← Chapters

အခန်း ၁၈၇၆

Vol. 126 Ch. 1876

အခန်း ၁၈၇၆

Vol. 126 Ch. 1876

အခန်း (၁၈၇၆)

ယဲ့ချူယောင် ကိုယ်ဝန်ရခြင်း

သင်းပျံ့သော ရနံ့တစ်ခု လေထုထဲတွင် လွင့်ပျံနေ၏။ ၎င်းသည် အမွှေးတိုင်ထွန်းထားသကဲ့သို့ ပြင်းထန်ခြင်းမရှိပဲ သဘာဝပန်းရနံ့နှင့် ပို၍တူသည်။

၎င်းကို ရှူရှိုက်လိုက်လျှင် အလွန် သက်တောင့်သက်သာဖြစ်စေပြီး ၎င်း၏ဆွဲဆောင်မှုကို မခုခံနိုင်လောက်အောင် ဖြစ်ရသည်။

လုချန်းသည် ယဲ့ချူယောင်၏ သွယ်လျသောခါးကို ဖက်ထားပြီး သူ၏ခေါင်းကို သူမ၏ထူထဲသော ဆံနွယ်များကြားထဲ မြှုပ်နှံကာ ထိုရနံ့ကို လောဘတကြီး ရှူရှိုက်နေသည်။

ထိုအခိုက်အတန့်တွင် ယဲ့ချူယောင်က သူမ၏ခေါင်းကို အနည်းငယ်လှည့်ကာ စိတ်ပျက်သောအမူအရာဖြင့် လုချန်းကို ကြည့်လိုက်သည်။ သူမသည် လုချန်းနှင့် အရာအားလုံးကို ဖွင့်ဟခဲ့ကတည်းက နောက်ဆုံးအကြိမ် တစ်ကိုယ်တည်း ကောင်းကောင်းကျင့်ကြံခဲ့တာ အချိန်ဘယ် လောက်ကြာသွားခဲ့ပြီမှန်းပင် မသိတော့ပေ။

ယဲ့ချူယောင်သည် မသိနားမလည်သူ တစ်ယောက် မဟုတ်ပေ။ လုချန်းက ဘာကြောင့် ဒီလောက်အလုပ်ကြိုးစားနေရသည်ကို သူမ အလွန်ကောင်းကောင်းသိသည်။ သူက သူမကို သူ၏မျိုးဆက်များ မွေးဖွားပေးစေချင်နေခြင်း ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ယဲ့ချူယောင်စိတ်ထဲ အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။ ထိုစဉ်က ဝူကျန်းဝမ်သည် လုချန်းနှင့် ကစဉ့်ကလျား ပင်လယ်ထဲ လိုက်သွားရန် ရွေးချယ်ခဲ့ပြီး ဧကရာဇ် ရာထူးကို စွန့်လွှတ်ခဲ့သဖြင့် ဝူကျန်းဝမ် ရူးနေပြီဟု တွေးကာ စိတ်ထဲတွင် မကြာခဏ အပြစ်တင်ခဲ့ဖူးသည်။

ယခုတော့ သူမသည်လည်း တူညီသောအခြေအနေထဲ ရောက်နေပြီး နေ့တိုင်း ကျင့်ကြံခြင်းကို လျစ်လျူရှုကာ လုချန်းနှင့်အတူ မရေမရာသော အပြုအမူများကိုသာ ပြုလုပ်နေမိသည်။

သူမသည် ယခုအချိန်တွင် မယဉ်ကျေးသော တိရစ္ဆာန်များနှင့် ဘာမှမထူးခြားတော့သကဲ့သို့ ခံစားရသည်။

ဒါတွေအားလုံးက ဒီလူကြောင့် ဖြစ်သည်။

သူမသည် သူ၏ထောင်ချောက်ထဲ သက်ဆင်းသွားခဲ့ပြီး ထိုသို့ ဖြစ်သွားခဲ့ရသည်။

ယဲ့ချူယောင်က သူ့ကို စိုက်ကြည့်နေသည်ကို မြင်လျှင် လုချန်းက သူမ၏မျက်နှာပေါ်ရှိ ဆံနွယ်များကို ညင်သာစွာ ဖယ်ရှားပေးလိုက်ပြီး သူမ၏ ပြည့်စုံသော အလှတရားကို ဖော်ထုတ်ကာ ပြုံးလျက်

“အစ်မက ကျုပ်ကို ဘာလို့ အဲဒီလို ကြည့်နေတာလဲ။ ကျေနပ်မှု မရသေးလို့လား။”

ထိုသို့ပြောပြီးနောက် လုချန်းက သူ၏ လှုပ်ရှားမှုများကို ဆက်လက် ပြုလုပ်လိုက်သည်။

ယဲ့ချူယောင်၏ ပါးပြင်များ အနည်းငယ် နီမြန်းသွားပြီး အေးစက်သောအမူအရာကို ထိန်းသိမ်းရန် ကြိုးစားရင်း အေးစက်သောလေသံဖြင့်

“ရှင်... ကျွန်မကို ဘာမှတ်နေလဲ... အင်း...”

လုချန်းက

“ခင်ဗျားက ကျုပ်ရဲ့ မိန်းမပဲလေ”

ယဲ့ချူယောင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ သူမသည် ဤလူယုတ်မာ၏ ရှေ့တွင် သူမ၏ အေးစက်တည်ငြိမ်မှုကို မထိန်းသိမ်းနိုင်တော့ကြောင်း သဘောပေါက်လိုက်သည်။

သူမ၏ ခန္ဓာကိုယ်က သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေ၏။ သူမ ဘယ်လိုလုပ်ပြီး အေးစက်တည်ငြိမ်နိုင်ပါမည်နည်း။

သူမ အေးစက်ရန် ကြိုးစားလိုက်တိုင်း သူက လှုပ်ရှားမှုတွေ ပိုလုပ်လာတတ်သည်။

ထိုအခိုက်အတန့်တွင် လုချန်းက ယဲ့ချူယောင်၏ နားနားသို့ တိုးကပ်ကာ

“ယောင်ယောင်... ခင်ဗျားဆီက တော်တော်မွှေးတာပဲ”

ဟု တိုးတိုးလေး ပြောလိုက်သည်။

လုချန်း၏ နက်ရှိုင်းသော လေသံကို ကြားလျှင် ယဲ့ချူယောင်၏ ခန္ဓာကိုယ်ထဲ လျှပ်စစ်စီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအရာက လုချန်းကိုလည်း သက်ရောက်မှုရှိသွားပြီး နောက်တစ်စက္ကန့်တွင် သူတို့နှစ်ယောက်စလုံး တိတ်ဆိတ်သွားကြသည်။

ခဏခန့် ကြာပြီးနောက် လုချန်း စကားပြောရန် ပြင်နေစဉ်မှာပင် စနစ်၏ အချက်ပေးသံ သူ၏ နားထဲ ရုတ်တရက် မြည်လာခဲ့သည်။

[ဇနီးသည်အား ကိုယ်ဝန်ရရှိအောင် ကူညီပေးခဲ့သည့်အတွက် သခင်အား ဂုဏ်ပြုပါသည်။

ဆုလာဘ် : ကောင်းကင်လမ်းစဉ် အမိန့်]

ထိုရုတ်တရက်ထွက်ပေါ်လာသော စနစ်သတိပေးသံကို ကြားလျှင် လုချန်း ခဏခန့် ကြောင်အသွားခဲ့သည်။ ထိုသို့သော အခြေအနေမျိုးတွင် ရုတ်တရက် အောင်မြင်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

အတိတ်တုန်းက သူသည် ယဲ့ချူယောင်ကို ကလေး ရရှိစေရန် နည်းလမ်းမျိုးစုံနှင့် လှည့်ကွက်မျိုးစုံ သုံးခဲ့သော်လည်း ဘာမှ အလုပ်မဖြစ်ခဲ့ပေ။

အတွေးထဲတွင် နစ်မြောနေစဉ် ယဲ့ချူယောင်၏ ခန္ဓာကိုယ်က ပျော့ခွေသွားပြီး ကုတင်ပေါ်တွင် မှီလျက်ရှိနေသည်ကို လုချန်း ရုတ်တရက် သတိပြုမိလိုက်သည်။ သူက သူမ၏ခါးကို ဖက်ထားဆဲဖြစ်သဖြင့် သူမနှင့်အတူ လိုက်၍ လှဲချလိုက်သည်။

ထိုအချိန်တွင် ယဲ့ချူယောင်က

“ဟူး... ရှင်က လက်မလျှော့သေးဘူးပဲ။ ကိုယ်ဝန်ရဖို့က အဲဒီလောက် မလွယ်ကူဘူး။”

ယဲ့ချူယောင်၏ စကားကို ကြားလျှင် လုချန်းကျယ်လောင်စွာ ရယ်မောလိုက်၏။

သူမက ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့်

“ရှင် ဘာလို့ ရယ်နေတာလဲ”

လုချန်းက သူမ၏ နားနား တိုးတိုးလေး ကပ်ပြောလိုက်သည်။

“တကယ်ပဲ မလွယ်ကူပါဘူး။ ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ ရလဒ်က ကောင်းပါတယ်။”

၎င်းကို ကြားလျှင် ယဲ့ချူယောင်က စိတ်ရှုပ်ထွေးသွားသည်။

‘ရလဒ်က ကောင်းတယ်’ ဆိုတာ ဘာကို ဆိုလိုတာလဲ။

သူမက ဆက်ပြီး မေးလိုက်သည်

“ရှင် ဘာကို ဆိုလိုတာလဲ”

လုချန်းက

“ခင်ဗျား အမေတစ်ယောက် ဖြစ်တော့မယ်လို့ ဆိုလိုတာပဲ။”

လုချန်း၏ စကားကို ကြားလျှင် ယဲ့ချူယောင်၏ နှလုံးခုန်သံ စည်းချက်လွဲသွားခဲ့သည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်ကို စစ်ဆေးရန် သူမ၏ နတ်စွမ်းအားကို အမြန်လှုပ်ရှားစေခဲ့ပြီး မကြာမီမှာပင် သူမ၏ ခန္ဓာကိုယ်ထဲတွင် ပတ်ပတ်လည် ဝန်းရံထားသော သက်စောင့်စွမ်းအား လုံးတစ်လုံးကို ရှာဖွေတွေ့ရှိခဲ့သည်။

ယဲ့ချူယောင်က ဆွံ့အသွားခဲ့သည်။

ဒါက တကယ်ပဲ ဖြစ်ပျက်သွားတာလား။

ဘာလို့ ဒီလောက်တောင် မြန်ဆန်နေရတာလဲ။

လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် သူမ သူမ၏ ခန္ဓာကိုယ်ကို စစ်ဆေးခဲ့ပြီး အရာအားလုံးက ပုံမှန်ဖြစ်ခဲ့သည်။

စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိပြီးနောက် ယဲ့ချူယောင်က အေးစက်စွာဖြင့်

“အခု ရှင် ကျေနပ်ပြီလား”

လုချန်းက ဘာမှ မပြောခဲ့ပေ။ သူ၏ ကိုယ်ကိုလှည့်ကာ ယဲ့ချူယောင်ကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး သူမကို သူ၏ ရင်ဘတ်ပေါ်တွင် လှဲလျောင်းစေလိုက်သည်။

သို့သော်လည်း ယဲ့ချူယောင်က မလိုက်လျောပဲ ထထိုင်ကာ လုချန်း၏အပေါ်မှ ငုံ့ကြည့်လိုက်သည်။

ယဲ့ချူယောင် သူ့ကို ကြည့်နေသော ပုံစံကို မြင်လျှင် လုချန်းက ပြုံးကာ

“နတ်အမြောက်အမြားက ကလေးတွေကို တောင့်တကြပေမဲ့ မရနိုင်ကြဘူး။ ခင်ဗျားက ဘာလို့ မပျော်ရတာလဲ”

ထိုအရာကို ကြားလျှင် ယဲ့ချူယောင်လည်း စိတ်ခံစားမှုမျိုးစုံ ရောပြွမ်းသွား၏။ သူမ ပျော်ရမလား သို့မဟုတ် အခြားတစ်ခုခုကို ခံစားရမလား မသေချာဖြစ်နေသည်။

အမှန်စင်စစ်တော့ လုချန်းပြောတာ မမှားပေ။ နတ်အမြောက်အမြားသည် နှစ်ပေါင်းသန်းချီအောင် ကလေးရရန် မျှော်လင့်ခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြပေ။

သို့သော်လည်း သူမနှင့် လုချန်းသည် နှစ်တစ်ရာပင် အတူတူမရှိခဲ့သေးပဲ သူမတွင် ကိုယ်ဝန်ရှိလာခဲ့သည်။

သို့သော် လုချန်း ဝူကျန်းဝမ်၏ လူဖြစ် နေသည်ကို တွေးမိလျှင် ယဲ့ချူယောင်စိတ်ထဲ အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် လုချန်းထံ သူမကိုယ်သူမ ပေးအပ်ခဲ့ပြီးနောက် ယခု သူ၏ကလေးကိုပါ လွယ်ထားရသဖြင့် ဘယ်နည်းနှင့်မှ ဝူကျန်းဝမ်ကို ဝေဖန်နိုင်သည့် အနေအထားတွင် မရှိတော့ပေ။

ယဲ့ချူယောင်လည်း ထိုလမ်းကြောင်းအတိုင်း ဆက်တွေးနေခြင်းကို အလျင်အမြန် တားဆီးလိုက်သည်။ သူမ လုချန်း၏ ကလေး ရရှိခြင်းအကြောင်းကို ဆက်တွေးမိပါက အချို့သော မကျေနပ်မှုများကို ဧကန်မုချ ခံစားရလိမ့်မည်။

သူမ၏ အမြင်ကို ပြောင်းလဲရန် လိုအပ်၏။ ဤကလေးသည် သူမအတွက် ဖြစ်သည်ဟု သူမကိုယ်သူမ ပြောလိုက်ခြင်းက သူမကို ပို၍ သက်တောင့်သက်သာ ဖြစ်စေသည်။

ယဲ့ချူယောင်က တိတ်ဆိတ်နေသည်ကို မြင်လျှင် လုချန်းက

“အခုကစပြီး ခင်ဗျားက ကလေးကို ကောင်းကောင်း ဂရုစိုက်ဖို့ပဲ အာရုံစိုက်သင့်တယ်...”

လုချန်း၏ စကားကို ကြားလျှင် ယဲ့ချူယောင် ချက်ချင်းပင် လက်တွေ့ဘဝသို့ ပြန်လည်ရောက်သွားပြီးနောက် အေးစက်စွာ မေးလိုက်သည်။

“ရှင် ဘာကို ဆိုလိုတာလဲ။ ကျွန်မဆီမှာ ကိုယ်ဝန်ရှိလာတော့ ရှင်က ထွက်သွားဖို့ ပြင်နေတာလား။”

ယဲ့ချူယောင်သည် အနည်းငယ် ထိခိုက်လွယ်နေ၏။ လုချန်းက သူမအား ကလေးကို ဂရုစိုက်ရန် ပြောသည်ကို ကြားလျှင် သူ ထွက်သွားတော့မည်ဖြစ်ပြီး သူမကို ကိုယ့်ဘာသာကိုယ် ဂရုစိုက်ရန် ချန်ထားခဲ့မည်ဟု ထင်မှတ်လိုက်ခြင်းဖြစ်သည်။

ထိုစကားက လုချန်းသည် သူမအပေါ် ကြင်နာမှုမရှိပဲ သူမကို ဤအခြေအနေသို့ ရောက်အောင် လုပ်ပြီးနောက် ပျောက်ကွယ်သွားရန် စဉ်းစားနေသည်ဟု ခံစားရစေသည်။

လုချန်းလည်း ယဲ့ချူယောင်၏ စိုးရိမ်ပူပန်မှုကို ချက်ချင်း ခံစားမိလိုက်ပြီး နောက်တစ်ကြိမ် ထပ်မံ ရယ်မောလိုက်ပြန်သည်။

ယဲ့ချူယောင်က အေးစက်စွာဖြင့်

“ရှင့်ကို သတိပေးလိုက်မယ်။ ရှင် တာဝန်ယူရမယ်။ ထွက်သွားဖို့ မစဉ်းစားနဲ့။”

လုချန်းက ချက်ချင်းပင် သူ၏လက်ကို မြှောက်ကာ ယဲ့ချူယောင်၏ နုနယ်သောလက်ကို ဆုပ်ကိုင်ရင်း သူမကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းကာ

“အစ်မ ဘာတွေ ပြောနေတာလဲ။ ကျုပ်က တာဝန်များကို မယူတတ်တဲ့ ယောက်ျားတစ်ယောက်နဲ့ တူနေလို့လား။”

“နောက်ပြီး ကျုပ်မှာကိုယ်ပွား အမြောက်အမြား ရှိတယ်။ သူတို့ထဲက တစ်ခုက ခင်ဗျားနှင့်အတူ အမြဲတမ်း ရှိနေမှာပါ။”

လုချန်းက ထိုသို့ကို မပြောခဲ့ပါက ပိုကောင်းလိမ့်မည်။ ယခု သူ ပြောလိုက်တော့မှ ယဲ့ချူယောင် ပို၍ပင် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။

လုချန်း သူမနှင့် အတူရှိနေစဉ်တွင် သူ၏ အခြားသော ကိုယ်ပွားများက အခြားအမျိုးသမီးများနှင့် လျှောက်သွားနေနိုင်သည်ဟူသော အတွေးက သူမကို မသက်မသာ ဖြစ်စေသည်။

သို့သော်လည်း သူမတွင် ရွေးချယ်စရာ မရှိပေ။ သူမသည် သူ၏ထောင်ချောက်ထဲသို့ ကျရောက်ခဲ့ရပြီး ယခု သူ၏ကလေးကိုပင် လွယ်ထားရပြီဖြစ်သည်။

ထိုအရာကို တွေးမိရင်း ယဲ့ချူယောင်လည်း သက်ပြင်းခပ်ဖွဖွချကာ ဘာမှ ထပ်မပြောတော့ပဲ သူ၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ လှဲလျောင်းနေရင်း လုချန်း၏ နွေးထွေးမှုနှင့် နှလုံးခုန်သံကို ခံစားနေမိသည်။

ယဲ့ချူယောင် ငြိမ်သက်သွားပြီးနောက် လုချန်းလည်း သူမကို နှစ်သိမ့်ရန် သူမ၏ ကျောပြင်ကို ညင်သာစွာ ပွတ်သပ်ပေးရင်း စနစ်၏ ဆုလာဘ်ကို စစ်ဆေးလိုက်သည်။

ကောင်းကင်လမ်းစဉ် အမိန့်က မည်သည့်အရာမျိုးကို ဆိုလိုသည်ကို သူ သိချင်နေမိသည်။

ထို့နောက် စနစ်ကို ဖွင့်ပြီးနောက် ကောင်းကင်လမ်းစဉ် အမိန့်၏ လုပ်ဆောင်ချက်ကို စစ်ဆေးလိုက်သည်။

[ကောင်းကင်လမ်းစဉ် အမိန့် : အသက်သွင်းလိုက်လျှင် အနီးနားရှိ ကောင်းကင်လမ်းစဉ်ဂိုဏ်း၏ အဖွဲ့ဝင်များကို ဆင့်ခေါ်နိုင်ပါသည်။]

လုချန်း အနည်းငယ် အံ့အားသင့်သွားသည်။ သူ ထျန်းရန် နတ်ဘုရား နယ်မြေ သို့ ပြန်ရောက်ပြီးနောက် စနစ်က သူ့ကို မည်သည့် အင်အားစုကိုမှ ဆုချလိမ့်မည် မဟုတ်ဟု ထင်ထားခဲ့သည်။

စနစ်က ဆုချခဲ့သော ကစဉ့်ကလျား သားရဲ ၏ ဗိုက်ထဲရှိ အင်အားစုများသည် အခြေခံအားဖြင့် သူ၏ အတိတ်ဘဝက စီစဉ်မှုများသာ ဖြစ်သည်။

သို့သော်လည်း ထျန်းရန် နတ်ဘုရား နယ်မြေ တွင်တော့ သူ့၌ ထင်ရှားသော စီစဉ်မှု သို့မဟုတ် အင်အားစု မရှိပေ

လုကျန့်ကျီ ကဲ့သို့သော သူများသာ ရှိသည်။

ထို့ပြင် သူသည် ထျန်းရှ နတ်ဘုရား နိုင်ငံ ရှိ အချို့သော အင်အားစုများနှင့် ဆက်နွှယ်မှုအချို့ ရှိသော်လည်း ၎င်းတို့က သူ့ကို သူတို့၏ သခင်အဖြစ် အသိအမှတ်ပြုကြမည်မဟုတ်သဖြင့် စနစ်က ၎င်းတို့ကို ဆုချလိမ့်မည် မဟုတ်ပေ။

ဤကောင်းကင်လမ်းစဉ်ဂိုဏ်း၏ မူလအစက ဘာလဲ။

သူက ဘာကြောင့် ထိုဂိုဏ်းကို လုံးဝ သိမနေရတာလဲ။

--

…………

All Chapters