← Chapters

အခန်း ၂၀၇

Vol. 21 Ch. 207

အခန်း ၂၀၇

Vol. 21 Ch. 207

အခန်း (၂၀၇) - အတိတ်သံယောဇဉ် (၁)

ချင်ဝူယန်က သူတို့တစ်ယောက်ချင်းစီကို ကြည့်လိုက်သည်။ သူ၏စူးရှသော မျက်လုံးများဖြင့် ဤလူလေးယောက်လုံးမှာ ထူးချွန်ထက်မြက်သည့် ပါရမီရှင်များဖြစ်ကြောင်း သိရှိနိုင်ပေရာ အကယ်၍ သူတို့၏ ဝှက်ဖဲအားလုံးကိုသာ သုံး၍ တိုက်ခိုက်မည်ဆိုပါက သူ့အတွက် အကျိုးရှိမည်မဟုတ်ချေ။

သို့သော် ဝမ်တုဂိုဏ်း၏ အစဉ်အလာမှာ ကောက်ကျစ်သော နည်းလမ်းများကို အသုံးပြုတတ်သည်။ ယခုအချိန်တွင် ချင်ဝူယန်သည် ဧရာမပုရွက်ဆိတ်အုပ်စုကို ထိန်းချုပ်ထားနိုင်ပြီး သူ၏ကိုယ်ပေါ်တွင်လည်း မရေမတွက်နိုင်သော အဆိပ်ရှိသတ္တဝါများ ရှိနေသဖြင့် လုံးဝအေးဆေးတည်ငြိမ်နေသည်။

အမှန်တကယ်တွင် သူသည် ပုံမှန်အတိုင်းပင် ရှိနေပြီး အခြေအနေအရ ကြည့်မည်ဆိုပါက သူကသာ အသာစီးရနေဆဲ ဖြစ်သည်။

ကျန်းရှုရှုသည် အမြဲတမ်း ဉာဏ်ပြေးသူဖြစ်သော်လည်း ယခုအချိန်တွင်မူ ထိုကြောက်မက်ဖွယ်ကောင်းသော ဧရာမပုရွက်ဆိတ်များကို ကြည့်ရင်း စိုးရိမ်ပူပန်နေမိသည်။

သွေးညှီနံ့များက သူတို့ထံသို့ လှိုင်းလုံးကြီးများကဲ့သို့ တိုးဝှေ့လာသည်။ သူက အသံကိုနှိမ့်ကာ ကျန်နှစ်ယောက်ကို ပြောလိုက်သည်။

“အခု ကျုပ်တို့ ဘာလုပ်ကြမလဲ... ဆုတ်မလား တိုက်မလား...”

လီရွှင်းက မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှမပြောပေ။ သူ၏ ပုံမှန်ပင်ကိုယ်စရိုက်အရဆိုလျှင် ဆုတ်ခွာရန် မည်သည့်အခါမျှ သဘောတူမည်မဟုတ်သော်လည်း အစောပိုင်းက ဧရာမပုရွက်ဆိတ်များနှင့် တိုက်ခိုက်ခဲ့ပြီးနောက် သူ၏ ကိုယ်ပိုင်ခွန်အားတစ်ခုတည်းဖြင့် ပုရွက်ဆိတ်တစ်ရာကျော်ကို သတ်ဖြတ်နိုင်ခဲ့သည်။

အကယ်၍ ပုရွက်ဆိတ်များအားလုံး တစ်ပြိုင်နက်တည်း တိုးဝှေ့တိုက်ခိုက်လာပါက ဖြစ်ပေါ်လာမည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို တွေး​မိရုံနှင့် တုန်လှုပ်သွားလေသည်။

ဖာရှန်းက ဆုံးဖြတ်ချက်မချနိုင်ဖြစ်နေစဉ် လင်းကျင်းယွီက ရုတ်တရက် ပြောလိုက်သည်။

“ငါတို့ တိုက်လို့ရမယ် ထင်တယ်... ဧရာမပုရွက်ဆိတ်တွေက လူတွေမွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေ မဟုတ်ဘဲ ဒီလူက မိစ္ဆာနည်းလမ်းနဲ့ ထိန်းချုပ်ထားတာ ဖြစ်ရမယ်... ငါတို့ လူကိုပဲ အဓိကထား တိုက်ခိုက်လိုက်ရင် တစ်ပွဲတည်းနဲ့ အနိုင်ရနိုင်တယ်...”

ဖာရှန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဂိုဏ်းတူညီလေးလင်း ပြောတာ ကျိုးကြောင်းဆီလျော်ပါတယ်... မင်းတို့နှစ်ယောက်ရဲ့ သဘောကရော...”

ကျန်းရှုရှုက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ဂိုဏ်းတူညီလေးလင်း ပြောတာ မှန်တယ်... ငါတို့ လေးယောက်ရှိတာကို သူတစ်ယောက်တည်းကို ကြောက်ပြီး ထွက်ပြေးမယ်ဆိုရင် ဒါက အရမ်းရှက်ဖို့ကောင်းတယ်...”

ထို့နောက် သူတို့သုံးယောက်လုံးက လီရွှင်းကို ကြည့်လိုက်ကြသည်။ လီရွှင်းသည် မကြာသေးမီနှစ်များအတွင်း ဖန်ရှန်းတောင်ကြားတွင် ပါရမီအရှိဆုံး တပည့်ဖြစ်ပြီး အမြဲတမ်း မာနကြီးသူဖြစ်သည်။

အကယ်၍ ချင်ဝူယန်က ထိုမရေမတွက်နိုင်သော ဧရာမပုရွက်ဆိတ်များကို ရုတ်တရက် ဆင့်ခေါ်မလာခဲ့ပါက သူကသာ ချင်ဝူယန်ကို ပထမဆုံး စိန်ခေါ်မည့်သူ ဖြစ်ပေလိမ့်မည်။

ယခုအခါ သူတို့၏ အကြည့်များကို ရင်ဆိုင်ရချိန်တွင် သူက မည်သို့မျက်နှာပျက်ခံနိုင်မည်နည်း။ သူကလည်း သဘာဝကျကျပင် ပြောလိုက်သည်။

“တိုက်မယ်...”

ဖာရှန်းက ချက်ချင်းခေါင်းညိတ်ကာ တိုးတိုးလေး ပြောလိုက်သည်။

“ခဏနေရင် ငါတို့ အဖွဲ့နှစ်ဖွဲ့ ခွဲကြမယ်... အစ်ကိုလီနဲ့ ညီလေးကျန်းတို့က ဧရာမပုရွက်ဆိတ်တွေကို တားဆီးပေးဖို့ ကူညီပေး... ငါနဲ့ ဂိုဏ်းတူညီလေးလင်းကတော့ ချင်ဝူယန်ကို အတူတူ တိုက်ခိုက်မယ်... ဘယ်လိုလဲ...”

သူတို့သုံးယောက်လုံးက တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။

သူတို့ ဆွေးနွေးနေကြစဉ် ချင်ဝူယန်ကလည်း အစီအစဉ်ဆွဲနေသည်။ သူက ပုရွက်ဆိတ်များကို သုံး၍ ဝိုင်းရံတိုက်ခိုက်စဉ်က လီရွှင်းကို အစွမ်းအစမြင့်မားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူ၏ ကိုယ်ပိုင်ခွန်အားတစ်ခုတည်းဖြင့် ပုရွက်ဆိတ် တစ်ရာနီးပါးကို သတ်ဖြတ်နိုင်ခဲ့သည်။ ကျန်သုံးယောက်ကို ကြည့်ရသည်မှာလည်း အလွန်စွမ်းရည်မြင့်မားကြပုံရပြီး အထူးသဖြင့် ထျန်းယင်းကျောင်းတော်မှ ဖာရှန်းသည် မကြာသေးမီနှစ်များအတွင်း သူ၏ ကျော်ကြားမှုက ပိုမိုပျံ့နှံ့လာခဲ့သည်။

အနည်းဆုံးတော့ ရွှေရောင်အကာအကွယ်ကို ကြည့်ရုံမျှဖြင့် ဗုဒ္ဓလမ်းစဥ်၏ မိစ္ဆာများကို နှိမ်နင်းနိုင်သော စွမ်းအားကို ဖော်ပြနေပြီး ဧရာမပုရွက်ဆိတ်များကို ရွှေရောင်စက်ဝန်းနှင့် ဝေးဝေးတွင်နေရန် တွန်းအားပေးနေသည်။ ဤကျင့်ကြံမှုအဆင့်မှာ အမှန်တကယ်ပင် အံ့ဩစရာကောင်းလှသည်။

သူက ထိုလူလေးယောက်ကို မည်သို့ကိုင်တွယ်ရမည်ကို စဉ်းစားနေစဉ် ရုတ်တရက် သူ၏ရှေ့တွင် လေချွန်သံတစ်ခု ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်းများ လင်းလက်သွားကာ ရွှေရောင်အကာအကွယ်မှာလည်း ရုတ်ချည်းပျောက်ကွယ်သွားလေသည်။

သူတို့လေးယောက်လုံးက သူ့ထံသို့ ခုန်ဝင်လာကြပြီး သူ၏ဘေးရှိ ဧရာမပုရွက်ဆိတ်များကြားတွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ချင်ဝူယန်မှာ ဝမ်းသာအားရ ရယ်မောလိုက်ပြီး သူ၏ ဘယ်ဘက်လက်ကို လှန်လိုက်ရာ သံမဏိပုလွေနက်တစ်ချောင်း ပေါ်လာလေသည်။

သို့သော် သူက ၎င်းကို မမှုတ်ဘဲ လေထဲတွင် ဝေ့ယမ်းကာ ဘယ်ဘက်လက်ဖြင့် ပုလွေပေါက်အချို့ကို ဖိနှိပ်လိုက်ရာ ကောင်းကင်ယံမှ တိုးညင်းသော အသံတစ်သံ ချက်ချင်းထွက်ပေါ်လာသည်။

၎င်းသည် လူသားများအပေါ် မည်သည့်သက်ရောက်မှုမျှ မရှိသော်လည်း မရေမတွက်နိုင်သော ဧရာမပုရွက်ဆိတ်များအတွက်မူ အမိန့်တစ်ခု ရရှိလိုက်သကဲ့သို့ ဖြစ်သွားပြီး ချက်ချင်းပင် လှုပ်ရှားလာကာ ထိုလူလေးယောက်ထံသို့ အတင်းတိုးဝှေ့ကာ ကုတ်ခြစ်တိုက်ခိုက်ကြတော့သည်။

လီရွှင်းနှင့် ကျန်းရှုရှုတို့က ဤအခြေအနေကို ကြိုတင်ခန့်မှန်းထားပုံရပြီး သူတို့၏ မှော်လက်နက်များကို ဝေ့ယမ်းကာ တစ်ပြိုင်နက်တည်း ရှေ့သို့ တိုးဝင်သွားကြသည်။

ချက်ချင်းပင် မှော်လက်နက်များ၏ တောက်ပသော အလင်းတန်းများ လင်းလက်သွားရာ ပထမဆုံး ရောက်ရှိလာသော ဧရာမပုရွက်ဆိတ်အချို့ လွင့်စင်သွားသည်။

သို့သော် တိုက်ခိုက်မှု၏ တန်ပြန်သက်ရောက်မှုကြောင့် သူတို့နှစ်ဦးလုံး၏ လက်မောင်းများ နာကျင်သွားလေသည်။

လီရွှင်းသည် စောစောက ထိုဧရာမပုရွက်ဆိတ်များနှင့် ရင်ဆိုင်ခဲ့ဖူးသဖြင့် မအံ့ဩသော်လည်း ကျန်းရှုရှု၏ မျက်နှာပျက်သွားကာ ဤသားရဲများမှာ အမှန်တကယ်ပင် အစွမ်းထက်လှကြောင်း စိတ်ထဲတွင် တိတ်တဆိတ် ခံစားလိုက်ရသည်။

သူတို့နှစ်ဦးလုံးက စိတ်ကိုစုစည်းကာ ခဏချင်းအတွင်း မရေမတွက်နိုင်သော ဧရာမပုရွက်ဆိတ်များကို ဘေးတစ်ဖက်သို့ တွန်းထုတ်လိုက်ကြသည်။

လင်းကျင်းယွီနှင့် ဖာရှန်းတို့သည် လျှပ်စီးလက်သကဲ့သို့ တောက်ပသော အလင်းတန်းများအဖြစ် ပြောင်းလဲသွားကြပြီး ကျန့်လုံဓားသည် စိမ်းပြာရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျံတက်သွားလေသည်။

၎င်းသည် တောအုပ်အတွင်းရှိ အမှောင်ထုကို ပေအနည်းငယ်ခန့် ဆုတ်ခွာသွားစေပြီး ကောင်းကင်ယံမှနေ၍ ချင်ဝူယန်ထံသို့ အရှိန်အဟုန်ဖြင့် ခုတ်ပိုင်းချလိုက်သည်။

ဓား၏ စွမ်းအားမှာ အလွန်ပြင်းထန်လှသဖြင့် ချင်ဝူယန်ပင် မျက်မှောင်ကြုတ်လိုက်မိပြီး ဤလမ်းမှန်ဂိုဏ်းသားများမှာ အမှန်တကယ်ပင် ကိုင်တွယ်ရမလွယ်ကူကြောင်း စိတ်ထဲတွင် တိတ်တဆိတ် ငြီးတွားလိုက်သည်။

သို့သော် သူ၏ မျက်နှာတွင် မည်သည့်စိုးရိမ်မှု အရိပ်အယောင်မျှ မပေါ်ဘဲ ဘယ်ဘက်လက်က မိစ္ဆာပုလွေကို ထိန်းချုပ်ကာ ထူးဆန်းသော အသံများကို ထွက်ပေါ်စေပြီး မရေမတွက်နိုင်သော ဧရာမပုရွက်ဆိတ်များကို သူတို့အား ဝိုင်းရံထားရန် အမိန့်ပေးနေသည်။

တစ်ပြိုင်နက်တည်းတွင် သူ၏ ညာဘက်လက်၌ ကြည်လင်သော အလင်းတန်းများ ဖြာထွက်နေသည့် ဓားတစ်လက် ပေါ်လာပြီး လင်းကျင်းယွီ၏ တိုက်ခိုက်မှုကို တားဆီးရန် အသင့်ပြင်လိုက်သည်။

ဖာရှန်းက နောက်ကွယ်မှနေ၍ ၎င်းကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်က ချင်းယွင်တိုက်ပွဲတွင် အသုံးပြုခဲ့သော ဝမ်တုဂိုဏ်း၏ အဖိုးတန်ရတနာဖြစ်ပြီး အဆိပ်နတ်ဘုရား အသုံးပြုခဲ့သော ဓားဖြစ်ကြောင်း သူ မှတ်မိလိုက်သည်။ သူက တိုးညင်းစွာ ရေရွတ်လိုက်သည်။

“ကျန့်ရှန်းစီဓား...”

ချင်ဝူယန်က ၎င်းကို ကြားသောအခါ အံ့အားသင့်သွားပြီး သူ၏မျက်လုံးများထဲတွင် ချီးကျူးသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ လင်းကျင်းယွီနှင့် တိုက်ခိုက်နေစဉ်အတွင်း သူက ပြောလိုက်သည်။

“ဆရာတော်ဖာရှန်းက တကယ်ပဲ အမြင်ကျယ်တာပဲ... ဒါက ကျန့်ရှန်းစီဓား အစစ်အမှန်ပါပဲ...”

ဖာရှန်းက လင်းကျင်းယွီ၏ ဘေးတွင် ပေါ်လာသော်လည်း ကူညီရန် အတင်းမတိုးဝင်ဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

“နှမြောစရာကောင်းလိုက်တာ... ဒီလို နတ်ဘုရားလက်နက်ကို ပိုင်ဆိုင်ထားပြီး မင်းလို ပါရမီရှင်တစ်ယောက်က မိစ္ဆာလမ်းစဉ်ထဲ ရောက်သွားရတယ်လို့... လမ်းမှန်ကို ပြန်လှည့်လာဖို့ မစဉ်းစားဘူးလား...”

ချင်ဝူယန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ ဘယ်ဘက်လက်က ပုလွေပေါ်တွင်ရှိနေပြီး ညာဘက်လက်ရှိ ကြည်လင်တောက်ပသော ဓားက လင်းလက်နေသည်။

ရုတ်တရက် သူက ခြေလှမ်းငါးလှမ်း လှမ်းလိုက်ပြီး သူ၏ ကိုယ်ဟန်မှာ ယုံကြည်မှုအပြည့်ရှိနေကာ ရွတ်ဆိုလိုက်သည်။

“ငါချစ်ရသူက ဝေးကွာလွန်းလှတယ်...

လွမ်းရတာကလည်း ခါးသီးလှတယ်...

ငါ့ရဲ့ နက်ရှိုင်းတဲ့ သံယောဇဉ်တွေကို မဖော်ပြနိုင်ခဲ့ဘူး...

ဆယ်နှစ်တာ ကျင့်ကြံမှုက သံယောဇဉ်ကို ရရှိစေပြီး ရာစုနှစ်တစ်ခု ကျင့်ကြံမှုက အတူတူရှိခွင့် ရစေတယ်...

ငါသာ ဒီသံယောဇဉ်ကို မဖြတ်တောက်နိုင်ရင် အတိတ်ကို ပြန်တွေးဖို့ မဝံ့ရဲတော့ဘူး...”

သူ၏ မျက်နှာပေါ်တွင် ခရမ်းနုရောင် စွမ်းအင်တစ်ခု ရုတ်တရက် ပေါ်လာပြီး ခရမ်းရောင်နှင့် ကျန့်ရှန်းစီ၏ ကြည်လင်သော အလင်းတန်းတို့သည် တစ်ခုနှင့်တစ်ခု အားဖြည့်ပေးကာ တောက်ပသော အလင်းတန်းများ ချက်ချင်းပင် မြင့်တက်လာသည်။

၎င်းသည် ကျန့်လုံဓား၏ စိမ်းပြာရောင်အလင်းတန်းကို တဖြည်းဖြည်း ဖိနှိပ်သွားပြီး တစ်ပြိုင်နက်တည်းတွင် သူ၏မျက်နှာပေါ်၌ တွေ့ရခဲသော မောက်မာသည့် အမူအရာတစ်ခု ပေါ်လာကာ ကျယ်လောင်ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။

“ဆရာတော်က ကျုပ်ကို မိစ္ဆာလမ်းစဉ်ထဲ ကျရောက်သွားတယ်လို့ မြင်ပေမဲ့ ကျုပ်ကတော့ ဆရာတော်ရဲ့ စွဲလမ်းမှုတွေကို ရယ်ချင်နေတာ...”

“ဒီလောကမှာ လမ်းစဉ်ပေါင်း ထောင်သောင်းမက ရှိပြီး တစ်ခုချင်းစီမှာ သူ့အမှန်တရားနဲ့သူ ရှိကြတာပဲ... ဆရာတော်တို့ရဲ့ ကမ်းခြေကမှ ကမ်းခြေဖြစ်ပြီး ကျုပ်ရဲ့ ကမ်းခြေကတော့ ပင်လယ်ပြင်ကြီး ဖြစ်နေတယ်လို့ မပြောနဲ့...”

ဖာရှန်းက ပြုံးလိုက်ပြီး ၎င်းကို စိတ်ထဲမထားပေ။ သူက လင်းကျင်းယွီကို ကူညီရန် ပြင်လိုက်စဉ် ရုတ်တရက် လင်းကျင်းယွီ၏ ပြတ်သားသော အသံထွက်ပေါ်လာသည်။

“လမ်းစဉ်ပေါင်း ထောင်သောင်းမက ရှိပေမဲ့ အားလုံးက တစ်ခုတည်းကနေ ဆင်းသက်လာတာပဲ... လမ်းမှန်ဆိုတာ သာမန်လူသားတွေရဲ့ နှလုံးသားထဲမှာ ရှိတယ်... မင်းက မိစ္ဆာဖြစ်ပြီး ငါက လမ်းမှန်ဖြစ်တယ်... ငါက မိစ္ဆာတွေကို သုတ်သင်ပြီး နတ်ဆိုးတွေကို နှိမ်နင်းရမယ်...”

စူးရှသော လေချွန်သံနှင့်အတူ ကျန့်လုံဓားမှ နဂါးဟိန်းသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး စိမ်းပြာရောင်အလင်းတန်းများ တောက်ပကာ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။

၎င်းသည် ကြည်လင်တောက်ပသော အလင်းပင်လယ်ကို ဖြတ်ကျော်ကာ ချက်ချင်းပင် ဓားစွမ်းအင်များက မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းလျက် ချင်ဝူယန်ထံသို့ ဦးတည်တိုက်ခိုက်လိုက်သည်။

ချင်ဝူယန်က မျက်မှောင်ကြုတ်လိုက်မိသည်။ ဤလူငယ်လေးသည် မမျှော်လင့်ဘဲ အလွန်ရဲစွမ်းသတ္တိရှိနေသည်။

ယခုအချိန်တွင် သူက ဓားကို ပြန်လှည့်ကာ တိုက်ခိုက်လိုက်ရုံဖြင့် ထိုလူကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သော်လည်း ကျန့်လုံဓားသည် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ရှေ့သို့သာ တိုးဝင်လာရာ တိုက်ရိုက်ရင်ဆိုင်ရန် ခက်ခဲလိမ့်မည်ကို သိသဖြင့် တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။

All Chapters