← Chapters

အခန်း ၁၈၈၇

Vol. 126 Ch. 1887

အခန်း ၁၈၈၇

Vol. 126 Ch. 1887

အခန်း (၁၈၈၇)

အံ့အားသင့်စရာတစ်ခု

ယွမ်ယုတိ၏ မျက်ခုံးများ ချက်ချင်းပင် တွန့်သွားခဲ့သည်။ လုချန်းသည် သူမအား ဖန်တီးခြင်း လမ်းစဉ်ကို တမင်တကာ နားလည်သဘောပေါက်စေပြီးနောက် သက်စောင့်စွမ်းအားဖြင့် သူမ၏ ခန္ဓာကိုယ်ကို ပြောင်းလဲစေကာ ထိုအခွင့်အရေးကို အသုံးချ၍ သူ့ကလေးကို ကိုယ်ဝန်ဆောင်ခိုင်းရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည်ဟု သူမ အဘယ်ကြောင့် ခံစားနေရသနည်း။

အမှန်တော့ လုချန်းလည်း ထိုသဘောတရားကို လုံးဝမသိပေ။ အကယ်၍ သက်စောင့်စွမ်းအားတွင် ယခုလို အာနိသင်များရှိကြောင်း သူသိခဲ့လျှင် သူ၏ အမျိုးသမီးများ သားသမီးမရနိုင်မည်ကို စိုးရိမ်ပူပန်နေလိမ့်မည် မဟုတ်ပေ။

သူသည် ဖန်တီးခြင်းစွမ်းအားကို တတ်မြောက်ထားပြီး ဖန်တီးခြင်းလမ်းစဉ်က အခြားလမ်းစဉ်အားလုံးကို ဆင့်ကဲပြောင်းလဲနိုင်ကာ လမ်းစဉ်စွမ်းအားအားလုံးကို အသုံးပြုခွင့်ပေးထားသော်လည်း အဆုံးတွင်တော့ သူသည် ကလေးမွေးဖွားနိုင်စွမ်းမရှိသော အမျိုးသားတစ်ဦးသာ ဖြစ်သည်။ သက်စောင့်စွမ်းအားအပေါ် သူ၏ နားလည်မှုက အမျိုးသမီးတစ်ဦးနှင့် ကွဲပြားခြားနားလှသည်။

လုချန်းသည် စွမ်းအားရှိသော်လည်း ၎င်းကို မည်သို့အသုံးပြုရမည်မှန်း မသိသောသူ ဖြစ်၏။

သို့သော် သက်စောင့်စွမ်းအား၏ ကွယ်ဝှက်ထားသော လုပ်ဆောင်ချက်ကို လုချန်း မသိကြောင်းကို ယွမ်ယုတိလည်း မသိပေ။ သူမ၏ အမြင်တွင်တော့ လုချန်းသည် ဤအရာကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။

ယွမ်ယုတိသည် သူမ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး ခေါင်းကို နောက်တစ်ကြိမ် ငုံ့ကာ လုချန်းကို အေးစက်စွာ စိုက်ကြည့်ရင်း

“အခုထိ လက်မလျှော့သေးဘူးပေါ့ ဟုတ်လား”

ယွမ်ယုတိ၏ စကားကို ကြားရလျှင် လုချန်း ကြောင်အမ်းသွားခဲ့သည်။ သူ စိတ်ပါလက်ပါ ရှိနေစဉ်အတွင်း ယွမ်ယုတိက ရုတ်တရက် ဤကဲ့သို့ စကားကို ပြောချလိုက်ခြင်း ဖြစ်သည်။

“အခုထိ လက်မလျှော့သေးဘူး” ဆိုတာ ဘာကို ဆိုလိုတာလဲ။

သူ ဘာမှမလုပ်ရသေးဘူး မဟုတ်ပါလား။

လုချန်းက ယွမ်ယုတိကို ဇဝေဇဝါဖြင့် ကြည့်ကာ

“ခင်ဗျား ဘာတွေပြောနေတာလဲ... ကျုပ် နားမလည်ဘူး”

ဟု ဆိုလိုက်သည်။

လုချန်း မသိချင်ယောင်ဆောင်နေသည်ကို မြင်ရလျှင် ယွမ်ယုတိက အေးစက်စွာဖြင့်

“ကျွန်မ ဖန်တီးခြင်း လမ်းစဉ်ကို နားလည်အောင် ရှင် လုပ်တယ်။ ပြီးတော့ သက်စောင့်စွမ်းအားနဲ့ ကျွန်မခန္ဓာကိုယ်ကို ပြောင်းလဲစေပြီး သားသမီးရဖို့ ပိုလွယ်ကူအောင် လုပ်တယ်။ ပြီးတော့မှ အခွင့်အရေးကို အရယူပြီး ကျွန်မကို ရှင့်ရဲ့ကလေး မွေးခိုင်းဖို့ လုပ်နေတာမလား။ ရှင့်ရဲ့ ဒီလို လှည့်ကွက်သေးသေးလေးကို ကျွန်မ မရိပ်မိဘူးလို့ တကယ်ပဲ ထင်နေတာလား။”

ဒါက...

လုချန်း ဇဝေဇဝါ ဖြစ်သွားသည်။

သက်စောင့်စွမ်းအားဖြင့် သူမ၏ ခန္ဓာကိုယ်ကို ပြောင်းလဲစေတယ် ဟုတ်လား။

သူ ဤကဲ့သို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ သူသည် သက်စောင့်စွမ်းအားကို လူနာများကို ကုသရန်အတွက်သာ အသုံးပြုတတ်သူဖြစ်၏။

တစ်စုံတစ်ဦး နေမကောင်းဖြစ်ချိန် သို့မဟုတ် နေရထိုင်ရ မသက်မသာဖြစ်ချိန်၌သာ ၎င်းကို ထုတ်သုံးတတ်သည်။ သက်စောင့်စွမ်းအားကို အသုံးပြု၍ လူတစ်ဦး၏ ခန္ဓာကိုယ်ကို ပြောင်းလဲနိုင်သည်ဟူသောအချက်ကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

ယွမ်ယုတိ အဘယ်ကြောင့် ဤကဲ့သို့ တွေးတောရသနည်းဟု ဆင်ခြင်ကြည့်ရင်း လုချန်း အတွေးနက်သွားခဲ့သည်။ လုချန်း တိတ်ဆိတ်နေသည်ကို တွေ့ရသောအခါ သူ့အကြံကို သူမ ရိပ်မိသွားသဖြင့် မည်သို့ ပြန်လည်ချေပရမည်ကို မသိတော့ခြင်း ဖြစ်သွားသည်ဟု ယွမ်ယုတိ ယူဆလိုက်သည်။

သူမ ဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် လုချန်း၏ မျက်နှာထက်၌ အပြုံးရိပ်တစ်ခု ပေါ်လာပြီး

“ခင်ဗျား ဒါကို ရိပ်မိလိမ့်မယ်လို့ ကျုပ် မမျှော်လင့်ထားဘူး။ ကျုပ် စပ်စုချင်လို့ပါ... ခင်ဗျား ဘယ်လို သိသွားတာလဲ”

ဟု ဝန်ခံလိုက်သည်။

လုချန်း တကယ်ပင် နားမလည်နိုင် ဖြစ်နေဆဲ ဖြစ်သော်လည်း သူမ အဘယ်ကြောင့် ဤကဲ့သို့သော အတွေးမျိုး ရှိနေရသည်ကို နားလည်ရန်အတွက် ယွမ်ယုတိ၏ စကားနောက်သို့ မျောလိုက်ရန် ကြံရွယ်လိုက်ခြင်း ဖြစ်သည်။

ယွမ်ယုတိက ဆက်လက်၍

“ထျန်းရန် နတ်ဘုရား နယ်မြေမှာ ကျင့်ကြံသူတစ်ဦးရဲ့ ကျင့်စဉ်အဆင့် မြင့်မားလေလေ သားသမီး ရဖို့ ခက်ခဲလေလေပဲ။ နတ်တွေရဲ့ မျိုးပွားမှုကို ကန့်သတ်ထားတဲ့ ဒီနိယာမဟာ ဖန်တီးခြင်း လမ်းစဉ်ထဲမှာ ကွယ်ဝှက်နေပြီး ဖန်တီးခြင်း လမ်းစဉ်ကို ကျင့်ကြံတဲ့သူတွေဟာ ဒီကန့်သတ်ချက်ကို ချိုးဖျက်နိုင်တယ်။ ရှင် ကျွန်မကို ဖန်တီးခြင်း လမ်းစဉ်ကို ကျင့်ကြံခိုင်းတာက ဒီကန့်သတ်ချက်ကို ချိုးဖျက်စေချင်လို့ မဟုတ်ဘူးလား။”

“ကျွန်မသာ ဖန်တီးခြင်း လမ်းစဉ်က လမ်းစဉ်စွမ်းအားကို တတ်မြောက်သွားရင် အစွမ်းထက်တဲ့ နတ်တွေကို သားသမီးရဖို့ ခက်ခဲစေတဲ့ နိယာမရဲ့ သက်ရောက်မှုကို ခံရတော့မှာ မဟုတ်ဘူး။ ဒါ့အပြင် သက်စောင့်စွမ်းအားကြောင့် ကျွန်မ ခန္ဓာကိုယ် ပြောင်းလဲသွားတာနဲ့အမျှ သားသမီးရဖို့ ပိုပြီး လွယ်ကူသွားလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ကျွန်မကို ရှင့်ရဲ့ကလေး ကိုယ်ဝန်ဆောင်ခိုင်းဖို့က လက်ဖျောက်တစ်ချက်တီးသလောက် လွယ်ကူသွားပြီ။ ကျွန်မပြောတာ မှန်တယ်မဟုတ်လား။”

ထိုသို့ပြောရင်း ယွမ်ယုတိ၏ အေးစက်သော အကြည့်များက လုချန်း၏ မျက်ဝန်းအစုံဆီသို့ တည့်တည့်စိုက်ကြည့်နေ၏။

သူမက သူ၏ လှည့်ကွက်ကို အကွက်စေ့စေ့ မြင်သွားပြီဟု ပြောနေသည့်အလားပင်။

ယွမ်ယုတိ၏ စကားကို ကြားလိုက်ရသောအခါ လုချန်း မှင်တက်သွားခဲ့သည်။ အစွမ်းထက်သော သက်ရှိများ သားသမီးရရန် ခက်ခဲစေသည့် စည်းမျဉ်းသည် ဖန်တီးခြင်း လမ်းစဉ်ထဲ၌ တကယ် ကွယ်ဝှက်နေခြင်းလား။

သူ ဤအရာကို တကယ် မသိခဲ့ပေ။ လက်ရှိတွင် သူသည် ရွှေနတ်အဆင့်၌သာ ရှိနေသေးသဖြင့် သူ၏ ကျင့်စဉ်အဆင့် ကန့်သတ်ချက်ကြောင့် ကောင်းကင်လမ်းစဉ် နိယာမများ တည်ရှိမှုကို အာရုံမခံနိုင်သေးပေ။

သူ၏ ဇနီးများအား သားသမီး ပိုမိုလွယ်ကူစွာ ရရှိစေလိုပါက အကောင်းဆုံးနည်းလမ်းမှာ ၎င်းတို့ကို ဖန်တီးခြင်း လမ်းစဉ်ကို နားလည်သဘောပေါက်စေပြီး သက်စောင့်စွမ်းအားကို ဆုပ်ကိုင်စေရန် ဖြစ်ကြောင်း၊ ထိုသို့ဖြင့် ၎င်းတို့သည် သားသမီးရယူရာတွင် ကျင့်စဉ်အဆင့်၏ ကန့်သတ်ခြင်းကို ခံရတော့မည်မဟုတ်ကြောင်းကို ထိုအခါမှ လုချန်း လျင်မြန်စွာ ရိပ်မိသွားခဲ့သည်။

ဤအရာကို တွေးမိရင်း လုချန်း သဘောကျလွန်း၍ အော်ရယ်မိလုနီးပါး ဖြစ်သွားခဲ့သည်။

သူ တုံးအလွန်းနေခဲ့တာလား။

ယွမ်ယုတိက သူ့ကို ဤမျှဝမ်းမြောက်စရာကောင်းသော အံ့အားသင့်စရာ တစ်ခုပေးလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့‌ပေ။ ကျင့်စဉ်အဆင့် မြင့်မားလေလေ သားသမီးရရန် ခက်ခဲလေလေ ဖြစ်သဖြင့် စနစ်၏ ဆုလာဘ်များကို ရရှိရန် ပိုခက်ခဲမည်ကို သူ စိုးရိမ်ပူပန်နေခဲ့သော်လည်း ဖြေရှင်းနည်းကို ဤမျှ မြန်ဆန်စွာ ရှာဖွေတွေ့ရှိလိမ့်မည်ဟု သူ တကယ်ကို မမျှော်လင့်ထားခဲ့ပေ။

ခဏခန့်အတွင်း ယွမ်ယုတိအပေါ် ထားရှိသော လုချန်း၏ အကြည့်များ ပို၍ပူပြင်းတောက်လောင်လာပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ပို၍ ဂဏာမငြိမ် ဖြစ်လာခဲ့သည်။

လုချန်းထံမှ မငြိမ်မသက်မှုကို ခံစားမိလိုက်သဖြင့် ယွမ်ယုတိ၏ မျက်ခုံးများ အနည်းငယ် ကျုံ့သွားခဲ့သည်။

အဘယ်ကြောင့် လုချန်းသည် သူမ၏ စကားကို ကြားပြီးနောက် ဤမျှ စိတ်လှုပ်ရှားနေရသနည်း။

ယွမ်ယုတိ ထင်ထားသည်မှာ သူမက သူ၏ လျှို့ဝှက်ချက်ကို ဖော်လိုက်သဖြင့် လုချန်း စိတ်ဓာတ်ကျသွားလိမ့်မည် ဟူ၍ ဖြစ်သည်။ နောက်ဆုံးတွင် ယခု သူမက သူ၏ အကြံအစည်ကို သိသွားပြီ ဖြစ်သဖြင့် နောင်အနာဂတ်တွင် လုချန်းကို ဧကန်မုချ သတိထား စောင့်ကြည့်တော့မည် ဖြစ်ရာ လုချန်းအနေနှင့် သူမကို ကိုယ်ဝန်ရအောင် လုပ်နိုင်တော့မည် မဟုတ်ပေ။

သို့သော် ယခု ကြည့်ရသည်မှာ လုချန်းက ဘာကိုမှ ဂရုမစိုက်သည့်အလားပင်။

ယွမ်ယုတိ တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်စဉ်မှာပင် လုချန်းက ရုတ်တရက် လက်ကို ဆန့်ထုတ်ကာ သူမ၏ နုနယ်သော လက်ကလေးကို လှမ်းဖမ်းဆွဲပြီး လျင်မြန်သော လှုပ်ရှားမှုဖြင့် သူမကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

ယွမ်ယုတိ မတုံ့ပြန်နိုင်မီမှာပင် လုချန်းက သူမကို ဖက်လိုက်ပြီး ဖိထားလိုက်တော့သည်။ ထို့နောက် သူက သူမ၏ မျက်ဝန်းများကို ပြုံးလျက် စိုက်ကြည့်ကာ

“ဆရာကတော့ ဒီနေ့ ကျုပ်ကို တကယ်ပဲ အံ့အားသင့်စရာ တစ်ခု ပေးလိုက်တာပဲ။”

လုချန်း၏ လှုပ်ရှားမှုများအပေါ် ယွမ်ယုတိအနေနှင့် ထူးထူးခြားခြား တုံ့ပြန်မှု မရှိပေ။ သူတို့သည် ဆယ်စုနှစ်ပေါင်းများစွာ အတူတကွ ရှိခဲ့ကြပြီး စုံတွဲကျင့်စဉ်ကိုလည်း ရေတွက်မရနိုင်အောင် အကြိမ်ကြိမ် ကျင့်ကြံခဲ့ကြပြီး ဖြစ်သဖြင့် လုချန်းက သူမကို သူ၏ ခန္ဓာကိုယ်အောက်တွင် ဖိထားခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။

သို့သော်လည်း လုချန်း၏ စကားကို ကြားရသောအခါ ယွမ်ယုတိ၏ မျက်နှာထက်တွင် ဇဝေဇဝါဖြစ်သွားသော အမူအရာ ပေါ်လာခဲ့သည်။

အံ့အားသင့်စရာ ဟုတ်လား။

ဘာအံ့အားသင့်စရာလဲ။

ယွမ်ယုတိ အဖြစ်မှန်ကို မရိပ်မိသေးကြောင်း တွေ့ရသဖြင့် လုချန်းက ဦးဆောင်ကာ

“ကျုပ် အခု ဘယ်ကျင့်စဉ်အဆင့်ကို ရောက်နေလဲ”

ဟု မေးလိုက်သည်။

လုချန်း၏ မေးခွန်းကို ကြားလျှင် ယွမ်ယုတိက

“ရှင့်ရဲ့ ပင်မကိုယ်က ဒီမှာမှ မရှိတာ... ရှင့်ရဲ့ ကျင့်စဉ်အဆင့် အစစ်အမှန်ကို ကျုပ် ဘယ်လိုလုပ် သိမှာလဲ။”

ယွမ်ယုတိသည် လုချန်း၏ စွမ်းအား အစစ်အမှန်ကို အထူးတလည် ရင်းနှီးကျွမ်းဝင်ခြင်း မရှိပေ။ ဤလူသည် များသောအားဖြင့် ပတ်ဝန်းကျင်တွင် ကိုယ်ပွားများစွာ ရှိတတ်ပြီး သူမ၏ ရှေ့မှောက်ရှိ ကိုယ်ပွားအများစုမှာ ရွှေနတ်အဆင့်သာ ရှိကြသော်လည်း ရန်သူများနှင့် ရင်ဆိုင်ရချိန်တွင် သူသည် နတ်ဘုရင် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားနိုင်သည်။

သို့သော် သူ၏ နတ်ဘုရင် အခြေအနေမှာ မတည်ငြိမ်ပဲ လျင်မြန်စွာ ပြန်လည်ကျဆင်းသွားတတ်သဖြင့် လုချန်း၏ ကျင့်စဉ်အဆင့်အစစ်ကို အတိအကျသိရန် ခက်ခဲစေသည်။

သို့သော် ယခု သူမကို ဇဝေဇဝါဖြစ်စေသည့်အချက်ကတော့ လုချန်းက ယခုလို အခိုက်အတန့်တွင် ကျင့်စဉ်အဆင့်အကြောင်းကို အဘယ်ကြောင့် ထုတ်ပြောရသနည်း ဟူ၍ ဖြစ်သည်။

လုချန်းက ဆက်လက်၍

“ကျုပ်က လောလောဆယ် ရွှေနတ်အဆင့် ကျင့်စဉ်မှာပဲ ရှိသေးတာပါ။”

ယွမ်ယုတိ ဘာမှမပြောပဲ လုချန်းဘေးတွင် လှဲလျောင်းနေ၏။ သူမ၏ အေးစက်သော အကြည့်များက လုချန်း၏ မျက်ဝန်းများကို တည့်တည့်စိုက်ကြည့်နေကာ “အဲ့ဒီတော့ ဘာဖြစ်လဲဟု” တိတ်ဆိတ်စွာ မေးမြန်းနေသည့်အလားပင်။

လုချန်းက ဆက်လက်၍

“ ဆရာ ရွှေနတ်အဆင့်မှာ ရှိနေတုန်းက ကောင်းကင်လမ်းစဉ် နိယာမတွေ တည်ရှိနေတာကို အာရုံခံနိုင်လို့လား။”

လုချန်း၏ စကားကို ကြားလိုက်ရသောအခါ ယွမ်ယုတိ၏ ရင်ဘတ်ထဲမှ နှလုံးခုန်သံ မြန်သွားခဲ့သည်။ လုချန်း ပြောလိုသော အံ့အားသင့်စရာဟူသည့် အဓိပ္ပာယ်ကို သူမ ချက်ချင်း သဘောပေါက်သွားခဲ့သည်။

သူမ မရည်ရွယ်ပဲ လုချန်းကို လမ်းစပေးလိုက်မိသည်ဟူသောအချက်ကို သူမ မယုံကြည်နိုင်သေးပဲ

“ရှင်... အစွမ်းထက်တဲ့ သက်ရှိတွေရဲ့ မျိုးပွားမှုကို ကန့်သတ်ထားတဲ့ နိယာမက သက်စောင့်စွမ်းအားထဲမှာ ကွယ်ဝှက်နေတာကို ရှင် မသိခဲ့ဘူးလား...”

လုချန်းက ယွမ်ယုတိကို ပြုံးလျက် စိုက်ကြည့်နေပြီး

“ခင်ဗျား ဘယ်လိုထင်လိုလဲ”

ဟု ပြောနေသည့်အလားပင်။

လုချန်း၏ အမူအရာကို မြင်လိုက်ရသောအခါ ယွမ်ယုတိ အလွန် နောင်တရသွားခဲ့သည်။

ဟုတ်ပါသည်။ လုချန်းသည် အလွန်ဆုံးရှိလှ နတ်ဘုရင် ကျင့်စဉ်အဆင့်၌သာ ရှိသည်။ နတ်သခင်နယ်ပယ်သို့ ရောက်ရှိမှသာ ကောင်းကင်လမ်းစဉ် နိယာမများ တည်ရှိမှုကို မရေမရာ အာရုံခံနိုင်မည် ဖြစ်သည်။

လုချန်းအား ဤကောင်းကင်လမ်းစဉ် နိယာမကို ဖွင့်ဟပြောပြလိုက်ခြင်းဖြင့် သူမအား မည်သို့ ကိုယ်ဝန်ရအောင် လုပ်ရမည်ကို လုချန်းအား ပြောပြလိုက်သလို ဖြစ်မနေဘူးလား။

ဤအရာမှာ ကိုယ့်ဒုက္ခ ကိုယ်ရှာလိုက်ခြင်း မဟုတ်ပါလား။

ဤအရာကို တွေးမိရင်း ယွမ်ယုတိ၏ ခန္ဓာကိုယ်မှ အအေးဓာတ်များ အထိန်းအကွပ်မဲ့စွာ လွင့်ပျံလာခဲ့ပြီး လုချန်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့တော့သည်။

--

……………

All Chapters