← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အခန်း(၂၆)

မျက်စိရှေ့က လူ၏ ခွန်အားမှာ မဆိုးလှသော်လည်း ခန့်မှန်းရသလောက် အဆင့်(၇) အလယ်အလတ်ပိုင်း အဆင့်သာ ရှိပေဦးမည်။

ဤဖိတ်ကြားချက်မှာ သူ ဝမ်ရှောင်ဝိန်ကို သတ်ဖြတ်နေစဉ်အတွင်း ၊ မိမိသည် ဆိပ်ကမ်းဂိုဏ်း၏ အကြီးအကဲ ခုနစ်ယောက်ကို ခုခံပေးရန် ဖြစ်ရမည်။ အောင်နိုင်ခြေ များသော်လည်း အန္တရာယ်အချို့ ရှိနေဆဲပင်။

စနစ်ရှိသော လူတစ်ယောက်အနေဖြင့် ၊ ဤကဲ့သို့သော အန္တရာယ်မျိုးကို ရင်ဆိုင်ရန် မထိုက်တန်ချေ။

"မဟုတ်ဘူး..."

မော့လျူရှင်းက ငြင်းပယ်လိုက်သည်။

"နောက်ထပ် လူတစ်ယောက် ရှိသေးတယ်... ပြီးတော့ မင်းလည်း သိတယ်..."

"ဒီနေ့ လျန်ကျန်းတစ္ဆေလေးကောင်ကို သတ်ပစ်ခဲ့တဲ့ မိုးကြိုးဓားအတတ်ရဲ့ ဆက်ခံသူ... 'နှလုံးသားမဲ့ဓားသမား' လင်းလန်ပဲ..."

"သူကလည်း အဆင့်(၈)ပဲ... မင်းနဲ့ ပေါင်းရင် အဆင့်(၈) နှစ်ယောက် ဖြစ်သွားပြီ..."

"မင်းတို့ နှစ်ယောက်က ဆိပ်ကမ်းဂိုဏ်းရဲ့ အကြီးအကဲ ခုနစ်ယောက်ကို ၁၅ မိနစ်ခန့် ထိန်းထားပေးနိုင်ရင် ရပြီ... ၁၅ မိနစ်ဆိုရင်ကို လုံလောက်ပါပြီ..."

"ကျုပ်က ၁၅ မိနစ်အတွင်း ဝမ်ရှောင်ဝိန်ကို သေချာပေါက် သတ်နိုင်တယ်..."

"ဘယ်လိုလဲ... လုပ်မလား..."

ထိုစကားကို ကြားလိုက်ရချိန်တွင် ကျန်းမင်သည် အခိုက်အတန့်မျှ စဉ်းစားလိုက်သည်။ လင်းလန်၏ အရည်အချင်းကို သူလည်း အသိအမှတ်ပြုပေသည်။

သူ၏ ဓားအတတ်သည် လျင်မြန်ပြီး ၊ အဆင့်(၈) သိုင်းသမားများကြားတွင် ပြိုင်ဘက်မရှိသလောက်ပင်။

သူသည် ဆိပ်ကမ်းဂိုဏ်း၏ အကြီးအကဲ အချို့ကို ခုခံပေးပြီး ၊ မိမိသည် ကျန်သူများကို ခုခံပေးမည်ဆိုပါက ၁၅ မိနစ်အတွင်း မည်သည့်ပြဿနာမျှ ရှိလိမ့်မည် မဟုတ်ချေ။

"ကောင်းပြီ..."

"ဘယ်အချိန်မှာ လှုပ်ရှားမှာလဲ..."

"စောစောလှုပ်ရှားတာက ပိုကောင်းတယ်... ဒီညပဲ လှုပ်ရှားကြရအောင်..."

"ကောင်းပြီ..."

ကျန်းမင်က နောက်တစ်ကြိမ် ထပ်ဖြေလိုက်သည်။

မော့လျူရှင်းသည်လည်း အချိန်မဆွဲတော့ဘဲ စာရွက်အပိုင်းအစတစ်ခုကို ကျန်းမင်ထံသို့ ကမ်းပေးလိုက်သည်။

စာရွက်ပေါ်တွင် ဤသို့ ရေးသားထားသည်။

“ ကျန်ဝမ့်မြို့တော် စူးကျင်းသည် စူးမိသားစု၏ အစ်မ(၇) စူးယာထံသို့ လျှို့ဝှက်စာ ပေးပို့ခဲ့ပြီး ၊ စုန့်ချွင်းမြို့သို့ သွားရောက်ကာ ကျန်းမင်ကို သတ်ဖြတ်ရန် ညွှန်ကြားခဲ့သည်”

“ စူးယာနှင့် စေ့စပ်ထားသူ ကျောက်ပုဖန်သည် အကြီးအကဲ နှစ်ဦးကို ခေါ်ဆောင်ကာ သူမနှင့်အတူ ပူးပေါင်းလှုပ်ရှားရန် ထွက်ခွာလာခဲ့သည်”

“ ကျောက်ပုဖန်သည် ကောင်းကင်လျှို့ဝှက်ချက် ဆန်းကြယ်ဂေဟာထံမှ ကျန်းမင်၏ တည်နေရာကို ဝယ်ယူရရှိထားပြီး ဖြစ်သည်"

စာကြောင်း သုံးကြောင်းသာ ရှိသော်လည်း ပါဝင်သော အကြောင်းအရာမှာ ပြည့်စုံလွန်းသည်။

ကျန်းမင်မှာ ပို၍ မျက်မှောင်ကြုတ်သွား၏။ စူးယာသည် စူးမိသားစု၏ သမီးခုနစ်ယောက်ထဲတွင် အရည်အချင်း အညံ့ဖျင်းဆုံး ဖြစ်သော်လည်း ၊ အဆင့်(၇) အလယ်အလတ်အဆင့်ရှိ သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။

ဒါတင်မက ၊ သူမနှင့် စေ့စပ်ထားသူ ကျောက်ပုဖန်မှာ အဆင့်(၇) အထွပ်အထိပ်အဆင့်ရှိပြီး ကျန်ရှိသော အကြီးအကဲ နှစ်ဦး၏ အဆင့်ကိုမူ မသိရသေးချေ။

တစ်ဖက်လူ၏ အင်အားကို ကြိုတင်မသိရှိထားဘဲ ရုတ်တရက် ရင်ဆိုင်ရပါက ၊ အမှန်တကယ်ပင် ဒုက္ခအကြီးအကျယ် တွေ့နိုင်သည်။

ထို့အပြင် ကောင်းကင်လျှို့ဝှက်ချက် ဆန်းကြယ်ဂေဟာသည် မိမိ၏ တည်နေရာကို သေချာပေါက် ရှာတွေ့ပေလိမ့်မည်။

"ကျေးဇူးတင်ပါတယ်..."

ကျန်းမင်သည် မော့လျူရှင်းကို ကျေးဇူးတင်ကြောင်း အရိုအသေပေးလိုက်၏။

"ဘယ်လိုလဲ... ကျုပ်တို့ ကြယ်တိမ်ဂိုဏ်းထဲ ဝင်မလား..... ကျုပ်တို့က မင်းအတွက် ဒီဘေးအန္တရာယ်ကို ကူညီပေးနိုင်တယ်..."

"မင်းတို့က စူးမိသားစုကို ဖျက်ဆီးပစ်နိုင်မယ်ဆိုတာ သေချာလား”

"အယ်... အခုတော့ မဟုတ်သေးဘူး ၊ ဒါပေမဲ့ ကျုပ်တို့က မင်းကို ဘယ်သူမှ ရှာမတွေ့နိုင်တဲ့ နေရာတစ်ခုဆီ ခေါ်သွားပေးနိုင်တယ်... "

"မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် နောက်ထပ် အနှစ်နှစ်ဆယ်အတွင်းမှာ မင်းက မဟာဆရာသခင် အဆင့်ကို သေချာပေါက် ရောက်ရှိလိမ့်မယ်…”

“အဲဒီအချိန်ကျရင်တော့ ကျန့်ဝမ်မြို့တော်ကလည်း မင်းကို ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး..."

ထိုစကားကို ကြားတော့ ကျန်းမင်၏ နှုတ်ခမ်းများမှာ ကွေးညွှတ်သွား၏။

‘ စနစ်ရှိတဲ့ လူတစ်ယောက်ကို အနှစ်နှစ်ဆယ်ခန့် အချိန်ဖြုန်းခိုင်းနေတာလား….’

ဤသည်မှာ မိုက်မဲလွန်းရာ ကျပေသည်။

ကြယ်တိမ်ဂိုဏ်းသည် အတော်လေး အင်အားကြီးမားရမည်ဟု ထင်မှတ်ထားခဲ့သော်လည်း ၊ နောက်ဆုံးတော့ ဤအဆင့်သာ ရှိသည်။

ထို့ကြောင့် သူသည် ပြတ်သားစွာ ငြင်းဆန်လိုက်၏။

"မလိုဘူး..."

"သုံးနှစ်အတွင်း... ငါ စူးမိသားစုကို တိုက်ခိုက်ပြီး ရန်ငြိုးအားလုံးအတွက် ကလဲ့စားချေမယ်..."

"မင်းသဘောပဲ..."

မော့လျူရှင်းသည် ကျန်းမင်ကို အတင်းအကျပ် မတိုက်တွန်းတော့ချေ။

ပါရမီရှင်တိုင်းတွင် မိမိကိုယ်ပိုင် မာန်မာနများ ရှိကြပြီး ၊ မိမိကိုယ်တိုင် အခက်အခဲများနှင့် ကြုံတွေ့ပြီးမှသာလျှင် ရင့်ကျက်လာလိမ့်မည် ဖြစ်ကြောင်း ကောင်းကောင်း နားလည်ထား၏။

"ဒါပေမဲ့ မင်း စိတ်ပြောင်းသွားတဲ့ အခါကျရင်တော့ မာမိသားစု ဆန်ဆိုင်ကို လာပြီး ကျုပ်ကို ရှာနိုင်တယ်..."

ထိုစကားကို ပြောကြားပြီးနောက် မော့လျူရှင်းသည် ချက်ချင်းပင် လှည့်ထွက်သွားခဲ့သည်။ ကျန်းမင်သည်လည်း ဟုန်ယွမ်အစောင့်အရှောက်အဖွဲ့ဆီသို့ ပြန်လာခဲ့သည်။

လက်ရှိတွင် သူသည် အဆင့်တတ်ရန် လိုအပ်သည်။ ယခင်က စုဆောင်းထားသော သတ်ဖြတ်မှုအမှတ် ထောင်ပေါင်းများစွာမှာ မသုံးရသေးဘဲ ယခုထိတိုင် ရှိနေဆဲပင်။

All Chapters