← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

အခန်း(၂၅) စူးမိသားစု ၊ အစ်မ(၇) စူးယာ

သူ၏ မျက်နှာတွင် နွေဦးနေရောင်ခြည်ကဲ့သို့ နွေးထွေးသော အပြုံးတစ်ခုကို ချိတ်ဆွဲထားသော်လည်း ၊ နက်ရှိုင်းသော မျက်ဝန်းများက အေးစက်မှုများကို ကွယ်ဝှက်ထားသည်။

ထိုသူ၏ လက်ထဲတွင် အသက်ပေါင်းများစွာ သေဆုံးခဲ့ရသည်ကို ကျန်းမင်ထက် ဘယ်သူမှ ပိုမသိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်လည်း ထိုနည်းတူစွာပင်။

"မင်းက ဘယ်သူလဲ..."

ကျန်းမင်က တည်ငြိမ်စွာဖြင့် မေးခွန်းထုတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ၊ သူသည် စနစ်မျက်နှာပြင်ပေါ်ရှိ သတ်ဖြတ်မှုအမှတ်ကို တစ်ချက် စစ်ဆေးလိုက်သည်။

စုစုပေါင်း ၅၁၀၀ မှတ် ရှိ၏။ သူ ဆန္ဒရှိသရွေ့ ဘယ်အချိန်မဆို အဆင့်(၈) သို့မဟုတ် အဆင့်(၇) သိုင်းပညာရှင်တစ်ဦး ဖြစ်လာနိုင်သည်။ ထို့ကြောင့် သူသည် မျက်စိရှေ့က လူကို ရင်ဆိုင်ရန် ယုံကြည်ချက် အပြည့်ရှိသည်။

"ဟားး..."

"ခုနက ကျန်းသခင်လေးရဲ့ ဓားချက်ကို မြင်လိုက်ရလို့ စိတ်လှုပ်ရှားသွားပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်ဖို့ မေ့သွားတယ်... ရိုင်းပျမိရင် ခွင့်လွှတ်ပါ..."

"ကျုပ် နာမည်က မော့လျူရှင်း... ကြယ်တိမ်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပါ..."

"ဒီနေ့ လာရတာကတော့ ကျန်း သခင်လေးကို ကျုပ်တို့ ကြယ်တိမ်ဂိုဏ်းထဲ ဝင်ရောက်ဖို့ ဖိတ်ခေါ်ချင်လို့ပါ..."

ထိုစကားကို ကြားလိုက်ရချိန်တွင် ကျင်းမင်မှာ မျက်မှောင်ကြုတ်သွားသည်။ တစ်ချိန်တည်းမှာပင် သူ့လက်ကို ဓားရိုးပေါ်သို့ တင်လိုက်၏။

"မင်း ငါ့ရဲ့ နောက်ခံကို သိထားတာလား..."

မော့လျူရှင်းက ခေါင်းညိတ်၏။

"ကျုပ်တို့ ကြယ်တိမ်ဂိုဏ်းက သိုင်းလောကကနေ ပုန်းအောင်းနေတဲ့ ဂိုဏ်းတစ်ခု ဖြစ်ပေမယ့် ၊ သိုင်းလောကထဲက ကိစ္စတွေကို ကောင်းကင်လျှို့ဝှက်ချက် ဆန်းကြယ်ဂေဟာလောက်တော့ သိထားပြီးသားပါ”

"မင်း နာမည်က ကျန်းမင်၊ စုန့်ချွင်းမြို့ကနေ လာတယ်ဆိုတာ သိတယ်..."

" ဒါတင်မကဘူး ၊ မင်းက အမှန်တကယ်တော့ ကျန့်ဝမ်မြို့တော် စူးမိသားစုရဲ့ တကယ့်သွေးသားရင်း သခင်လေးဆိုတာကိုပါ သိထားတယ်..."

ဤစကားများ ထွက်လာသည်နှင့် ၊ ကျန်းမင်၏ စိတ်ထဲတွင် အလွန် တုန်လှုပ်သွားသည်။

"ဒါပေမဲ့ စိတ်မပူပါနဲ့... ကျုပ်က မင်းအတွက် မိတ်ဆွေပါ ရန်သူမဟုတ်ပါဘူး… ဒါတင်မကသေးဘူး ကျုပ်တို့ ကြယ်တိမ်ဂိုဏ်းက မင်းကို တပည့်အဖြစ် လက်ခံပြီး ပျိုးထောင်ပေးဖို့လည်း ဆန္ဒရှိတယ် …..”

မော့လျူရှင်းသည် နွေးထွေးသော အပြုံးဖြင့် ဆက်ရှင်းပြ၏။

ကျန်းမင်က ခေါင်းခါယမ်းလိုက်သည်။

"မင်း ငါ့အကြောင်းကို သိထားတယ်ဆိုရင်... ငါ့မှာ ရှိနေတဲ့ ဒုက္ခတွေက မသေးဘူးဆိုတာကိုလည်း သိထားသင့်တယ်..."

"ငါ့ကို မင်းတို့ ကြယ်တိမ်ဂိုဏ်းထဲ သွင်းလိုက်ရင်... မင်းတို့ ကျန့်ဝမ်မြို့တော်ကို မကြောက်ဘူးလား..."

ဤရက်ပိုင်းအတွင်း ကျန်းမင်သည် လော့ဝူရှဲ့ထံမှ သိုင်းလောက၏ ကိစ္စများကို မေးမြန်းသိရှိထားသဖြင့် ၊ ကျန့်ဝမ်မြို့တော်ရှိ စူးမိသားစုသည် မည်မျှ ကြီးမားသော အင်အားစုကြီး ဖြစ်ကြောင်းကို ကောင်းကောင်း နားလည်ထားသည်။

သို့သော် မိမိ နှင့် စူးမိသားစုသည် သွေးကြွေးရန်ငြိုး ထုံးဖွဲ့ထားပြီ ဖြစ်ရာ ၊ ပြန်လည် သင့်မြတ်ရန် မဖြစ်နိုင်တော့ပေ။ သွေးကြွေးကို သွေးဖြင့်သာ ပြန်ဆပ်ရမည်။

ကြယ်တိမ်ဂိုဏ်းကဲ့သို့သော တစ်ခါမှ မကြားဖူးသည့် ပုန်းအောင်းနေသော ဂိုဏ်းတစ်ခုက အဆင့်(၈) ကနဦးအဆင့်ရှိ သိုင်းပညာရှင်တစ်ဦးအတွက် ဆရာသခင်အဆင့်ရှိ ကျန့်ဝမ်မြို့တော်က စူးမိသားစုကို ပြစ်မှားဝံ့မည်လော။

ကျန်းမင်အနေဖြင့် သံသယဖြစ်မိသည်။

"ဟားး…."

မော့လျူရှင်းက ပြုံးလိုက်ပြီး ၊ သူ၏ အသံမှာ တည်ငြိမ်နေဆဲပင်။

" ကျန့်ဝမ်မြို့တော်လောက်ကတော့ ဘာမှ မဟုတ်ဘူး... မင်းသာ ကျုပ်တို့ ကြယ်တိမ်ဂိုဏ်းထဲ ဝင်ရောက်မယ်ဆိုရင် လောကရဲ့ ထိပ်တန်းဂိုဏ်းကြီး ခြောက်ဂိုဏ်း ၊ အဖွဲ့အစည်းကြီးခုနစ်ခုနဲ့ နတ်ဆိုးဂိုဏ်းကြီး ရှစ်ဂိုဏ်း ရှိနေရင်တောင် ဘာမှကြောက်စရာ မလိုဘူး..."

“ သေချာပေါက် မင်းအနေနဲ့... ကျုပ်စကားက ကြွားဝါနေတယ်လို့ ထင်ကောင်းထင်နိုင်တယ်... ဒါပေမဲ့ မင်း ပြန်ရောက်တဲ့အခါ ဖြည်းဖြည်းချင်း စုံစမ်းကြည့်နိုင်တယ်…”

“မင်း ကျုပ်တို့ ကြယ်တိမ်ဂိုဏ်းရဲ့ အင်အားကို အမှန်တကယ် နားလည်သွားတဲ့ အခါကျရင်တော့... ကျုပ် အခုပြောတဲ့ စကားတွေက ကြွားဝါနေတာ မဟုတ်ဘူးဆိုတာကို မင်း နားလည်လာပါလိမ့်မယ်..."

ကျန်းမင်၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ မပြသော်လည်း ၊ မျက်ဝန်းထဲ၌ 'မင်း ကြွားနေတာပဲ” ဆိုသည့် အရိပ်အယောင်များ ရှိနေ၏။

ကျန်းမင်သည် မိမိ၏ စကားကို သိပ်မယုံကြည်ကြောင်း မော့လျူရှင်း သတိပြုမိသော်လည်း စိတ်အနှောင့်ယှက် မဖြစ်ချေ။

"ဒီနေ့ လာရတာကတော့ မင်းကို ဂိုဏ်းထဲဝင်ဖို့ ဖိတ်ခေါ်တာအပြင်... အရေးကြီးတဲ့ သတင်းအချက်အလက်တစ်ခုကိုလည်း ယူလာပေးတာပဲ..."

"ဒါက ကျန့်ဝမ်မြို့တော်က မင်းအပေါ် မှာ ထားရှိတဲ့ နောက်ထပ် အစီအစဉ်နဲ့ သက်ဆိုင်တယ်..."

"အို..."

ဤအကြောင်းအရာကို ထုတ်ပြောလာချိန်တွင် ကျန်းမင် စိတ်ဝင်စားသွားသည်။ သို့သော်လည်း လောကတွင် အလကားရသော နေ့လည်စာ ဟူ၍ မရှိချေ။

"ဘာတောင်းဆိုချက် ရှိလဲ..."

"ဟားး… ဉာဏ်ကောင်းတယ်..."

"တောင်းဆိုချက်ကတော့... မင်း ကျုပ်တို့နဲ့ ပူးပေါင်းပြီး လူတစ်ယောက်ကို သတ်ပေးရမယ်..."

"ဘယ်သူလဲ..."

"ဆိပ်ကမ်းဂိုဏ်း လုအန်းမြို့ ဌာနခွဲခေါင်းဆောင်... အသက်လုဓား ဝမ်ရှောင်ဝိန်..."

ထိုစကားကို ကြားသည်နှင့် ကျန်းမင် မျက်မှောင်ကြုတ်သွား၏။

လုအန်းမြို့ဘက်ရှိ ဆိပ်ကမ်းဂိုဏ်းသည် စုန့်ချွင်းမြို့ကဲ့သို့ အင်အားမကြီးမားသော်လည်း ၊ ဌာနခွဲခေါင်းဆောင် ဝမ်ရှောင်ဝိန်သည် အဆင့်(၇) ကနဦးအဆင့်ရှိ သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။

သူ၏ ‘အသက်လုဓား’ သည် အလွန် အစွမ်းထက်သောကြောင့် ‘ ဝိညာဉ်ကို ခိုးယူပြီး နှလုံးသားကို ခုနှစ်ရက်ခုနှစ်ည စုတ်ဖြဲသည်’ ဟု ဆိုကြသည်။

သူသည် နာမည်ကျော်ကြားပြီး ရက်စက်သော ပုဂ္ဂိုလ်တစ်‌ဦး ဖြစ်သည်။

ဒါတင်မက ၊ ဆိပ်ကမ်းဂိုဏ်း၏ အကြီးအကဲ ခုနစ်ယောက်စလုံးမှာလည်း အဆင့်(၈) သိုင်းပညာရှင်များ ဖြစ်ကြသည်။

"ကျုပ်တို့ နှစ်ယောက်တည်းလား..."

ကျန်းမင်က မေးမြန်းလိုက်သည်။

All Chapters