← Chapters

အခန်း ၁၈၈၀

Vol. 126 Ch. 1880

အခန်း ၁၈၈၀

Vol. 126 Ch. 1880

အခန်း (၁၈၈၀)

ထူးခြားသော ဧည့်သည်

ယွမ်ယုတိ၏ စကားကို ကြားလျှင် သူမ မည်သည့်အရာကို သံသယဝင်နေမှန်း လုချန်း ခန့်မှန်းမိသွား၏။

လုချန်းက ယွမ်ယုတိကို

“တပည့်ကတော့ လုချန်း အစစ်အမှန်ပါပဲ”

ယွမ်ယုတိက ခပ်အေးအေးပင်

“နတ်ဘုရား နိုင်ငံရဲ့ သာမန်မင်းသားတစ်ပါးက နတ်သခင်တစ်ပါးကို နာခံအောင် လုပ်နိုင်နေတယ်။ ရှင်ပြောတာကို ကျွန်မ ယုံပေးလို့ မရဘူး”

လုချန်းက

“ဒါက ကျုပ်ရဲ့ အတိတ်ဘဝနဲ့ ပတ်သက်နေလို့ ဖြစ်လိမ့်မယ်။”

လုချန်း၏ စကားကို ကြားလျှင် ယွမ်ယုတိ စိတ်သက်သာရာ ရသွား၏။ ဤလုချန်းသည် လုချန်းအစစ်ဖြစ်လိမ့်မည်ဟု ယွမ်ယုတိလည်း တွေးမိသည်။ သူသည် အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ဦး ဝင်စားခြင်း ဖြစ်နိုင်၏။

လုချန်း၏ ကြီးပြင်းလာမှု ဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် သူ၏ ပါရမီမှာ ထျန်းရန် နတ်ဘုရား နယ်မြေ သမိုင်းတစ်လျှောက်တွင် အကောင်းဆုံးဟု သတ်မှတ်နိုင်၏။ ဤအချက်တစ်ခုတည်းနှင့်ပင် သူသည် အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ဦး လူဝင်စားလာခြင်း ဖြစ်နိုင်ခြေ အလွန်များသည်။

ထို့ပြင် ခုနကတင် နတ်သခင်ဝမ်ရှုက လုချန်းကို နတ်ဘုရားဟု ခေါ်ဝေါ်ခဲ့ရာ ၎င်းက သူ၏ အတိတ်ဘဝ သရုပ်မှန်သည် ထင်ထားသည်ထက် ပိုရှုပ်ထွေးကြောင်း ဖော်ပြနေသည်။

ခဏခန့်အတွင်း လုချန်းကို မည်သို့ရင်ဆိုင်ရမည်ကို ယွမ်ယုတိ ရုတ်တရက် မစဉ်းစားနိုင် ဖြစ်သွားသည်။ လုချန်းကို သူမ၏ ကျင့်စဉ်အဆင့် မြှင့်တင်ရန် ကိရိယာတစ်ခုအဖြစ် သုံးရန် သူမ အစောပိုင်းက ကြံရွယ်ခဲ့သော်လည်း ယခုတော့ လုချန်း၏ နောက်ခံမှာ မရိုးရှင်းနိုင်ကြောင်း သိလိုက်ရပေပြီ။

လုချန်းနှင့် အတူရှိနေခြင်းက အတူတူပင် ဖြစ်သော်လည်း သူ၏ နက်နဲသော ဇစ်မြစ်က သူမကို ကွဲပြားခြားနားသော စိတ်ပိုင်းဆိုင်ရာ ခံစားချက်များ ပေးစွမ်းနေသည်။

လုချန်း သူမထက် အားနည်းနေချိန်တွင် ဤလူသည် သူ့ထက် အားနည်းသောကြောင့် အတင်းအကျပ် မလုပ်နိုင်ဟု သူမ တွေးခဲ့၏။ သူမ ကိုယ်တိုင် အစပျိုးမှသာ လုချန်းက ကျင့်စဉ်စတင်နိုင်သဖြင့် သူမ ရှေ့တွင် သူသည် ကျင့်စဉ်အဆင့် မြှင့်တင်ရန် ကိရိယာတစ်ခုနှင့် ကစားစရာ သက်သက်သာ ဖြစ်သည်။

နှစ်ပေါင်းများစွာအတွင်း သူမ၌ ထိုသို့သော စိတ်နေသဘောထားမျိုး စွဲမြဲနေခဲ့သဖြင့် လုချန်းနှင့် မည်သည့်အချိန်တွင် ရင်းနှီးသည်ဖြစ်စေ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး တစ်စုံတစ်ရာ မရှိခဲ့ပေ။

သို့သော် လုချန်း၏ နောက်ခံဇာစ်မြစ်က ထင်ထားသလောက် မရိုးရှင်းတော့ပေ။ သူ၏ နောက်ကွယ်တွင် အစွမ်းထက်သော အင်အားစုတစ်စု ရှိနေ၏။ ထို့ပြင် လုချန်းက သူမထက် အဆင့်မြင့် နေပါက လုချန်း၏ အသုံးချခြင်းကို လုံးဝ ခံလိုက်ရသည်ဟု သူမ ခံစားရပေလိမ့်မည်။

အဆုံးသတ်တွင်တော့ ဤအရာက အဆင့်အတန်း မြင့်မားသူတို့၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသည်။

သူမ၏ ယောက်ျားက သူမထက် အဆင့်မြင့်နေ၍ ရသော်လည်း စွမ်းအားတော့ မမြင့်ရပေ။ အကယ်၍ သူက ပို၍ စွမ်းအားကြီးနေပါက သူမကိုယ်သူမ တစ်ပါးသူ၏ ကစားစရာ ဖြစ်သွားသကဲ့သို့ ခံစားရပေလိမ့်မည်။

စွမ်းအားနည်းသူ မည်သူမဆိုသည် အခြားတစ်ယောက်၏ ကစားစရာ ဖြစ်ပြီး စိတ်တိုင်းကျ ခြယ်လှယ်ခြင်း ခံရရမည်သာ ဖြစ်သည်ဟု ယွမ်ယုတိ ယူဆထား၏။

ယွမ်ယုတိက

“သူက ရှင့်ကို နတ်ဘုရားလို့ ခေါ်တယ်ဆိုတော့ ရှင်က အတိတ်ဘဝတုန်းက နတ်တစ်ပါး မဟုတ်ပဲ မွေးကတည်းက နတ်ဘုရားတစ်ပါး ဖြစ်ခဲ့တာလား။”

လုချန်းက

“ကျုပ် အတိတ်ဘဝရဲ့ မှတ်ဉာဏ်တွေကို ပြန်မရသေးဘူး။ အတိတ်ဘဝက ဘာဖြစ်ခဲ့လဲဆိုတာကိုလည်း ကျုပ် အခုထိ မသိသေးဘူး။”

လုချန်း၏ စကားကို ယွမ်ယုတိ သံသယမဝင်ပေ။ အစွမ်းထက် ပုဂ္ဂိုလ်ကြီးတစ်ဦး လူဝင်စားသည့်အခါ အတိတ်ဘဝ၏ မှတ်ဉာဏ်များကို ပြန်လည်ရရှိရန် တကယ်ပင် အချိန်အတော်ကြာ တတ်ပေသည်။

လုချန်းက သက်ပြင်းတစ်ချက်ချလိုက်ရင်း

“ကျုပ်ရဲ့ စွမ်းအား မလုံလောက်သေးတဲ့အချိန်မှာ အများကြီး သိနေရတာကလည်း ကောင်းတဲ့အရာ မဟုတ်ဘူး။”

လုချန်းက ဆက်ပြီး

“နေဝင်တောင်တန်းထဲက တစ်ခြား လောကသားတွေလိုပေါ့။ အကယ်၍ အဲဒီ ပြင်ပလောကသားတွေက ချိပ်ပိတ်ကို ဖောက်ထွက်လာရင် အဲ့ဒါက ကျုပ်တို့ ရင်ဆိုင်နိုင်တဲ့ အရာမဟုတ်မှာကို စိုးရိမ်ရတယ်။ အဲ့ဒါကို သိရရင်လည်း စိုးရိမ်ပူပန်မှုတွေကိုပဲ တိုးစေမှာ။”

လုချန်း၏ စကားကို ကြားမှ ယွမ်ယုတိ သတိပြန်ဝင်လာပြီး အစောပိုင်းက နတ်သခင် ဝမ်ရှု ပြောခဲ့သည်များကို ပြန်လည် အမှတ်ရမိသွား၏။

သူမ၏ မျက်နှာအမူအရာလည်း လျင်မြန်စွာပင် တည်တံ့အေးစက်သွားပြီး အဝေးရှိ ဆက်တိုက်သွယ်တန်းနေသော တောင်တန်းကြီးဆီသို့ မကြည့်ပဲ မနေနိုင်ဖြစ်သွား၏။

နေဝင်တောင်တန်းကိုအမြဲတမ်း အန္တရာယ်ရှိသည်ဟု ယွမ်ယုတိ ခံစားခဲ့ရ၏။ အဆုံးတွင်တော့ နေဝင်တောင်တန်း ကိုယ်တိုင်က တားမြစ်နယ်မြေ အမြောက်အမြား တည်ရှိရာ အရပ် ဖြစ်သည်။

သို့သော် နေဝင်တောင်တန်းအတွင်း၌ ချိပ်ပိတ်ထားသော အခြား လောကသားများ ရှိနေလိမ့်မည်ဟု သူမ မသိခဲ့ပေ။ ၎င်းတို့ကို ချိပ်ပိတ်ထားသည့် နေရာများမှာလည်း ထိုတောင်တန်း၏ တားမြစ်နယ်မြေများ ဖြစ်နိုင်သည်။

ထိုသို့ဆိုလျှင် တောင်ဘက်မှ ချီတက်လာသော မြောက်ပိုင်းနယ် အင်အားစုများ၏ ဘေးအန္တရာယ် သာမက နေဝင်တောင်တန်း၏ လှုပ်ရှားမှုကိုလည်း စောင့်ကြည့်ရပေဦးမည်။

ခဏခန့်အတွင်း သူ၏ စွမ်းအားကို မြှင့်တင်လိုသော ဆန္ဒများ ယွမ်ယုတိစိတ်ထဲ ပိုမို ပြင်းပြလာသည်။ အကြောင်းအရာများကို ပိုသိလာရလေလေ သူ၏ လက်ရှိစွမ်းအား မလုံလောက်သေးကြောင်း သူမ ပို၍ ခံစားလာရလေလေ ဖြစ်၏။

မကြာမီပင် ယွမ်ယုတိ သတိပြန်ဝင်လာပြီး သူမ၏ အကြည့်များက လုချန်းထံသို့ ချက်ချင်း ကျရောက်သွား၏။ ထို့နောက် သူမ လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ သူတို့နှစ်ဦး၏ ပုံရိပ်များ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

နောက်တစ်ခဏတွင် သူတို့သည် ယွမ်ယုတိ၏ အိပ်ဆောင်သို့ ပြန်လည် ရောက်ရှိသွားကြ၏။

ယွမ်ယုတိစိတ်ထဲ အရာအားလုံးကို ပြတ်ပြတ်သားသား တွေးတောလိုက်ပြီဖြစ်သည်။ လုချန်း မည်သူဖြစ်စေ၊ သူ၏ အတိတ်ဘဝက မည်မျှပင် အစွမ်းထက်သော ပုဂ္ဂိုလ်ကြီး ဖြစ်ခဲ့ပါစေ၊ သူမကို သူ လိုချင်ရသည့် ရည်ရွယ်ချက်က မည်သို့ပင်ရှိနေစေ ယခုအချိန်တွင်တော့ သူက သူမ၏ ကျင့်စဉ်သုံး ကိရိယာ သက်သက်သာ ဖြစ်သည်။

အဆုံးတွင်တော့ စွမ်းအားကို မြှင့်တင်ခြင်းက မည်သည့်အခါမှ မမှားနိုင်ပေ။ လုချန်းက သူ၏ အတိတ်ဘဝ မှတ်ဉာဏ်များနှင့် စွမ်းအားကို ပြန်လည်ရရှိပြီးနောက် သူမကို မည်သို့ ဆက်ဆံမည်၊ မည်သို့ ကစားမည်ဟူသော အချက်က အနာဂတ်၏ အကြောင်းကိစ္စသာ ဖြစ်သည်။

အိပ်ဆောင်သို့ ရောက်ရှိသည်နှင့် လုချန်း၏ အဝတ်အစားများကို နှင်းခဲပွင့်များအဖြစ် ကြေမွပျက်စီးသွားအောင် သူမ၏ နတ်စွမ်းအားဖြင့် ယွမ်ယုတိ လုပ်ဆောင်လိုက်၏။

လုချန်း တုံ့ပြန်ရန် အချိန်မရမီမှာပင် သူ့ကို ချက်ချင်း ကုတင်ပေါ်သို့ တွန်းလှဲကာ အပေါ်မှ ဖိ၍ နမ်းရှိုက်လိုက်သည်။

လုချန်း မှင်တက်သွား၏။

ယွမ်ယုတိ ဘာဖြစ်သွားသနည်း။

အဘယ်ကြောင့် သူမ ရုတ်တရက် ဤမျှ တက်ကြွလှုပ်ရှားလာရသနည်းဟု တွေးတောနေမိ၏။

ထိုအခိုက်အတန့်တွင် သူမ၏ အတွင်းရှိ နတ်စွမ်းအားများ ဆူပွက်လာသည်ကို ယွမ်ယုတိ ခံစားလိုက်ရ၏။ ဘာ့ကြောင့်မှန်းမသိသော်လည်း လုချန်းသည် အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ဦး၏ လူဝင်စား ဖြစ်နိုင်ကြောင်နှင့် ယခုတော့ ထိုမျှ အစွမ်းထက်သည့် ပုဂ္ဂိုလ်ကြီးကို သူမ စိတ်ကြိုက် ခြယ်လှယ်နိုင်တော့မည်ဟူသော အတွေးကြောင့် သူမ၏ စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင် ဖြစ်နေသည်။

နတ်ဘုရားဆိုလည်း ဘာဖြစ်လဲ။

အခုတော့ သူက သူမ၏ ကျင့်စဉ်သုံး ကိရိယာသက်သက်ပဲဟု ယွမ်ယုတိ မတွေးပဲ မနေနိုင်ဖြစ်မိ၏။

ထို့နောက်တွင်တော့ မိန်းမတစ်ယောက် တကယ် စိတ်ပါလက်ပါ ရှိလာသည့်အခါ မည်မျှအထိ တက်ကြွနိုင်သည်ကို လုချန်း ကိုယ်တိုင် ကြုံတွေ့လိုက်ရတော့သည်။

အချိန် တစ်လျှောက်လုံးတွင် ယွမ်ယုတိသည် အေးစက် အလှနတ်သမီးတစ်ပါးကဲ့သို့ ဟန်ဆောင်နေခဲ့သော်လည်း သူမ၏ မျက်နှာပေါ်ရှိ နီမြန်းမှုများက သူမ၏ စိတ်နှလုံးထဲ မည်မျှအထိ ထက်သန်ပြင်းပြနေသည်ကို သက်သေပြရန် လုံလောက်သည်။

……

လျှို့ဝှက်လဝန်း ကျောင်းတော်။

ယွမ်မုန့် ခန်းမ။

ယွမ်မုန့် ခန်းမသည် တိမ်ပင်လယ်အလယ်တွင် လွင့်မျောနေပြီး ရောင်စုံမျက်နှာကြက် ကျောက်စိမ်းပြား ခေါင်မိုးများက ခန်းမကို ဖုံးအုပ်ထားသည်။ နေရောင်ခြည် ဖြာကျလာသည့်အခါ ကျောက်ပြားများမှ ခုနစ်ရောင်ခြယ် အလင်းတန်းများကို ထုတ်လွှတ်ပြီး အံ့ဩဖွယ်ကောင်းလောက်အောင် လှပနေစေသည်။

ထိုအခိုက်အတန့်တွင် ခန်းမကြီးအတွင်း ညာဘက်အခြမ်း တစ်နေရာတွင် ကြယ်မြစ် နတ်သခင် ထိုင်နေ၏။ ကြယ်မြစ် နတ်သခင် ရောက်ရှိလာမှုကို နတ်သခင် ယွမ်မုန့် အတော်ပင် အံ့အားသင့်သွားခဲ့သည်။

အဆုံးတွင်တော့ ကြယ်မြစ် နတ်သခင်သည် အုပ်စိုးသူအဆင့် အင်အားစုတစ်ခု၏ ခေါင်းဆောင် ဖြစ်သဖြင့် ထူးခြားပြီး အရေးကြီးသော ကိစ္စရပ်မျိုး မဟုတ်လျှင် သူ၏ အင်အားစုကို စွန့်ခွာ၍ ထွက်လာမည့်သူ မဟုတ်ပေ။

နတ်သခင် ယွမ်မုန့်က

“ကြယ်မြစ် ခန်းမသခင် လျှို့ဝှက်လဝန်း ကျောင်းတော်ကို ဒီတစ်ခေါက် လာရတဲ့ အကြောင်းရင်းက ဘာများ ဖြစ်မလဲလို့ ကျွန်မ သိပါရစေ။”

ကြယ်မြစ် နတ်သခင်က ခန်းမအတွင်းရှိ အခြားသော နတ်သခင်များကို တစ်ချက်ကြည့်လိုက်ပြီးမှ

“ဒီတစ်ခေါက် ကျုပ် လာရတာ အကြောင်းရင်း နှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ အဖိုးတန် နတ်ကျင့်စဉ်ဖြစ်တဲ့ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို ကျုပ်တို့ ခမ်းနားသော ကောင်းကင်ခန်းမက နတ်သခင်ကို လျှို့ဝှက်လဝန်း ကျောင်းတော်က သင်ကြားပြသပေးခဲ့လို့ ကျေးဇူးတင်ဖို့ပါပဲ။ ဒါကြောင့်လည်း ကျုပ်တို့ ကောင်းကင်နတ်ဆိုးစွမ်းအားကို ဟန့်တားနိုင်တဲ့ နည်းလမ်းကို ရရှိခဲ့တာ ဖြစ်ပါတယ်။”

ထိုသို့ပြောရင်း ကျောက်စိမ်းစာလိပ်တစ်ခုကို ကြယ်မြစ် နတ်သခင် ထုတ်ယူလိုက်ရာ ခန်းမ၏ လေထုထဲတွင် ကျောက်စိမ်းစာလိပ် လွင့်မျောနေ၏။

ကြယ်မြစ် နတ်သခင်က

“ဒါကလည်း ကောင်းကင်အဆင့် နတ်ကျင့်စဉ်တစ်ခု ဖြစ်ပါတယ်။ ကျုပ်တို့ ခမ်းနားသော ကောင်းကင်ခန်းမရဲ့ တုန့်ပြန် လက်ဆောင်ပါ။”

နတ်သခင် ယွမ်မုန့်က

“ကြယ်မြစ် ခန်းမသခင်က အရမ်း အားနာတတ်တာပဲ။ နတ်ဆိုးဧကရာဇ်က ထျန်းရန် နတ်ဘုရား နယ်မြေ အင်အားစုအားလုံးရဲ့ ဘုံရန်သူ ဖြစ်တာကြောင့် ရှင့်တို့ကို နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ သင်ကြားပေးတာက ကျွန်မတို့ လုပ်သင့်လုပ်ထိုက်တဲ့ အရာပါပဲ။”

နတ်သခင် ယွမ်မုန့်က ဆက်လက်ပြီး

“ဒီကိစ္စကလွဲလို့ ကြယ်မြစ် ခန်းမသခင်မှာ အခြား ကိစ္စရှိသေးလားလို့ ကျွန်မ သိပါရစေဦး။”

ထိုသို့ပြောရင်း ကျောက်စိမ်းစာလိပ်ကို နတ်သခင် ယွမ်မုန့် လက်တစ်ချက် မြှောက်ကာ သိမ်းဆည်းလိုက်၏။ အပြန်အလှန် ပေးအပ်သော လက်ဆောင်ဖြစ်သဖြင့် လက်မခံစရာ အကြောင်းအရင်း မရှိပေ။

နတ်သခင် ယွမ်မုန့် ကျောက်စိမ်းစာလိပ်ကို လက်ခံသည်ကို မြင်လျှင် ကြယ်မြစ် နတ်သခင်က

“ဒီမှာရှိနေတဲ့ လူအားလုံးကို ခဏလောက် အပြင်ထွက်ပေးဖို့ ကျုပ် တောင်းဆိုလို့ ရမလား။ ကျုပ် နတ်သခင် ယွမ်မုန့်နဲ့ ဆွေးနွေးရမယ့် ကိစ္စက သီးသန့်ဖြစ်ဖို့ လိုအပ်လို့ပါ။”

ထိုအရာကို ကြားလျှင် နတ်သခင် ယွမ်မုန့် ကြယ်မြစ် နတ်သခင်ကို ကြည့်လိုက်၏။ ကြယ်မြစ် နတ်သခင် ယွမ်မုန့် ခန်းမသို့ လာရောက်ကာ ပြဿနာရှာလိမ့်မည်ဟု သူမ မထင်ပေ။

၎င်းက တကယ်ပင် အရေးကြီးသော ကိစ္စတစ်ခု ဖြစ်ရပေမည်။

ထိုသို့တွေးမိရင်း နတ်သခင် ယွမ်မုန့်က အခြားသော နတ်သခင်များကို

“ရှင့်တို့ အခု ထွက်သွားလို့ရပါပြီ။”

ပြောပြီးသည်နှင့် ရှိနေသော နတ်သခင်များ အားလုံး ထွက်ခွာသွားကြ၏။

ထိုနတ်သခင်များ ထွက်ခွာသွားသည်နှင့်နတ်သခင် ယွမ်မုန့်က စုံစမ်းထောက်လှမ်းမှုများကို ကာကွယ်ရန် နည်းဗျူဟာ ပုံစံတစ်ခုကို ပြင်ဆင်လိုက်သည်။

--

…………..

All Chapters