← Chapters

အခန်း ၁၈၈၈

Vol. 126 Ch. 1888

အခန်း ၁၈၈၈

Vol. 126 Ch. 1888

အခန်း( ၁၈၈၈ )

မဟာအင်အားစုသုံးခု

ယခု လုချန်းသည် နိယာမများ၏ သက်ရောက်မှုကို မည်သို့ရှောင်ရှားရမည်ကို သိရှိထားပြီးဖြစ်သဖြင့် ထိုအခိုက်အတန့်တွင် သူ၏စိတ်ထဲ၌ ယွမ်ယုတိကို ထောင်ချောက်ထဲ ဆွဲသွင်းရန်ဟူသော အတွေးတစ်ခုသာ ကျန်ရှိတော့သည်။

အေးစက်လှသော နတ်သခင် ယွမ်ယုတိက သူ၏ရင်သွေးကို လွယ်ထားရမည်ဟူသော အတွေးကြောင့် လုချန်း၏ စိတ်နှလုံး ပိုမိုလှုပ်ရှားတက်ကြွလာသည်။

ယွမ်ယုတိသည်လည်း လုချန်း၏ စိတ်လှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်၏။

လုချန်း၏ စိတ်လှုပ်ရှားမှုကို သိရှိသွားပြီးနောက် သူ ဘာတွေးနေသည်ကို ယွမ်ယုတိ ဘယ်လိုမသိပဲ နေပါမည်နည်း။

သူမက

“အိပ်မက်တောင်မမက်နဲ့... ရှင့်ကလေးကို ကျွန်မ ဘယ်တော့မှ အရမခံဘူး”

ဟု ချက်ချင်းပင် သတိပေးလိုက်လေသည်။

ယွမ်ယုတိက သူ့ကို သံသယဖြင့် သတိကြီးစွာ ကြည့်နေသည်ကို မြင်သောအခါ လုချန်းက ပြုံးလျက်

“ဘာတွေပြောနေတာလဲ... ကျုပ်ရင်သွေးကို လွယ်ပေးပါလို့ တစ်‌ခွန်းမှ‌တောင် မပြောရသေးဘူး။”

ယွမ်ယုတိက လုချန်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

သူမအနေဖြင့် ဤလူယုတ်မာ ပြသနေသော စိတ်လှုပ်ရှားမှုများကို ကြည့်ရုံဖြင့် သူ ဘာကြံစည်နေသည်ကို မည်သို့ မသိပဲ ရှိပါအံ့နည်း။

ထို့နောက် ယွမ်ယုတိက

“ကျွန်မ ဖန်တီးခြင်းလမ်းစဉ်ကို နားလည်အောင် မကျင့်ကြံချင်တော့ဘူး... တခြားတစ်ခု ပြောင်းပေး။”

အကယ်၍ သူမသာ ဖန်တီးခြင်းလမ်းစဉ်ကို ဆက်လက်ဆင်ခြင်ပြီး သက်စောင့်စွမ်းအားကို အမှန်တကယ် ပိုင်ဆိုင်သွားပါက လုချန်းကြောင့် ကိုယ်ဝန်ရသွားလိမ့်မည်ဟု ခံစားနေရသည်။

ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ ဖန်တီးခြင်းလမ်းစဉ်ကို ကျင့်ကြံခြင်းအား စွန့်လွှတ်လိုက်ခြင်းပင် ဖြစ်သည်။

လုချန်းက ခပ်အေးအေးပင်

“ဆရာ ဘယ်လမ်းစဉ်ကို နားလည်သဘောပေါက်မလဲဆိုတာ ကျုပ် ရွေးချယ်ပေးလို့ရတဲ့အရာ မဟုတ်ပါဘူး... ဆရာကိုယ်တိုင်ပဲ ရွေးချယ်ခဲ့တာပါ။”

ယွမ်ယုတိ လုချန်းကို ဇဝေဇဝါဖြင့် ကြည့်လိုက်မိသည်။

သူမကိုယ်တိုင် ရွေးချယ်ခဲ့တာ ဟုတ်စ...

လုချန်းက သူတို့ခန္ဓာကိုယ်ကို ဝန်းရံထားသော လမ်းစဉ်လှိုင်းများကို လှည့်ကြည့်ကာ

“ကျုပ်တို့ ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ဖန်တီးခြင်းလမ်းစဉ်ရဲ့ လမ်းစဉ်လှိုင်းတွေတင်မကပဲ တခြားလမ်းစဉ်တွေရဲ့ လမ်းစဉ်လှိုင်းတွေပါ ရှိနေတာကို ဆရာ သတိမထားမိဘူးလား... ဒါပေမဲ့ ဆရာကိုယ်တိုင်က ဖန်တီးခြင်းလမ်းစဉ်ကိုပဲ ရွေးချယ်ခဲ့တာလေ။”

ဒါက...

လုချန်း၏ သတိပေးမှုကို ကြားပြီးနောက် ယွမ်ယုတိလည်း အခြေအနေမှာ အမှန်တကယ်ပင် ထိုသို့ဖြစ်နေကြောင်း သဘောပေါက်သွားတော့သည်။

ယွမ်ယုတိသည် လူအ မဟုတ်သဖြင့် အခြေအနေကို လျင်မြန်စွာ ရိပ်မိလိုက်သည်။

သူမ သတ်ဖြတ်ခြင်းလမ်းစဉ်ကို ဆင်ခြင်နေစဉ်က သတ်ဖြတ်ခြင်းစွမ်းအားကို ခက်ခဲစွာဆုပ်ကိုင်ခဲ့နိုင်သော်လည်း လမ်းစဉ်အမျိုးမျိုးကို ကျင့်ကြံထားခြင်းကြောင့် ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများ မမျှမတ ဖြစ်လာပြီး ကစဉ့်ကလျား ဖြစ်စပြုလာခဲ့သည်။

သူမ သက်စောင့်စွမ်းအားကို တတ်မြောက်သွားချိန်တွင်တော့ ၎င်းက လမ်းစဉ်ဒဏ်ရာအချို့ကို ကုသပေးနိုင်ရုံမျှမက ခန္ဓာကိုယ်အတွင်းရှိ လမ်းစဉ်စွမ်းအားများကိုပါ ပြန်လည်မျှတသွားစေခဲ့သည်။

ထို့ကြောင့် လုချန်းက သူမကို ဖန်တီးခြင်းလမ်းစဉ် ကျင့်ကြံရန် လမ်းပြနေခြင်း မဟုတ်ပဲ သူမကိုယ်တိုင်က မသိစိတ်ဖြင့် ဖန်တီးခြင်းလမ်းစဉ်ကို ရွေးချယ်မိသွားခြင်း ဖြစ်သည်။

ယွမ်ယုတိက သူ့ကို စကားတစ်ခွန်းမှ မဆိုပဲ အေးစက်စွာ စိုက်ကြည့်နေသည်ကို မြင်လျှင် လုချန်းလည်း သူမတွင် ပြောစရာ စကားမရှိတော့ကြောင်း သိလိုက်သည်။

သူလည်း အချိန်ဖြုန်းမနေတော့ပဲ ဝိညာဉ်ညှို့ဓာတ်ကျမ်းစာကို ဆက်လက်လည်ပတ်စေလိုက်တော့သည်။

လုချန်းက ရုတ်တရက် သူ၏စွမ်းအားများကို လှုံ့ဆော်လိုက်ရာ စိတ်လွင့်နေသော ယွမ်ယုတိတစ်ယောက် အချိန်မီ မတုံ့ပြန်နိုင်တော့ပဲ မရည်ရွယ်ပဲ ညည်းတွားသံတစ်ချက် ထွက်ပေါ်သွားရသည်။

သူမ သတိဝင်လာသောအခါ ထိုအေးစက်လှသော နတ်မိမယ်က လုချန်းကို နာကျည်းမှုအပြည့်ဖြင့် စူးစိုက်ကြည့်လိုက်တော့သည်။

ဤလူယုတ်မာသည် သူ၏အကြံအစည်ကို အကောင်အထည်ဖော်ရန် ပြင်ဆင်နေပြီဖြစ်သော်လည်း သူမ ယခု ဘာမှမတတ်နိုင်တော့ပေ။

အဆုံးစွန်၌‌တော့ သူမသည် လမ်းစဉ်အားလုံးကို ပေါင်းစပ်ပြီး နတ်ဧကရာဇ် ဖြစ်လာလိုသူ ဖြစ်သဖြင့် မည်သို့ပင်ဖြစ်စေ ဖန်တီးခြင်းလမ်းစဉ်ကို ကျင့်ကြံရမည်သာ ဖြစ်သည်။

သူမ ဖန်တီးခြင်းလမ်းစဉ်ကို ကျင့်ကြံနေသရွေ့ ခန္ဓာကိုယ်အတွင်းရှိ သက်စောင့်စွမ်းအားများ တိုးပွားလာမည်ဖြစ်ရာ သူမ၏ ကိုယ်ထည်ဖွဲ့စည်းတည်ဆောက်ပုံသည်လည်း ကိုယ်ဝန်ရလွယ်သော အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်သည်။ ထိုအခါ လုချန်းက ထိုအခွင့်အရေးကို အသုံးချကာ သူမအား ရင်သွေးလွယ်စေမည်ဖြစ်သည်။

ဤလူယုတ်မာ၏ ရင်သွေးကို လွယ်ရမည်ဟူသော အတွေးက စွမ်းအားကြီးသော ကျင့်ကြံသူတစ်ယာက်ဖြစ်သည့် ယွမ်ယုတိ၏ သိက္ခာကို အနင်းခြေခံလိုက်ရသလို ခံစားရစေသည်။

ယွမ်ယုတိက စကားတစ်ခွန်း ပြောရန် ပြင်လိုက်စဉ်မှာပင် လုချန်းက ရုတ်တရက် ကိုယ်ကို ကိုင်းညွတ်ချလိုက်ပြီး သူတို့၏ခန္ဓာကိုယ်ချင်း ချက်ချင်းပင် ထိကပ်သွားကာ ယွမ်ယုတိ၏ နှုတ်ခမ်းများကို တိုက်ရိုက် ပိတ်ဆို့ပစ်လိုက်တော့သည်။

ဤအေးစက်လှသော နတ်မိမယ်ကို သူ၏ရင်သွေး လွယ်ထားစေနိုင်တော့မည်ဟူသော အတွေးကြောင့် လုချန်း အလွန်တက်ကြွလှုပ်ရှားလာခဲ့သည်။

ယခု‌တော့ ယွမ်ယုတိကို ဖန်တီးခြင်းလမ်းစဉ်ကို အမြန်ဆုံးကျင့်ကြံစေပြီး သက်စောင့်စွမ်းအားကို တတ်မြောက်စေချင်သည့် ဆန္ဒသာ လုချန်းကို စိုးမိုးထားတော့သည်။

လုချန်း ဤမျှတက်ကြွနေသည်ကို မြင်ရသဖြင့် ယွမ်ယုတိ၏ စိတ်ထဲ ပို၍ပင် ဒေါသထွက်လာရသည်။

ဤလူယုတ်မာက သူမကို သူ၏ကလေး မွေးပေးစေချင်လွန်းနေသည် မဟုတ်ပါလား....

ယွမ်ယုတိ ဖန်တီးခြင်း စွမ်းအား အမြန်ဆုံးတတ်မြောက်စေရန်အတွက် လုချန်းသည် နောက်ဆက်တွဲ နှစ်အနည်းငယ်အတွင်း သူ၏ အားထုတ်မှုအများစုကို ယွမ်ယုတိထံ၌သာ ပုံအောပေးထားခဲ့သည်။

ဤနှစ်များအတွင်း မြောက်ပိုင်းနယ်၏ အင်အားစုများသည် တောင်ဘက်သို့ ဆက်တိုက်ချီတက်လာနေပြီး အရိုင်းနယ်မြေ၏ မြောက်ဘက်ပိုင်းရှိ ဒေသအမြောက်အမြားကို သိမ်းပိုက်ခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ကျင့်ကြံခြင်းလမ်းစဉ်၏ ပြဿနာမှာလည်း ပိုမိုဆိုးရွားလာခဲ့၏။ အထူးသဖြင့် ဖန်တီးခြင်းလမ်းစဉ်တွင် နတ်သခင်များ အစိုးရိမ်ဆုံးဖြစ်ခဲ့သော အခြေအနေများ အမှန်တကယ်ပင် ပေါ်ပေါက်လာခဲ့တော့သည်။

ကျင့်ကြံခြင်းလမ်းစဉ် အသီးသီးထဲ၌ ကောင်းကင်လမ်းစဉ်နိယာမအချို့ ဝှက်ကွယ်နေပြီး လမ်းစဉ်များ တိုက်စားခံရသည်နှင့်အမျှ ကောင်းကင်လမ်းစဉ်နိယာမများမှာလည်း တဖြည်းဖြည်း ပြိုလဲပျက်စီးလာခဲ့သည်.

လျှို့ဝှက်ဆန်းကြယ်စွမ်းအား၏ တိုက်စားမှုကို ဖန်တီးခြင်းလမ်းစဉ် ခံရပြီးနောက် နတ်များ၏ သက်တမ်းလည်း တိုတောင်းလာခဲ့သည်။

နှစ်အနည်းငယ်အတွင်းမှာပင် နတ်အများအပြားသည် သက်တမ်းမစေ့ပဲ စောစီးစွာ ကွယ်လွန်ခဲ့ကြရပြီး အရှေ့ပိုင်းနယ်၌ပင် နတ်သခင်အနည်းငယ် ကျဆုံးခဲ့ရသဖြင့် ထျန်းရန်နတ်ဘုရားနယ်မြေ၏ ထိပ်သီးအင်အားစုများကို စိုးရိမ်ပူပန်စေခဲ့သည်။

အကယ်၍ ဤသို့သာ ဆက်ဖြစ်နေပါက နတ်များ၏ သက်တမ်းမှာ တဖြည်းဖြည်း ပို၍တိုတောင်းလာပေလိမ့်မည်။

ဤကပ်ဘေးကို ရင်ဆိုင်ဖြေရှင်းရန်အတွက် ထျန်းရန်နတ်ဘုရားနယ်မြေရှိ အဓိကအင်အားစုများသည် မဟာလမ်းစဉ်ကပ်ဘေးကို မည်သို့ရင်ဆိုင်ရမည်ကို ဆွေးနွေးရန် အလယ်ပိုင်းနယ်သို့ နတ်သခင်များကို စေလွှတ်ခဲ့ကြသည်။

နေရာအနှံ့အပြားမှ အင်အားစုများလည်း ယင်း ကိစ္စရပ်ကို ဆွေးနွေး အဖြေရှာရန် အလယ်ပိုင်းနယ်သို့ စုရုံးရောက်ရှိလာခဲ့ကြတော့သည်။ ဤသည်မှာ နှစ်ပေါင်း သန်းတစ်‌ထောင်ကျော်အတွင်း မဖြစ်ဖူးသေးသောအရာပင် ဖြစ်သည်။

ထျန်းရန်နတ်ဘုရားနယ်မြေ၏ အဓိကအင်အားစုများ မိမိတို့၏ သဘောထားကွဲလွဲမှုများကို ဘေးဖယ်ထားကာ ဆွေးနွေးပွဲအတွက် အတူတကွ စုရုံးခဲ့ကြသည့် နောက်ဆုံးအကြိမ်မှာ မျိုးပွားခြင်းလမ်းစဉ်တွင် ပြဿနာတက်ခဲ့စဉ်က ဖြစ်သည်။

သို့သော် ထိုဆွေးနွေးပွဲတွင် ထျန်းရန်နတ်ဘုရားနယ်မြေ၏ အဓိကအင်အားစုများသည် ဆုံးဖြတ်ချက်အနည်းငယ်သာ ချမှတ်နိုင်ခဲ့ကြ၏။ ၎င်းတို့မှာ နတ်ဂိုဏ်းအသီးသီးအပေါ် ကန့်သတ်ချက်များကို ဖယ်ရှားပေးရန်၊ လူသားများကို နတ်ဖြစ်လာအောင် ကူညီပေးခြင်းဖြင့် နတ်အရေအတွက်ကို တိုးပွားစေရန်နှင့် အင်အားစုများအကြား တိုက်ပွဲများကို ရပ်တန့်ကာ စစ်ပွဲအားလုံးကို ဆိုင်းငံ့ထားရန်တို့ ဖြစ်သည်။

ယခုလည်း လမ်းစဉ် ပြဿနာ ထပ်တက်လာခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖလှယ်မှုများ ပြုလုပ်ပြီးနောက် ထျန်းရန်နတ်ဘုရားနယ်မြေ၏ အဓိကအင်အားစုများသည် လွန်ခဲ့သော နှစ်ပေါင်း သန်းတထောင်ကျော်က ဗျူဟာအတိုင်းပင် ဆက်လက်ကျင့်သုံးရန် ဆုံးဖြတ်ခဲ့ကြသည်။

အဆုံးစွန်၌ လမ်းစဉ်များ တိုက်စားခံရသည့် ပြဿနာမှာ နတ်သခင်များ ဖြေရှင်းနိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေသဖြင့် ထိုအရာအတွက် ပူပန်နေရခြင်းက တကယ်တော့ အလကားသာ ဖြစ်သည်။

ယခုတော့ မျိုးပွားခြင်းလမ်းစဉ်ကဲ့သို့ပင် ထိုလမ်းစဉ်များ တစ်နေ့တွင် ပြန်လည်ကောင်းမွန်လာမလားကိုသာ စောင့်ကြည့်ရင်း မိမိတို့၏ သက်တမ်းကို တိုးမြှင့်နိုင်မည့် နည်းလမ်းများကိုသာ ရှာဖွေရန် ကြိုးပမ်းနိုင်ကြတော့သည်။

ကျဆုံးခါနီးဖြစ်နေသော နတ်သခင်များအဖို့မူ ၎င်းတို့၏ နောက်ဆုံးအခိုက်အတန့်တွင် နတ်ဧကရာဇ်အဆင့်သို့ တက်ရောက်အောင်မြင်နိုင်မလားဟူသောအရာကို စွန့်စားလောင်းကြေးထပ်ကြည့်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

ထျန်းရန်နတ်ဘုရားနယ်မြေ၏ အဓိကအင်အားစုများမှ ကိုယ်စားလှယ်များသည် အလယ်ပိုင်းနယ်တွင် တစ်နှစ်ကြာအောင် ဆွေးနွေးခဲ့ကြသော်လည်း ကောင်းမွန်သော ဖြေရှင်းချက်တစ်ခုမှ မရရှိခဲ့ကြပေ။ ကိုယ်စားလှယ်အများစုလည်း နောက်ဆုံးတွင် မိမိတို့၏ အင်အားစုများထံသို့ ပြန်သွားခဲ့ကြတော့သည်။

သို့သော်လည်း အင်အားစု သုံးခုမှ ကိုယ်စားလှယ်များကတော့ ချက်ချင်း ထွက်မသွားခဲ့ကြပေ။ ၎င်းတို့အနက် တစ်ယောက်မှာ ခမ်းနားသော ကောင်းကင်ခန်းမမှ ကြယ်မြစ် နတ်သခင် ဖြစ်သည်။

ယာယီအားဖြင့် ထွက်မသွားသေးသော ကျန်အင်အားစုနှစ်ခုမှာ အရှေ့ပိုင်းနယ်မှ ဖြစ်ကြ၏။ ၎င်းတို့နှစ်ခုလုံးမှာလည်း အရှေ့ပိုင်းနယ်၏ မဟာအင်အားကြီးအုပ်စုများ ဖြစ်ကြကာ တစ်ခုမှာ ချင်းယွမ်ကျောင်းတော်ဟု အမည်ရပြီး အခြားတစ်ခုမှာ သားရဲမဟာမိတ်အဖွဲ့ဖြစ်သည်။

ချင်းယွမ်ကျောင်းတော်သည် အဓိကအားဖြင့် စာပေလမ်းစဉ်ကို အခြေခံထားပြီး သားရဲမဟာမိတ်မှာမူ အများအားဖြင့် သားရဲနတ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အရှေ့ပိုင်းနယ်ရှိ ဤအင်အားစုနှစ်ခုအကြား ဆက်ဆံရေးက မကောင်းလှပေ။ ပဋိပက္ခကြီးများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

သို့သော်လည်း လွန်ခဲ့သော နှစ်ပေါင်းသန်းတစ်‌ထောင်ကျော်က မျိုးပွားခြင်းလမ်းစဉ် ပြဿနာ ပေါ်ပေါက်လာကတည်းက ၎င်းတို့နှစ်ဖွဲ့သည် မိမိတို့၏ ပဋိပက္ခများကို ယာယီဘေးဖယ်ထားခဲ့ကြသဖြင့် အရှေ့ပိုင်းနယ်တွင် မည်သည့်အင်အားစုကမှ သိသိသာသာ လွှမ်းမိုးချုပ်ကိုင်နိုင်ခြင်း မရှိခဲ့ပေ။

အကယ်၍ မျိုးပွားခြင်းလမ်းစဉ် ပြဿနာသာ မရှိခဲ့ပါက အရှေ့ပိုင်းနယ်သည်လည်း တခြားနယ်မြေများကဲ့သို့ အုပ်ချုပ်သူအဆင့် အင်အားစုတစ်ခုတည်းသာ ရှိသည့် အခြေအနေမျိုးသို့ ဆိုက်ရောက်သွားနိုင်သည်။

နောက်ဆုံးတွင် မျိုးပွားခြင်းလမ်းစဉ်က ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာခဲ့သဖြင့် အင်အားစုနှစ်ခုလုံးသည် အရှေ့ပိုင်းနယ်ကို လွှမ်းမိုးချုပ်ကိုင်ရေးအတွက် ထပ်မံယှဉ်ပြိုင်ရန် ပြင်ဆင်နေကြပြန်၏။ သို့သော် ထိုအချိန်တွင် နတ်ဆိုးဧကရာဇ် ပြန်လည်ပေါ်ထွက်လာခဲ့ရာ အင်အားစုနှစ်ခုလုံးလည်း ၎င်းတို့၏ ပဋိပက္ခများကို တစ်ဖန်ပြန်၍ ဘေးဖယ်ထားစေကာ နတ်ဘုရားနယ်မြေ မဟာမိတ်တပ်တွင် ပူးပေါင်းပြီး နတ်ဆိုးဧကရာဇ်ကို တိုက်ခိုက်ရန် မြောက်ဘက်သို့ ချီတက်စေခဲ့သည်။

ယခုလည်း မဟာလမ်းစဉ်ကပ်ဘေး ဖြစ်ပွားနေပြီး ထိုအရာကြောင့် အင်အားစုနှစ်ခုလုံးမှ နတ်သခင်များ ဆုံးရှုံးခဲ့ရသဖြင့် ထိုမဟာအင်အားကြီးနှစ်ခုလည်း တစ်ဖန်ပြန်လည် သင့်မြတ်ရပြန်သည်။

……

မင်ရှောင် နတ်မြို့။

စံအိမ်တစ်ခုတွင်။

ချင်းယွမ်ကျောင်းတော်၏ ဒုတိယကျောင်းအုပ်နှင့် သားရဲမဟာမိတ်၏ ဒုတိယခေါင်းဆောင်တို့သည် ခမ်းနားသော ကောင်းကင်ခန်းမ၏ ခန်းမသခင် ကြယ်မြစ် နတ်သခင်တို့ အတူ ရှိနေကြသည်။

ထိုအခိုက်အတန့်တွင် သားရဲမဟာမိတ်၏ ဒုတိယခေါင်းဆောင် နတ်သခင် ကန်းယာက

“ကြယ်မြစ် နတ်သခင်... ဒါက ခမ်းနားသော ကောင်းကင်ခန်းမရဲ့ ကိုယ်ပိုင်ကိစ္စပဲလေ... ခင်ဗျား ကျုပ်တို့ရဲ့ အကူအညီကို လိုချင်တယ်ဆိုရင် အကျိုးအမြတ်တချို့တော့ ပေးသင့်တယ် မဟုတ်လား”

ဟု အရင်ဆုံး စကားစလိုက်သည်။

ကြယ်မြစ် နတ်သခင်သည် လျှို့ဝှက်ဆန်းကြယ်စွမ်းအား ပျံ့နှံ့နေသည့် ကိစ္စရပ်ကို သူတို့နှစ်ဦးအား ဖွင့်ဟပြောပြပြီးဖြစ်သည်။

ကြယ်မြစ် နတ်သခင်က ၎င်းတို့၏ အကူအညီကို တောင်းခံနေခြင်းဖြစ်ကြောင်း ကြားလိုက်ရသောအခါ နတ်သခင် ကန်းယာနှင့် ချင်းယွမ်ကျောင်းတော်မှ နတ်သခင် လင်ရွှီတို့နှစ်ဦးလုံး မျက်မှောင်ကြုတ်သွားကြ၏။

သူတို့အနေနှင့် ဤကိစ္စတွင် ပါဝင်ပတ်သက်ရန် အမှန်တကယ်ပင် ဆန္ဒမရှိကြချေ။

--

…………..

All Chapters