← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

အခန်း(၂၇) ဆောင်းဦးရာသီ ညတစ်ည

လော့ဝူရှဲ့သည် ကျန်းမင် ပြန်ရောက်လာသည်ကို မြင်သော်လည်း များများစားစား မမေးမြန်းခဲ့ချေ။ မည်သို့ပင်ဖြစ်စေ၊ ရလဒ်မှာ သိသာထင်ရှားသည်။

လျန်ကျန်းတစ္ဆေလေးကောင်သည်ပင် ကျန်းမင်၏ ပြိုင်ဘက် မဟုတ်နိုင်ရာ ၊ လင်းလန်ကြောင့် ဒဏ်ရာအပြင်းအထန်ရထားသော ရှီသာ့အနေဖြင့် ပြောနေစရာပင် မလိုတော့ချေ။

လျန်ကျန်းတစ္ဆေလေးကောင်မှာ အမှန်တကယ်ပင် တစ္စေလေးကောင် ဖြစ်သွားခဲ့ချေပြီ။

ချင်းနျိုမြို့ပြင်ရှိ တောင်ပတ်လမ်းတွင် မြင်းစီးလာသော လူလေးဦးသည် လမ်းခွဲတစ်ခုအတွင်းသို့ ချိုးကွေ့ဝင်ရောက်လာခဲ့ကြသည်။

ခပ်ဖျော့ဖျော့ အဝါရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသည့် ချောမောလှပသော အမျိုးသမီးတစ်ဦးက ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။

"အစ်ကိုဖန်... ဘာလို့ ချီဝူမြို့ကို မသွားဘဲ လုအန်းမြို့ကို သွားနေတာလဲ..."

သူမသည် စူးကျင်း၏ သတ္တမမြောက် အစ်မဖြစ်သူ စူးယာပင် ဖြစ်သည်။ ဤရက်ပိုင်းအတွင်း သူမသည် ချင်းနျိုမြို့ရှိ ကျောက်မိသားစုတွင် ဧည့်သည်အဖြစ် တည်းခိုနေထိုင်ခဲ့သည်။

မျက်စိရှေ့က တောင်ပတ်လမ်းသည် လုအန်းမြို့သို့ သွားသော လမ်းဖြစ်ပြီး ၊ နောက်ထပ် လမ်းကြောင်းတစ်ခုမှာ ချီဝူမြို့သို့ ဦးတည်သော လမ်းဖြစ်ကြောင်း သူမ မှတ်မိလိုက်သည်။

သူမ၏ မောင်လေး စူးကျင်း ပေးပို့သော စာထဲတွင် ကျန်းမင် ဆိုသော အောက်တန်းအဆင့် ကောင်သည် ရေလမ်းကြောင်းအတိုင်း ချီဝူမြို့သို့ ထွက်ပြေးသွားသည် ဟု ဖော်ပြထားသည်။

ကျောက်ပုဖန်သည် ပြန်လည် မဖြေကြားဘဲ သူ၏ အင်္ကျီလက်ထဲမှ စာတစ်စောင်ကို ထုတ်ယူလိုက်သည်။

"ဒါကို ကြည့်လိုက်..."

စူးယာသညိ စာစောင်ကို လှမ်းယူကြည့်လိုက်ရာ၊ စာရွက်ပေါ်တွင် ကောင်းကင်လျှို့ဝှက်ချက် ဆန်းကြယ်ဂေဟာ၏ တံဆိပ်အမှတ်အသား ရှိနေသည်ကို မြင်တွေ့လိုက်ရ၏။

" ကောင်းကင်လျှို့ဝှက်ချက် ဆန်းကြယ်ဂေဟာက ပစ္စည်းပဲ..."

သူမသည် စာစောင်ကို အမြန် ဖတ်ရှုလိုက်သည်။

သို့သော်လည်း စာထဲတွင် ပါရှိသော အကြောင်းအရာများက သူမကို ဒေါသထွက်သွားစေသည်။

"ဒါ... ဒါက.... အတော်လေး သောက်သုံးမကျတဲ့ ကောင်တွေပဲ... ငွေကြေးဂိုဏ်း နဲ့ ဆိပ်ကမ်းဂိုဏ်းက ကောင်တွေက အသုံးမဝင်တဲ့ အမှိုက်တွေပဲ..."

"ကျန်းမင်တစ်ယောက်တည်းရဲ့ လှည့်စားတာကို ခံလိုက်ရတယ်လို့…’’

ထိုစကားကို ကြားတော့ ဘေးနားရှိ ကျောက်ပုဖန်မှာ တိတ်ဆိတ်နေခဲ့သည်။

ကျန်ရှိသော အကြီးအကဲ နှစ်ဦး၏ မျက်လုံးထဲ၌ လှောင်ပြောင်လိုသော အရိပ်အမြွက်များ လှစ်ဟသွားသော်လည်း ကောင်းမွန်စွာ ကွယ်ဝှက်ထားနိုင်ခဲ့သည်။

ချင်းနျိုမြို့ ရှိ ကျောက်မိသားစုသည် ကျန့်ဝမ်မြို့တော်ရှိ စူးမိသားစုနှင့် နှိုင်းယှဉ်ပါက ၊ အဆင့်တစ်ခု ကွာခြားနေဆဲ ဖြစ်ရာ ၊ တစ်ချို့ကိစ္စများတွင် သူတို့သည် ကြည့်ရုံသာ ကြည့်နိုင်ပြီး ဝင်ရောက်စွက်ဖက်၍ မရနိုင်ချေ။

……

ဟုန်ယွမ်အစောင့်အရှောက် အဖွဲ့ ၊ ကျန်းမင်၏ အခန်းတွင်း၌ ။

ကျန်းမင်သည် ကုတင်ပေါ်တွင် တင်ပြင်ခွေလျက် ထိုင်နေပြီး မိမိ၏ အသက်ရှူနှုန်းကို တည်ငြိမ်အောင် ညှိယူလိုက်၏။

"စနစ်... အမှတ်ပေါင်းထည့်မယ်..."

"သတ်ဖြတ်မှုအမှတ် နှစ်ထောင်ကို နတ်ဘုရားရှင်သန်ခြင်းကျမ်းထဲ ပေါင်းထည့်မယ်..."

[ အမှတ်ကို အောင်မြင်စွာ ထည့်သွင်းလိုက်ပါပြီ၊ နတ်ဘုရားရှင်သန်ခြင်းကျမ်း (၄၁/၁၀၀)]

တစ်ခဏအတွင်းမှာပင် ကျန်းမင်၏ တန်ထျန်းအမှတ်၌ အပူလှိုင်းများ ထွက်ပေါ်လာပြီး ၊ ခန္ဓာကိုယ်တစ်ခုလုံး မီးဖိုကြီးတစ်ခုကဲ့သို့ ပူပြင်းတောက်လောင်နေခဲ့သည်။

သန့်စင်သော အတွင်းစွမ်းအားများသည် သွေးကြောများအတိုင်း လှည့်လည်စီးဆင်းသွား၏။

တစ်ချိန်တည်းမှာပင်၊ အပူလှိုင်းများက တိုးဝင်လာခဲ့သည်။

ဗုန်း...

အတားအဆီးတစ်ခု ကျိုးပျက်သွားခဲ့ပြီး ၊ သူ၏ အရှိန်အဝါမှာလည်း အဆမတန် မြင့်တက်လာခဲ့၏။

သူသည် အဆင့်(၈) အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ဗုန်း ဗုန်း...

နောက်ထပ် အတားအဆီး နှစ်ခု ထပ်မံ ကျိုးပျက်သွားပြီး ၊ ပင်မသွေးကြော (၁၂)ခုထဲမှ (၉) ခုသည် အတွင်းအားများဖြင့် ပြည့်နှက်သွားခဲ့သည်။

သူသည် အဆင့်(၈) နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ကျန်းမင်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး လေမှုတ်ထုတ်လိုက်သည်။ တစ်ကိုယ်လုံး အားအင်အပြည့် တက်ကြွလန်းဆန်းသွား၏။

ပြည့်လျှံနေသော အတွင်းအားများကြောင့် သူသည် သာမန် တောင်ဖြိုလက်သီးကို အသုံးပြုရုံနှင့်ပင် လျန်ကျန်းတစ္ဆေလေးကောင်ထဲမှ ရှီသာ့ကို ရိုက်သတ်နိုင်လိမ့်မည်။

"ကြည့်ရတာ လူတွေအားလုံးဟာ နတ်ဘုရားရှင်သန်ခြင်းကျမ်းကို အထင်သေးခဲ့ကြပုံပဲ..."

"ငါ့အမြင်အရတော့... ဒီကျင့်စဉ်ဟာ ရှောင်လင်ဂိုဏ်းရဲ့ ရွှေချည်မျှင်ကျင့်စဉ်နဲ့ ကိုးယန်နတိဘုရားစွမ်းရည် တို့နဲ့ ယှဉ်နိုင်လောက်တယ်..."

ကျန်းမင်သည် လက်သီးကို အနည်းငယ် ဆုပ်လိုက်ပြီး ၊ ခန္ဓာကိုယ်အတွင်း တရကြမ်း စီးဆင်းနေသော အတွင်းအားများကို ခံစားရင်း စိတ်ထဲကနေ ရေရွတ်လိုက်သည်။

သို့သော်လည်း ကျင့်ကြံမှုအဆင့် မြင့်မားလာသည်နှင့်အမျှ ၊ ကောင်းမွန်သော သိုင်းပညာများလည်း လိုအပ်ပေသည်။

"သတ်ဖြတ်မှုအမှတ် နှစ်ထောင့်ငါးရာကို ကျားငါးကောင် တံခါးပိတ်ဓားသိုင်းထဲ ပေါင်းထည့်ပြီး... တစ်ထောင်ကို ရှောင်လီ ဓားပျံသိုင်းကွက်ထဲ ပေါင်းထည့်မယ်..."

[ ဒေါင် ! အမှတ်များကို အောင်မြင်စွာ ထည့်သွင်းပြီးပါပြီ ၊ ကျားငါးကောင် တံခါးပိတ်ဓားသိုင်း (၄၃/၁၀၀) ၊ ရှောင်လီဓားပျံသိုင်းကွက် (၃၁/၁၀၀) ]

တစ်ခဏအတွင်းမှာပင် ၊ ကျားငါးကောင် တံခါးပိတ်ဓားသိုင်း နှင့် ရှောင်လီ ဓားပျံသိုင်းကွက်တို့ကို လေ့ကျင့်ထားသော အတွေ့အကြုံများနှင့် လျှို့ဝှက်ချက်များစွာသည် ကျန်းမင်၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာ၏။

သူ၏ လက်ဖဝါးပေါ်ရှိ အသားမာများမှာလည်း ဖြည်းဖြည်းချင်း ကွာကျသွားကာ ၊ ကျောက်စိမ်းအလား ချောမွေ့လှသော အသားအရေ အဖြစ် ဆင့်ကဲပြောင်းလဲသွားသည်။ သို့သော် ဤအသားအရေမှာ အလွန် မာကြောပေသည်။

ချွင်...

အေးစက်သော ဓားအလင်းတန်းတစ်ခု ဝင်းလက်သွားသည်။

ဝုန်း...

အခန်းတွင်းရှိ လေးထောင့်စားပွဲခုံသည် အလယ်တည့်တည့်မှ နှစ်ခြမ်းခွဲထွက်သွားသည်။ ဓားရာမှာ ပြတ်သားကာ ညီညာလှပေသည်။

"ဒီလိုဆိုရင်တော့... ဒီညရဲ့ လှုပ်ရှားမှုက သေချာသွားပြီ..."

ကျန်းမင်သည် ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။ သူသည် အခန်းတံခါးကို တွန်းဖွင့်လျက် ရင်ပြင်ဆီသို့ လျှောက်လှမ်းလာခဲ့သည်။

အချိန်မှာ မိုးချုပ်လုနီးပြီ ဖြစ်ရာ နီမြန်းလှသော နေဝင်ဆည်းဆာသည် တောင်တန်းကြီး၏ အပြင်ဘက်တွင် စောင်းငဲ့ချိတ်ဆွဲနေခဲ့လေပြီ။

" ဆောင်းဦးရာသီ ညတစ်ည... တကယ်ကို လူသတ်ဖို့ ကောင်းတဲ့ အချိန်ပဲ..."

"ဟုတိတယ်မလား..."

သူ၏ အကြည့်က နံရံထောင့်ဆီသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် သတိထားမိရန် ခက်ခဲသော ပုံရိပ်တစ်ခု ရှိနေခဲ့သည်။

All Chapters