← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

အခန်း(၃)

အရေးကြီးဆုံးမှာ နတ်ဘုရားရှင်သန်ခြင်းကျမ်း ပါဝင်ခြင်းပင်။ ဤအရာသည် သေလူကိုပင် ပြန်လည် အသက်သွင်းနိုင်သော နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်သည်။ မိမိ၏ ဤဒဏ်ရာများကို ပြန်လည်ကောင်းမွန်စေရန်မှာ အချိန်ခဏသာ လိုအပ်ပေမည်။

"စနစ်... အမှတ်မြှင့်တင်မယ်... သတ်ဖြတ်ခြင်းအမှတ် ငါးရာကို သုံးပြီး နတ်ဘုရားရှင်သန်ခြင်းကျမ်းကို မြှင့်တင်မယ်..."

[ဒေါင်... အမှတ်မြှင့်တင်ခြင်း အောင်မြင်ပါသည်... နတ်ဘုရားရှင်သန်ခြင်းကျမ်း (၆/၁၀၀)]

ဝီ...

ကျန်းမင်၏ ခန္ဓာကိုယ်သည် စတင်၍ ပူလောင်လာကာ ယားယံလာတော့သည်။ အပြင်ပန်းမှ ကြည့်ပါက သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပြုတ်ထားသော ပုစွန်ကြီးတစ်ကောင်ကဲ့သို့ နီရဲနေလေ၏။

သူ၏ တန်ထျန်းအမှတ်မှ နွေးထွေးသော စွမ်းအင်စီးကြောင်းတစ်ခု စီးဆင်းလာပြီး ခန္ဓာကိုယ်အနှံ့ ဖြတ်သန်းသွားလေရာ၊ ၎င်းသည် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ကုသပေးခဲ့သည့်အပြင် ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသော ဒဏ်ရာဟောင်းများကိုပါ ပြန်လည် ပြုပြင်ပေးခဲ့သည်။

ထိုအခိုက်အတန့်တွင် သူသည် နတ်ဘုရားရှင်သန်ခြင်းကျမ်းကို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးသကဲ့သို့ သူ၏ တန်ထျန်းအမှတ်မှ သန့်စင်သော အတွင်းအားများ ထွက်ပေါ်လာလေ၏။

ဂျွတ်...

သူသည် သိုင်းအဆင့်အတွင်းသို့ ဝင်ရောက်သွားပြီ ဖြစ်သည်။

ဆင်းရဲသားသည် စာပေကို သင်ယူပြီး ချမ်းသာသူသည် သိုင်းပညာကို ကျင့်ကြံရသည်။

ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်သည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း ဆေးဝါးနှင့် အာဟာရ ဖြည့်စွက်ရန် ငွေကြေးမရှိသဖြင့် သိုင်းအဆင့်အတွင်းသို့ မဝင်ရောက်နိုင်ခဲ့ချေ။ ဤမျှတိုတောင်းသော အချိန်အတွင်းမှာပင် သိုင်းအဆင့်သို့ ဝင်ရောက်သွားခဲ့လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ကျန်းမင်၏ မျက်လုံးများတွင် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားလေ၏။

ဗုန်း...

သူသည် ထရပ်လိုက်ပြီး ၊ လက်သီးကို ပြင်းထန်စွာ တစ်ချက် ဝှေ့ယမ်းလိုက်ရာ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီး မြေပြင်ပေါ်ရှိ ဖုန်မှုန့်များကိုပင် လွင့်စင်သွားစေသည်။

အဆင့်(၉) ကနဦးအဆင့်...

‘ကြောက်စရာကောင်းလိုက်တာ…’

မူလပိုင်ရှင်၏ တောင်ဖြိုလက်သီး မှာ လမ်းဘေးရှိ သာမန်လက်သီးသိုင်းမျှသာ ဖြစ်ပြီး ဆိပ်ကမ်းဂိုဏ်းရှိ တပည့်အားလုံးနီးပါး ဤသိုင်းပညာကို ကျင့်ကြံကြသော်လည်း စွမ်းအားမှာမူ အထင်ကြီးစရာ မရှိချေ။

သို့သော်လည်း နတ်ဘုရားရှင်သန်ခြင်းကျမ်း၏ အတွင်းအားကျင့်စဉ် ရှိနေပြီ ဖြစ်သဖြင့် ဤကဲ့သို့သော သာမန်လက်သီးသိုင်းသည်ပင် ဆန်းကြယ်သော အစွမ်းကို ထုတ်ဖော်နိုင်ပြီ ဖြစ်သည်။

ထိုအချိန်တွင် ၊

ဂျွတ်..

သစ်သားချောင်းများ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော အသံတစ်ချက် ထွက်ပေါ်လာသည်။

"မင်း... မင်းက လူလား... သရဲလား..."

ပြန်လည်ရောက်ရှိလာသော အစေခံနှစ်ဦးသည် အံ့ဩတုန်လှုပ်မှုများဖြင့် ကျန်းမင်ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် ၊ သူတို့၏ လက်တစ်ဖက်သည် ခါးတွင် ချိတ်ဆွဲထားသော ဓားရိုးပေါ်သို့ ရောက်ရှိသွားတော့သည်။

---

"အားဝမ်... အားချိုင်..."

ကျန်းမင်သည် တံခါးဝရှိ လူရိပ်နှစ်ခုကို စိုက်ကြည့်ရင်း အေးစက်သော လေသံဖြင့် ခေါ်လိုက်၏။

ဤလူနှစ်ဦးမှာ စူးအိမ်တော်၏ တံခါးမကြီးကို စောင့်ကြပ်ရသော အစောင့်များ ဖြစ်ကြသည်။ သူတို့သည် နေ့စဉ်နှင့်အမျှ မူလပိုင်ရှင်ကို လှောင်ပြောင် သရော်ခဲ့ကြပြီး ၊ ယခုအခါတွင်မူ လူသတ်ရန်အထိ လက်ရဲဇက်ရဲ ရှိခဲ့သည်။

မူလပိုင်ရှင်၏ ခန္ဓာကိုယ်ပေါ်ရှိ ဓားဒဏ်ရာ (၁၈)ချက်မှာ သူတို့နှစ်ဦး၏လက်ချက်သာ ဖြစ်သည်။

ကျန်းမင်၏ အသံကို ကြားလိုက်ရချိန်တွင် ထိုသူနှစ်ဦးသည် တုန်လှုပ်အံ့ဩနေရာမှ ချက်ချင်း သတိပြန်ဝင်လာကြသည်။

"လူ... မင်းက လူသားပဲ..."

အားချိုင်၏ မျက်လုံးများမှာ အနည်းငယ် ကျုံ့ဝင်သွားပြီး ၊ သူ၏လေသံမှာ ပြန်လည် တည်ငြိမ်သွားသည်။

လူဖြစ်ပါက သေဆုံးနိုင်သဖြင့် ၊ သူ့အနေဖြင့် ကြောက်ရွံ့နေစရာ အကြောင်းမရှိချေ။

"မင်း ခြောက်တာ လူ့ကို လန့်သွားတာပဲ..."

"သခင်လေး... ခင်ဗျားက ဒီလိုလုပ်တော့ ကျုပ်တို့ အလုပ်ရှုပ်ရတာပေါ့..."

"ငရဲပြည်ကိုပဲ ငြိမ်ငြိမ်လေး သွားလိုက်ရင် မကောင်းဘူးလား... မြန်မြန်သွားရင် စောစော လူပြန်ဖြစ်နိုင်တာပေါ့..."

"ဒီလောက်တောင် ဒုက္ခတွေ အများကြီး ခံစားနေရမှာ မဟုတ်ဘူး...

အားချိုင်က သက်ပြင်းချလျက် ခေါင်းကို ခါယမ်းလိုက်၏။

၎င်းတို့နှစ်ဦးသည် ပြောပြောဆိုဆိုဖြင့် ရှေ့တိုးလာကြပြီး ၊ ဘယ်နှင့်ညာ ညှပ်လျက် ကျန်းမင်ကို အလယ်တွင် ပိတ်ဆို့လိုက်ကြသည်။

သူတို့သည် ကျန်းမင်၏ တင်းတင်းဆုပ်ထားသော လက်သီးကို သတိပြုမိကြသော်လည်း၊ မျက်လုံးထဲတွင်မူ အထင်သေးသည့် အရိပ်အယောင်များသာ ရှိလေ၏။

၎င်းသည် သိုင်းအဆင့် မရှိသော အသုံးမကျသူ ဖြစ်သည်ကို စူးမိသားစုတစ်ခုလုံးတွင် မည်သူ မသိ ရှိမည်နည်း။

ကျန့်ဝမ်မြို့တော်၏ သခင်လေးအစစ်မှာ အမှိုက်အဆင့်မျှသာ ဖြစ်နေပြီး ၊ သခင်လေးအတုမှာမူ လူထဲကလူ၊ နဂါးထဲကနဂါး ဖြစ်နေခြင်းက အတော်လေး ရယ်စရာကောင်းလှသည်။

သို့သော်လည်း ယနေ့ည ကုန်လွန်သွားပြီးနောက် ဤကမ္ဘာပေါ်တွင် အစစ်နှင့်အတု ဟူ၍ ရှိတော့မည် မဟုတ်ချေ။ အသက်ရှင်ကျန်ရစ်သူသာလျှင် အစစ်အမှန် ဖြစ်လာပေလိမ့်မည်။

အားချိုင်သည် ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်၏။ သူ၏ လှုပ်ရှားမှုသည် အလွန် နှေးကွေးသော်လည်း ဖိအားများကို အပြည့်အဝ ပေးစွမ်းနိုင်ပြီး ၊ ပြင်းထန်သော သတ်ဖြတ်ခြင်းအရှိန်အဝါများသည် ပတ်ဝန်းကျင်၌ ပျံ့နှံ့ထွက်ပေါ်လာလေ၏။

ထိုအခိုက်အတန့်တွင် ၊

ချောက်...

အေးစက်သော အလင်းတစ်ချက်က ပျက်စီးနေသော ဘုရားကျောင်းပျက်ကြီး၏ ထက်ဝက်ခန့်ကို လင်းထိန်သွားစေခဲ့သည်။

အားဝမ်သည် ကျန်းမင်၏ နောက်ကနေ ဓားဖြင့် အားပြင်းစွာ ခုတ်ပိုင်းချလိုက်ရာ မယုံနိုင်လောက်အောင် မြန်ဆန်လွန်းသည်။

ဤဓားချက်သည် ကျန်းမင်ကို ဦးခေါင်းမှနေ၍ ခြေဖျားအထိ နှစ်ခြမ်းခွဲပစ်နိုင်သည်မှာ သေချာသည်။

သို့သော်လည်း ဓားသွားသည် ကျန်းမင်၏ ဦးခေါင်းဆီသို့ ကျရောက်လုနီးပါး အခိုက်အတန့်တွင် ကျန်းမင်သည် လှုပ်ရှားလိုက်ပြီ ဖြစ်သည်။

All Chapters