← Chapters

လီချန်ရှို့၏ နှုတ်ဆက်လက်‌ဆောင်

Vol. 10 Ch. 127

လီချန်ရှို့၏ နှုတ်ဆက်လက်‌ဆောင်

Vol. 10 Ch. 127

လီချန်ရှို့သည် ချုံတောင်လေးမှ ထွက်လာပြီးနောက် ဂိုဏ်းတွင်းပြိုင်ပွဲ ကျင်းပရာနေရာသို့ ပြန်မသွားသေးမီ ပိုင်ဖန်ခန်းမသို့သွား၍ ရန်ကျောင်းတော် တည်ထောင်သူ၏ ရုပ်ပုံတော်ကို အမွှေးတိုင်ရှည်ကြီး သုံးချောင်းကို ထွန်းညှိပူဇော်လိုက်၏။

ထိုအမွှေးတိုင်ရှည်ကြီးသုံးချောင်းသည် ယနေ့တွင် အသုံးဝင်ပုံရလေသည်။

လီချန်ရှို့သည် ပြိုင်ပွဲကျင်းပရာနေရာသို့ ပြန်ရောက်သောအခါ လေလှိုင်းအသံဖမ်းအတတ်ကို ပြန်သုံးလိုက်သည်။ ထိုနေရာတွင် သူ့အကြောင်းပြောနေကြသူ အနည်းငယ်သာ ရှိလေသည်။

ကျောက်စိမ်းစင်မြင့်ပေါ်ရှိ နတ်ဝိဇ္ဇာအိုကြီးများနှင့် တောင်ကြားအတွင်းရှိ တပည့်များသည် ထိပ်ပိုင်းအဆင့်(၃၆)အတွင်းဝင်ရန် ယှဉ်ပြိုင်နေမှုများကို ကြည့်နေကြသည်။ လီချန်ရှို့သည် ကျောက်ဖြူပုလွေလေးကို ကိုင်၍ ၎င်းကို စတင်ပြင်ဆင်လိုက်၏။

သူသည် ယှဉ်ပြိုင်ရမည့် အလှည့်ကို စောင့်နေသော လင်းအယ်ကို ကြည့်လိုက်၏။ သူမသည် ကောင်းကောင်းမွန်မွန်ပင် ရှိနေ၏။ ကျိုးကျိုးသည် သူမကို အဖော်ပြုပေးနေသည်ဖြစ်ရာ လီချန်ရှို့သည် သူမကို ဆက်၍ အာရုံမစိုက်တော့ပေ။

ကျိုးဝူသည် လီချန်ရှို့ကို နှစ်သုံးရာစာ လစဉ်အသုံးစရိတ်များကို ပေးပြီပေပြီ။ ထိုအရာများသည် မန္တန်အစီအရင်များဆင်ရာတွင် သုံးနိုင်သည့် အဖိုးတန်ပစ္စည်းများသာဖြစ်သည်။

ထိုအရာများကြောင့် ချုံတောင်လေးတွင် ဆင်မည့် မန္တန်အစီအရင်ကြီး၏ (၀.၃)ရာခိုင်နှုန်းသည် စောစီးစွာ ပြီးစီးသွားမည်ဖြစ်သည်။

သို့သော် ဆရာဦးလေးကျိုးဝူကတိပေးခဲ့သည့် လွတ်သွားသော ယှဉ်ပြိုင်ပွဲများတွင် လီချန်ရှို့ကို အနိုင်ပေးမည်ဟူသော ကတိကို မဆောင်ရွက်ပေးသေးပေ။ မကြာမီ လီချန်ရှို့သည် ပြိုင်ပွဲအတွင်း ပြန်၍ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

လီချန်ရှို့သည် သူ၏လက်အတွင်းရှိ ကျောက်ဖြူပုလွေလေးကို ငုံ့ကြည့်၍ တွေးတောလိုက်သည်။

‘ ဒီဟာနဲ့ ငါ ရတနာဘယ်နှစ်ခုလောက်အထိ လဲလို့ရနိုင်မလဲ ’

‘ ‌နောက်တာပါ... ကောင်းကင်ဧကရာဇ်ချင်ဝမ်ပေးထားတဲ့ နတ်ရတနာကို ရောင်းစားလိုက်ရင် ငါက ရွှေနတ်လိပ်ကျွန်းက ချီကျင့်ကြံသူတွေကို တမင်စော်ကားလိုက်သလို ဖြစ်သွားမှာပေါ့။ ငါ့ကို ကြိုးနဲ့တွဲလောင်းဆွဲပြီး ရိုက်နှက်လိမ့်မယ် ’

‘ မန္တန်အစီအရင်တွေဆိုတာ အဆိပ်ဆေးလုံးတွေလိုပဲ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ သုံးတဲ့ဟာတွေ။ ငါ့ကို ကာကွယ်ပေးနိုင်တဲ့ နတ်ရတနာနဲ့ဆိုရင် ငါ ပိုပြီးလုံခြုံမှာပဲ... ’

‘ ပြီးတော့ ငါနတ်ဝိဇ္ဇာဖြစ်ပြီးကတည်းက ငါ့ရဲ့အစွမ်းအကုန်လုံးကို ထုတ်ပေးနိုင်မယ့် ရတနာမျိုးတွေ ငါ့မှာ မရှိသေးဘူး... ’

‘ ငါ ဒီကျောက်ဖြူပုလွေကို ပြန်ပြင်ဆင်ပြီးသွားရင် ထိပ်မှာ သားရဲအမွေးတွေတပ်ပြီး နတ်စုတ်တံအနေနဲ့ သုံးရမယ်။ အဲဒီလိုဆိုရင် ငါရဲ့ သုတ္တန်ရေးမှော်အစွမ်းကို အစွမ်းကုန်ထုတ်သုံးလို့ရပြီ ’

လီချန်ရှို့တစ်ယောက် ထိုသို့တွေးနေစဉ် သူ၏လက်အတွင်းရှိ ကျောက်ဖြူပုလွေလေးသည် နှစ်ကြိမ်လှုပ်ရှားသွားပြီး ဖျော့တော့စွာ ငြင်းဆန်လိုက်သကဲ့သို့ရှိလေသည်။ သူသည် အလျင်အမြန်ပင် ထိုကောင်းမွန်သည့်အကြံကို ခေါင်းထဲမှ ထုတ်လိုက်ရပြီး သူ၏ စိတ်အတွင်းမှနေ၍ ကျောက်ဖြူပုလွေ၏ ဝိညာဉ်ကို နှစ်သိမ့်လိုက်ရလေတော့သည်။

‘ ငါ့သူ့ကို ယဉ်ပါးအောင်လုပ်ပြီးမှ နတ်စုတ်တံအကြောင်းကို ပြန်စဉ်းစားတာပေါ့ ’

ထိုနတ်ရတနာတွင် ဝိညာဉ်အသေးစားလေးရှိပြီး အကြောင်းအရာအချို့ကို နားလည်တုံ့ပြန်နိုင်စွမ်းရှိလေသည်။

သို့သော် ကောင်းကင်တာအိုက တားမြစ်ထားသောကြောင့် နတ်ရတနာများသည် သက်ရှိအဖြစ်မပြောင်းလဲနိုင်သလို ကြီးမြတ်သော တာအိုတရားကိုလည်း ကျင့်ကြံ၍မရပေ။ ၎င်းတို့၏ အစွမ်းသည် နတ်ဘုရားရတနာများ၏ အစွမ်းထက် နိမ့်လေသည်။

နတ်ဘုရားရတနာများနှင့် ၎င်းတို့မှ အသွင်ပြောင်းလဲလာသော သက်ရှိများကို ရှေးခေတ်တွင် အများဆုံး တွေ့ခဲ့ရ၏။

ထိုစဉ်က ကောင်းကင်တာအိုသည် ပြီးပြည့်စုံမှုမရှိသေးပေ။ နတ်ဘုရားတာအိုမှ ဖွားမြင်သော နတ်ဘုရားရတနာများနှင့် သက်ရှိများသည် ကြီးမြတ်သော တာအိုတရားကြီးနှင့် တိုက်ရိုက်ထိတွေ့နိုင်လေသည်။ ထိုသက်ရှိများသည်လည်း ကျင့်ကြံနိုင်ပြီး အထိန်းအကွပ်မရှိ စွမ်းအားကြီးလာနိုင်၏။ ရတနာများသည်လည်း ကြီးမြတ်သောတာအို၏ အစွမ်းများရှိလေသည်။

ထိုခေတ်တွင် လူတစ်ယောက်သည် အပျင်းပြေလမ်းလျှောက်ရင်းဖြင့်ပင် အမြုတေနတ်ရတနာများကို ကောက်တွေ့နိုင်လေသည်။

ထိုခေတ်သည် မထင်မရှားတောင်တစ်လုံးသည်ပင် နတ်ဗိမာန်များဖြစ်နေနိုင်သည့် ခေတ်ပင်။

သို့ရာတွင် ထိုခေတ်သည် ပို၍ အန္တရာယ်များကာ ပို၍ကြမ်းတမ်းသော ခေတ်လည်းဖြစ်သည်။

စွမ်းအားကြီးသူများသည် မည်သည်ကိုမှ အရေးမစိုက်ကြသလို အရှက်တရားလည်း မရှိခဲ့ကြပေ။ သူတို့သည် ကောင်းမွန်သော ရတနာများကိုတွေ့ခဲ့လျှင် သူတို့နှင့်ရေစက်ပါသည်ဟု ပြောမည်ဖြစ်သည်။ သူတို့သည် နတ်ဗိမာန်တစ်ခုကို တွေ့ခဲ့လျှင် သူတို့၏ ကံကြမ္မာဟု ပြောပေလိမ့်မည်။

အကယ်၍ ထိုအရာများ၏ ပိုင်ရှင်သည် ထိုစကားကို သဘောမတူခဲ့လျှင် သူတို့သည် တိုက်ခိုက်ရမည်ဖြစ်ပြီး အနိုင်ရသူသည် ထိုအရာများကို အပိုင်ရမည်ဖြစ်သည်။

လက်ရှိခေတ်တွင် ထိုအကျင့်စရိုက်ကို အမွေခံသူများသည် အနောက်ကျောင်းတော်မှ တန်ခိုးရှင်နှစ်ပါးပင် ဖြစ်ပေလိမ့်မည်။ အကယ်၍ သူတို့သာ “ မင်းက အနောက်ကျောင်းတော်နဲ့ ရေစက်ပါတယ်လို့ ငါထင်တယ်... ” ဟုပြောခဲ့ပါလျှင် အပြောခံရသူသည် အလျှော့ပေးလိုက်ရမည်သာဖြစ်သည်။

လီချန်ရှို့သည် ကျောက်ဖြူပုလွေလေးကို ဆက်၍ ပြင်ဆင်နေ၏။

ခေတ္တကြာသောအခါ လင်းအယ်သည် စူပုတ်ပုတ်မျက်နှာထားဖြင့် ပြိုင်ပွဲကွင်းအတွင်းမှနေ၍ သူ့အနီးသို့ပျံသန်းလာပြီး ဘေးတွင် ဝင်ထိုင်ကာ သက်ပြင်းသဲ့သဲ့ချလိုက်လေသည်။

သူမသည် တာအိုပေါင်းစည်းခြင်း ပထမအဆင့်သို့ရောက်နေသော နတ်ဝိဇ္ဇာအလောင်းအလျာတစ်ဦးကို ရှုံးခဲ့သဖြင့် ထိပ်ပိုင်းအဆင့်(၃၆)အတွင်းသို့ ဝင်နိုင်မည့် အခွင့်အရေးဆုံးရှုံးသွားခြင်းပင်။

“ အစ်ကိုကြီး... ”

လင်းအယ်သည် သနားစဖွယ်အသံဖြင့် ခေါ်လိုက်၏။

“ တခြားတောင်က တပည့်တွေရဲ့ မာနကို မထိခိုက်စေတာလည်း ကောင်းတဲ့ကိစ္စပါပဲ ”

လီချန်ရှို့က အသံပို့လွှတ်၍ ပြောလိုက်သည်။

“ ညီမလေး ကျင့်ကြံတာ ဘယ်နှစ်,နှစ်ရှိပြီလဲ။ ညီမလေးက ဒီနေရာမှာ အငယ်ဆုံးလေ... ညီမလေးက ဂိုဏ်းတူအစ်ကိုတွေ၊ ဂိုဏ်းတူအစ်မတွေ တော်တော်များများကို အရှက်ရအောင် လုပ်ပြီးပါပြီ ”

ထိုအရာသည် ချုံတောင်လေးအတွက် ဂုဏ်တက်စရာပင်။

လင်းအယ် မျက်တောင်ခတ်လိုက်ပြီး သူမ၏ မျက်လုံးလေးများ တောက်ပသွား၏။

“ အစ်ကိုကြီးက ညီမလေးကို နှစ်သိမ့်နေတာလား... ”

“ ဟေး... စည်းကမ်းသုံးချက်ကို မမေ့နဲ့လေ ”

“ ဟုတ်ကဲ့ပါ ”

လင်းအယ်သည် ဝမ်းပမ်းတသာ ပြုံးလိုက်ပြီး သူမ၏ တရားထိုင်ဖျားလေးပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်လေသည်။ သူမသည် အစ်ကိုကြီး၏အနားသို့ ဖြည်းဖြည်းချင်းတိုးသွားလို၏။

မြေပြင်ပေါ်မှ မြက်ပင်များသည် ပြောင်ရှင်းလုနီးပါးဖြစ်နေလေသည်။

လီချန်ရှို့ က အသံပို့လွှတ်လိုက်၏။

“ အခု ညီမလေး သုတ္တန်ကို အကြိမ်လေးထောင့်ငါးဆယ် ကူးရတော့မယ် ”

လင်းအယ်သည် သူမလုပ်နေသော အရာကို ရပ်တန့်လိုက်ရ၏။ သူမ၏ မျက်လုံးရွဲကြီးများသည် သနားစဖွယ်အကြည့်များဖြင့် ပြည့်နှက်နေလေသည်။

သူမသည် လက်မြှောက်၍ တီးတိုးပြောလိုက်၏။

“ အစ်ကိုကြီး... ညီမလေးရဲ့လက် ဒီလို ဒုက္ခိတဖြစ်သွားမှာကို အစ်ကိုကြီး ကြည့်ရက်ရဲ့လား ”

“ ကြည့်ရက်တာပေါ့ ”

“ ဟွန်း... အဲ့လိုဆိုလည်း ကူးပေးရမှာ‌ပေါ့ ” လင်းအယ်သည် ချက်ချင်းပင် မကျေမနပ်ဟန်ဖြင့် အကြည့်လွှဲလိုက်လေသည်။

လီချန်ရှို့သည် တည်ငြိမ်စွာပြုံးလိုက်ပြီး သူယှဉ်ပြိုင်ရမည့် အလှည့်ကို စိတ်ရှည်ရှည် စောင့်နေလိုက်၏။

နောက်တစ်နေ့သို့ရောက်သောအခါ ဂိုဏ်းတွင်းပြိုင်ပွဲတွင် အဆင့်(၃၆)အတွင်းမှသူများ ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲများ စတင်တော့ပေမည်။ ထိုနေ့သည် ဂိုဏ်းတွင်းပြိုင်ပွဲ နောက်ဆုံးနေ့လည်းဖြစ်သည်။

ထိုနေရာရှိ လူတိုင်း၏ အာရုံသည် ယုံချင်ရွှမ်းယာနှင့် ထိပ်သီး နတ်ဝိဇ္ဇာအလောင်းအလျာ ဆယ်ဦးတို့အပေါ်သို့ ကျရောက်နေကြ၏။

ကျောက်စိမ်းစင်မြင့်ထက်ရှိ ဧည့်သည်တော်များနှင့် အကြီးအကဲများသည်လည်း စိတ်ဝင်တစားစောင့်ကြည့်နေကြပြီး ထိုတပည့်များအထဲတွင် ပညာရှင်ဖြစ်လာနိုင်သည့် အလားအလာကောင်းသူများ ပါလေမည်လောဟု တွေးတောနေကြလေသည်။

ယုံချင်ရွှမ်းယာသည် ထူးခြားကောင်းမွန်သော အလားအလာများရှိသော်လည်း အနာဂတ်တွင် မည်မျှအထိအစွမ်းကြီးလာနိုင်သည်ကိုမူ သေချာတပ်အပ်မပြောနိုင်သေးပေ။

သူမသည် ကောင်းကင်နတ်မင်းအဆင့် ရောက်နိုင်၊ မရောက်နိုင်ကို မည်သူမှ မသိကြပေ။

အစကောင်း၍ အနှောင်းမသေချာလျှင်လည်း အလကားပင် မဟုတ်ပေလော။

သူ၏ ကျင့်ကြံခြင်းအဆင့်ကို တာအိုပေါင်းစည်းခြင်း ပထမအဆင့်အဖြစ်သာ ဖော်ပြထားသည်ဖြစ်ရာ လီချန်ရှို့အတွက် အဆင့်(၃၆)အတွင်းမှ ပြိုင်ပွဲများသည် အတန်ငယ် ခက်ခဲခဲ့၏။

သူသည် မြေကိုယ်ယောင်ဖျောက်အတတ်ကို အားကိုး၍ သုံးပွဲနိုင်ခဲ့သည်။ သို့သော် သူသည် လေးပွဲမြောက်တွင် ယုံချင်ရွှမ်းယာနှင့် ယှဉ်ပြိုင်ခဲ့ရ၏။

သို့သော် လီချန်ရှို့သည် အခြားသူများကို ချုံတောင်လေး၏ ဆူးချွန်တင်းပုတ်ကြီးနှင့် တပည့်ခေါင်းဆောင်တို့၏ တိုက်ပွဲအကြောင်းကို တွေးတောရန်ပင် အခွင့်အရေးမပေးခဲ့ချေ။

ကျောက်စိမ်းပြားလေးသည် တုန်ခါသွား၏။

“ ကျွန်တော် အရှုံးပေးပါတယ် ”

ပြိုင်ပွဲကွင်းဘေးတွင် ရပ်နေသော ယုံချင်ရွှမ်းယာတစ်ယောက် ကြောင်သွား၏။ ထို့နောက် သူမသည် လီချန်ရှို့ကို အပြစ်ရှိသလိုခံစားနေရသည့် ဟန်ဖြင့် ကြည့်လိုက်၏။

လီချန်ရှို့ ဆွံ့အသွား၏။

‘ ဘာလို့ သူက အပြစ်ရှိသလိုခံစားနေရတာလဲ ’

‘ ထားလိုက်ပါတော့... အဆိပ်ညီမလေးဘာတွေးနေတယ်ဆိုတာ ငါနားမလည်နိုင်ဘူးလေ ’

ထို့ကြောင့် လီချန်ရှို့သည် အဆင့်(၁၈)မှာပင် တစ်ခန်းရပ်သွားလေတော့သည်။ သူ၏ အဆင့်သည် သူမှန်းထားသည်နှင့် သိပ်မကွာပေ။

ချုံ‌တောင်လေးမှ တပည့်တစ်ဦးသည် အဆင့်(၁၈)ရ၍ ကျန်တစ်ဦးသည် အဆင့်(၃၉)ရလေသည်။ တာအိုရသေ့အိုကြီးချီယွမ်သည် သေဆုံးသွားသည်ကို အတည်ပြုပြီးဖြစ်သော ချုံ‌တောင်လေးမှ ဘိုးဘေးများကို အမွှေးတိုင်ထွန်း၍ ပူဇော်ပြီး အရိုအသေပေးခြင်းများကိုပင် လုပ်ချင်လုပ်ပေလိမ့်မည်။

နောက်ပိုင်း ပြိုင်ပွဲများသည် ရှေ့မှပွဲများထက် ပို၍ ပြင်းထန်လေသည်။ ထိုပွဲများသည် ဂိုဏ်းတွင်းပြိုင်ပွဲ၏ စိတ်ဝင်စားဖွယ်အကောင်းဆုံး ပွဲများဖြစ်လေသည်။ သို့ရာတွင် ထိုပွဲစဉ်များသည် ရုတ်တရက် ပေါ်ပေါ်လာတတ်သည့် ဆူးချွန်တင်းပုတ်ကြီး၏ အရှိန်အဝါကိုတော့ မလွှမ်းမိုးနိုင်ခဲ့ပေ။

နောက်ဆုံးတွင် ယုံချင်ရွှမ်းယာသည် အခက်အခဲ အတားအဆီးများကို ကျော်လွှား၍ အဆင့်(၁)နေရာကို အရယူနိုင်ခဲ့ပေသည်။

ထိုနောက်ဆုံးတိုက်ပွဲ ပြီးသွားသောအခါ လီချန်ရှို့သည် အောင်းရိကို နှုတ်ဆက်ရမည်ဟု အကြောင်းပြ၍ ထိုနေရာမှ လစ်ထွက်လာခဲ့၏။

သူမျှော်လင့်ထားသည့်အတိုင်းပင် ယုံချင်ရွှမ်းယာသည် သူမ၏ အောင်ပွဲခံစကားကို ပြောနေစဉ်တွင် လေးလေးနက်နက် ပြောလိုက်၏။

“ ရွှမ်းယာအနေနဲ့ ဒီတစ်ခေါက် ဂိုဏ်းတွင်းပြိုင်ပွဲမှာ နည်းနည်း စိတ်မကောင်းဖြစ်မိပါတယ်။ ရွှမ်းယာ အယှဉ်ပြိုင်ချင်ဆုံး ဂိုဏ်းတူအစ်ကိုနဲ့ ပြိုင်ပွဲကွင်းအတွင်းမှာ မယှဉ်ပြိုင်ခဲ့ရပါဘူး... ”

ထိုအခိုက်တွင် အောင်းရိကို နှုတ်ဆက်စကားပြောနေသော လီချန်ရှို့သည် အတန်ငယ်ပင် စိတ်မကောင်းဖြစ်သွားမိ၏။

နောက်ဆုံးတွင် အဆိပ်မညီမလေး မည်သည့်လမ်းကြောင်းကို ရွေးချယ်မည်ကို သူတစ်ပိုင်းတစ်စ ခန့်မှန်းနိုင်ခဲ့ပေပြီ။

“ အစ်ကိုချန်ရှို့ ဂိုဏ်းထဲမှာပဲနေပြီး ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပါ... ”

အောင်းရိက ပြောလိုက်၏။

“ တချို့အရာတွေအတွက် စိတ်မပူပါနဲ့... ”

လီချန်ရှို့သည် ရတနာအိတ်တစ်အိတ်ကို ထုတ်၍ လေးလေးနက်နက်ပြောလိုက်၏။

“ ဒီအိတ်ထဲမှာ ပန်းချီကားတချို့ပါတယ်။ အဲဒါတွေက အစ်ကိုဂုဏ်ယူရတဲ့ မကြာသေးခင်ကမှ ဆွဲထားတဲ့ အစ်ကိုရဲ့ အကောင်းဆုံးလက်ရာတွေပဲ။ ပြီးတော့ ညီလေးရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်လောက်တဲ့ ပိုးအိတ်လေးတစ်အိတ်လည်း ပါတယ်။ အဲ...တခြားသူတွေရဲ့ ရှေ့မှာတော့ ဖွင့်မကြည့်မိစေနဲ့... အဲဒါကို သေချာမှတ်ထားနော်... ”

အောင်းရိပြုံးလိုက်ပြီး ဆက်သွယ်ကျောက်စိမ်းပြားနှစ်ပြားကို ထုတ်လိုက်သည်။ သူသည် ၎င်းတို့ကို လီချန်ရှို့ကိုပေး၍ ပြောလိုက်၏။

“ အစ်ကိုချန်ရှို့ ... အစ်ကို ဒီကျောက်စိမ်းပြားနှစ်ပြားကို သုံးပြီး ကျွန်တော့်ကို တိုက်ရိုက်ဆက်သွယ်လို့ ရပါတယ်။ အစ်ကိုပြောစရာတစ်ခုခုရှိရင် ဒီဟာတွေကို သုံးပြီး လှမ်းပြောလိုက်‌ပေါ့... ”

လီချန်ရှို့သည် ကျောက်စိမ်းပြားနှစ်ပြားကို ယူလိုက်၏။ ထို့နောက် သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦးကြည့်၍ ပြုံးလိုက်ကြလေသည်။ သူတို့သည် တိမ်ပေါ်မှပင် တစ်ဦးကိုတစ်ဦး ဦးညွှတ်လိုက်ကြ၏။

“ တိမ်တွေက ကြီးမားကျယ်ပြန့်တယ်... တောင်တွေက မြင့်မားပြီးတော့ မြစ်တွေက ရှည်လျားပါတယ်။ ဒီနေ့မှာ ခွဲခွာရပေမယ့် တစ်နေ့မှာ အစ်ကိုတို့ ထပ်တွေ့ရဦးမှာပါ ညီလေးရိ... ”

“ အစ်ကိုလည်း ကျန်းမာရေးကောင်းမွန်ပြီး နတ်ဝိဇ္ဇာအဖြစ် အမြန်ဆုံးတက်လှမ်းနိုင်ဖို့ ညီလေး မျှော်လင့်ပါတယ်။ ရွှေနတ်လိပ်ကျွန်းက တောင်သမုဒ္ဒရာနဲ့ အရှေ့သမုဒ္ဒရာတို့ ဆက်စပ်သွားတဲ့နေရာနားမှာ ရှိပါတယ်။ အစ်ကိုချန်ရှို့ အားတဲ့အခါ ကျွန်းကို လာလည်ပါ။ ကျွန်တော်တို့ လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောကြတာပေါ့ ”

ထို့နောက် သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦးကြည့်၍ ပြုံးလိုက်၏။

အောင်းရိသည် နောက်လှည့်လိုက်ပြီး တိမ်စီးကာ သူ့ကိုစောင့်နေသော ရွှေနတ်လိပ်ကျွန်းမှ လူများထဲသို့ ပျံသန်းသွားလိုက်လေတော့သည်။

လီချန်ရှို့သည် အဝေးမှနေ၍ ထပ်မံ ဦးညွှတ်လိုက်၏။ ဟန်ကျစ်နှင့် အခြားတပည့်ငယ်များသည် ပြန်၍ ဦးညွှတ်နှုတ်ဆက်လိုက်၏။

ထိုအခိုက်တွင် ရွှေနတ်လိပ်ကျွန်းမှ ဧည့်သည်များကို လိုက်ပို့နှုတ်ဆက်နေသော ဂိုဏ်းချုပ်ကျိဝူယုံသည် ပြုံး၍ ခေါင်းညိတ်လိုက်လေသည်။

ဂိုဏ်းချုပ်သည် ဤအကြိမ်တွင် ဂိုဏ်းကို များစွာ ဂုဏ်တက်စေခဲ့သည့် အဝေးရှိ တပည့်ငယ်‌လေးကိုလှမ်းကြည့်လိုက်သည်။ ထိုတပည့်ငယ်လေး ကောင်းကင်ပြစ်ဒဏ်ခံရာတွင် ချောချောမွေ့မွေ့ ကျော်ဖြတ်နိုင်အောင် မည်သို့လုပ်ပေးရမည်ကို သူတွေးတောလိုက်၏။

နောက်ဆုံးတွင်...

လီချန်ရှို့သည် တိမ်စီး၍ ချုံတောင်လေးဆီသို့ ဦးတည်သွားလိုက်၏။

သူချုံတောင်လေးပေါ်သို့ ဆင်းသက်လိုက်စဉ်တွင် ကောင်းကင်ခွင်းတောင်အောက်ခြေရှိ တောင်ကြားအတွင်းမှနေ၍ တိမ်ဖြူများ ပျံသန်းထွက်ပေါ်လာ၏။ တောင်အသီးအသီးမှ တပည့်များသည်လည်း မိမိတို့၏တောင်သို့ ပြန်ကြပေပြီ။

အချို့သူများသည် ပြုံးနေ၍ အချို့သည် မှိုင်၍နေလေသည်။

လီချန်ရှို့သည် ဆူးချွန်တင်းပုတ်ကြီးကို ထမ်း၍ ပြန်လာသော ကျိုးကျိုးနှင့် လင်းအယ်တို့ကို တွေ့လိုက်သောအခါတွင် သူ့ဆရာဆီသွား၍ သတင်းကောင်းသွားပြောရန် တွေးတောလိုက်သည်။

လွန်ခဲ့သည့် ရက်က အစွမ်းကြီးသူများ ချုံတောင်လေးသို့လာခဲ့သော်လည်း သူ၏ဆရာသည် ဆက်၍ တည်တည်ငြိမ်ငြိမ်ပင် နေခဲ့၏။

အကယ်၍ သူ၏ဆရာသည် ကုတင်ပေါ်တွင် အိပ်ပျော်နေကြောင်းကို လီချန်ရှို့ မသိပါက သေချာပေါက် သူ့ဆရာကို အထင်ကြီးသွားမိမည် ဖြစ်သည်။

သို့သော် လင်းအယ်တို့ ရောက်မလာသေးခင်တ လီချန်ရှို့၏ နှလုံးသားထဲတွင် လှုံ့ဆော်မှုတစ်ခု ပေါ်လာ၏။ သူသည် ရုတ်ခြည်းပင် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။

မကြာသေးမီက ဝတ်ရုံဖြူနှင့် လူငယ်ရောက်ရှိလာသော ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွင် ‌နောက်ထပ် “ ဂုဏ်သရေရှိ ဧည့်သည်တော် ” တစ်ဦး ထပ်မံရောက်ရှိနေပုံပင်။

ထို့ကြောင့် လီချန်ရှို့သည် လေလှိုင်းအသံဖမ်းအတတ်ကိုသုံး၍ အဝေးတွင်သာရှိသေးသော လင်းအယ်ထံသို့ အသံပို့လွှတ်လိုက်သည်။

“ အစ်ကို ရုတ်တရက်ကြီး ဉာဏ်အလင်းပွင့်သွားလို့ အရင်ဆုံး အခန်းအောင်းပြီး ကျင့်ကြံလိုက်ဦးမယ်။ ဆရာဒေါ်လေးကျိုးကျိုးကို ဧည့်ခံထားလိုက်ပါဦး... ’

လင်းအယ်သည် ချက်ချင်းပင် သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်၏။ လီချန်ရှို့သည်နောက်လှည့်၍ ဆေးဖော်ဆောင်ဆီသို့ ပျံသန်းသွားလိုက်လေသည်။

ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွင် လူအများအပြားရောက်နေကြောင်း သူအာရုံခံမိလိုက်၏။

ကျောက်စိမ်းဧကရာဇ်နှင့်အတူ သေမျိုးလောကသို့ လိုက်ပါခဲ့သော မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအိုသည် လက်နောက်ပစ်၍ ရုပ်တုဘေးတွင် ရပ်နေ၏။ သူသည် သူ၏နောက်ရှိ ကောင်းကင်နတ်မင်းအဆင့်ရှိသော အစောင့်အရှောက်နှစ်ဦးကို ဦးဆောင်လာခြင်းဖြစ်ရပေမည်။

လီချန်ရှို့သည် စိတ်တည်တည်ငြိမ်ငြိမ်ထားလိုက်ပြီး မကြာခင်တွင် ထိုပုဂ္ဂိုလ်ပြောလာနိုင်သည့် စကားလုံးများကို ခန့်မှန်းလိုက်သည်။ သူသည် ဘုံကျောင်းအောက်တွင် ပုန်းနေသော စက္ကူကိုယ်ပွားကို လျှို့ဝှက်၍ နှိုးလိုက်၏။

*****

ထိုစဉ် တုနတ်ဝိဇ္ဇာဂိုဏ်း၏တောက်ဘက် လီ(၃၀၀၀)အကွာသို့ ရောက်နေပြီဖြစ်သော ရွှေနတ်လိပ်ကျွန်းမှလူများ စီးနှင်းနေသည် တိမ်ကြီးပေါ်တွင် အောင်းရိသည် တွေးတောစဉ်းစားနေ၏။ ထိုအခိုက်တွင် သူသည် အစ်ကိုချန်ရှို့ပေးလိုက်သော ရတနာအိတ်ကို ထုတ်လိုက်၏။

ထိုသို့ထုတ်လိုက်ခြင်းမှာ သူသည် အစ်ကိုချန်ရှို့တစ်ယောက် ဂုဏ်ယူသည်ဆိုသော အကောင်းဆုံးပန်းချီလက်ရာများကို စိတ်ဝင်စားနေ၍ဖြစ်သည်။ အစ်ကိုချန်ရှို့၏ “ ပြောင်မြောက်သောအကြံ ” ကိုတွေ့လို၍ မဟုတ်ပေ။

ထို့ကြောင့် ‌အောင်းရိသည် တိမ်တစ်ခုသီးသန့်စီးလိုက်ပြီး ရပ်တန့်လိုက်၏။ ရွှေနတ်လိပ်ကျွန်းမှ အာကာသနတ်မင်းအချို့နှင့် ကောင်းကင်နတ်မင်းအိုကြီး အချို့သည် နတ်အာရုံကိုသုံး၍ အာရုံခံလိုက်သော်လည်း ပြုံးရုံသာပြုံး၍ မည်သည့်စကားမှ မဆိုလိုက်ပေ။

‘ ငါ ပန်းချီကားတွေကိုပဲ ကြည့်မှာပါ... ’

အောင်းရိချောင်းဟန့်လိုက်ပြီး ပန်းချီကားလိပ်နှစ်လိပ်ကို ထုတ်လိုက်၏။ ပန်းချီကားလိပ်များ၏ အပြင်ဘက်တွင် မှတ်ချက်စာကြောင်းနှစ်ကြောင်းကို ရေးထားလေသည်။

“ သင်သည် သွေးပူ စိတ်လှုပ်ရှားနေကာ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ဖြစ်နေပြီး မိမိ၏ အတွေးများကို ဖော်ပြလိုလျှင် ဤပန်းချီကားကို ကြည့်ပါ ”

“ သင် စိတ်ဓာတ်ကျ၍ ပင်ပန်းနွမ်းနယ်နေပါက... သင်သည် ဤလောကတွင် မည်သည့်မျှော်လင့်ချက်မှ မရှိတော့သလို ခံစားနေရပြီး ချစ်မှုရေးရာများကို စိတ်မပါတော့ပါက ဤပန်းချီကားကို ကြည့်ပါ ”

အောင်းရိသည် တွေးတောလိုက်ပြီး ဒုတိယတစ်ခုကို အရင်ဖွင့်လိုက်သည်။ သူသည် ရှေးဦးစွာ စိတ်တက်ကြွစေသည့် ကဗျာလေးကို မြင်လိုက်ရ၏။

“ နွေဦးနဲ့ ဆောင်းဦးက ဘယ်အချိန်မှ ကုန်ဆုံးမလဲ... ငါရဲ့ လွမ်းမောဖွယ် အိပ်မက်ရှည်ကြီးအကြောင်းကို မင်းမှသိပါလေစွ... ”

အောင်းရိသည် ပန်းချီကားကို ဖွင့်ကြည့်နေရင်းမှာပင် အကြည့်လွှဲလိုက်ရ၏။ သူ၏ မျက်နှာသည် နီမြန်းသွားလေတော့သည်။ သူသည် အလိုလို မျက်စိမှိတ်မိသွားပြီး ပန်းချီကားကို ဆက်၍ ဖြေလိုက်သည်။ ထို့နောက် သူသည် ပန်းချီကားအတွင်းရှိ မိန်းမလှတစ်ဒါဇင်ခန့်ကို သေသေချာချာကြည့်ရှုလိုက်၏။

‘ ဒါကြောင့် လူတွေက ကလေးတပြွတ်ပြွတ်မွေးနေတာလား... ’

‘ အင်း... လူသားချီကျင့်ကြံသူတွေက တကယ်ကို တမူထူးခြားတာပဲ... ’

သို့သော် အရွယ်ကောင်းစွာမရောက်သေးသည့် အောင်းရိအတွက် ထိုပန်းချီကားသည် အတန်ငယ်...

အောင်းရိသည် သူ၏အနောက်မှ ထွက်ပေါ်လာသော အာမေဋိတ်သံများကို ကြားလိုက်ရ၏။

“ ဒီပန်းချီဆရာက တော်တော်‌လေး အနုစိတ်တာပဲ။ သူ့ရဲ့ ပန်းချီက အသက်ဝင်နေတဲ့အတိုင်းပဲ။ ပန်းချီကားတစ်ခုက ဒီလိုမျိုးဆွဲဆောင်မှုရှိတာ ရှားတယ်

“ မဆိုးဘူး... တကယ်ကို မဆိုးဘူး ”

“ ကျုပ်မြင်ရသ‌လောက်ပြောရမယ်ဆို ဒါကို ကြော့ရှင်းတယ်ဆိုတယ်စကားနဲ့တောင် နှိုင်းယှဉ်ပြလို့မရဘူး... ”

“ ပန်းချီကားထဲက မိန်းမပျိုလေးတွေက ညုတုတုပုံစံ လုပ်နေတာမဟုတ်ပေမယ့် လူတွေကို ဖိုးသိုးဖတ်သပ်ဖြစ်သွားစေနိုင်တယ်... ”

“ ကျုပ်တို့ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပေမယ့် ဒီလို လက်ရာမြောက်တဲ့ ပန်းချီကားမျိုးကို သိပ်မတွေ့ဖူးဘူး... ”

အောင်းရိ ရှက်သွား၏။ သူနောက်လှည့်ကြည့်လိုက်ရာ သူ၏နောက်တွင် ဆရာဦးလေးအချို့ ရပ်နေပြီး သူ့ကို ပြုံးစိစိဖြင့် ကြည့််နေလေသည်။

အောင်းရိတုန်လှုပ်သွားပြီး ခေတ္တမျှ ဆွံ့အသွား၏။

ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူအချို့သည် အောင်းရိကို တမင်တကာစနောက်၍ ရယ်မောလိုက်လေသည်။

ရှေ့ရှိ တိမ်တိုက်ပေါ်တွင် ရပ်နေသော ကောင်းကင်ဧကရာဇ်ချင်ဝမ်သည်လည်း သူတို့ကို ပြုံး၍ ကြည့်နေ၏။ သူ၏ ဘေးမှ တပည့်ငယ်များသည် စိတ်ဝင်စားနေသဖြင့် သွား၍ ကြည့်လိုသော်လည်း သူတို့သည် ဝါကြီးသော ချီကျင့်ကြံသူများကဲ့သို့ စိတ်ရှိတိုင်းလုပ်၍ မရပေ။

“ တူလေးအောင်းရိ... နောက်ပန်းချီကားကိုလည်း ဖွင့်စမ်းပါဦးကွ... ”

“ ပစ္စည်းကောင်းတွေဆိုတာ ဝေမျှသုံးရမှာပေါ့... ”

“ လုပ်ပါ...လုပ်ပါ...လုပ်ပါ... ”

အောင်းရိသည် ထိုသူများကို တားရန်အချိန်ပင် မရလိုက်ပေ။ မည်သို့ တားရမည်ကိုလည်း မသိပေ။ ကျန်ပန်းချီကားလိပ်ကို ကောင်းကင်နတ်မင်းအဆင့်ရှိသော တာအိုရသေ့အိုကြီးတစ်ပါးက ဆွဲယူသွား၏။

သူတို့သည် ခေါင်းချင်းဆိုင်သွားကြ၏။ တာအိုရသေ့အိုကြီးသည် ခေါင်းခါလိုက်ပြီး ပန်းချီကားကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။ ဆူညံနေသော တိမ်တိုက်ပေါ်တွင် ရုတ်ခြည်း တိတ်ဆိတ်သွား၏။

ချင်ထျန်းကျွင်း၏ နှုတ်ခမ်းစွန်းနှစ်ဖက် အကြိမ်အနည်းငယ် တွန့်ကွေးသွား၏။

တာအိုရသေ့အိုကြီးတစ်ဦးသည် ပန်းချီကားနှစ်ချပ်ကို ပြန်လိပ်လိုက်ပြီး အောင်းရိကို ပြန်ပေးလိုက်၏။ သူတို့သည် တည်ငြိမ်သည့် ဟန်ပန်ရှိနေပြီး ခေါင်းငုံ့၍ ‌ရှေ့ရှိ တိမ်တိုက်ဆီသို့ ပြန်သွားလိုက်ကြသည်။ သူတို့၏ မျက်လုံးများသည် အသက်ကင်းမဲ့နေလေသည်။

အောင်းရိလည်း စိတ်ဝင်စားသွားပြီး ပန်းချီကားကို ဖွင့်ကြည့်လိုက်၏။ သူသည် ပန်းချီကားထိပ်တွင် ‘ အရွယ်လွန်အလှ ’ ဟူသောခေါင်းစဉ်ကို တွေ့လိုက်ရသောအခါ ရယ်လိုက်မိလေတော့သည်။ သူသည် ထိုပန်းချီကားကို ဆက်၍ မကြည့်ရဲတော့ပေ။ အစ်ကိုချန်ရှို့ကဲ့သို့ အံ့ဩဖွယ်ကောင်းသော သူမျိုးမှသာ ထိုကဲ့သို့ ဘောင်မခတ်ထားသော ရဲရင့်သည့် အတွေးအခေါ်များရှိနိုင်ပေသည်။

ထို့နောက် အောင်းရိသည် အခွင့်အရေးကို အသုံးချ၍ ပိုးအိတ်လေးကို ထုတ်လိုက်၏။ သူဖွင့်ကြည့်လိုက်ရာ အထဲတွင် သစ်သားပြားတစ်ပြား ရှိသည်ကို တွေ့လိုက်ရလေသည်။

ထိုသစ်သားပြားပေါ်တွင် အောက်ပါစာသားကို ရေးထား၏။

“ တခြားသူတွေရဲ့ စိတ်ကိုပြောင်းလဲလာအောင် ဖိအားပေးလို့မရဘူး... ”

အောင်းရိခေတ္တမျှတွေးတောပြီးနောက် သက်ပြင်းချလိုက်လေသည်။ ထို့နောက် သူသည် ခါးမတ်မတ်ရပ်လိုက်ပြီး ပန်းချီကားလိပ်နှစ်လိပ်နှင့် ပိုးအိတ်လေးကို ပြန်သိမ်းလိုက်သည်။ သူသည် ‌ရှေ့မှတိမ်တိုက်ဆီသို့ ပျံသန်းသွားလိုက်ပြီး ဂိုဏ်းတူညီမလေး ဟန်ကျစ်ကို ကြည့်လိုက်၏။ သူ၏ အကြည့်များသည် ပို၍ ကြည်လင်လာပြီး အနှောင်အဖွဲ့ကင်းလာလေတော့သည်။

All Chapters