← Chapters

အခန်း ၂၈

Vol. 3 Ch. 28

အခန်း ၂၈

Vol. 3 Ch. 28

အခန်း(၂၈)

ထိုသူ၏ အသက်ရှူသံမှာ အလွန် တည်ငြိမ်နေပြီး မည်သည့် လှုပ်ရှားမှုမျှ မရှိသောကြောင့် ကျောက်ရုပ်ထုအလား ထင်မှတ်ရသည်။

မော့လျူရှင်း၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ မပြသော်လည်း စိတ်ထဲတွင်မူ အံ့ဩတုန်လှုပ်သွားခဲ့ရသည်။

လွန်ခဲ့သော နာရီပိုင်းခန့်ကတင် မိမိသည် ကျန်းမင် ဘေးနားသို့ ချဉ်းကပ်ခဲ့စဉ်က ၊ တစ်ဖက်လူသည် မိမိကို သတိမပြုမိခဲ့ချေ။

ယခု နာရီပိုင်းမျှသာ ကြာမြင့်သေးသည်။ သူသည် မိမိ၏ တည်နေရာကို ရှာဖွေတွေ့ရှိနိုင်ပြီလော။

ဤလူငယ်သည် အတော်လေး ကြောက်စရာကောင်းသည်။ မော့လျူရှင်းတစ်ယေက် ကျန်းမင်ကို အန္တရာယ်ရှိသော လူစာရင်းထဲသို့ တိတ်တဆိတ် ထည့်သွင်းလိုက်တော့သည်။

"မင်း အဆင်သင့်ဖြစ်ပြီလား..."

သူသည် တည်ငြိမ်စွာ မေးမြန်းလိုက်သည်။

ကျန်းမင်သည် သူ့လက်ထဲက ဓားကို ပုတ်ပြလိုက်ရင်း။

"သူရှိရင် လုံလောက်ပြီ..."

မော့လျူရှင်းသည်လည်း စကားအများကြီး မပြောတော့ချေ။ သူတို့နှစ်ဦးသည် ဟုန်ယွမ်အစောင့်အရှောက် အဖွဲ့မှ ထွက်ခွာသွားခဲ့ကြတော့သည်။

ဆိပ်ကမ်းဂိုဏ်း လုအန်းမြို့ ဌာနခွဲ၏ အရှေ့ဘက်ရှိ လမ်းကြားတစ်ခုတွင် လက်ပိုက်ထားသော လူငယ်တစ်ဦး ရပ်နေ၏။ ထိုသူမှာ လူသတ်သမား လင်းလန်ပင်။

"မင်းပဲ..."

လင်းလန်မှာ အနည်းငယ် အံ့အားသင့်သွားသည်။

"ငါတို့ ပြန်ဆုံကြပြန်ပြီ..."

ကျန်းမင်က တည်ငြိမ်စွာ ပြုံးပြလိုက်၏။

"ဒီတစ်ကြိမ်တော့ မင်းရဲ့ သွေးကြွေးကို ပြန်ဆပ်ခွင့်ရဖို့ မျှော်လင့်ပါတယ်..."

"မင်း သေသွားခဲ့ရင်... မင်းကို သတ်တဲ့ လူသတ်သမားကို ကျုပ် ကူညီပြီး သတ်ပေးမယ်... ဒါဆိုရင် သွေးကြွေး ဆပ်ပြီးသား ဖြစ်မယ်မလား.."

လင်းလန်က မေးမြန်းလိုက်သည်။

"ဒီလို အခွင့်အရေးမျိုး ရှိလာမှာ မဟုတ်ဘူး..."

ကျန်းမင်က ပြုံးလျက် ပြန်လည်ဖြေကြားလိုက်ပြီး ၊ သူ၏ မျက်ဝန်းအတွင်း၌ ယုံကြည်ချက် အပြည့်ရှိသည်။

အချိန်မှာ မှောင်မိုက်နေပြီဖြစ်သည်။

ဆိပ်ကမ်းဂိုဏ်းအတွင်း၌ အောက်ခြေ အလုပ်သမားများသည် ဆီမီးအိမ်များကို စတင် ထွန်းညှိနေကြပြီ ဖြစ်ပြီး ၊ အလုပ်သမား တော်တော်များများ ထွက်ခွာသွားကြပြီ ဖြစ်သည်။

ညအချိန်တွင် ဤနေရာသည် ဆိပ်ကမ်းဂိုဏ်း၏ စစ်မှန်သော ဂိုဏ်းသားများအတွက်သာ ဖြစ်၏။ သူတို့လို အောက်ခြေ လုပ်အားပေးသမားများသည် ညအချိန်တွင် မိမိတို့၏ အိမ်သို့ ပြန်ကြရသည်။

ကျန်းမင်၏ မူလခန္ဓာကိုယ်ပိုင်ရှင်သည်လည်း ယခင်က ဤကဲ့သို့သော ဘဝမျိုးကို ဖြတ်သန်းခဲ့ရခြင်း ဖြစ်သည်။

"ငါ အရှေ့ကနေ လမ်းပြမယ်... မင်းတို့က ငါ့ နောက်ကနေ တိတ်တဆိတ် လိုက်ခဲ့..."

ကျန်းမင်က တိုးတိုးလေး ပြောကြားလိုက်သည်။

မော့လျူရှင်းနှင့် လင်းလန်တို့မှာ မကန့်ကွက်ခဲ့ပေ။ သူတို့ သုံးယောက်ထဲတွင် ကျန်းမင်သည် ဆိပ်ကမ်းဂိုဏ်းအကြောင်းကို အသိဆုံးလူ ဖြစ်ပေသည်။

သူသည် အရှေ့ကနေ ဦးဆောင်ပြီး ပုန်းလျှိုးဝင်ရောက်မည်ဆိုပါက ၊ ပြဿနာများစွာကို လျော့နည်းစေလိမ့်မည်။

သို့သော်လည်း မော့လျူရှင်း၏ ဤအတွေးသည် ကျန်းမင်၏ လှုပ်ရှားမှုကို မြင်တွေ့လိုက်ရပြီးနောက် လုံးဝ ပြောင်းလဲသွားခဲ့ရတော့သည်။

အဘယ်ကြောင့်ဆိုသော် ကျန်းမင်သည် သူတို့ကို ခေါ်ဆောင်ကာ မည်သူမျှ မသိသော လျှို့ဝှက်လမ်းကြောင်းမှ ခေါ်ဆောင်သွားခြင်းမျိုး မဟုတ်ဘဲ အဓိက တံခါးမကြီးမှနေ၍ ဗြောင်ကျကျ ဝင်ရောက်ကာ အကုန်လုံးကို သတ်ဖြတ်ရန် စီစဉ်ထားခြင်းပင်။

မော့လျူရှင်းတစ်ယောက် ဆွံ့အသွားခဲ့ရပြီး မျက်နှာပေါ်ရှိ ကြွက်သားများမှာလည်း မသိမသာ တုန်ခါသွား၏။ ဆန့်ကျင်ဘက်အနေဖြင့် လင်းလန်သည် ကျန်းမင်၏ လုပ်ရပ်ကို သဘောတူနေခဲ့၏။

ဝှစ်...

ကျန်းမင်၏ ဓားအလင်း တောက်ပသွားတိုင်း နောက်ထပ် ခေါင်းလေးလုံး လေထဲသို့ မြှောက်တတ်သွားလေ၏။

[ သတ်ဖြတ်မှု အမှတ် +၁၀၀ ]

[ သတ်ဖြတ်မှု အမှတ် + …]

သူ၏ နှုတ်ခမ်းသားများက အနည်းငယ် ကွေးညွှတ်နေပြီး ၊ ညဘက် လျှောက်လှမ်းနေသော သေမင်းတစ်ယောက်အလား ထင်မှတ်ရသည်။

ဆိပ်ကမ်းဂိုဏ်း၏ ခန်းမကြီးအတွင်း၌ ဌာနခွဲခေါင်းဆောင် ဝမ်ရှောင်ဝိန် နှင့် အကြီးအကဲ ခုနစ်ဦးတို့သည် သောက်စားနေကြပြီး ၊ လုအန်းမြို့ရှိ ကျော်ကြားလှသော ပျော်တော်ဆက်များက ဘေးနားတွင် ဖျော်ဖြေပေးနေကြသည်။

သို့သော်လည်း အခြားနေ့တွေလို စည်ကားနေသင့်သော ဤနေရာသည် ယနေ့တွင်မူ ထူးဆန်းစွာ တိတ်ဆိတ်ငြိမ်သက်နေ၏။

"အစ်ကိုကြီး... ကျုပ် တောင့်မခံနိုင်တော့ဘူး..."

ဘုန်းခနဲ့ ဟူသော အသံနှင့်အတူ ၊ အကြီးအကဲ ခုနစ်ဦးထဲမှ တစ်ဦး ဖြစ်သည့် ပိုင်လောင်ချီးက စားပွဲခုံကို ရိုက်လျက် မတ်တပ်ထရပ်လိုက်သည်။

" ဘယ်သူက ကျုပ်တို့ ဆိပ်ကမ်းဂိုဏ်းထဲကို လာပြီး လူသတ်ချင်နေတာလဲ..."

"အစ်ကိုကြီးက ထုတ်ပြောလိုက်စမ်းပါ... ကျုပ် ပိုင်လောင်ချီးမှာ အရည်အချင်း ကြီးကြီးမားမား မရှိပေမယ့် လူသတ်ဖို့ သတ္တိကတော့ ရှိပါတယ်..."

"ဒီမှာ ရင်တထိတ်ထိတ်နဲ့ တခြားလူ တံခါးလာခေါက်မှာကို စောင့်နေရတာထက်... ကျုပ်ကိုယ်တိုင် သွားပြီး သူ့ခေါင်းကို သွားဖြတ်ပစ်လိုက်တာက ပိုကောင်းဦးမယ်..."

ပိုင်လောင်ချီး၏ စကားသံအဆုံးတွင် ကျန်ရှိသော လူခြောက်ဦးသည်လည်း ထိပ်ဆုံးနေရာတွင် ထိုင်နေသော ဝမ်ရှောင်ဝိန်ကို လှည့်ကြည့်လိုက်ကြသည်။

သူတို့ ထုတ်မပြောသော်လည်း စိတ်ထဲတွင်မူ တူညီသောအတွေး ရှိကြသည်။

ဤကဲ့သို့သော အရသာမရှိသည့် ဘဝမျိုးကို စောင့်ဆိုင်းကာ ဖြတ်သန်းရခြင်းထက် သူတို့ကို သတ်ပစ်လိုက်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။

ဟူး...

ဝမ်ရှောင်ဝိန်က သက်ပြင်း တစ်ချက် ချလိုက်သည်။

"မင်းတို့က သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး... ငါတို့သာ လူစုခွဲလိုက်ရင်... သေချာပေါက် သေရလိမ့်မယ်..."

"ငါတို့ အတူတူ ရှိနေမှသာ... အဲ့လူက ကြောက်ရွံ့ပြီး မလှုပ်ရှားရဲမှာ”

All Chapters