယ်ပါဦး…"

"ဟင်..."

ခန်းမဆောင်ကြီးအတွင်းမှ အဝါရောင်မုတ်ဆိတ်များနှင့် တာအိုဘုန်းတော်ကြီးတစ်ပါးက မျက်လုံးဖွင့်လာသည်။

သူသည် ငယ်စဉ်ကတည်းက ဆံပင်နှင့် မုတ်ဆိတ်များအားလုံး ရွှေဝါရောင်ဖြစ်နေပြီး သာမန်လူများနှင့် ကွဲပြားနေသောကြောင့် မိမိကိုယ်ကိုယ် အဝါရောင်နဂါး တာအိုဘုန်းတော်ကြီးဟု အမည်ပေးထားသူဖြစ်ကာ ဖုန်းလိုင်အထက်ဂိုဏ်း၏ ယခုခေတ်တွင် အတော်လေး နေရာရထားသော အကြီးအကဲတစ်ဦးလည်း ဖြစ်သည်။

ယန်ယွီဟူက ဝိညာဉ်ရုပ်ဖြင့် အလျင်စလို ရောက်လာသည်ကို မြင်လိုက်ရသဖြင့် အဝါရောင်နဂါး တာအိုဘုန်းတော်ကြီးက ချက်ချင်းမတ်တတ်ရပ်ကာ စိုးရိမ်တကြီး မေးလိုက်လေသည်။

"ဘာဖြစ်လာတာလဲ…"

"တပည့်က ယန်ပေါ်မြို့ထဲမှာ မိစ္ဆာဂိုဏ်းကျင့်ကြံသူကို လိုက်ဖမ်းနေတုန်း ရုတ်တရက် သိုင်းပညာရှင်တစ်ယောက် ထွက်လာပြီး တပည့်ကို မှော်ဝင်ပစ္စည်းတစ်ခုအောက်မှာ ဖိနှိပ်ထားတယ်… သိပ်မကြာခင်မှာပဲ အသက်ရှူကျပ်ပြီး သေရတော့မယ်…"

ရန်ယွီဟူက အလောတကြီး ပြောလိုက်သည်။

အဝါရောင်နဂါး တာအိုဘုန်းတော်ကြီးက ထိုစကားကို ကြားသောအခါ မျက်နှာထားတည်ငြိမ်သွားပြီး သူ၏ အင်္ကျီလက်မောင်းကို ချက်ချင်း ခါရမ်းလိုက်၏။

"ယန်ပေါ်မြို့ ဟုတ်လား..."

သူက လက်တစ်ချက်လှည့်ကာ ရန်ယွီဟူ၏ ဝိညာဉ်ရုပ်ကို ဖမ်းယူလိုက်ပြီး လက်ပေါ်တွင် တင်ထားကာ လေထဲသို့ ထပျံလိုက်တော့သည်။

သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားချေပြီ။

အင်မော်တယ်မန္တန်... မြေစူးရွှေရောင်အလင်းတန်းပင်။

ယနေ့ခေတ် လူသိများသော နတ်စွမ်းရည်မန္တန်များအားလုံးထဲတွင် ပျံသန်းမှုအမြန်နှုန်းသက်သက်ကိုသာ ကြည့်မည်ဆိုပါက ဤမြေစူးရွှေရောင်အလင်းတန်းက အငြင်းပွားဖွယ်မရှိ ပထမနေရာတွင် ရှိပေသည်။

မြေချုံ့သိုင်းမှာ အကွာအဝေးတိုတိုကို ချက်ချင်းရွှေ့ပြောင်းနိုင်သော်လည်း အကွာအဝေးရှည်အတွက် ဆက်တိုက်အသုံးပြု၍ မရပေ။

တယ်လီပို့ကဲ့သို့သော နတ်စွမ်းရည်အချို့မှာ တောင်များနှင့် ပင်လယ်များကို တိုက်ရိုက် ဖြတ်ကျော်နိုင်သော်လည်း လမ်းပြမှုတစ်ခုခုတော့ ရှိရန် လိုအပ်ပေသည်။

ရွှစ်...

ရွှေရောင်အလင်းတန်းက ရုတ်တရက် လင်းလက်သွားပြီး ကျယ်ပြောလှသော သမုဒ္ဒရာကြီးကို ဖြတ်ကျော်ကာ ယန်ပေါ်မြို့ပြင်သို့ ရောက်ရှိလာခဲ့သည်။

အဝါရောင်နဂါး တာအိုဘုန်းတော်ကြီးက ကိုယ်ထင်ပြလိုက်ပြီး ရန်ယွီဟူ၏ လမ်းညွှန်မှုအောက်တွင် အနည်းငယ် ရွှေ့ပြောင်းသွားကာ မြို့ပြင်ရှိ ထိုနေရာကို ရှာတွေ့သွားလေသည်။

သူ၏ ဝိညာဉ်အာရုံက လှိုင်းလုံးများပမာ ဖြတ်သန်းသွားပြီးနောက် သူက သံသယဖြင့် တိုးညှင်းစွာ ရေရွတ်လိုက်၏။

"ဘယ်မှာ သံမည်းသပိတ်ကြီး ရှိလို့လဲ.."

"ဟိုမှာလေ..."

ရန်ယွီဟူ၏ ဝိညာဉ်ရုပ်က ဦးတည်ရာတစ်ခုကို လက်ညှိုးထိုးပြလိုက်သော်လည်း ချက်ချင်းပင် သူကိုယ်တိုင်လည်း ရေရွတ်လိုက်မိလေသည်။

"ဟင်..."

အဝါရောင်နဂါး တာအိုဘုန်းတော်ကြီးက သူ့ကိုခေါ်ကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ရာ ဤတောရိုင်းနေရာတွင် ရန်ယွီဟူ၏ ရုပ်ခန္ဓာကြီးက တင်ပျဉ်ခွေထိုင်နေပြီး ၎င်း၏အရှေ့တွင် မျက်နှာထားကြည်လင်နေသော ပိုးသားအင်္ကျီနှင့် လူငယ်လေးတစ်ဦးက စောင့်ကြပ်နေသည်ကို တွေ့လိုက်ရသည်။

ရန်ယွီဟူ၏ ဝိညာဉ်ရုပ်က အဝေးမှနေ၍ နေရာပြန်ဝင်သွားပြီး မျက်လုံးပွင့်လာတော့သည်။

ထိုအခါ ချူလျန်က ချက်ချင်းပင် ပြုံးကာ ပြောလိုက်လေသည်။

"အစ်ကိုရန်... နိုးလာပြီကိုး"

အဝါရောင်နဂါး တာအိုဘုန်းတော်ကြီး မြေပြင်သို့ ဆင်းသက်လာသည်ကို မြင်လိုက်ရသဖြင့် သူက မတ်တတ်ရပ်ကာ ကြိုဆိုလိုက်ပြီး ညင်သာစွာ အရိုအသေပေးလိုက်၏။

ရန်ယွီဟူ၏ မျက်လုံးများထဲတွင် သံသယများ အပြည့်ဖြင့် မေးလိုက်သည်။

"သံမည်းသပိတ်ကြီးက ဘယ်ရောက်သွားပြီလဲ…"

ချူလျန်က ခေါင်းမော့လိုက်၏။

"ဗျာ..."

All Chapters