← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

အပိုင်း(၁၄)

"ဓာကျန့်ဝမ်မြို့တော် က မင်းကို ဘာအကျိုးအမြတ်တွေ ပေးခဲ့လို့လဲ..."

"ရွှေတုံး တစ်သေတ္တာ..."

မိမိ၏ လျှို့ဝှက်ချက်ကို သိရှိသွားသော ကျန်းမားဇီသည် ဖုံးကွယ်မနေတော့ဘဲ ပွင့်ပွင့်လင်းလင်းပင် ပြန်လည် ဖြေကြားလိုက်သည်။

ငွေယူပြီး အလုပ်လုပ်ပေးခြင်းမှာ ဤလောက၏ စည်းမျဉ်းပင် ဖြစ်သည်။

အဓိကအချက်မှာ သူသည် မိမိ၏ အစွမ်းအစအပေါ် ယုံကြည်မှုအပြည့် ရှိသည်။

စုန့်ချွင်းမြို့ကြီးအတွင်း၌ ငွေကြေးဂိုဏ်း၏ သခင် ရှဲ့ နှင့် ဆိပ်ကမ်းဂိုဏ်း၏ မာချွင်း သိုင်းပညာရှင်ကြီးနှစ်ဦးမှလွဲ၍ မည်သူ့ကိုမဆို ရင်ဆိုင်နိုင်သည်ဟု သူ ယုံကြည်ထား၏။

သေချာပေါက် ဂိုဏ်းနှစ်ဂိုဏ်း၏ ဂိုဏ်းချုပ်များနှင့် ခရိုင်အစိုးရရုံးရှိ အရာရှိကြီးများကိုမူ ချန်လှပ်ထားရမည်။

ကျန်းမင်က ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ပြီး ဆိုလေ၏။

"ရွှေတုံးတွေက ကောင်းပါတယ်... ဒါပေမဲ့ နှမြောစရာကောင်းတာက မင်းမှာ သုံးစွဲဖို့ အသက်ရှိတော့မှာ မဟုတ်ဘူး..."

" ရိုင်းစိုင်းလိုက်တာ..."

"ကျန်းခေါင်းဆောင်ကြီးကို မင်းလို သာမန်လူတစ်ယောက်က ဘာမလို့ ဝေဖန်ရဲတာလဲ..."

ကျန်းမားဇီတို့ ဓားပြအုပ်စုဘက်မှ မတုံ့ပြန်နိုင်ခင်မှာပင် ၊ ချန်သောသောက ဦးစွာ ရှေ့ထွက်လာပြီး ကျန်းမင်ကို ဒေါသတကြီး အော်ဟစ်လိုက်လေ၏။

ထို့အပြင် သူသည် ပြောပြောဆိုဆို သူ့လက်ထဲရှိ ကြာပွတ်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်၏။

သူသည် ဤအခွင့်အရေးတွင် ကျန်းမားဇီကို မျက်နှာလိုမျက်နှာရ လုပ်ဆောင်ကာ အသက်ရှင်သန်နိုင်မည့် အခွင့်အရေးကို ရှာဖွေရန် ကြံစည်ထားခြင်းပင် ဖြစ်သည်။

ထို့အပြင် ကျန်းမင်သည် သူတို့ ငွေကြေးဂိုဏ်းမှ သတ်ချင်နေသူလည်း ဖြစ်ပေသည်။

ဖြန်း...

ကြာပွတ်သည် လေထုကို ဖောက်ထွင်းလျက် မြွေဆိုးတစ်ကောင်အလား ကျန်းမင်ထံသို့ အကြင်နာမဲ့စွာ ပြေးဝင်လာလေ၏။

"သတိထား... ကျန်းသခင်လေး..."

လော့ချင်းဟယ်က စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

အခြားသော ဟုန်ယွမ်အစောင့်အရှောက်အဖွဲ့မှ သိုင်းပညာရှင်များမှာ မျက်စိမှိတ်ထားလိုက်ကြသည်။ ဤကဲ့သို့သော လူငယ်သူရဲကောင်းတစ်ဦး အရိုးများ ကျိုးကြေကာ လမ်းဘေးခွေးတစ်ကောင်ကဲ့သို့ ဖြစ်သွားမည်ကို သူတို့ မမြင်လိုပေ။

လော့ဝူရှဲ့သည် ရှေ့သို့ တိုးဝင်ကာ ကယ်တင်ချင်သော်လည်း စောစောက ချန်သောသော၏ ကန်ချက်ကြောင့် နံရိုးအချို့ ကျိုးပဲ့သွားခဲ့ရသဖြင့် ၊ ယခုအခါတွင် တစ်ဖက်လူကို ပြန်လည် တိုက်ခိုက်ရန် သူ့မှာ အင်အား မရှိတော့ချေ။

ချွင်...

ထိုအချိန်တွင် အေးစက်သော အလင်းတန်းတစ်ချက် ဝင်းလက်သွား၏။

ဖြန်း ဖြန်း ဖြန်း...

တစ်ချိန်တည်းမှာပင် ကြာပွတ်ရိုက်သံ ကိုးချက် ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး ၊ ဤသည်မှာ ချန်သောသော၏ နောက်ဆုံး လှုပ်ရှားမှု ဖြစ်ပေလိမ့်မည်။

သူကိုယ်တိုင်ပင် မသိလိုက်ဘဲ ကျန်းမင်၏ ပုံရိပ်သည် ချန်သောသော၏ နောက်ဘက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ကာ ၊ သူ့လက်ထဲရှိ ဓားရှည်ပေါ်တွင် သွေးစက်များ တတောက်တောက် စီးကျနေ၏။

[ သတ်ဖြတ်မှုအမှတ် +၁၀၀ ]

"သေချာကြည့်ထား... တိုက်ပွဲဆိုတာ ဒီလိုမျိုး စွမ်းအားအပြည့် ထုတ်ဖော်ရတာပဲ..."

သူ၏ အသံက အေးစက်လှသော်လည်း နောက်သို့ တစ်ချက်ကလေးမျှ လှည့်မကြည့်ခဲ့ပေ။

ဘုန်း...

ချန်သောသော၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်း ပြတ်တောက်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ဘုန်းခနဲ့ လဲကျသွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ၊ သူသည် တစ်ဖက်လူကို ကြာပွတ်ကိုးချက် ရိုက်နှက်ရန် ပြင်ဆင်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ကျန်းမင်သည်လည်း ဓားနှင့် ကိုးချက် ပိုင်းဖြတ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် သူ၏ ကြာပွတ်သည် လေထုကိုသာ ထိမှန်ခဲ့ပြီး ကျန်းမင်၏ ဓားချက်များမှာမူ သူ၏ ခန္ဓာကိုယ်ပေါ်သို့ တိကျစွာ ကျရောက်ခဲ့လေ၏။

ချန်သောသော၏ သွေးများနှင့် ကိုယ်တွင်းကလီစာများသည် မြေပြင်ပေါ်တွင် တစ်စစီ ပြန့်ကျဲသွား‌လေသည်။

ကွင်းတစ်ခုလုံး တိတ်ဆိတ်သွား၏။

လူတိုင်း အသံပင်မထွက် တိတ်ဆိတ်နေလေ၏။

နေရာတွင် ရှိနေကြသော လူများအနက် မျက်စိတစ်ဖက်ကန်း ကျန်းမားဇီမှလွဲ၍ မည်သူမျှ ကျန်းမင်၏ ဓားကွက်ကို ရှင်းရှင်းလင်းလင်း မမြင်တွေ့လိုက်ရချေ။

"သေ... သေပြီ..."

" အဆင့် (၉) နှောင်းပိုင်းအဆင့်ရှိတဲ့ သိုင်းပညာရှင်တစ်ယောက်က ဒီလိုပဲ သေသွားတာလား..."

ချလွင်...

ငွေကြေးဂိုဏ်းသားအချို့မှာ ကြောက်လန့်တကြားဖြင့် လက်နက်များကို ပစ်ချလိုက်ကြပြီး မြေပြင်ပေါ်သို့ ဖင်ထိုင်လျက်သား လဲကျသွားကြသည်။

ကျန်ရှိသော လူအများစုမှာလည်း မျက်နှာများ ဖြူဖျော့ကုန်ကာ တစ်ကိုယ်လုံး တုန်ယင်နေကြသည်။

" တကယ်ကို ပြောင်မြောက်တဲ့ ဓားသိုင်းပဲ..."

ကျန်းမားဇီက လေးနက်သော မျက်နှာထားဖြင့် ပြောဆိုလိုက်သည်။

တစ်ချိန်တည်းမှာပင် ကျန်းမားဇီသည် သူ့အိတ်အတွင်းသို့ နှိုက်ကာ လက်အိတ်တစ်စုံကို ထုတ်ယူလိုက်၏။ ထိုလက်အိတ်ကို ထူးခြားသော သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်ရာ သတ္တု၏ မာကြောမှု ရှိသကဲ့သို့ ပိုးသားကဲ့သို့သော ပျော့ပျောင်းမှုလည်း ရှိပေသည်။

လက်ချောင်းထိပ်များတွင် လင်းယုန်လက်သည်းကဲ့သို့ ချွန်ထက်သော လက်သည်းများ ရှိနေ၏။

"မင်းက ငါ့ရဲ့ အပြည့်အဝ တိုက်ခိုက်မှုကို ခံယူဖို့ ထိုက်တန်တယ်..."

ကျန်းမားဇီသည် လက်အိတ်ကို ဝတ်လိုက်ပြီး အေးစက်စွာ ပြောဆိုလိုက်သည်။ သူ၏ လေသံထဲတွင် ရက်စက်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။

"လာလိုက်စမ်းပါ..."

ကျန်းမင်သည် အေးစက်စွာ ဆိုလိုက်ပြီး မည်သည့် အပိုစကားမျှ မပြောတော့ချေ။

ဝှစ် ဝှစ် ဝှစ်...

သူ့လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ၊ ကျားငါးကောင် တံခါးပိတ်ဓားသိုင်းထဲမှ ပျောက်ဆုံးနေခဲ့သော လျှို့ဝှက်သိုင်းကွက် သုံးကွက်ကို ထုတ်ဖော်ပြသလိုက်သည်။

"ကျားဖြူ ချောက်ကမ်းပါးကို ခုန်ကျော်ခြင်း"

"ဝံပုလွေဟောက်သံ လေပြင်းဖန်တီးခြင်း”

"လွတ်လပ်စွာ ပိုင်းဖြတ်ခြင်း”

"အလွန်ကောင်းမွန်တဲ့ ဓားသိုင်းပဲ..."

ကျန်းမားဇီက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လင်းယုန်ငှက် တစ်ကောင်လို ကောင်းကင်ယံသို့ ပျံတက်သွားလေ၏။

All Chapters