← Chapters

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း (၁၀၉) ထိပ်တန်းငါးဦးပြိုင်ပွဲ၊ ချန်ဟိုင် မြင့်မြတ်နယ်မြေ၏ လင်းရှောင်ယွီ

ပြိုင်ပွဲ၏ ပထမအဆင့် ပြီးဆုံးသွားသည်နှင့် သဲဝါ မြင့်မြတ်နယ်မြေ၏ အကြီးအကဲက မြင့်မားလှသော ပြိုင်ကွင်း ထက်တွင် တစ်ဖန်ပြန်လည် ပေါ်လာခဲ့သည်။

သူသည် ပြိုင်ကွငအး အောက်ရှိ ထိပ်ဆုံးအယောက် ၂၀ ကို ကြည့်ပြီး ဖြည်းညင်းစွာ မိန့်ကြားလိုက်သည်။

"လူပေါင်းငါးရာထဲကနေ အောင်မြင်စွာ ထင်ရှားကျော်ကြားလာတဲ့အတွက် အားလုံးကို ဂုဏ်ယူပါတယ်။ နောက်တစ်ဆင့်ကတော့ ထိပ်ဆုံး ၅ နေရာအတွက် ဗိုလ်လုပွဲ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်"

"ထိပ်တန်းအယောက်နှစ်ဆယ်စလုံး ပြိုင်ကွင်း ပေါ်တက်ပြီး ယှဉ်ပြိုင်နိုင်တယ်။ ပြိုင်ကွင်းကို အကြာဆုံး ထိန်းထားနိုင်တဲ့သူတွေ ဒါမှမဟုတ် ဘယ်သူမှ လာမစိန်ခေါ်ရဲတဲ့သူတွေဟာ ထိပ်ဆုံး ၅ ယောက်စာရင်းထဲကို ဝင်လိမ့်မယ်"

"တိုက်ပွဲအတွင်းမှာ ဘယ်သူမှ ဝင်ရောက်စွက်ဖက်ခွင့် မရှိဘူး။ မဟုတ်ရင် ဒီတာအိုဖလှယ် ပွဲမှာ ပါဝင်တဲ့ အင်အားစုအားလုံးရဲ့ လိုက်လံဖမ်းဆီး သတ်ဖြတ်မှုကို ရင်ဆိုင်ရလိမ့်မယ်"

"ဒါ့အပြင် ပြိုင်ပွဲကာလအတွင်းမှာ မည်သည့်နည်းလမ်းကိုမျှ တားမြစ်ထားခြင်းမရှိဘဲ ရှင်ခြင်း နဲ့သေခြင်းကတော့ မင်းတို့ရဲ့ ကံကြမ္မာအတိုင်းပဲ "

သူ့စကားများ ထွက်ပေါ်လာသည်နှင့် ကြည့်ရှုနေသော သိုင်းပညာရှင်အားလုံးနှင့် ပြုတ်သွားခဲ့သော ပါရမီရှင်များအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။

ရှင်ခြင်း နဲ့ သေခြင်းက သူတို့ အန္တရာယ်အတိုင်းပဲ

ယခင်ပွဲစဉ်များတွင် သေဆုံးမှုများ ရှိခဲ့သော်လည်း ၎င်းမှာ ဖော်ပြမထားသော စည်းမျဉ်းတစ်ခုသာ ဖြစ်သည်။

ဒါပေမယ့် အခုတော့ သဲဝါမြင့်မြတ်နယ်မြေ အကြီးအကဲကိုယ်တိုင်က ဗြောင်ကျကျ ကြေညာလိုက်ခြင်း ဖြစ်ရာ အဓိပ္ပာယ်ချင်း လုံးဝ ကွာခြားသွားခဲ့ပြီ ဖြစ်သည်။

ထို့အပြင် တိုက်ခိုက်မည့် နည်းလမ်းများကို ကန့်သတ်ထားခြင်း မရှိဟု ဆိုသည်။

ဆိုလိုသည်မှာ ယခင်က တားမြစ်ထားသော နည်းလမ်းပေါင်းစုံကို အသုံးပြုနိုင်ပြီး အနိုင်ရရန်အတွက် ကြာမြင့်စွာကတည်းက ပိတ်ပင်ထားသည့် အရာများကိုပင် ထုတ်သုံးခွင့် ရှိသွားခြင်း ဖြစ်သည်။

ဤပြိုင်ပွဲစည်းမျဉ်းသစ်များကြောင့် တက်လာသူတိုင်း၏ မျက်နှာများ တည်ကြည်လေးနက်သွားခဲ့သည်။

သို့သော်လည်း ထိပ်ဆုံးအယောက် ၂၀ ထဲသို့ ဝင်သွားသော ပါရမီရှင်များမှာ အလွယ်တကူ ကြောက်ရွံ့မည့်သူများ မဟုတ်ကြပေ။

၎င်းတို့အားလုံးမှာ ကိုယ်ပိုင်မာနနှင့် ယုံကြည်ချက် အပြည့်ရှိကြသူများ ဖြစ်သည်။

သိုင်း တာအိုဟူသည် တိုက်ခိုက် ငြင်းခုံရမည်ဖြစ်ရာ အချည်းနှီးသော စကားလုံးများဖြင့် သက်သေပြ၍ မရပေ။

ထို့ကြောင့် ထိပ်တန်းပါရမီရှင် အယောက် ၂၀ စလုံးသည် ကြိုးစားရန် စိတ်အားထက်သန်နေကြပြီး ပြိုင်ပွဲ၏ ဒုတိယအဆင့် စတင်ရန် စောင့်ဆိုင်းကာ ပြိုင်ကွင်း ပေါ်သို့ ချက်ချင်း တက်လှမ်းလိုက်ကြသည်။

ရှုချွမ်းပင်လျှင် ခြွင်းချက်မဟုတ်ပေ။

သဲဝါ မြင့်မြတ်နယ်မြေ အကြီးအကဲ၏ အမိန့်ပေးသံနှင့်အတူ ပြိုင်ပွဲ၏ ဒုတိယအဆင့်ဖြစ်သော ဗိုလ်လု ပွဲကြီး တရားဝင် စတင်လိုက်တော့သည်။

"အားလုံး ဘေးဖယ်ထားကြစမ်း... ဒီသူတော်စင်သားတော် အရင်သွားမယ်"

လူငယ်တစ်ဦးက လူအုပ်ကြားမှ တိုးဝှေ့ထွက်လာပြီး ပြိုင် ကွင်းကျယ်ကြီးထဲသို့ ပြေးဝင်လာခဲ့သည်။

ယခုအချိန်တွင် ပြိုင်ကွင်းကို အကွက်ငယ်များအဖြစ် ခွဲခြားထားခြင်း မရှိတော့ဘဲ ဧရာမ ပြိုင် ကွင်းကြီးတစ်ခုအဖြစ် ပေါင်းစည်းထားခြင်း ဖြစ်ရာ သိုင်းပညာရှင်များသည် ၎င်းတို့၏ ထူးခြားသော အရည်အချင်းများကို လွတ်လပ်စွာ ထုတ်ဖော်ပြသနိုင်ပြီ ဖြစ်သည်။

ထိုလူငယ်က ပြိုင် ကွင်းပေါ်တွင် ရပ်နေပြီး လရောင်ကဲ့သို့ ဖြူဖွေးသော ဝတ်ရုံရှည်က လေထဲတွင် တဖျပ်ဖျပ် လွင့်ပျံနေကာ အောက်ရှိ ပါရမီရှင်များကို ငုံ့ကြည့်နေသည်။

သူ၏ ကမ္မနယ်ပယ် အဆင့် ၄ကျင့်ကြံမှုကို ခြွင်းချက်မရှိ ထုတ်ဖော်ပြသထားရာ သူ၏ အော်ရာ မှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး နှိုင်းယှဉ်စရာမရှိအောင် သန်မာ လှသည်။

"ဘယ်သူက ငါ့ကို အရင်ဆုံး တိုက်ခိုက်ရဲလဲ" သူက အောက်ရှိ ပါရမီရှင်များကို ဝေ့ဝိုက်ကြည့်ရင်း မောက်မာစွာ စိန်ခေါ်လိုက်သည်။

"ဒါ ဘယ်သူလဲဟ... ကြည့်ရတာ တကယ့်ကို အစွမ်းထက်မယ့်ပုံပဲ"

"မင်း သူ့ကို မသိဘူးလား။ သူက ချန်ဟိုင် မြင့်မြတ်နယ်မြေ ရဲ့ သူတော်စင်သားတော် လင်းရှောင်ယွီ လေ"

"ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကမ္မနယ်ပယ်အဆင့် ၄ ကို ရောက်နေတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်ပေါ့"

"သူက အဆုံးမဲ့ပင်လယ် ထဲမှာ သွားပြီး ကျင့်ကြံနေတာလို့ ကြားတယ်၊ ဒီနေ့ ဒီပွဲကို ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး"

"ပထမအဆင့် ပြိုင်ပွဲတုန်းက သူ့ကို သတိတောင်မထားမိလိုက်ဘူး၊ ပွဲတွေကို အလွယ်တကူပဲ နိုင်ခဲ့လို့ ဖြစ်ရမယ်"

ပြိုင်ကွင်း အောက်ရှိ လူအချို့က ထိုပါရမီရှင်ကို မှတ်မိသွားပြီး ပြောဆိုလိုက်ကြသည်။

"ဒါဆိုရင် ငါ ကုချင်းကျီ က မင်းနဲ့ ယှဉ်ပြိုင်ပေးမယ်"

ထိပ်ဆုံး အယောက် ၂၀ ထဲမှ ထင်ရှားသော မိသားစုကြီးတစ်ခုမှ တပည့်ဖြစ်သူ ကုချင်းကျီက ပြင်းထန်သော တိုက်ခိုက်လိုစိတ်များဖြင့် ပြိုင် ကွင်းပေါ်သို့ ခုန်တက်လာခဲ့သည်။

ဤနှစ်ဦးမှာ ခွန်အားချင်း တူညီကြပြီး နှစ်ဦးစလုံး ကမ္မနယ်ပယ် အဆင့်၄ တွင် ရှိနေကြသဖြင့် မည်သူက ပိုသာသည်ဟု ပြောရန် ခက်ခဲလှသည်။

ထို့ကြောင့် ၎င်းတို့၏ တိုက်ပွဲအတွေ့အကြုံနှင့် မည်သူ့ကျင့်စဉ်က ပိုမိုသန်မာ သည်ဆိုသည့်အပေါ်တွင်သာ မူတည်တော့မည် ဖြစ်သည်။

"စကားတွေ အများကြီး ပြောမနေနဲ့... တိုက်ကြမယ်"

စကားအဆုံးတွင် လင်းရှောင်ယွီက အရင်ဆုံး စတင်တိုက်ခိုက်လိုက်သည်။

သူရဲ့ ဓားရှည်က လေထုကို ဖြတ်သန်းကာ ကုချင်းကျီ၏ အားနည်းချက်ရှိရာ နေရာသို့ လိမ္မာပါးနပ်သော ထောင့်ချိုးတစ်ခုမှ ထိုးလာခဲ့သည်။

သို့သော် ကုချင်းကျီမှာလည်း အလွယ်တကူ အရှုံးပေးမည့်သူ မဟုတ်ပေ။

သူက ခန္ဓာကိုယ်ကို လျင်မြန်စွာ လှုပ်ရှားကာ ထိုဓားချက်ကို ရှောင်တိမ်းလိုက်သည်။

လင်းရှောင်ယွီက ပထမဓားချက် လွဲချော်သွားသော်လည်း နောက်ထပ် ဓားချက်သုံးချက်ကို ဆက်တိုက် ထုတ်ဖော်ကာ ကုချင်းကျီရဲ့ သေကွင်းသေကွက်များကိုသာ ပစ်မှတ်ထား တိုက်ခိုက်လာခဲ့ပြန်သည်။

သို့သော် ကံမကောင်းစွာဖြင့် ထိုတိုက်ကွက်အားလုံးကို ကု​ချင်းကျီက ခုခံတားဆီးနိုင်ခဲ့သည်။

အမှန်တကယ်တွင်မူ ထိုသို့ ဆက်တိုက်ဓားချက်များ ထုတ်ဖော်ရန် ကြိုးစားရင်း လင်းရှောင်ယွီထံတွင် အနည်းငယ်သော ဟာကွက်တစ်ခု ပေါ်သွားခဲ့ရာ ကုချင်းကျီက ၎င်းကို ချက်ချင်း အမိအရဖမ်းဆုပ်၍ ဓားဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။

လင်းရှောင်ယွီ လျင်မြန်စွာ မရှောင်တိမ်းနိုင်ခဲ့ဘဲ သူ၏ ပုခုံးကို ဓားချက်ထိမှန်ကာ သွေးများ စီးကျလာခဲ့တော့သည်။

သူ့ကိုယ်သူ ဒဏ်ရာရရှိသွားသည်ကို မြင်သောအခါ လင်းရှောင်ယွီ၏ မျက်နှာအမူအရာမှာ ပိုမိုတည်ငြိမ်သွားပြီး မျက်ဝန်းများက နက်ရှိုင်းလာခဲ့သည်။

"ကောင်းပြီ... မင်းက ငါနဲ့ တိုက်ခိုက်ဖို့ ထိုက်တန်တဲ့သူပဲ" လင်းရှောင်ယွီက ချီးကျူးလိုက်သည်။

"နောက်လာမယ့် တိုက်ကွက်ကို သတိထားပြီး ပြင်ဆင်ထားချင်။ ငါ့ရဲ့ အစစ်အမှန် ခွန်အားကို ထုတ်တော့မယ်"

လင်းရှောင်ယွီက အလေးအနက် ပြောလိုက်သည်။

အမှန်ပင် စကားအဆုံးတွင် သူရဲ့ ခန္ဓာကိုယ်မှ သွေးဆာနေသော အော်ရာ များ ထွက်ပေါ်လာပြီး မျက်ဝန်းများက နီမြန်းလာခဲ့သည်။

အန္တရာယ်များလှသော အဆုံးမဲ့ပင်လယ်ထဲတွင် နှစ်ရှည်လများ အသက်ရှင်ကျန်ရစ်အောင် ကျင့်ကြံနိုင်ခဲ့ခြင်းက သူသည် ရိုးရှင်းသောသူ မဟုတ်ကြောင်း သက်သေပြနေသည်။

ယခင်တိုက်ကွက်များမှာ ပြိုင်ဘက်က သူရဲ့ အစစ်အမှန် ခွန်အားကို ထုတ်သုံးရန် ထိုက်တန်မှု ရှိ၊ မရှိ စမ်းသပ်ခြင်းသာ ဖြစ်သည်။

ပြိုင် ကွင်းပေါ်တွင် ကုချင်းကျီက ဤအော်ရာ ကို ခံစားလိုက်ရပြီး လင်းရှောင်ယွီကို ကြည့်ကာ လုံးဝ အခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားသည်ကို သတိပြုမိသဖြင့် မျက်နှာအမူအရာ ချက်ချင်း လေးနက်သွားပြီး အပြည့်အဝ သတိထားလိုက်တော့သည်။

သူတို့နှစ်ဦး၏ တိုက်ပွဲကြီးမှာ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်စွာဖြင့် ဒုတိယအကြိမ် ပေါက်ကွဲလာခဲ့သည်။

တစ်ချိန်တည်းမှာပင် နှစ်ဦးစလုံး ပြင်းထန်စွာ တိုက်ခိုက်ကြပြီး လက်နက်ချင်း ထိခိုက်သံများနှင့် ပေါက်ကွဲသံများ ပြိုင် ကွင်းတစ်ခုလုံး စီစီညံသွားကာ ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

​ပြိုုင်ကွင်း အောက်ရှိ သိုင်းပညာရှင်များမှာလည်း မျက်တောင်မခတ်တမ်း စွဲလန်းစွာ စောင့်ကြည့်နေကြသည်။

ထိပ်ဆုံးအယောက် ၂၀ ၏ တိုက်ပွဲများမှာ ယခင်ပြုတ်သွားသော သူများ၏ ပွဲစဉ်များနှင့် လုံးဝ နှိုင်းယှဉ်၍မရအောင် အဆင့်အတန်း ကွာခြားလှသည်။

အချိန်များသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ရာ ၎င်းတို့ တိုက်ခိုက်နေကြသည်မှာ နာရီဝက်ခန့် ရှိလာခဲ့ပြီ ဖြစ်သည်။

ပြိုင် ကွင်းတစ်ခုလုံးတွင်လည်း ၎င်းတို့ တိုက်ခိုက်ထားသည့် အမှတ်အသားများ ပြည့်နှက်နေသည်။

သို့သော်လည်း နှစ်ဦးစလုံးမှာ အပြန်အလှန် တိုက်ခိုက်နေကြဆဲဖြစ်ပြီး ခွန်အားချင်း မျှနေကာ မည်သူမျှ အားနည်းသွားသည့် အရိပ်အယောင် မရှိကြပေ။

ကြည့်ရှုနေသူများက ဤပြိုင်ပွဲမှာ ယခုအတိုင်း ဆက်သွားလိမ့်မည်ဟု ထင်နေကြစဉ်မှာပင်...

ရုတ်တရက် ကုချင်းကျီက ဂရုမစိုက်မိဘဲ စက္ကန့်ပိုင်းမျှ စိတ်လွတ်သွားကာ သူရဲ့ ဓားကို အနည်းငယ် စောင်း၍ ကိုင်မိသွားခဲ့သည်။

ဤကဲ့သို့သော အသေးစိတ် ဟာကွက်ကို တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်သူများသာ သတိပြုမိနိုင်မည် ဖြစ်သည်။

သို့သော် တိုက်တိုက်ဆိုင်ဆိုင်ပင် သူ၏ ပြိုင်ဘက်မှာ ချင်ဟိုင် မြင့်မြတ်နယ်မြေမှ သူတော်စင်သားတော် လင်းရှောင်ယွီ ဖြစ်နေသည်။

ဤပုဂ္ဂိုလ်က အဆုံးမဲ့ပင်လယ်ထဲတွင် နှစ်ပေါင်းများစွာ မိစ္ဆာသားရဲများနှင့် နေ့စဉ်နှင့်အမျှ တိုက်ခိုက်လာခဲ့သူ ဖြစ်သဖြင့် လက်တွေ့တိုက်ပွဲ အတွေ့အကြုံ အလွန် ကြွယ်ဝလှသည်။

သူက ဤဟာကွက်ကို မြင်သည်နှင့် သူ၏ ဓားရှည်ကို ချက်ချင်း အရှိန်မြှင့်လိုက်ရာ စူးရှလှသော နတ်ဘုရားအလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာသည်။

သူ၏ စွမ်းအားများကို အရှိန်ကုန်မြှင့်၍ ကုချင်းကျီ၏ ဟာကွက်ဆီသို့ အပြတ်အသတ် ထိုးနှက်လိုက်တော့သည်။

ကုချင်းကျီ၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

ကျရောက်လာသော ဓားချက်ကို သူ မရှောင်တိမ်းနိုင်တော့ပေ။

သူက သွားကို တင်းတင်းကြိတ်ကာ သူ၏ လက်မောင်းနှစ်ဖက်ကို မူလချီ များဖြင့် ဖုံးအုပ်၍ ဤဓားချက်ကို တောင့်ခံရန် ကြိုးစားလိုက်သည်။

သို့သော် သူက လင်းရှောင်ယွီ၏ ဓားချက်စွမ်းအားကို လျှော့တွက်ခဲ့မိသည်။

ဤဓားချက် ကျရောက်လာချိန်တွင် အဆုံးမဲ့ လှိုင်းတံပိုးကြီးများ ဝုန်းဒိုင်းကြဲ တက်လာဘိသကဲ့သို့ ခံစားရပြီး ကောင်းကင်ယံထက်မှ မိုးဖွဲဖွဲလေးများပင် ရွာသွန်းလာခဲ့သည်။

ဤမိုးဖွဲလေးများထဲတွင် အလွန်သိပ်သည်းလှသော ဓားချီများ ပါဝင်နေသည်။

လင်းရှောင်ယွဃ၏ ဓားက လွှဲယမ်းကာ ကုချင်းကျီ၏ ခန္ဓာကိုယ်ဆီသို့ ထိုးစိုက်သွားခဲ့သည်။

"ဘုန်း..."

ပြင်းထန်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ဤဓားချက်က ကုချင်းကျီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

အရှေ့ဘက်ဒေသ၏ ထိပ်တန်းမိသားစုကြီးမှ သခင်လေး ဖြစ်သူ ကုချင်းကျီက ပြိုင် ကွင်းကို ကာကွယ်ထားသော အစီရင်ပေါ်သို့ လွင့်စင်ကာ သွားရောက်ရိုက်ခတ်မိပြီး သူ၏ အော်ရာ မှာ ချက်ချင်း အားနည်းသွားခဲ့ရသည်။

အကယ်၍ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ခုခံမှုဝတ်ရုံသာ ပါမနေပါက သူသည် ယခုအချိန်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိကာ သတိလစ်သွားလောက်ပြီ ဖြစ်သည်။

"ငါ... အရှုံးပေးတယ်"

ကုချင်းကျီက ဖြည်းညင်းစွာ ထထိုင်ကာ အသက်ရှူနှုန်းကို ပြန်လည်ထိန်းညှိပြီးနောက် ခေါင်းခါယမ်းကာ အရှုံးပေးလိုက်ပြီး ပြိုင် ကွင်းပေါ်မှ ပျံသန်းဆင်းသွားခဲ့တော့သည်။

သူ လင်းရှောင်ယွီကို ရှုံးနိမ့်ခဲ့ရသည့် အဓိကသော့ချက်မှာ လက်တွေ့တိုက်ပွဲ အတွေ့အကြုံ နည်းပါးခြင်းကြောင့် ဖြစ်သည်။

သူက မိစ္ဆာသားရဲများနှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့သည့် လင်းရှောင်ယွီကဲ့သို့သော ပါရမီရှင်ကို မယှဉ်နိုင်ခဲ့ပေ။

ဤရှုံးနိမ့်မှုအပြီးတွင် သူက ယခုခရီးစဉ်မှ ပြန်ရောက်လျှင် လက်တွေ့တိုက်ပွဲ အတွေ့အကြုံကို သေချာပေါက် မြှင့်တင်ကာ နောင်တစ်ချိန်တွင် လင်းရှောင်ယွီကို ပြန်လည်အနိုင်ယူမည်ဟု စိတ်ထဲတွင် ကျုံးဝါးလိုက်မိသည်။

"နောက်ထပ် ဘယ်သူရှိသေးလဲ။ မြန်မြန်လုပ်ကြစမ်း... ငါ့အချိန်တွေကို မဖြုန်းတီးနဲ့"

ပြိုင် ကွင်းပေါ်တွင် ချန်ဟိုင် မြင့်မြတ်နယ်မြေ၏ သူတော်စင်သားတော် လင်းရှောင်ယွီမှာ ပိုမိုမောက်မာလာပြီး အရပ်မျက်နှာအားလုံးကို မထောက်မညှာ ကြည့်ကာ အော်ဟစ်လိုက်သည်။

သူ၏ ပထမဆုံးပွဲစဉ်တွင်ပင် ကုချင်းကျီကဲ့သို့သော ပြိုင်ဘက်ကင်းပါရမီရှင်ကို အနိုင်ရရှိခဲ့ခြင်းက သူ၏ တိုက်ခိုက်လိုစိတ်ကို ပိုမို ပြင်းထန်လာစေခဲ့သည်။

"ငါ လာမယ်"

အခြားသော အင်အားကြီးအဖွဲ့တစ်ခုမှ ပါရမီရှင်တစ်ဦး ပြိုင် ကွင်းထဲသို့ တက်လာခဲ့သော်လည်း ဤပုဂ္ဂိုလ်မှာ ကမ္မနယ်ပယ် အဆင့်၃ မျှသာ ရှိသေးသည်။

သူက ပြိုင်ကွင်း ပေါ်မတက်မီက အနိုင်ရမည်ဟု ယုံကြည်ချက်ရှိနေပုံရသော်လည်း ၎င်းတို့နှစ်ဦး ထိပ်တိုက်တွေ့သည်နှင့် ကွာခြားချက်မှာ သိသာသွားခဲ့သည်။

သုံးချီမျှပင် မတိုက်ခိုက်ရသေးမီ ထိုသိုင်းပညာရှင်မှာ ရှုံးနိမ့်သွားခဲ့ရသည်။

သူက သွေးအန်ကာ ပြင်းထန်စွာ ဒဏ်ရာရရှိလျက် ပြိုင်ကွင်း ပေါ်မှ ဆင်းသွားခဲ့ရပြီး လင်းရှောင်ယွီကို အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။

အမှန်တကယ်တွင် လင်းရှောင်ယွီ၏ စွမ်းအားကုန်ခမ်းမှုမှာ အနည်းငယ်မျှသာ ရှိသေးသည်။

ယခုအချိန်တွင် လင်းရှောင်ယွီ၏ တိုက်ခိုက်လိုစိတ်မှာ ပိုမိုမြင့်မားလာပြီး သူ၏ အော်ရာ မှာ ဓားအင်မော်တယ်ကဲ့သို့ ပိုမိုတောက်ပလာခဲ့တော့သည်။

All Chapters