← Chapters

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆

Vol. 2 Ch. 16

အပိုင်း(၁၆) ရှောင်လီ၏ ဓားပျံသိုင်းကွက်

သူ၏ တစ်သက်တာလုံး ကြိုးပမ်းအားထုတ်မှုများအားလုံး ဤနေရာ၌ ကုန်ဆုံးသွားပေလိမ့်မည်။

ရွှေတုံး တစ်သေတ္တာအတွက်နှင့် သူ့လုပ်ငန်းတစ်ခုလုံးကို အပျက်စီးမခံနိုင်ချေ။

သို့သော် ဤအခိုက်အတန့်တွင် ကျန်းမင်သည် သတ်ဖြတ်မှုတွင် ရူးသွပ်မှုနေ‌ခဲ့ပြီ ဖြစ်သည်။ သူ၏ လှုပ်ရှားမှုများသည် လျင်မြန်သွက်လက်ကာ တောက်ပသော ဓားအလင်းနှင့်အတူ သွေးစက်များကို နေရာအနှံ့ ပတ်ဖျန်းနေလေ၏။

"ကျန်းမင်... ရပ်လိုက်တော့... ဒီတစ်ခေါက် ပစ္စည်းတွေကို ငါတို့ မလိုချင်တော့ဘူး..."

"မင်းကိုလည်း အေးဆေး ထွက်ခွာခွင့်ပြုမယ်..."

ကျန်းမားဇီ၏ အမူအယာမှာ အလွန် ပျာယာခတ်နေသည်။ သူသည် ကျန်းမင်ကို မဟန့်တားနိုင်မှန်း ကောင်းကောင်းကြီး သိထားသည်။

သူတို့နှစ်ဦးစလုံးသည် အဆင့်(၈) ကနဦးအဆင့်ရှိ သိုင်းပညာရှင်များ ဖြစ်ကြသော်လည်း ၊ ကျန်းမင်၏ အတွင်းအားမှာ ပို၍ အားကောင်းပြီး ပြင်းထန်ပေရာ သူ့အနေဖြင့် ခုခံနိုင်စွမ်း မရှိချေ။

ဤမျှ ခဏတာ ဖလှယ်အပြီးတွင် ၊ သူ၏ လက်မောင်းများမှာ ထုံကျင်နေခဲ့ပြီ ဖြစ်ကာ ခန္ဓာကိုယ်အတွင်းရှိ အရိုးများပင် ကိုက်ခဲနာကျင်နေသည်။

"ဟား..."

"ကျန်းမားဇီ... မင်း ဓားသွားပေါ်မှာ သွေးရက်ပြီး အသက်မွေးလာတာ ဒါပထမဆုံးအကြိမ်မို့လား..."

"တိုက်ချင်ရင် တိုက်မယ်... မနိုင်ရင် မတိုက်တော့ဘူး... ဒီလောကကြီးက အဲ့လိုမျိုး ကျင်လည်ရတာ မဟုတ်ဘူး... မင်း အနေနဲ့ တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့ပြီးမှတော့... တန်ဖိုးကို ပေးဆပ်ရမှာပဲ..."

ကျန်းမင်၏ အသံမှာ အေးစက်လွန်းသည်။

လက်ရှိတွင် နေရာ၌ ဓားပြသုံးလေးဦးမျှသာ ကျန်ရှိတော့ပြီး ၊ သူတို့သည် ကျန်းမင် နှင့် ကျန်းမားဇီတို့ တိုက်ခိုက်နေသည့် နေရာနှင့် ဝေးရာတွင်ရပ်လျက် ထိတ်လန့်တကြားဖြင့် စောင့်ကြည့်နေကြသည်။

သူတို့အားလုံး မြင်းစီးထားကြသော်လည်း သူတို့၏ ခြေထောက်များမှာ တုန်ယင်နေကြပြီး မြင်းပေါ်မှ လဲကျလုနီးပါးပင်။

ဓားပြတစ်ဦး ဖြစ်ပါလျက်နှင့် ၊ မြင်းပေါ်မှ ပြုတ်ကျခြင်းသည် အတော်လေး သိက္ခာကျစရာ ကိစ္စတစ်ခု ဖြစ်သော်လည်း သို့သော် လက်ရှိတွင် သူတို့အကုန်လုံး အလွန်အမင်း ကြောက်လန့်နေကြပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကျန်းမားဇီသည် အပေါင်းအဖော်များ၏ အကူအညီကို မရရှိတော့သဖြင့် ဖိအားများက ပို၍ ပြင်းထန်လာသည်။

ကျန်းမင်၏ ဓားချက်များမှာ ပြင်းထန်ပြီး တိုက်ကွက်တိုင်းက စွမ်းအားကြီးမားလွန်းသည်။ သူသည်လည်း အင်အားကုန်ခမ်းလုနီးပါး အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ရာ ၊ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက သူ သေရမည်မှာ ဧကန်မလွဲပင်။

ထို့ကြောင့် သူ ထွက်ပြေးရမည်။

ဝုန်း...

သူသည် ကျန်းမင်၏ ပြင်းထန်သော ဓားတစ်ချက်စာကို ခံယူလိုက်သည်။ ကျန်းမင်၏ တိုက်ခိုက်မှုသည် ကျန်းမားဇီကို နောက်ပြန်လွင့်ထွက်သွားစေသည်။

သူသည် ၎င်းကို အခွင့်အရေးယူကာ လေထဲတွင် ကိုယ်ဟန်အနေအထားကို ပြောင်းလိုက်ပြီး ၊ သခင်မဲ့နေသော မြင်းတစ်ကောင်ပေါ်သို့ ဆင်းသက်လိုက်သည်။

"ဇိ..."

သူသည် မည်သည့် တွေဝေမှုမျှ မရှိဘဲ ချက်ချင်းပင် မြင်းကို စီးလျက် ထွက်ပြေးတော့သည်။

သို့သော်လည်း မြင်းသည် ခြေလှမ်းအနည်းငယ်မျှပင် မလှမ်းရသေးမီ ၊ သူ၏ နောက်ကျောဆီမှ လေခွင်းသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။

"မဖြစ်ဘူး..."

သူသည် နောက်သို့ လှည့်ကြည့်လိုက်စဉ် ၊ သူ၏ မျက်လုံးအိမ်ထဲ၌ အေးစက်သော ဓားအလင်းတစ်ချက် ထင်ဟပ်နေခဲ့၏။

အဆိုပါ ဓားအလင်းသည် အလွန် စူးရှတောက်ပပြီး တစ်လောကလုံးတွင် ဤဓားတစ်ချက်သာ ကျန်ရှိနေသကဲ့သို့ပင်။

ဝှစ်...

ကျန်းမားဇီနှင့် သူ စီးနင်းထားသော မြင်းသည် အလယ်တည့်တည့်မှနေ၍ နှစ်ပိုင်း ပြတ်တောက်သွားခဲ့လေပြီ။

[သတ်ဖြတ်မှုအမှတ် +၂၀၀‌]

[ ရှောင်လီ၏ ဓားပျံသိုင်းကွက် : ၁ ]

ကျန်ရှိနေသော ဓားပြ သုံးဦးမှာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည်နှင့် ချက်ချင်းပင် မြင်းများကို လှည့်၍ ထွက်ပြေးကြသည်။

သစ္စာစောင့်သိမှု နှင့် အတူတူ သေဝံ့သော ရဲဖော်ရဲဖက် ဟူသည် ဓားပြလောကတွင် မရှိချေ။

"ထွက်ပြေးချင်တာလား... လွတ်နိုင်မယ်ထင်လား..."

ကျန်းမင်သည် သူ၏ ဓားရှည်ကို ဝှေ့ယမ်းလိုကိရာ ၊ မြေပြင်ပေါ်ရှိ သခင်မဲ့နေပြီ ဖြစ်သော ဓားသုံးလက်သည် အပေါ်သို့ မြှောက်တတ်လာပြီး ဓားပြ သုံးဦး၏ ကျောပြင်ဆီသို့ လျင်မြန်သော အရှိန်နှုန်းဖြင့် ပြေးဝင်သွားသည်။

ဖောက်...

ဓားသုံးလက်သည် သူတို့သုံးယောက်၏ ရင်ဘတ်ကို တည့်တည့်မတ်မတ် ဖောက်ထွက်သွားခဲ့လေပြီ။

ကွင်းပြင်အတွင်း၌ သခင်မဲ့သွားပြီ ဖြစ်သော မြင်းသုံးကောင်သာ ကျန်ရှိတော့ပြီး ၊ ၎င်းတို့သည် ဘာလုပ်ရမှန်းမသိ နေရာမှာတင် ရပ်နေကြတော့သည်။

ခလောက်...

ငွေကြေးဂိုဏ်းသားများမှာ ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်သို့ ခွေကျသွားသည်။

အမှန်အားဖြင့် ၊ ကျန်းမင်သည် ဓားပြများ ပေါ်ထွက်လာချိန်မှစကာ အားလုံးကို သတ်ဖြတ်ပစ်လိုက်သည့် အချိန်အထိ ၁၅ မိနစ်သာ ကြာမြင့်ခဲ့သည်။

"အသက်... အသက်ချမ်းသာပေးပါ... ကျန်းမင်..."

"ငါတို့ကလည်း အထက်က အမိန့်အတိုင်း လုပ်ဆောင်ရတာပါ... လူကြီးတွေက အတင်းအကျပ် ခိုင်းစေလို့ပါ..."

"ဟုတ်ပါတယ်... ဟုတ်ပါတယ်... ကျွန်တော့်မှာလေ အိုမင်းတဲ့ မိဘနှစ်ပါးအပြင် ကလေးငယ်တွေလေး ရှိနေသေးတယ်... ကျွန်တော့်ကို မသတ်ပါနဲ့..."

ငွေကြေးဂိုဏ်းသားများသည် တစ်ယောက်ပြီးတစ်ယောက် ကျန်းမင်အား ဒူးထောက်ကာ အသက်ချမ်းသာပေးရန် ဦးခိုက် တောင်းပန်လေတော့၏။

All Chapters