← Chapters

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀

Vol. 1 Ch. 10

အခန်း(၁၀)

ငယ်ရွယ်သော ဓားသမားတစ်ဦးက အဘယ့်ကြောင့် သူတောင်းစားတစ်ဦးကဲ့သို့ ဆင်းရဲဒုက္ခရောက်နေရသနည်း။

မည်သည့်ဂိုဏ်းတွင်မဆို ဝင်ရောက်ခြင်း သို့မဟုတ် သူဌေးအိမ်တွင် အစောင့်အဖြစ် လုပ်ကိုင်ခြင်းဖြင့် ကောင်းမွန်စွာ နေထိုင်နိုင်သည် မဟုတ်လော။

ကျန်းမင်သည် ပြန်လည်မဖြေကြားဘဲ ခေါင်းကိုသာ ခါယမ်းလိုက်၏။

“ ရော့ ယူသွား..."

သူမသည် သူမ၏ ကျောပိုးအိတ်ထဲ မှ မုန့်ခြောက်အချို့ကို ထုတ်ယူလိုက်ပြီး ကျန်းမင်ထံသို့ ကမ်းပေးလိုက်သည်။ ကျန်းမင်သည် အနည်းငယ် အံ့အားသင့်သွားသော်လည်း ထိုမုန့်များကို လက်ခံလိုက်၏။

"ကျုပ်ကို သန့်ရှင်းတဲ့ အဝတ်အစားတစ်ထည်လောက် ထပ်ပေးလို့ ရမလား..."

ကျန်းမင်က တောင်းဆိုလိုက်သည်။

ဤသည်မှာ ကျိုးကြောင်းမဆီလျော်ပေ။

လမ်းခရီးတွင် မသိကျွမ်းသော သူစိမ်းတစ်ဦးအား မိမိ၏ ရိက္ခာအချို့ ပေးကမ်းခြင်းကပင် အလွန် စေတနာ ထက်သန်သည် ဟု ဆိုရပေမည်။

သို့သော် တစ်ဖက်လူသည် ပို၍ တောင်းဆိုနေ၏။

ထိုအချိန်တွင် အစောင့်အရှောက်များသည် အထင်သေးသော မျက်လုံးများဖြင့် ကြည့်လာကြသည်။

သို့သော်လည်း မိန်းကလေးသည် တောက်ပစွာ ပြုံးပြလိုက်ပြီး မြင်းဆီသို့ လှည့်ထွက်သွားသည်။

မကြာမီအချိန်အတွင်းမှာပင် သူမသည် ကျန်းမင်အတွက် သန့်ရှင်းသော အဝတ်အစားတစ်စုံကို ယူဆောင်ပေးခဲ့သည်။

"ရော့... ရှင်အတွက်..."

"ကျေးဇူးပဲ..."

ကျန်းမင်သည် အားနာမနေတော့ဘဲ သူမ၏ လက်ထဲမှ အဝတ်အစားများကို လက်ခံလိုက်သည်။

ထို့နောက် ထိုကိုယ်ရံတော်အုပ်စု ထွက်ခွာသွားရာ ဦးတည်ဘက်သို့ သူ ကြည့်နေလိုက်သည်။

သူတို့ သွားမည့် လမ်းကြောင်းမှာ မိမိနှင့် အတူတူပင်ဖြစ်ပြီး လုအန်းမြို့သို့ သွားကြမည် ဖြစ်ကြောင်း သိလိုက်သော်လည်း ၊ သူသည် သူတို့နှင့်အတူ လိုက်ပါသွားရန် မရွေးချယ်ခဲ့ချေ။

"အဖေ... သမီး စောစောက လုပ်တာ မှန်လား မှားလား..."

ယောင်္ကျားလေးအဝတ်အစား ဝတ်ဆင်ထားသော မိန်းကလေးသည် အစောင့်အရှောက်ခေါင်းဆောင် လော့ဝူရှဲ့၏ ဘေးတွင် မြင်းချင်းယှဉ်စီးကာ မေးလိုက်သည်။

"ချင်းဟယ် .."

"လောကကြီးက အန္တရာယ်များတယ်... သမီးမှာ သူရဲကောင်းစိတ်ဓာတ် ရှိတာက ကောင်းပါတယ်... ဒါပေမဲ့..."

သူမ မျှော်လင့်ထားသည့် ချီးမွမ်းစကားများ ရှိမနေဘဲ လော့ဝူရှဲ့၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများသာ ရှိနေခဲ့သည်။

"အဖေ... သူက လူဆိုးမဟုတ်ပါဘူး..."

လော့ချင်းဟယ်က ပြန်လည် ချေပပြောဆိုလိုက်သည်။

"လမ်းခရီးမှာ ဆုံတွေ့ရုံတင်ပဲ... သမီးက ဘယ်လိုလုပ် သိနိုင်မှာလဲ..."

"သမီးကတော့ ဒီတ်ိုင်းသိတာပဲ..."

လော့ချင်းဟယ်က ဂျစ်ကန်ကန် ပြန်ပြောလိုက်သည်။

ထိုအချိန်တွင် အရှေ့ဘက်ဆီမှ ရုတ်ရုတ်သဲသဲ အသံများ ထွက်ပေါ်လာခဲ့သည်။

"သခင်ကြီး... ကျုပ်ကို သွားခွင့်ပြုပါ... ကျုပ်ရဲ့ ဇနီးက အိပ်ရာထဲမှာ ဖျားနာနေလို့... သူ့ကို ကယ်တင်ဖို့ ငွေတွေ ယူသွားပေးရမှာမလို့ပါ..."

အမျိုးသားတစ်ဦးသည် မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး၊ သူသည် သစ်သားခုံတန်းပေါ်၌ ထိုင်ကာ လက်ထဲတွင် အရက်အိုးတစ်လုံးကို ကိုင်ဆောင်ထားသော ရက်စက်ကြမ်းကြုတ်ပုံပေါက်သည့် လူတစ်ယောက်ကို တောင်းပန်နေသည်။

သူ၏ ပတ်ဝန်းကျင်တွင် ထိုရက်စက်ကြမ်းကြုတ်သည့် အမျိုးသားနှင့် ဝတ်စုံဆင်တူ ဝတ်ဆင်ထားသော လူငယ် အယောက်နှစ်ဆယ်ခန့်သည် လမ်းသွားလမ်းလာများကို စစ်ဆေးနေ၏။

သူတို့၏ ခါးတွင် ကြေးနီဒင်္ဂါများကို ချိတ်ဆွဲထားကြရာ လမ်းလျှောက်သည့် အခါတိုင်း တချွင်ချွင် အသံများ ထွက်ပေါ်လျက် ရှိသည်။

"ငွေကြေးဂိုဏ်း..."

လော့ဝူရှဲ့၏ မျက်နှာအမူအရာမှာ လေးနက်သွားသည်။

ယနေ့ စုန့်ချွင်းမြို့အတွင်း၌ အရေးပေါ်အခြေအနေ ဖြစ်ပေါ်နေပြီး ၊ တစ်ခုခု ဖြစ်ပွားခဲ့ကြောင်းကို သူ သိရှိထားသော်လည်း မြို့ပြင်ရှိ တောင်လမ်းပေါ်၌ပင် ငွေကြေးဂိုဏ်း၏ တပည့်များက လမ်းကို ပိတ်ဆို့ထားကြလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

"မင်းမိန်းမ ဖြစ်တာ ငါနဲ့ ဘာဆိုင်လဲ... ဂိုဏ်းချုပ်ရဲ့ အမိန့်ရှိတယ်... ငွေကြေးဂိုဏ်းရဲ့ ဖြတ်သန်းသွာလာခွင့် အမိန့်ပြားမရှိရင် ဘယ်သူမှ ဒီလမ်းကနေ ဖြတ်သန်းခွင့်မရှိဘူး..."

ထိုရက်စက်ကြမ်းကြုတ်သော အမျိုးသားက ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူသည် ငွေကြေးဂိုဏ်း၏ အဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်ကာ လူဒါဇင်ပေါင်းများစွာကို ဦးဆောင်နေသူ ဖြစ်သည်။ လူအများက သူ့ကို "ငွေမြင်ရင် မျက်စိပွင့်သူ" ချန်သောသော ဟု ခေါ်ဆိုကြသည်။

သူ၏ နာမည်အတိုင်းပင် သူ၏ မျက်လုံးထဲတွင် ငွေသာ ရှိသည်။

ထိုအမျိုးသား၏ ရင်ဘတ်ထဲတွင် ငွေစများ ရှိနေသော်လည်း ဤသည်မှာ ဇနီးဖြစ်သူအတွက် ဆေးဝါးဝယ်ယူရန် ရည်ရွယ်ထားသဖြင့် သူ မပေးနိုင်ချေ။

ရုတ်တရက်ဆိုသလို ထိုအမျိုးသားသည် အံကြိတ်ကာ မတ်တပ်ထရပ်လိုက်ပြီး ၊ စစ်ဆေးနေသော ငွေကြေးဂိုဏ်းသားများ၏ ဘေးပတ်ဝန်းကျင်ရှိ လွတ်နေသော နေရာဆီသို့ အပြေးအလွှား တိုးဝင်သွားတော့သည်။

သူသည် စစ်ဆေးရေးဂိတ်ကို အတင်းဖြတ်ကျော်ရန် ကြံစည်နေခြင်းပင်။

ဗုန်း...

မည်သည့် အံ့ဩစရာမျှ မရှိချေ။ သာမန်လူတစ်ဦးသည် သိုင်းပညာရှင်တစ်ဦး၏ ရှေ့မှောက်တွင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင် ပျော့ညံ့လွန်းသည်။

ထိုအမျိုးသား၏ ခန္ဓာကိုယ်သည် ဖြည်းညင်းစွာ လဲကျသွားသော်လည်း၊ သူသည် ရင်ဘက်ထဲရှိ ငွေစများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲပင်။

ဉာဏ်ကောင်းသော ငွေကြေးဂိုဏ်းသားအချို့သည် ရှေ့သို့တိုးလာပြီး ထိုသူ၏ ရင်ဘက်ထဲမှ ငွေအိတ်ကို နှိုက်ယူလိုက်ကြကာ ထို့နောက် ကြေးပြားတစ်ပြားကို သူ၏ ကိုယ်ပေါ်သို့ ပစ်ချပေးလိုက်သည်။

“ ငွေ မြေမခရင် မင်းခေါင်းက ပခုံးပေါ် နောက်ထပ် မနေတော့ဘူး”

"ဒါက အသက်ကိုဝယ်တဲ့ ငွေပဲ..."

ငွေကြေးဂိုဏ်း၏ အလုပ်လုပ်ပုံကို ကောင်းစွာ သိရှိထားသော အစောင့်အရှောက်ခေါင်းဆောင် လော့ဝူရှဲ့သည် ဖြည်းညင်းစွာ ရေရွတ်လိုက်၏။

( T/N - စာစဉ်ရှည်မဟုတ်လို့ အဆင့်တတ်တာ အနည်းအကျဉ်းတော့ မြန်နိုင်တယ် )

All Chapters