← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အပိုင်း(၁၈) - စူးကျင်း၏ စစ်မှန်သော မျက်နှာဖုံး

ရက်အနည်းငယ် ကြာပြီးနောက် ၊

"အိမ်တော်သခင်... အားဝမ်နဲ့ အားချိုင်တို့ သေပြီ..."

အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အိမ်တော်ထိန်း ဝမ်ကျုံးသည် စူးကျန့်ဖုန်း၏ ဘေးနားတွင် ရပ်နေပြီး တိုးတိုးလေး သတင်းပို့လိုက်၏။

ထိုစကားကို ကြားလိုက်ရချိန်တွင် စူးကျန့်ဖုန်းမှာ မျက်မှောင်ကြုတ်သွားသည်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ၊ သူသည် ဖြည်းညင်းစွာ မေးမြန်းလိုက်သည်။

"အဲဒီ ကလေးရော..."

"သခင်... ကျန်းမင်ကတော့ အိမ်တော်သခင်နဲ့ သခင်မတို့ ထွက်ခွာသွားပြီးနောက် လောင်းကစားစွဲသွားတယ်လို့ ကြားရပါတယ်... ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးသွားပြီးတဲ့နောက်မှာ..."

ဝမ်ကျုံးသည် စကားကို ဆက်မပြောဘဲ ရပ်တန့်လိုက်သည်။ သူသည် မပြောရဲသော လျှို့ဝှက်ချက်တစ်ခု ရှိနေသဟန်ဖြင့်။

စူးကျန့်ဖုန်းမှာ ပို၍ မျက်မှောင်ကြုတ်သွားသည်။ သို့သော် သူ၏ လေသံမှာ တည်ငြိမ်နေဆဲပင်။

"ပြောစမ်း..."

"သူက ငွေကြေးအတွက်နဲ့... သူ့ကို မွေးစားထားတဲ့ မိဘတွေကို သတ်ဖြတ်ပြီး... တစ်ယောက်တည်း ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်..."

ခလွမ်...

စူးကျန့်ဖုန်း၏ လက်ထဲက လက်ဖက်ရည်ခွက်မှာ ချက်ချင်းဆိုသလို ကြေမွသွားသည်။

သူ၏ လက်ဖမိုးပေါ်ရှိ သွေးကြောများမှာ ဖောင်းကားလာပြီး ပါးပြင်ရှိ ကြွက်သားများမှာ တဆက်ဆက် တုန်ယင်နေသည်။ သူသည် အမျက်ဒေါသကို အတင်းအကျပ် ထိန်းချုပ်ထားသည်မှာ ထင်ရှားသည်။

ဝမ်ကျုံးသည် ဘေးနားတွင် ရပ်နေကာ ခေါင်းငုံ့ထားပြီး မည်သည့်စကားမျှ မဆိုရဲချေ။

အချိန်အတော်ကြာပြီးနောက် သက်ပြင်းချသံ တစ်ချက်နှင့်အတူ သေခြင်းတရားကဲ့သို့ တိတ်ဆိတ်မှုမှာ ပျက်ပြယ်သွားခဲ့သည်။

" အရင်သွားတော့ ... ငါ့ကို ထပ်ပြီး စဉ်းစားခွင့်ပေးပါဦး..."

"ဟုတ်ကဲ့ပါ..."

ဝမ်ကျုံးသည် တိတ်ဆိတ်စွာပင် နောက်ဆုတ်ခွာသွားသည်။

သူ ထွက်သွားပြီးပြီးချင်း ၊ ကုလားကာနောက်ကွယ်မှ မျက်နှာမကောင်းသော အမျိုးသမီးတစ်ဦး ထွက်လာခဲ့သည်။

"သခင်ကြီး... အဲဒီ ကလေးက..."

ဟူး...

စူးကျန့်ဖုန်းမှာ သက်ပြင်းတစ်ချက် ချလိုက်ပြီး လျိုယန်၏ လက်ကို ဆွဲကိုင်လိုက်သည်။

"မိုက်မဲတဲ့ သားပဲ..."

"ငါ စူးကျန့်ဖုန်း တစ်သက်လုံး ဖြောင့်မတ်မှန်ကန်စွာနဲ့ ကျင်လည်လာခဲ့တာ... ဒီလိုမျိုး တိရစ္ဆာန်ထက် ယုတ်ညံ့တဲ့ သားတစ်ယောက် မွေးမိလိမ့်မယ်လို့ ထင်မထားဘူး..."

"သခင်ကြီး... သူ့ကို ပြန်ခေါ်လာရင်ရော မကောင်းဘူးလား..."

"သူ့ကို အပြင်မှာပဲ ဒီအတိုင်း ပစ်ထားတာကလည်း အဆင်မပြေဘူးလေ..."

လျိုယန်က မျက်မှောင်ကြုတ်လျက် ဆိုလိုက်၏။

စူးကျန့်ဖုန်းက ခေါင်းညိတ်ပြလိုက်သည်။

ထိုအချိန်တွင် ၊

ဒေါက် ဒေါက် ဒေါက်...

တံခါးခေါက်သံ တစ်ချက် ထွက်ပေါ်လာ၏။

"အဖေ... အမေ..."

တံခါးဝမှ နူးညံ့သော အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။ ထိုသူသည် ခမ်းနားထည်ဝါသော ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ချောမောသော အသွင်အပြင် ရှိသည်။ ထိုသူမှာ စူးကျင်းပင်။

သူသည် လင်ဗန်းတစ်ခုကို ကိုင်ဆောင်ထားပြီး ၊ လင်ဗန်းပေါ်တွင် အလွန်မွှေးကြိုင်သော ရာစုနှစ်သက်တမ်းရှိ ဂျင်းဆင်းစွပ်ပြုတ်နှစ်ခွက် ရှိနေသည်။

"ကျင်းအာ... သား ဘာလို့ ကိုယ်တိုင် ချက်ပြုတ်နေရပြန်တာတုန်း..."

ရောက်ရှိလာသော သားဖြစ်သူကို မြင်တွေ့လိုက်ရသဖြင့် လျိုယန်၏ ဝမ်းနည်းနေသော အမူအရာမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး မိခင်တစ်ဦး၏ နွေးထွေးမှုများ အစားထိုး

ဝင်ရောက်လာခဲ့သည်။

သူမသည် စူးကျင်း၏ ဘေးနားသို့ အမြန်သွားရောက်ကာ ဂျင်ဆင်းစွပ်ပြုတ်နှစ်ခွက်ကို လှမ်းယူလိုက်၏။

"အဖေနဲ့ အမေ... ဒီတစ်ခေါက် အပြင်ခရီးစဉ်မှာ ပင်ပန်းလာခဲ့ကြတာဆိုတော့.. သားက အဖေတို့ရဲ့ ကျန်းမာရေးကို စိတ်ပူလို့ အားဖြည့်ပေးဖို့အတွက် ဂျင်ဆင်းစွပ်ပြုတ်ကို တမင်တကာ ပြင်ဆင်ထားတာ..."

စူးကျင်းက နွေးထွေးစွာ ပြုံးပြလိုက်သည်။

"ဟုတ်ပါပြီ... ဟုတ်ပါပြီ... သားက မိဘအပေါ် သိတတ်တဲ့စိတ်ရှိတာပဲ..."

လျိုယန်၏ မျက်လုံးများမှာ ပျော်ရွှင်မှုများဖြင့် တောက်ပနေခဲ့သည်။ သူမသည် ဤသားဖြစ်သူကို အလွန်ပင် သဘောကျနှစ်ခြိုက်ပေသည်။

စူးကျန့်ဖုန်းသည်လည်း ထိုနည်းတူပင် ဖြစ်ပြီး ၊ သူ၏ တည်ကြည်သော မျက်နှာထက်၌ ထူးထူးခြားခြား နူးညံ့သော အပြုံးတစ်ခု ပေါ်လွင်လာခဲ့သည်။

"ကျင်းအာ... မကြာသေးမီက သိုင်းပညာ လေ့ကျင့်တာ ဘယ်လိုလဲ..."

သူသည် စွပ်ပြုတ်ခွက်ကို လှမ်းယူရင်း သားဖြစ်သူကို ဂရုတစိုက် မေးမြန်းလိုက်သည်။

လွန်ခဲ့သော ခြောက်လခန့်အတွင်း၊ သူတို့သည် စုန့်ချွင်းမြို့ကြီးတွင် နေထိုင်ခဲ့ရစဉ်က ကျန့်ဝမ်မြို့တော်တွင် နေထိုင်ရသကဲ့သို့ သက်တောင့်သက်သာ မရှိခဲ့ပေ။ သားဖြစ်သူမှ ပေးပို့သော ဂျင်ဆင်းစွပ်ပြုတ်ကိုလည်း မသောက်သုံးခဲ့ရချေ။

မည်သို့ပင်ဖြစ်စေ ၊ ကျန်းမင်သည် နေ့စဉ်နေ့တိုင်း လမ်းဘေးလူတန်းစားများနှင့်သာ ရောနှောကျင်လည်နေပြီး ၊ ဆိပ်ကမ်းဂိုဏ်း၏ အောက်ခြေတန်း အဖွဲ့ဝင်များကို ဖားယားနေတတ်ကာ မိဘအပေါ် တွင် သိတတ်သည့် အမူအရာမျိုး ရှိမနေခဲ့ချေ။

လက်ဖက်ရည် ကျိုချက်ပေးခြင်း ၊ လက်ဆောင်ပေးခြင်း၊ ဆေးဖက်ဝင် စွပ်ပြုတ်များ ပြင်ဆင်ပေးခြင်းမှာမူ ထည့်ပြောစရာပင် မလိုတော့ချေ။

စူးကျန့်ဖုန်းနှင့် လျိုယန်တို့သည် ထိုအရာများကို အတင်းအကျပ် မတောင်းဆိုသော်လည်း ၊ သူတို့ လိုချင်သည်မှာ နာခံတတ်သော သဘောထားတစ်ခုသာ ဖြစ်သည်။

သို့သော် ကျန်းမင်သည် ထိုအရာများကို မလုပ်ခဲ့သလို ဟန်ဆောင်ရန်ပင် မကြိုးစားခဲ့ချေ။

သို့သော်လည်း ထူးဆန်းစွာပင် စူးကျန့်ဖုန်းနှင့် လျိုရန်တို့မှာ ကျန့်ဝမ်မြို့တော်တွင် နေထိုင်စဉ်ကထက် ပိုမို ပေါ့ပါးပြီး သက်တောင့်သက်သာ ရှိနေခဲ့ခြင်းပင်။

ခရီးတစ်လျှောက်လုံးတွင်လည်း မည်သည့် ပင်ပန်းနွမ်းနယ်မှုမျှ မကြုံတွေ့ခဲ့ရချေ။ ဤကဲ့သို့သော အဖိုးတန်ပစ္စည်းများဖြင့် ခန္ဓာကိုယ်ကို အားဖြည့်ရန် မလိုအပ်သော်လည်း ၊ ဤသည်မှာ စူးကျင်း၏ စေတနာဖြစ်သဖြင့် သူတို့နှစ်ဦးစလုံး ငြင်းပယ်ခြင်းမရှိ သောက်သုံးလိုက်ကြသည်။

All Chapters