အခန်း ၁၁၀
Vol. 11 Ch. 110
အခန်း (၁၁၀) ရှောင်ချန် ပြိုင် ကွင်းထဲသို့ ဝင်ရောက်လာပြီး အပြတ်အသတ် အနိုင်ယူကာ ရှုချွမ်းအား စိန်ခေါ်ခြင်း
နှစ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့သော လင်းရှောင်ယွီက ပြိုင် ကွင်းထက်တွင် ပြိုင်ဘက်ကင်းသူတစ်ဦးကဲ့သို့ ဖြစ်နေခဲ့သည်။
ပြိုင်ကွင်း အောက်ရှိ ကျင့်ကြံမှုအဆင့်နိမ့်သော ပါရမီရှင်များထဲမှ မည်သူမျှ အပေါ်သို့ တက်ရန် မရဲဝံ့ကြပေ။
သို့မဟုတ်ပါက သူတို့ တက်လာသည်နှင့် ချက်ချင်းပင် ဖယ်ရှားခံရမည် ဖြစ်သည်။
ပြိုင် ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
"ဘာဖြစ်တာလဲ... ငါ့ကို တိုက်ခိုက်ရဲတဲ့သူ မရှိတော့ဘူးလား"
"အရှေ့ဘက်ဒေသက ပါရမီရှင်တွေရဲ့ အရည်အချင်းက ဒါအကုန်ပဲလား"
လင်းရှောင်ယွီက ပြိုင်ကွင်း ပေါ်တွင် လှောင်ပြောင်အော်ဟစ်လိုက်သည်။
သူ၏ စကားလုံးများကြောင့် ပြိုင်ကွင်း အောက်ရှိ လူထုမှာ ချက်ချင်းပင် ဒေါသထွက်သွားကြတော့သည်။
အောက်ရှိ သိုင်းပညာရှင်များက လင်းရှောင်ယွီကို မုန်းတီးစွာ ကြည့်နေကြသော်လည်း သူ၏ ခွန်အားကြောင့် မည်သူမျှ တက်၍ အရှုံးမပေးရဲကြချေ။
ပြိုင်ကွင်း အောက်တွင် တိတ်ဆိတ်နေပြီး ပြိုင်ကွင်း ပေါ်ရှိလူမှာမူ မောက်မာဝင့်ကြွားနေသည်။
"လူရွှင်တော်တစ်ယောက်ပဲ... တကယ်ကို ဆူညံလွန်းတယ်"
ဒိုင်လူကြီးက လင်းရှောင်ယွီကို အလိုအလျောက် အနိုင်ရရှိသူအဖြစ် ကြေညာတော့မည့်အချိန်မှာပင် ပြိုင်ကွင်း အောက်မှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းပင် ပုံရိပ်တစ်ခုသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ကွင်းပြင်ကျယ်ကြီးပေါ်သို့ တစ်ဟုန်ထိုး ဆင်းသက်လာခဲ့သည်။
သူ ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့ပြီး မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြတော့သည်။
သူကတော့ ပထမအဆင့် ပြိုင်ပွဲတုန်းက ငွေလမြင့်မြတ်နယ်မြေ သူတော်စ်သားတော် ကို မယုံနိုင်လောက်အောင် ပြင်းထန်သော အရှိန်အဟုန် ဖြင့် အနိုင်ယူခဲ့သည့် ရှောင်ချန် ပင် ဖြစ်သည်။
ရှောင်ချန်က ငွေလမြင့်မြတ်နယ်မြေ သူတော်စင်သားတောိ ကို လက်သီးတစ်ချက်တည်းဖြင့် အလဲထိုးလိုက်သည့် မြင်ကွင်းက ပြိုင်ကွင်း အောက်ရှိ လူတိုင်း၏ စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ထင်ကျန်နေဆဲ ဖြစ်သည်။
ထို့ကြောင့် သူ ပေါ်လာသည်နှင့် ပြိုင်ကွင်း အောက်မှ လူတိုင်းက မျှော်လင့်ချက်အပြည့်ဖြင့် မျက်လုံးပြူးကြည့်ကြပြီး လင်းရှောင်ယွီကို အနိုင်ယူပေးနိုင်ရန် မျှော်လင့်ချက်အားလုံးကို ရှောင်ချန်အပေါ်တွင် ပုံအောလိုက်ကြတော့သည်။
လူတိုင်းက ၎င်းတို့နှစ်ဦးကြားမှ တိုက်ပွဲပြင်းထန်မှုကို စိတ်လှုပ်ရှားစွာ စောင့်စားနေကြသည်။
"လာစမ်း...ချင်ဟိုင် မြင့်မြတ်နယ်မြေရဲ့ သူတော်စင်သားတောိ ၊ မင်းရဲ့ အစွမ်းက တကယ် ဘယ်လောက်ရှိလဲဆိုတာ ငါ ကြည့်ပါရစေ"
"တခြားသူတွေက မင်းကို ငါက အနိုင်ကျင့်တယ်လို့ မပြောရအောင် ငါ့ရဲ့ ကျင့်ကြံမှုနယ်ပယ်ကို ကမ္မနယ်ပယ် အဆင့်၄အထိ ဖိနှိပ်ထားပေးမယ်"
"တူညီတဲ့ နယ်မြေအဆင့်မှာတောင် မင်းက အမှိုက်တစ်စပဲဆိုတာ ငါ သက်သေပြရတာပေါ့"
ရှောင်ချန်က ကွင်းပြင် ပေါ်တွင် ရပ်နေပြီး လင်းရှောင်ယွီကို ကြည့်ကာ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
သူ၏ အသံက တိုးတိုးလေးဆိုသော်လည်း အလွန်အမင်း နှိမ့်ချစော်ကားသည့် ခံစားချက်များ ပါဝင်နေသည်။
လင်းရှောင်ယွီက အမှိုက်တစ်ယောက်နှင့် တူလှသဖြင့် သူ့ကို ကိုင်တွယ်ရန် သူ၏ အစစ်အမှန် ခွန်အားကို အပြည့်အဝ ထုတ်သုံးရန်ပင် မလိုအပ်ဟု ဆိုလိုခြင်း ဖြစ်သည်။
သို့သော်လည်း သူ့တွင် ထိုသို့ မောက်မာရန် စွမ်း အမှန်တကယ် ရှိပေသည်။
အလယ်ပိုင်းဒေသမှ ပါရမီရှင်တစ်ဦးအနေဖြင့် သူ၏ လက်သီးစွမ်းရည်က အလွန်ကောင်းမွန်လှပြီး ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်သည်ဟု ပြောနိုင်သည်။
"မင်း သေချင်နေတာပဲ"
လင်းရှောင်ယွီ ချက်ချင်းပင် ဒေါသအိုးပေါက်ကွဲသွားခဲ့သည်။
ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးအနေဖြင့် မည်သည့်အချိန်က မည်သူက သူ့ကို ဤမျှအထိ အထင်သေးရဲဖူးမှာလဲ။
၎င်းက သူ့ကို စော်ကားရုံသာမက သူ၏ ချင်ဟိုင် မြင့်မြတ်နယ်မြေကိုပါ စော်ကားလိုက်ခြင်း ဖြစ်သည်။ သူ လုံးဝ သည်းမခံနိုင်တော့ပေ။
"မင်း ငါ့လက်ထဲမှာ ရှုံးနိမ့်သွားတဲ့အခါကျရင်လည်း အခုလို မောက်မာနိုင်သေးဖို့ မျှော်လင့်ပါတယ်"
စကားအဆုံးတွင် လင်းရှောင်ယွီသည် သူရဲ့ လက်ထဲမှ ဓားရှည်ကို မြှောက်ကာ ရှောင်ချန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
သူက မိုးကြိုးမုန်တိုင်းကဲ့သို့ ပြင်းထန်သော စွမ်းအားဖြင့် ဤမောက်မာလှသောကောင်ကို ဓားတစ်ချက်တည်းဖြင့် ပြိုင် ကွင်းထက်တွင် ခုတ်ဖြတ်ပစ်ချင်နေသည်။
ထိုသို့လုပ်မှသာ သူခံလိုက်ရသော အရှက်ကို ဆေးကြောနိုင်မည် ဖြစ်သည်။
ယခုအချိန်တွင် သူ၏ လက်ထဲမှ ဓားရှည်သည် မီးတောင်ပေါက်ကွဲဘိသကဲ့သို့ သူ၏ မူလ ချီများ ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။
သေစေနိုင်လောက်သော ပြင်းထန်သည့် ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
ပြင်းထန်စွာ ဝင်ရောက်လာသော လင်းရှောင်ယွီကို ရင်ဆိုင်ရသော်လည်း ရှောင်ချန်မှာမူ အလွန်တည်ငြိမ်နေသည်။
သူက သူ၏ ကျင့်ကြံမှုကို ကမ္မနယ်ပယ် အဆင့်၄သို့ အေးအေးလူလူ ဖိနှိပ်လိုက်သည်။
ထို့နောက် လက်သီးတစ်ချက် ထိုးနှက်လိုက်တော့သည်။
"ဘုန်း..."
ချက်ချင်းပင် ဓားရှည်နှင့် လက်သီးတို့ ထိမှန်မိကာ ဟိန်းဟောက်သံကြီး မြည်ဟည်းသွားခဲ့သည်။
စူးရှတောက်ပသော အလင်းတန်းတစ်ခု ဖြာထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းများ အရပ်မျက်နှာအားလုံးသို့ ရိုက်ခတ်သွားခဲ့သည်။
ထို့နောက်တွင်မူ... ခရက် ဟူသော အက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။
လင်းရှောင်ယွီရဲ့ လက်ထဲမှ အဆင့်မြင့် မြေကြီးအဆင့် ဓားရှည်က ရှောင်ချန်၏ လက်သီးချက်အောက်တွင် တစ်ဆစ်ချင်းစီ ကြေမွသွားကာ မြေပြင်ပေါ်သို့ ဆင်းသက်သွားခဲ့ရသည်။
ထို့အပြင် ထိုလက်သီးချက်၏ စွမ်းအားက ရပ်တန့်မသွားဘဲ လင်းရှောင်ယွီထံသို့ ဆက်လက်၍ ဦးတည်နေဆဲ ဖြစ်သည်။
လက်သီးချက်က လင်းရှောင်ယွီကို ထိမှန်တော့မည့် အခြေအနေကို မြင်လိုက်ရချိန်တွင်... လင်းရှောင်ယွီ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရုတ်တရက် အလင်းစက်ဝန်းတစ်ခု ပေါ်လာပြီး သူ့ကို အလုံပိတ်ကာ ကာကွယ်လိုက်သည်။
လက်သီးချက်က ထိုအလင်းစက်ဝန်းကို ထိမှန်သွားသော်လည်း ရေလှိုင်းအနည်းငယ်မျှသာ ဖြစ်ပေါ်စေခဲ့ပြီး စွမ်းအားများ ကုန်ခမ်းပျောက်ကွယ်သွားခဲ့သည်။
"ဒါ... ပြိုင်ပွဲမှာ ခုခံမှု မှော်ရတနာတွေကို သုံးလို့ရတာလား။ ဒါ စည်းမျဉ်းဖောက်ဖျက်တာ မဟုတ်ဘူးလား"
"ပြိုင်ပွဲမှာ ခုခံမှုမှော်ရတနာ သုံးတာက အနည်းငယ် ရှက်ဖို့ကောင်းပေမယ့် စောစောက ကန္တာရမြင့်မြတ်နယ်မြေ အကြီးအကဲပြောသွားတာ မကြားလိုက်ဘူးလား။ ဒီတိုက်ပွဲမှာ ဘယ်နည်းလမ်းကိုမဆို သုံးခွင့်ရှိတယ်လို့ ပြောထားတာလေ၊ ဒါကြောင့် သူ စည်းမျဉ်းမဖောက်ဖျက်ပါဘူး"
"ဒါပေမယ့် လင်းရှောင်ယွီကတော့ နည်းနည်း သိက္ခာမရှိသလိုပဲ"
ဤမြင်ကွင်းကို မြင်သောအခါ ပြိုင်ကွင်း အောက်ရှိ သိုင်းပညာရှင်များမှာ ချက်ချင်းပင် ဝေဖန်သံများ ဆူညံသွားကြတော့သည်။
ပြိုင် ကွင်းပေါ်ရှိ လင်းရှောင်ယွီသည်လည်း ဤပြောဆိုချက်များကို ကြားလိုက်ရသဖြင့် သူ၏ မျက်နှာမှာ ဖြူဖျော့သွားပြီးနောက် ချက်ချင်း နီမြန်းကာ အမူအရာမျိုးစုံ ပြောင်းလဲသွားခဲ့သည်။
အမှန်တကယ်တွင်မူ အကယ်၍ ဤခုခံမှုမှော်ရတနာ၏ အကာအကွယ်သာ မရှိပါက သူက စောစောက ရှောင်ချန်၏ လက်သီးချက်အောက်တွင် ချက်ချင်း အသတ်ခံလိုက်ရလောက်ပြီ ဖြစ်သည်။
၎င်းက ပို၍ပင် အရှက်ရစရာ ကောင်းပေလိမ့်မည်။ ယခုအချိန်တွင်မူ သူ ရှောင်ချန်ကို အနိုင်ယူနိုင်သရွေ့ ခူခံမှုမှော်ရတနာ သုံးစွဲခဲ့သည့် ကိစ္စကို လူတိုင်းက မေ့ပျောက်သွားကြမည်သာ ဖြစ်သည်
ဤသို့ တွေးမိရင်း လင်းရှောင်ယွီက ရုတ်တရက် ရက်စက်ကြမ်းကြုတ်လာခဲ့သည်။
သူ၏ သိုလှောင်လက်စွပ်ထဲမှ ဓားရှည်အစင်းပေါင်း ဒါဇင်များစွာကို ထုတ်ယူလိုက်ရာ ၎င်းတို့မှာ အဆင့်မြင့် ဆန်းကြယ်အဆင့် ဓားများ ဖြစ်ကြသည်။
"သေစမ်း..."
လင်းရှောင်ယွီက အော်ဟစ် လိုက်ပြီး ဓားပျံဒါဇင်ပေါင်းများစွာဖြင့် ရှောင်ချန်ကို တိုက်ခိုက်လိုက်တော့သည်။
ရှောင်ချန်၏ အနီးသို့ ရောက်ရှိလာချိန်တွင် ထို ဓားပျံများက စတင်၍ ပေါက်ကွဲလာခဲ့ကြသည်။
သူက ဓားများ၏ ပေါက်ကွဲမှုစွမ်းအားကို သုံး၍ ရှောင်ချန်၏ အာရုံကို လွှဲပြောင်းကာ တစ်ချက်တည်းဖြင့် အပြတ်ရှင်းပစ်ရန် ကြံစည်ခြင်း ဖြစ်သည်။
သို့သော်လည်း သူ၏ အကြံအစည်မှာ ကောင်းမွန်လှသော်လည်း ရှောင်ချန်၏ အစစ်အမှန် စွမ်းအားကို အလွန်အမင်း လျှော့တွက်ခဲ့မိသည်။
ရှောင်ချန်က လှောင်ပြောင်ရယ်မောကာ "ကလေးကလား လှည့်ကွက်တွေနဲ့... ပညာရှင်တစ်ယောက်ရဲ့ ရှေ့မှာ လာပြီး လှည့်စားချင်နေတာလား" ဟု ဆိုလိုက်သည်။
စကားအဆုံးတွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ စစ်မှန်သော မူလချီ များ ပေါက်ကွဲထွက်ပေါ်လာပြီး လက်နှစ်ဖက်လုံးဖြင့် လက်သီးချက်ပေါင်းများစွာကို ချက်ချင်း လွှဲယမ်းထိုးနှက်လိုက်တော့သည်။
သူ၏ လက်သီးချက်များအောက်တွင် ဟင်းလင်းပြင်ပတ်ဝန်းကျင်ပင်လျှင် အက်ကွဲကြောင်းများ ထွက်ပေါ်လာခဲ့ရသည်။
လင်းရှောင်ယွီ၏ ဓားပျံများမှာ တိုက်ရိုက် ကြေမွပျက်စီးသွားခဲ့ရတော့သည်။
ထို့နောက် ချက်ချင်းပင် ရှောင်ချန်သည် လျှပ်စီးကဲ့သို့ လှုပ်ရှားကာ လင်းရှောင်ယွီ၏ ရှေ့တည့်တည့်တွင် ပေါ်လာခဲ့သည်။
"ခုခံမှု မှော်ရတနာ ဟုတ်လား..."
"မင်းရဲ့ အကာအကွယ်က ငါ့လက်သီး ဘယ်နှစ်ချက်ကို ခံနိုင်မလဲ ကြည့်ရအောင်"
စကားအဆုံးတွင် သူသည် လက်သီးများကို ဆက်တိုက် ထိုးနှက်လိုက်ရာ လက်သီးရိပ်များစွာ ထပ်ဆင့်ထွက်ပေါ်လာသည်။
သူ၏ လက်သီးများသည် အလင်းစက်ဝန်းပေါ်သို့ အဆက်မပြတ် ဗုံးကြဲသကဲ့သို့ ကျရောက်သွားခဲ့ရာ တဖြည်းဖြည်းနှင့် ထိုအလင်းစက်ဝန်းပေါ်တွင် အက်ကွဲကြောင်းများ စတင်ထင်ဟပ်လာခဲ့သည်။
လင်းရှောင်ယွီက ဤမြင်ကွင်းကို မြင်သောအခါ မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။
အလင်းစက်ဝန်း အကာအကွယ် ကွဲအက်သွားသည်နှင့် သူ သေချာပေါက် ရှုံးနိမ့်တော့မည်ကို သိသော်လည်း ယခုအချိန်တွင် ရှောင်ချန်ကို တုံ့ပြန်ရန် မည်သည့်နည်းလမ်းမျှ မရှိတော့ချေ။
"ခရက်..."
ခဏချင်းမှာပင် အလင်းစက်ဝန်းကြီးက လုံးဝ ကွဲအက်ပျက်စီးသွားခဲ့ပြီး ရှောင်ချန်၏ လက်သီးချက်က လင်းရှောင်ယွီ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် သက်ရောက်သွားကာ သူ့ကို နောက်သို့ လွင့်စင်သွားစေခဲ့သည်။
သူက သွေးတစ်အုပ်ကို အန်ထုတ်လိုက်ရပြီး ပြိုင် ကွင်း၏ အကာအကွယ် အစီအရင်စနစ်ကို သွားရောက်ရိုက်ခတ်မိမှသာ ရပ်တန့်သွားခဲ့တော့သည်။
ဤမြင်ကွင်းက ယခင် ကုချင်းကျီ၏ သနားစရာကောင်းသော အခြေအနေနှင့် မည်မျှတောင် တူညီလိုက်ပါသနည်း။
ယခုအချိန်တွင် လင်းရှောင်ယွီက ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း အတိုင်းအတာတစ်ခုအထိ အက်ကွဲဒဏ်ရာများ ရရှိသွားခဲ့ရသည်။
"ငါ... အရှုံးပေးပါတယ်..."
သူက ခက်ခဲစွာ ပြောဆိုလိုက်ပြီးနောက် ဤစကားအဆုံးတွင် လုံးဝ သတိလစ်မေ့မြောသွားခဲ့တော့သည်။
ပြိုင်ကွင်း အောက်ရှိ ချင်ဟိုင် မြင့်မြတ်နယ်မြေမှ အကြီးအကဲက လင်းရှောင်ယွီကို ကုသရန်အတွက် အလျင်အမြန်ပင် လာရောက်ပွေ့ချီ၍ ခေါ်ဆောင်သွားခဲ့ရသည်။
"ချင်ဟိုင် မြင့်မြတ်နယ်မြေရဲ့ သူတော်စင်သားတော် ဆိုတာလည်း ဒီလောက်ပါပဲ" ရှောင်ချန်က လှောင်ပြောင်လိုက်ပြီး သူ၏ စကားလုံးများတွင် အထင်သေးမှုများ ပြည့်နှက်နေသည်။
ထို့နောက် သူက ပြိုင် ကွင်းတွင် ကျန်ရှိနေသောသူများကို ဝေ့ဝိုက်ရှာဖွေလိုက်သည်။
ရုတ်တရက် သူ၏ အကြည့်က ရပ်တန့်သွားခဲ့ပြီး မျက်ဝန်းများထဲမှ စူးရှသော နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာခဲ့တော့သည်။
"ရှုချွမ်း... မင်းက ငါတို့ဂိုဏ်းချုပ်ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ပြီး ဂိုဏ်းချုပ်ရဲ့ သားအရင်းကိုလည်း သတ်ပစ်ခဲ့တယ်။ ဒီနေ့ ငါ သူတို့အတွက် ကလဲ့စားချေဖို့ မင်းကို ဒီနေရာမှာတင် သတ်ပစ်မယ်။ မင်း ပြိုင် ကွင်းပေါ်တက်ပြီး တိုက်ရဲလား" ရှောင်ချန်က မောက်မာစွာ ကြုံးဝါးလိုက်သည်။
သူက အခြားသူများ တက်လာမည့်အချိန်ကို မစောင့်တော့ဘဲ ရှုချွမ်းကို တိုက်ရိုက် ဗြောင်ကျကျ စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။
သူက ရှုချွမ်းကို သတ်ပစ်ရန်အတွက် အလွန်အမင်း စိတ်မရှည်ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ဤစကားများ ထွက်ပေါ်လာသည်နှင့် မရေမတွက်နိုင်သော လူများ၏ အာရုံစိုက်မှုက ရှုချွမ်းထံသို့ ချက်ချင်း ရောက်ရှိသွားခဲ့ကြသည်။
သူကတော့ ထိပ်ဆုံးအယောက် ၂၀ ထဲတွင် တစ်ဦးတည်းသော နိဗ္ဗာနနယ်ပယ်အဆင့်ရှိသူဖြစ်ပြီး နိဗ္ဗာနနယ်ပယ် အဆင့်၂ တွင် ရှိနေသည့် ထိုက်ယိမြင့်မြတ်နယ်မြေ၏ ကြေညာထားသော သူတော်စင်သားတော် ရှုချွမ်း ပင် ဖြစ်သည်။
"မင်းက သေတွင်းရှာနေမှတော့... ငါ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့"
ရှုချွမ်း၏ မျက်နှာတွင် မည်သည့် ကြောက်ရွံ့မှု အရိပ်အယောင်မျှ မရှိဘဲ တည်ငြိမ်အေးစက်မှုများသာ ပြည့်နှက်နေသည်။
ပြိုင်ဘက်က သူ့ကို အထပ်ထပ်အခါခါ လာရောက်ရန်စနေခဲ့ရာ မည်သူမျှ သည်းခံနိုင်တော့မည် မဟုတ်ပေ။
ရှောင်ချန်က ဤမျှအထိ သေချင်ဇောစောနေမှတော့ ရှုချွမ်းအနေဖြင့် သူ၏ ဆန္ဒကို ဖြည့်ဆည်းပေးရန်သာ ရှိတော့သည်။
ရှုချွမ်းက ပြိုင် ကွင်းပေါ်သို့ ပျံသန်းတက်လှမ်းလိုက်ပြီး ရှောင်ချန်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ဤပထမအချီ ထိပ်တိုက်တွေ့ဆုံမှုသည် ၎င်းတို့နှစ်ဦး၏ အကြည့်ချင်း ပြိုင်ဆိုင်မှုဖြင့် စတင်ခဲ့သည်။
တိုက်ခတ်တော့မည့် ကြက်ဖနှစ်ကောင်ကဲ့သို့ အပြန်အလှန် စိုက်ကြည့်နေကြပြီး အဆုံးတွင် အနည်းငယ် အားနည်းသွားသော ရှောင်ချန်က မျက်တောင်ကို အရင်ဆုံး ခတ်လိုက်ရသည်။
"ဟမ့်... ဒီနေ့တော့ မင်းကို ငါ သေချာပေါက် သတ်ပစ်မယ်" ရှောင်ချန်၏ မျက်ဝန်းများတွင် သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာပြီး စိတ်ထဲတွင်လည်း ရှုချွမ်းကို သတ်ရန် တွက်ချက်လိုက်သည်။
"ထိုက်ယိမြင့်မြတ်နယ်မြေရဲ့ သူတော်စင်သားတော် ဆိုတာ ဘာလဲ၊ ဘာကောင်လဲဆိုတာ လူတိုင်းကို ငါပြမယ်။ အားလုံးက နာမည်ကြီးရုံ သက်သက်ပဲဆိုတာ သိစေရမယ်"
"မင်းမှာ အရည်အချင်းရှိရင် ပြိုင် ကွင်းပေါ်မှာ ငါ့ကို သတ်ပြလိုက်လေ။ အခုလို အဝေးကနေ ကြုံးဝါးနေလို့ ဘာထူးမှာလဲ" ရှုချွမ်းက ပေါ့ပါးစွာ ပြုံးရင်း တုံ့ပြန်လိုက်သည်။
"ဒီနေ့ကတော့ မင်းရဲ့ သေနေ့ပဲ ဖြစ်ရမယ်"
"တိုက်စမ်း..."
ရှောင်ချန်က စကားများ အများကြီး ပြောဆိုကာ အချိန်မဖြုန်းလိုတော့ဘဲ သူ၏ လက်သီးများကို လွှဲယမ်း၍ စတင်တိုက်ခိုက်လိုက်တော့သည်။
သူက ရှုချွမ်းကို မိုးကြိုးမုန်တိုင်းကဲ့သို့ လျင်မြန်ပြင်းထန်သော စွမ်းအားဖြင့် အပြတ်အသတ် သတ်ပစ်ချင်နေသည်။
သူ့တွင် ထိုကဲ့သို့သော ယုံကြည်ချက် အပြည့်အဝ