← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

အခန်း(၄) နတ်ဘုရားရှင်သန်ခြင်းကျမ်း နှင့် တောင်ဖြိုလက်သီး

သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ်မျှသာ လှုပ်ရှားသွားခြင်းဖြစ်ပြီး တုံ့ပြန်မှုသည် အလွန် ပေါ့ပါးလှပေသည်။ သူသည် နောက်သို့ တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ထိုဓားချက်ကို အသာအယာ ရှောင်တိမ်းလိုက်သည်။

ဝှစ်..

လေတိုးသံ တစ်ချက် ထွက်ပေါ်လာ၏။

လက်သီးတစ်ချက်သည် တစ္ဆေတစ်ကောင်အလား အားဝမ်၏ ရင်ဘတ်ဆီသို့ တိုးဝင်သွားလေ၏။

တောင်ဖြိုလက်သီးသိုင်း...

တုန်လှုပ်သွားရလေပြီ... သေလုမတတ် ထိတ်လန့်သွားခဲ့ရလေပြီ။

အားဝမ်သည် ဤလက်သီးချက်ကို ကောင်းကောင်းကြီး သိသည်။ ဤလက်သီးချက်ကို ကောင်းကောင်းကြီး သိနေသောကြောင့်ပင် ယခုလို အံ့ဩတုန်လှုပ်သွားရခြင်း ဖြစ်၏။

ဤလက်သီးချက်မှာ ထိုလက်သီးချက်ပင် ဖြစ်သော်လည်း တစ်မျိုးတစ်ဘာသာ ကွဲပြားနေ၏။ ၎င်းသည် နတ်ဆိုးတစ်ကောင်မှ ပစ်လွှတ်လိုက်သော လက်သီးချက်နှင့် တူသည်။

ဒုန်း...

လက်သီးချက်သည် အားဝမ်၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။

သွေးအန်သံ...

သူ၏ ပါးစပ်မှ သွေးတစ်လုပ် အန်ထွက်လာပြီး တစ်ကိုယ်လုံး နောက်သို့ လွင့်ထွက်သွားကာ နံရံကို ပြင်းထန်စွာ စောင့်မိပြီးမှ မြေပြင်ပေါ်သို့ လဲကျသွားလေ၏။

သွေးအန်သံ...

ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများ ရောနှောနေသော သွေးပုပ်များသည် ပါးစပ်ထဲမှ တစ်ဖန် အန်ထွက်လာပြန်သည်။ နံရိုးများအားလုံး ကျိုးကြေသွားခဲ့ရပြီး ၊ ဤလက်သီးချက်သည် သူ၏ နှလုံးသွေးကြောကို ဖြတ်တောက်ဖျက်ဆီးပစ်လိုက်လေပြီ။

မည်သည့် မျှော်လင့်မထားသော အခြေအနေများ မရှိပါက သူသည် ဤနေရာ၌ပင် ချုပ်ငြိမ်းရပေတော့မည်။

ဤအရာအားလုံးသည် အလွန် မြန်ဆန်လှသည်။ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကျန်းမင် တိုက်ခိုက်လိုက်သည့် အချိန်မှစကာ အားဝမ် မြေပြင်ပေါ်သို့ လဲကျသွားသည့်အထိ အားချိုင်၏ လက်ထဲရှိ ဓားရှည်မှာ တစ်ဝက်မျှသာ ဆွဲထုတ်ရသေး၏။

သို့သော် တိုက်ပွဲမှာ ပြီးဆုံးသွားခဲ့လေပြီ။ သူ၏ လှုပ်ရှားမှုများသည်လည်း နေရာ၌ပင် ရပ်တန့်သွားသည်။

"ဝံပုလွေတစ်ကောင်က အိပ်ချင်ယောင်ဆောင်ပြီး ရန်သူကို မျှားခေါ်တယ်ပေါ့..."

"ဟမ်..."

"မင်းတို့က အားဝမ်နဲ့ အားချိုင် ဆိုတော့လည်း မဆိုးပါဘူး... ဒီဗျူဟာက မင်းတို့ရဲ့ နာမည်တွေနဲ့ တော်တော်လေး လိုက်ဖက်တာပဲ..."

ကျန်းမင်၏ လှောင်ပြောင်ပြောဆိုသံ ထွက်ပေါ်လာလေ၏။

အားချိုင်၏ ဓားဆွဲထုတ်လိုက်သည့် လှုပ်ရှားမှုသည် အမှန်အားဖြင့် ကျန်းမင်၏ အာရုံကို လှည့်ဖျားခြင်းသာ ဖြစ်ပြီး တကယ့် သတ်ဖြတ်မည့် လှုပ်ရှားမှုမှာ အားဝမ်သာ ဖြစ်၏။

ဤသည်မှာ ကောင်းမွန်သော ဗျူဟာတစ်ခု ဖြစ်သော်လည်း ၊ ကံဆိုးစွာဖြင့် သူတို့ ကြုံတွေ့လိုက်ရသည်မှာ နတ်ဘုရားရှင်သန်ခြင်းကျမ်း၏ အထောက်အပံ့ကို ရရှိထားသော ကျန်းမင် ဖြစ်နေခြင်းပင်။

"မင်း... မင်းက သိုင်းအဆင့်ကို ဝင်သွားပြီလား..."

"မင်းရဲ့ အစွမ်းသတ္တိကို တစ်ချိန်လုံး ဖုံးကွယ်ထားခဲ့တာလား... မဟုတ်ဘူး... မင်းက အခုလေးတင်မှ သိုင်းအဆင့်ကို ဝင်သွားတာပဲ... မဟုတ်ရင် စောစောက ငါတို့ မင်းကို ဒဏ်ရာပြင်းပြင်းထန်ထန် ရအောင် လုပ်နိုင်ခဲ့မှာ မဟုတ်ဘူး”

အားချိုင်၏ အမူအရာမှာ လုံးဝ မယုံကြည်နိုင် ဖြစ်နေပြီး ၊ သူ့တစ်ကိုယ်လုံး ချမ်းစိမ့်သွားသည်။

အေးစက်သော အငွေ့အသက်များသည် ခေါင်းအစခြေအဆုံး တိုးဝင်လာသည်။ ကျန်းမင်၏ လှုပ်ရှားမှုကို မြင်ပြီးနောက် ယခုအချိန်တွင် သူ့အနေဖြင့် ဓားဆွဲထုတ်ရန် သတ္တိပင် မရှိတော့ချေ။

သူသည်လည်း အဆင့်(၉) ကနဦးအဆင့် ဖြစ်သော်လည်း ၊ သူ လှုပ်ရှားလိုက်ပါက သေဆုံးမည်ကို ကောင်းကောင်းကြီး သိလိုက်သည်။ အကြောင်းမှာ အားဝမ်သည် အကောင်းဆုံး သာဓကပင် ဖြစ်၏။

သူတို့သည် ကျန့်ဝမ်မြို့တော်၏ လမ်းပေါ်က လမ်းဘေးခွေးများသာ ဖြစ်ကြသည်။ ဓားသိုင်းကို သင်ယူဖို့ အရည်အချင်းမပြည့်မီသူများ ဖြစ်သဖြင့် ကျန်းမင်၏ ထိုလက်သီးချက်ကို သူ ခံယူနိုင်မည် မဟုတ်ပေ။

ဒုန်း...

အားချိုင် တစ်ယောက် ဒူးထောက်ချလိုက်သည်။ သူ့လို လမ်းဘေးခွေးတစ်ကောင်သည် အသက်ဘေးမှ လွတ်မြောက်ရန် အမြီးနှံ့ပြခြင်းမှာ မဆန်းပေ။

ယခင်က စူးမိသားစု၏ သမီးပျို ခုနစ်ဦးနှင့် သခင်လေး စူးကျင်းအတွက်သာ အမြီးနှံ့ပြခဲ့သော်လည်း ယခုအခါ စူးမိသားစု၏ စစ်မှန်သော သခင်လေးအတွက် ပြောင်းလဲသွားခဲ့လေပြီ။

"အသက်ချမ်းသာပေးပါ သခင်လေး... ကျွန်တော်က အတင်းအကျပ် ခိုင်းစေခံရတာပါ..."

"သခင်လေးကို သတ်ဖို့က ကျွန်တော့်ရဲ့ဆန္ဒ မဟုတ်ပါဘူး..."

"တောင်းပန်ပါတယ်... လူကြီးလူကောင်း ပီသစွာနဲ့ ကျွန်တော့်လို လူယုတ်မာကို ခွင့်လွှတ်ပေးပါ... နောက်နောင် ဘယ်တော့မှ မလုပ်ရဲတော့ပါဘူး..."

အားချိုင်သည် ပြောပြောဆိုဆို ဦးတိုက်လေ၏။ ကျန်းမင်၏ နှုတ်ခမ်းထောင့်တွင် သရော်သော အပြုံးတစ်ခု လှစ်ဟသွားသည်။

နန်းတွင်းအမတ်၏ တံခါးစောင့်သည်ပင် ဒုတိယအဆင့် အရာရှိကဲ့သို့ မာန်တက်ကြသည် မဟုတ်လော။

အားချိုင်နှင့် အားဝမ်တို့သည် နေ့စဉ်နှင့်အမျှ ဂါရဝပြုရန် ရောက်ရှိလာသော မူလပိုင်ရှင်ကို မထီမဲ့မြင်ပြုလေ့ရှိသည်။ စူးကျန့်ဖုန်းကို ပေါင်းသင်းလိုကြသော စုန့်ချွင်းမြို့ရှိ သူဌေးကြီးများပင် ဤတံခါးစောင့် ခွေးနှစ်ကောင်ကို ရိုရိုသေသေ ဆက်ဆံကာ ပြုံးပြကြရသည်။

သို့သော် ယခုအခါတွင်မူ ဤခွေးသည် နောက်ဆုံး၌ သူ၏ သရုပ်မှန်ကို ထုတ်ဖော်ပြသလာခဲ့ချေပြီ။

All Chapters