အခန်း ၁၀၈
Vol. 11 Ch. 108
အခန်း (၁၀၈) ထိပ်ဆုံး ၂၀၊ ဘယ်သူမှ စိန်မခေါ်ရဲ
"သူ ဒီလိုပဲ သေသွားတာလား"
"ဒါက အရမ်း ပုံမှန်မဟုတ်လွန်းဘူး"
"လက်သီးတစ်ချက်တည်းနဲ့ တိုက်ခိုက်မှုအရှိန်ကြောင့် ကျင့်ကြံမှုနယ်ပယ် ကမ္မနယ်ပယ် အဆင့်၅အထိ ရောက်သွားတဲ့ ပါရမီရှင်တစ်ယောက်ကို ချက်ချင်း သတ်ပစ်လိုက်တာလား။ ဒါက ထိုက်ယိမြင့်မြတ်နယ်မြေရဲ့ ကိုးယောက်မြောက် သူတော်စင်သားတော် လား"
"သူက တကယ်ပဲ နိဗ္ဗာနနယ်ပယ် အဆင့်၂ မှာပဲ ရှိတာလား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ရှုချွမ်း၏ လက်သီးချက်က လူတိုင်း၏ အာရုံကို ဖမ်းစားသွားခဲ့သည်။
မရေမတွက်နိုင်သော သိုင်းပညာရှင်များက အံ့အားသင့်စွာဖြင့် ကြည့်ရင်း မယုံနိုင်လောက်အောင် အော်ဟစ်နေကြတော့သည်။
ကမ္မနယ်ပယ်၏ ပါရမီရှင်တစ်ဦးက မည်သည့်နေရာသို့သွားသွား အစွမ်းထက်သည့် ပညာရှင်တစ်ဦး ဖြစ်လိမ့်မည်ဖြစ်သော်လည်း ယခုမူ ရှုချွမ်း၏ လက်သီးတစ်ချက်ကိုပင် မခံနိုင်ဘဲ ပြာအဖြစ် ပြောင်းလဲသွားခဲ့ရသည်။
"အရမ်း ကြောက်စရာကောင်းတာပဲ။ ဒါက သူ့ရဲ့ လက်သီးဗလာ တိုက်ကွက်ပဲ ရှိသေးတယ်။သူတော်စင်သားတော် ရှုက သူ အကျွမ်းကျင်ဆုံးဖြစ်တဲ့ ဓားပညာကိုတောင် မသုံးရသေးဘူး"
"ဒါက သူ အစွမ်းကုန် မထုတ်သေးဘူးလို့ ဆိုလိုတာလား"
"သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကလည်း အံ့မခန်း သန်မာတယ်။ ဒါက ပြိုင်ဘက်ကင်း ပါရမီရှင်ပဲ"
သူတို့က မျက်စိရှေ့တွင် ဖြစ်ပျက်နေသည်များကိုပင် မယုံနိုင်ဘဲ ရှိနေကြသည်။
မြင့်မားလှသော စင်မြင့် ပေါ်တွင်လည်း အဖွဲ့အမျိုးမျိုးကို ဦးဆောင်နေသော အကြီးအကဲများမှာ ထိတ်လန့်မှုနှင့် အံ့အားသင့်မှု အမူအရာများ ပြည့်နှက်နေကြသည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းအားလဲ" သဲဝါ မြင့်မြတ်နယ်မြေမှ အကြီးအကဲက လေးစားအားကျစွာဖြင့် မချီးကျူးဘဲ မနေနိုင်တော့ပေ။
"ဒီလက်သီးချက်က သူ့ရဲ့ ခန္ဓာကိုယ်ခွန်အားကို အလွန်အမင်း မြင့်တက်စေခဲ့တယ်။ ရှုချွမ်းဟာ အံ့မခန်း ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ်တစ်ခုကို ကျင့်ကြံထားတာ ဖြစ်ရမယ်"
"တာအိုမိတ်ဆွေ စစ်တုလင်း... မင်းရဲ့တပည့်က ဒီလောက်အစွမ်းထက်လိမ့်မယ်လို့ ငါ မထင်ထားဘူး။ သူ ထိုက်ယိမြင့်မြတ်နယ်မြေရဲ့ ကိုးယောက်မြောက် သူတော်စင်သားတော် ဖြစ်လာတာ မဆန်းတော့ပါဘူး"
"သူက အစွမ်းတွေကို အရမ်း နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတာပဲ"
ဤအကြီးအကဲများက စစ်တုလင်းကို ဝိုင်းဝန်းချီးကျူးဂုဏ်ပြုကြသည်။
ထိုသို့ ချီးကျူးမှုများအပေါ် စစ်တုလင်းက ပြုံးရုံသာ ပြုံးပြပြီး ပြန်မဖြေခဲ့ပေ။
တကယ်တော့ ဤအချိန်တွင် သူကိုယ်တိုင်လည်း အနည်းငယ် အံ့ဩသွားမိသည်။
ရှုချွမ်းက ခန္ဓာကိုယ်သန့်စင်တဲ့ ကျင့်စဉ်ကိုပါ ကျင့်ထားတာလား။
သူကိုယ်တိုင်လည်း ဤအကြောင်းကို လုံးဝမသိဘဲ ဇဝေဇဝါ ဖြစ်နေခဲ့ရသည်။
ရှုချွမ်း ဤသို့ ပြသသည်ကို သူတစ်ခါမှ မမြင်ဖူးခဲ့ပေ။
ရှုချွမ်းတွင် အနည်းဆုံး ကမ္မနယ်ပယ် အဆင့်၂ ၏ ခွန်အား ရှိသည်ကို စစ်တုလင်း သိသော်လည်း ထိုအချိန်က ရှုချွမ်း ဓားပညာကို အသုံးပြုခဲ့စဉ်က ဖြစ်သည်။
ယခုမူ မည်သည့်လက်နက်မျှ မသုံးဘဲ လက်သီးတစ်ချက်တည်းဖြင့် ကမ္မနယ်ပယ် အဆင့်၅ နှင့် ညီမျှသော ရှေးဟောင်းပါရမီရှင်တစ်ဦးကို ချက်ချင်း သတ်ပစ်လိုက်ခြင်း ဖြစ်သည်။
သူရဲ့တပည့်ဖြစ်သူက ဝှက်ဖဲ များကို မည်မျှအထိ ဖုံးကွယ်ထားသေးသည်ကို သူကိုယ်တိုင်ပင် မရေရာတော့ပေ။
ရုတ်တရက် သူက ထိုက်ယိမြင့်မြတ်နယ်မြေမှ မထွက်ခွာမီ မြင့်မြတ်သောအရှင်ပြောခဲ့သည့် စကားကို သတိရမိသွားသည်။
ရှုချွမ်းက တာအိုဖလှယ် ပွဲပြိုင်ပွဲတွင် ပထမဆုကို ရယူရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။
အစကမူ သူက ဤအရာက အနည်းငယ် ဖြစ်နိုင်ခြေမရှိဟု ထင်ခဲ့သော်လည်း ယခုမူ သူ၏ အတွေးများ တုန်လှုပ်သွားခဲ့ရပြီ ဖြစ်သည်။
ငါ့တပည့်က တကယ်ပဲ ပထမဆုကို ရနိုင်မှာလား။
သူကိုယ်တိုင်ပင် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။
ထို့အပြင် မြင့်မြတ်အရှင်ကိုယ်တိုင်က ဤပြိုင်ပွဲသို့ တပည့်များကို စေလွှတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ရာ ထိုသို့စီစဉ်ခြင်း၏နောက်ကွယ်တွင် ပိုမိုနက်ရှိုင်းသော ရည်ရွယ်ချက် ရှိနေမည်မှာ သေချာလှပေသည်။
ဤသို့တွေးမိရင်း စစ်တုလင်းတစ်ယောက် ပို၍ပင် စိတ်လှုပ်ရှားလာမိသည်။
"တောက်... ဒီရှေးဟောင်းမျိုးနွယ်စုကကောင်က တကယ်ကို အားကိုးလို့မရဘူး။ ချက်ချင်း အသတ်ခံလိုက်ရတာပဲ" ဘေးနားရှိ ထျန်းယန်ဂိုဏ်းမှ မဟာအကြီးအကဲ၏ မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။
သူက ယခင်က ရှုချွမ်းကို ဤနေရာတွင် သေချာပေါက် သတ်ပစ်မည်ဟု ကြုံးဝါးခဲ့သော်လည်း ဝမ်လင်းမှာ ရှုချွမ်း၏ လက်သီးသုံးချက်ကိုပင် မခံနိုင်ဘဲ သေဆုံးသွားခဲ့ရသည်။
တကယ့်ကို အသုံးမကျသည့်ကောင်ပင်။
ယခု သူ၏စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။
ရှောင်ချန်အနေဖြင့် ရှုချွမ်းကို သတ်နိုင်လောက်အောင် သန်မာပါစေရန်သာ ဆုတောင်းနေမိသည်။
သို့မဟုတ်ပါက ဂိုဏ်း သို့ ပြန်ရောက်လျှင် ထျန်းယန်ဂိုဏ်းချုပ်က သူ့ကို မည်သို့အပြစ်ပေးမည်ကို မတွေးရဲတော့ပေ။
သူက မဟာအကြီးအကဲတစ်ဦး ဖြစ်သော်လည်း ထျန်းယန်ဂိုဏ်းတွင် ရှောင်ချန်မှလွဲ၍ ဂိုဏ်းချုပ် လင်ဖုန်းကို မည်သူက မကြောက်ဘဲ နေမှာလဲ။
သူက ရှုချွမ်းကို စိုက်ကြည့်ရင်း အလွန်အမင်း ဒေါသထွက်ကာ လက်သီးကို တင်းတင်းဆုပ်ထားသော်လည်း မကြာမီမှာပင် မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့ ယခင်အတိုင်း တည်ငြိမ်သော အမူအရာသို့ လျင်မြန်စွာ ပြန်ပြောင်းလိုက်သည်။
အဖွဲ့ (၇) ၏ ပြိုင်ပွဲ ပြိုင်ကွင်း ပေါ်တွင်မူ... ရှုချွမ်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
"အကြီးအကဲ... ပွဲစဉ်ရဲ့ ရလဒ်ကို ကြေညာပေးလို့ ရမလား"
ဝမ်လင်း သေဆုံးသွားခဲ့သည်မှာ ကြာပြီဖြစ်ပြီး ပြိုင် ကွင်းပေါ်ရှိ ပြာပုံမှာပင် လေနှင့်အတူ လွင့်ပါးပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သို့သော် အကြီးအကဲမှာမူ ထိတ်လန့်တုန်လှုပ်လျက် ထိုနေရာတွင်ပင် ကြောင်အမ်းအမ်း ဖြစ်နေဆဲ ဖြစ်သည်။
ရှုချွမ်းရဲ့ စကားကို ကြားရမှသာ သူက သတိပြန်ဝင်လာပြီး ပွဲစဉ်ရလဒ်ကို အလျင်အမြန် ကြေညာလိုက်တော့သည်။
"စတုတ္ထအချီပွဲစဉ်... ထိုက်ယိမြင့်မြတ်နယ်မြေက ရှုချွမ်း အနိုင်ရပါတယ်"
ထိုစကားကို ကြားပြီးနောက် ရှုချွမ်းက စိတ်ကျေနပ်စွာဖြင့် ပြိုင်ကွင်း ပေါ်မှ ဆင်းလာခဲ့ပြီး နောက်ပွဲစဉ်အတွက် စောင့်ဆိုင်းရန် နေရာတစ်ခု ရှာလိုက်သည်။
သူ့ထံသို့ စိုက်ကြည့်နေကြသော အကြည့်များကို ဂရုမစိုက်ဘဲ ရှုချွမ်းက မျက်လုံးများကို မှိတ်ကာ အနားယူနေလိုက်သည်။
ထိုအချိန်တွင် အဖွဲ့ (၃) မှ ရှောင်ချန်သည်လည်း သူ၏ပြိုင်ဘက်ကို အနိုင်ယူ ပြီးသွားခဲ့ပြီ ဖြစ်သည်။
သူက ရှုချွမ်းထံသို့ လျှောက်လှမ်းလာပြီး ရန်လိုသောအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"ရှုချွမ်း... မင်းမှာ ဒီလိုအရည်အချင်းတွေ ရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ မင်း လင်ထျန်းကို သတ်နိုင်ခဲ့တာ မဆန်းတော့ပါဘူး" ရှောင်ချန်က ရက်စက်စွာ ပြုံးလိုက်သည်။ "ဒါပေမယ့် မင်း ငါနဲ့ မဆုံပါစေနဲ့လို့သာ ဆုတောင်းထားလိုက်။ ငါ မင်းကို သေချာပေါက် သတ်ပစ်မယ်"
ရှောင်ချန်က ရှုချွမ်းကို ရန်စသည့် အမူအရာတစ်ခု ပြုလုပ်လိုက်သည်။
၎င်းက လုံးဝ ဗြောင်ကျကျ စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။
သို့သော် ထိုသို့ ရန်စမှုကို ရင်ဆိုင်ရသည့်တိုင် ရှုချွမ်းသည် မျက်တောင်တစ်ချက်ပင် မခတ်ခဲ့ပေ။
သူက ရှောင်ချန်ကို လုံးဝ ဥပေက္ခာပြုထားလိုက်သည်။
ရှုချွမ်းရဲ့ သဘောထားကို မြင်သောအခါ ရှောင်ချန်သည် အလွန်အမင်း ဒေါသထွက်သွားသော်လည်း လက်ရှိတွင် သူ့ကို ဘာမှလုပ်၍မရသဖြင့် ၎င်း၏ အဖွဲ့ရှိရာသို့သာ မကျေမနပ်ဖြင့် ပြန်လှည့်သွားခဲ့ရသည်။
စတုတ္ထအချီ ပွဲစဉ်များမှာ လျင်မြန်စွာ ပြီးဆုံးသွားခဲ့သည်။
ပြိုင် ကွင်းတွင် ချင်းရွှမ်ဂိုဏ်းမှ လျိုဟောင်၊ အနန္တဗုဒ္ဓဂိုဏ်းမှ ချင်းကျူး၊ အဆုံးမရှိ နန်းတော်မှ ကျောက်ခိုင်နှင့် ရှုချွမ်းတို့ လေးဦးသာ ကျန်ရှိတော့သည်။
အဖွဲ့ (၇) ၏ ထိပ်ဆုံးနှစ်ဦးကို ဤလေးဦးထဲမှ ဆုံးဖြတ်ရမည် ဖြစ်သည်။
မကြာမီ ရှုချွမ်း၏ ပြိုင်ဘက် ပေါ်လာခဲ့သည်။
သူကတော့ ကမ္မနယ်ပယ် အဆင့် ၁ကျင့်ကြံမှုရှိသည့် အဆုံးမရှိ နန်းတော်မှ ကျောက်ခိုင် ဖြစ်သည်။
သူရဲ့ပြိုင်ဘက်မှာ ကြောက်မက်ဖွယ်ကောင်းသော ရှုချွမ်းဖြစ်ကြောင်း သိလိုက်ရပြီးနောက် သူက အလွန်ရိုးရှင်းစွာဖြင့်ပင် အရှုံးပေးရန် ရွေးချယ်လိုက်တော့သည်။
သူက ရှုချွမ်းနှင့် လုံးဝ မပြိုင်ဆိုင်လိုတော့ပေ။
ရှုချွမ်း ယခင်က ပြသခဲ့သည့် ခွန်အားက တကယ့်ကို ထိတ်လန့်စရာကောင်းလွန်းလှသည်။
သူ၏လက်သီးချက်ဖြင့် အသတ်ခံရသည့် ဒုတိယမြောက် ပါရမီရှင် မဖြစ်လိုကြပေ။
ဘာပဲဖြစ်ဖြစ် ဝမ်လင်းဟူသော သာဓကတစ်ခု ရှိနေပြီးသား မဟုတ်ပါလား။
အခြားတစ်ဖက်တွင်မူ ချင်းရွှမ်ဂိုဏ်းမှ လျိုဟောင်က အနန္တ ဗုဒ္ဓဂိုဏ်းမှ ချင်းကျူးနှင့် ရင်ဆိုင်ခဲ့ရသည်။
ချင်းကျူး၏ ကျင့်ကြံမှုမှာ ကမ္မနယ်ပယ် အဆင့် ၂ဖြစ်သည်။ ချင်းကျူး၏ ဗုဒ္ဓ တိုက်ကွက်များအောက်တွင် လျိုဟောင်က လျင်မြန်စွာပင် ရှုံးနိမ့်သွားခဲ့ရသည်။
ဤအချိန်တွင် အဖွဲ့ (၇) ၏ ထိပ်ဆုံးနှစ်ဦးမှာ အတည်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
၎င်းတို့မှာ ရှုချွမ်းနှင့် ချင်းကျူးတို့ပင် ဖြစ်သည်။
ရှုချွမ်းက သူ့ကို တစ်ချက်ကြည့်လိုက်ရာ ချင်းကျူးကလည်း ရှုချွမ်းကို ဖော်ရွေစွာ ခေါင်းညိတ်ပြခဲ့သည်။
၎င်းက နှုတ်ဆက်သည့် သဘောပင် ဖြစ်သည်။
ဤသို့ဖြင့် အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက် အဖွဲ့အားလုံး၏ ပွဲစဉ်များ ပြီးဆုံးသွားခဲ့သည်။
ထိုက်ယိမြင့်မြတ်နယ်မြေမှ ကျန်ရှိသော တပည့်လေးဦးသည်လည်း ၎င်းတို့၏ အဖွဲ့အသီးသီးမှ ထိပ်ဆုံးနှစ်ဦးစာရင်းသို့ တက်လှမ်းနိုင်ခဲ့ကြသည်။
"ပထမအဆင့် ပြိုင်ပွဲတွေ ပြီးဆုံးသွားပါပြီ" မဟာအကြီးအကဲက ဖြည်းညင်းစွာ ကြေညာလိုက်သည်။
"ခေတ္တအနားယူကြပါ။ အမွှေးတိုင်တစ်တိုင်စာ အချိန်ကုန်ပြီးနောက်မှာ ထိပ်ဆုံးနှစ်ဦး စိန်ခေါ်ပွဲတွေကို စတင်ပါမယ်"
ပြင်းထန်သော တိုက်ပွဲများကို ရင်ဆိုင်ခဲ့ကြရသည့် ဂိုဏ်းအသီးသီးမှ ပါရမီရှင်များသည် ဤစကားကို ကြားသည်နှင့် ၎င်းတို့၏ မူလချီ များကို ပြန်လည်ဖြည့်တင်းရန်အတွက် ချက်ချင်းပင် တင်ပျဉ် ခွေထိုင်ကာ ကျင့်ကြံ လိုက်ကြသည်။
အမွှေးတိုင်တစ်တိုင်စာ အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားပြီးနောက် ထိပ်ဆုံးနှစ်ဦး စိန်ခေါ်ပွဲများ တရားဝင် စတင်ခဲ့သည်။
အဖွဲ့ (၇) တွင် အသန်မာဆုံးပုဂ္ဂိုလ်ဖြစ်သည့် ရှုချွမ်းကိုမူ မည်သူကမျှ လာရောက်စိန်ခေါ်ရဲခြင်း မရှိခဲ့ပေ။
သို့သော် ဗုဒ္ဓဂိုဏ်းမှ ချင်းကျူးမှာမူ ယခင်က ပွဲထွက်သွားခဲ့ရသည့် ငွေလမြင့်မြတ်နယ်မြေမှ သူတော်စင်သားတော်၏ စိန်ခေါ်ခြင်းကို ခံခဲ့ရသည်။
ချင်းကျူး၏ ကျင့်ကြံမှုမှာ ထိုသူတော်စင်သားတော် လောက် မမြင့်မားသော်လည်း သူ၏ အစစ်အမှန် ခွန်အားက အလွန်အမင်း သန်မာ လှသည်။
သူက သူ၏ ကျန့်တုတ်ချောင်း ကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုခဲ့သည်။
ထို့အပြင် ဗုဒ္ဓ လျှို့ဝှက်တိုက်ကွက်များကိုလည်း ကန့်သတ်ချက်မရှိဘဲ အလွတ်အတိုင်း ထုတ်ဖော်တိုက်ခိုက်ခဲ့သည်။
ငွေလသူတော်စင် သားတောိ က ကြာရှည်မခံဘဲ ရှုံးနိမ့်သွားခဲ့ရသည်။
ထပ်မံ၍ ရှုံးနိမ့်မှုကို ကြုံတွေ့ရသည့်အပြင် သူ့ထက် ကျင့်ကြံမှုနိမ့်သောသူ၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်ရာ ထိုငွေလသူတော်စင်သားတော် က မည်သို့ လက်ခံနိုင်ပါမှာလဲ။
သူက အလွန်အမင်း ဒေါသထွက်သွားကာ ချက်ချင်းပင် သွေးအန်ပြီး သတိလစ်မေ့မြောသွားခဲ့တော့သည်။
ထို့နောက် သူ့ကို ငွေလမြင့်မြတ်နယ်မြေမှ လူများက လာရောက်ထမ်းစင်ဖြင့် သယ်ဆောင်သွားကြရသည်။
တာအိုဖလှယ် ပွဲပြိုင်ပွဲက ငွေလမြင့်မြတ်နယ်မြေအတွက်မူ လုံးဝ အရှက်ရစရာ ဖြစ်ခဲ့ရသည်။
ထိပ်ဆုံး အယောက် ၂၀ စာရင်းတွင် ငွေလမြင့်မြတ်နယ်မြေမှ တစ်ဦးတစ်ယောက်မျှ ပါဝင်မလာခဲ့ပေ။
အဆုံးတွင် ထိုဂိုဏ်းမှ လူစုက နောက်ထပ်ပွဲစဉ်များကိုပင် ဆက်လက်မကြည့်တော့ဘဲ ကန္တာရမြို့တော်မှနေ၍ တိတ်တဆိတ် ထွက်ခွာသွားကြတော့သည်။
ငွေလမြင့်မြတ်နယ်မြေမှ လူများ ထွက်ခွာသွားပြီးနောက် စိန်ခေါ်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သော်လည်း ရှုချွမ်းကဲ့သို့ပင် သူ့ကို မည်သူမျှ ထပ်မံ၍ လာရောက်မစိန်ခေါ်ရဲကြတော့ပေ။
ဤသို့ဖြင့် အဖွဲ့ (၇) ၏ ထိပ်ဆုံးနှစ်ဦးမှာ လုံးဝ အတည်ဖြစ်သွားခဲ့သည်။
ထို့နောက် အခြားအဖွဲ့များမှ လူများသည်လည်း ၎င်းတို့၏ စိန်ခေါ်ပွဲများကို ဆက်တိုက် ပြီးဆုံးအောင် ယှဉ်ပြိုင်ခဲ့ကြတော့သည်။