← Chapters

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁

Vol. 6 Ch. 51

အခန်း (၅၁) အရှုပ်တော်ပုံကြီး

စုယွမ်အနေဖြင့် ၎င်းတို့က ဤမျှ လူပါးဝလိမ့်မည်ဟု လုံးလုံးလျားလျား မထင်မှတ်ထားခဲ့ချေ။

ယွမ်သန်းတစ်ရာဆိုသည်မှာ တကယ်ကို ကြီးမားသော ပမာဏဖြစ်သော်လည်း ထျန်းကျန်းလုပ်ငန်းစုအတွက် ထုတ်မပေးနိုင်သော ငွေကြေးမျိုးတော့ မဟုတ်ပေ။

အကယ်၍ ငွေမပေးချင်ပါက ဆုကြေးငွေကြေညာချက်တွင် အဘယ်ကြောင့် ထည့်သွင်းထားရသနည်း။

ဤသည်မှာ အခြားသူများအား တမင်သက်သက် လှည့်စားရန် ကြိုးပမ်းနေခြင်း ဖြစ်ပေမည်။

စုယွမ်က ပြုံးလိုက်ပြီး ခေါင်းခါယမ်းလိုက်၏။

မည်သို့ပင်ဆိုစေ ထျန်းကျန်းလုပ်ငန်းစု၏ တာဝန်ခံမှာ ကျိုးလုံ မဟုတ်ချေ။ အမှန်တကယ် တာဝန်ခံမှာ စကားတစ်ခွန်းမျှ မဟသေးသော သက်လတ်ပိုင်းအမျိုးသား ကျိုးကျန်းဟိုင်သာ ဖြစ်သည်။

ထို့ကြောင့် စုယွမ်သည် မတ်တတ်ရပ်ကာ ကျိုးလုံကို ကျော်ဖြတ်ပြီး ကျိုးကျန်းဟိုင်၏ အနီးသို့ တိုက်ရိုက်သွားကာ ပြောဆိုလိုက်၏။

"ဥက္ကဋ္ဌကျိုး... ခင်ဗျားရဲ့ သဘောထားကရော ဒီအတိုင်းပဲလား..."

ကျိုးကျန်းဟိုင်သည် စုယွမ်အား တစ်ချက်ကြည့်လိုက်ပြီးနောက် ကျိုးလုံနှင့် ကျိုးယွန်းတို့ကို လှည့်ကြည့်ကာ တန်ဖိုးကြီး ဖောင်တိန်ကို ပိတ်၍ စားပွဲပေါ်သို့ လေးလံစွာ ချထားလိုက်သည်။

"မိတ်ဆွေလေး... လောဘကြီးလွန်းတာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး... ယွမ်သန်းတစ်ရာနဲ့ မင်းက ဘာတွေများ လုပ်နိုင်မှာမို့လို့လဲ..."

"တကယ်လို့ မင်းဘဝမှာ သန်းတစ်ရာကို ရုတ်တရက် ရသွားမယ်ဆိုရင် အဲဒါက မင်းအတွက် ဆိုးရွားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်သွားလိမ့်မယ်... အဲဒါက မင်းရဲ့ တိုက်ပွဲဝင်ချင်စိတ်တွေနဲ့ ဘဝအပေါ် စိတ်ဝင်စားမှုတွေအားလုံးကို ပျောက်ဆုံးသွားစေလိမ့်မယ်..."

"ပိုက်ဆံဆိုတာ ကောင်းတဲ့အရာတော့ မဟုတ်ဘူးကွ... ပိုက်ဆံက မင်းကို ကိုက်စားမယ့် နတ်ဆိုးတစ်ကောင် ကပ်ပါးကောင်တစ်ကောင်ပဲ..."

"မိတ်ဆွေလေး... မင်းက ပိုက်ဆံရှိတာ ကောင်းတယ်လို့ ထင်နေနိုင်ပေမဲ့ တကယ်တမ်းကျတော့ ပိုက်ဆံဆိုတာ ဝန်ထုပ်ဝန်ပိုးတစ်ခုပဲ... မရှိလည်း ဖြစ်တဲ့ အရာမျိုးပေါ့..."

"မင်းရဲ့ သဲလွန်စတွေက ငါ့မြေးကို ကယ်တင်နိုင်ခဲ့တဲ့အတွက် သဘာဝကျကျပဲ မင်းကို ကျေးဇူးတင်ပါတယ်... ငါ မင်းကို အလုပ်တစ်ခု ပေးနိုင်သလို ဆုကြေးအနေနဲ့ နောက်ထပ် ယွမ်ငါးသန်း ထပ်ပေးမယ်..."

"သန်းတစ်ရာဆိုတာကိုတော့ စိတ်ကူးတောင် မယဉ်နဲ့တော့... အဲဒါက မင်း ထိန်းချုပ်နိုင်တဲ့ အရာမဟုတ်ဘူး..."

ကျိုးကျန်းဟိုင်၏ မျက်နှာမှာ တည်ကြည်လေးနက်နေပြီး စေတနာမှန်ဖြင့် ပြောဆိုနေပုံရသော်လည်း စုယွမ်အား ရံဖန်ရံခါ ကြည့်ရှုနေသော သူ၏အကြည့်များတွင်မူ နက်ရှိုင်းသော အထင်သေးမှုများ ပါဝင်နေချေ၏။

၎င်းတို့မှာ ဆင်းရဲလွန်းလှသဖြင့် ဆုကြေးငွေကိုပင် အလေးအနက် မထားနိုင်ကြချေ။ ဤကောင်လေးက သန်းတစ်ရာအထိ တောင်းဆိုရဲလောက်အောင် လုံးလုံးလျားလျား အိပ်မက်မက်နေခြင်းပင်။

ဤမျှကြီးမားသော လုပ်ငန်းစုကြီး၏ ဥက္ကဋ္ဌဖြစ်သူက ကတိဖျက်ကာ လုံးလုံးလျားလျား ယုံကြည်စိတ်ချရမှု ကင်းမဲ့နေလိမ့်မည်ဟု စုယွမ် တကယ်ကို မထင်မှတ်ထားခဲ့ပေ။

"အဲဒီလောက်တွေ ပြောနေပေမဲ့ အဆုံးကျတော့ ခင်ဗျားတို့က ကတိမတည်ချင်တာပဲ မဟုတ်လား... ပိုက်ဆံက ဝန်ထုပ်ဝန်ပိုးပါဆိုပြီး အရမ်းကို မြင့်မြတ်သန့်စင်နေတဲ့ ပုံစံမျိုး ပြောနေသေးတယ်..."

"ရယ်စရာကောင်းလိုက်တာ... တကယ်လို့ ပိုက်ဆံက ဝန်ထုပ်ဝန်ပိုးသာဆိုရင် ဥက္ကဋ္ဌကျိုးရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို လှူဒါန်းလိုက်ဖို့ တောင်းဆိုချင်တယ်..."

"အခုဆို ဥက္ကဋ္ဌကျိုးက ဝန်ထမ်းတွေကို လစာတိုးပေးဖို့တောင် ဆန္ဒရှိပါ့မလား မသိဘူး..."

"ဥက္ကဋ္ဌကျိုးက ပိုက်ဆံရှိရင် တိုက်ပွဲဝင်ချင်စိတ်တွေ ပျောက်ဆုံးပြီး ဘဝကို ပျက်စီးစေတယ်လို့လည်း ပြောခဲ့သေးတယ်မလား... ခင်ဗျားကတော့ အခုထိ အရမ်းကို ပြည့်စုံတဲ့ ဘဝကြီးမှာ နေထိုင်နေတုန်းပဲလို့ လောင်းရဲတယ်..."

"ခင်ဗျား ပြောနေတာတွေက ဒီကတိအတွက် အဲဒီလောက်များပြားတဲ့ ပမာဏကို မပေးချင်ဘူးလို့ ဆိုလိုတာပဲ..."

"တစ်နည်းအားဖြင့် ခင်ဗျားရဲ့ မျက်လုံးထဲမှာ ခင်ဗျားရဲ့ အဖိုးတန်မြေးလေးက ယွမ်သန်းတစ်ရာလောက်တောင် အရေးမပါဘူးပေါ့... အဲဒီတော့ ခင်ဗျားရဲ့ ထျန်းကျန်းလုပ်ငန်းစုက လုံးလုံးလျားလျား ယုံကြည်စိတ်ချရမှု မရှိဘူးဆိုတဲ့ သဘောပဲ..."

စုယွမ်၏ လေသံမှာ အလွန်အေးစက်နေပြီး ဥက္ကဋ္ဌ ကျိုးကျန်းဟိုင်အပေါ် မည်သည့် လေးစားမှုမျှ မပြသခဲ့ချေ။

"ဒီခွေးကောင်..."

"မင်းကိုယ်မင်းလည်း ပြန်ကြည့်ဦး... ငါ့အဖေကို ဒီလိုစော်ကားရဲအောင် မင်းက ဘယ်လောက်တောင် သတ္တိရှိနေတာလဲ..."

"လူ့အဖွဲ့အစည်းရဲ့ အောက်ခြေမှာ နေထိုင်နေတဲ့ မင်းလိုကောင်က ပိုက်ဆံကို ရူးသွပ်နေတာပဲ ဖြစ်ရမယ်..."

"သန်းတစ်ရာဆိုတာ ဘယ်လောက်များလဲဆိုတာ မင်း သိရောသိရဲ့လား... ဒီငမွဲကောင်... သန်းတစ်ရာဆိုတာ ဝေလာဝေး မင်းဘဝတစ်သက်တာလုံးမှာ ယွမ်တစ်သန်းကိုတောင် မြင်ဖူးမှာ မဟုတ်ဘူး..."

"တောက်... ဒီကနေ ထွက်သွားစမ်း... မင်းမှာ ယွမ်တစ်သိန်းတောင် ရှိတာမဟုတ်ဘူး..."

ကျိုးလုံက ရုတ်တရက် ပေါက်ကွဲသွားပြီး သူ၏မျက်နှာတွင် ဒေါသများ ပြည့်နှက်ကာ အော်ဟစ်နေချိန်တွင် သူ၏မျက်လုံးများထဲ၌ အထင်သေးမှု အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ထွက်ပေါ်လာ၏။

လူမှုအဆင့်အတန်း နိမ့်ကျသူများအနေဖြင့် တောင်းဆိုခွင့် မရှိပေ။

"သခင်လေးကျိုး... စိတ်မပူပါနဲ့ ခင်ဗျားလည်း ဒီသန်းတစ်ရာကို ရနိုင်မှာ မဟုတ်ပါဘူး..."

"ပြီးတော့ ဒီ ဧရာမ ထျန်းကျန်းလုပ်ငန်းစုကြီးကိုလည်း ခင်ဗျားက မနာလိုစိတ်နဲ့ ထိုင်ကြည့်နေရုံပဲ တတ်နိုင်မှာပါ... ခင်ဗျားရဲ့ စရိုက်နဲ့ဆိုရင် ခင်ဗျားအဖေက ခင်ဗျားကို ဒီရာထူး ပေးမယ်လို့ ထင်နေတာလား... အိပ်မက်သာ ဆက်မက်နေလိုက်..."

စုယွမ်၏ လေသံသည် သရော်လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေပေသည်။

ဆိုရိုးစကားအတိုင်း လိမ်ညာမှုများက ကြောက်စရာမကောင်းသော်လည်း အမှန်တရားကသာ နာကျင်စေတတ်သည်။

စုယွမ်၏ စကားများက ကျိုးလုံ၏ နှလုံးသား အတွင်းပိုင်းအထိ တကယ်ကို ထိရှသွားစေခဲ့၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တွန့်လိမ်သွားပြီး အံကိုကြိတ်ကာ စုယွမ်ထံသို့ လက်တစ်ဖက်ဖြင့် ရွယ်လွှဲလိုက်လေသည်။

"ဒီခွေးကောင်..."

ကျိုးကျန်းဟိုင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး ကျိုးလုံကို တားဆီးလိုက်သည်။

"လူငယ်လေး... မင်းက အသက်ငယ်ငယ်လေးနဲ့ တော်တော်ကို အပြောအဆို ထက်မြက်တာပဲ..."

ဤအချိန်တွင် ကျိုးကျန်းဟိုင်သည် စုယွမ်အား အလေးအနက်ထားသော အကြည့်ဖြင့် မကြည့်ဘဲ မနေနိုင်တော့ချေ။

"မင်း ဘာပဲပြောပြော ဒီပိုက်ဆံကိုတော့ မင်း ယူသွားလို့ မရဘူး... ငါက မင်းကောင်းဖို့အတွက် ဒီလိုလုပ်ရတာပဲ..."

ငွေကို ရူးသွပ်သူများအား ကျိုးကျန်းဟိုင်က သေချာပေါက် အထင်သေးလေ့ရှိသော်လည်း ယခုအချိန်တွင်မူ သူသည် စုယွမ်အပေါ် စိတ်ဝင်စားလာခဲ့၏။

ဤကောင်လေးမှာ သာမန်လူ မဟုတ်ကြောင်း ရှင်းလင်းနေပေသည်။

သာမန်လူများတွင် သူ၏ သတ္တိမျိုး ဝေလာဝေး တည်ငြိမ်မှုမျိုးပင် ရှိမနေနိုင်ချေ။

"ကျွန်တော်ကလည်း အမှန်တိုင်း ပြောနေတာပါ..."

စုယွမ်က ညင်သာစွာ ပြောဆိုလိုက်သည်။ ၎င်းတို့က ဆုကြေးငွေ ပေးမည်မဟုတ်သောကြောင့် သူ ဤနေရာတွင် ဆက်လက်နေထိုင်ရန် မလိုအပ်တော့ပေ။

စုယွမ်သည် တံခါးကို ဖြည်းညင်းစွာဖွင့်ကာ အပြင်သို့ ထွက်သွားလေ၏။

ရုံးခန်းထဲရှိ လူသုံးယောက်တွင် မတူညီသော မျက်နှာအမူအရာ သုံးမျိုး ရှိနေကြသည်။

ကျိုးယွန်း၏ မျက်နှာတွင် ရှုပ်ထွေးသော ခံစားချက်များ ရှင်းလင်းစွာ ပေါ်လွင်နေပေ၏။ စုယွမ် ထွက်သွားပြီးနောက် သူမက ပြောဆိုလိုက်သည်။

"အဖေ... ကျွန်မတို့ ကတိပေးထားပြီးမှတော့ ဘာလို့ ကတိမတည်ရတာလဲ..."

ကျိုးကျန်းဟိုင် စကားမပြောနိုင်မီ ကျိုးလုံက စိတ်မရှည်စွာဖြင့် ပြောဆိုလိုက်၏။

"နင် ရူးနေလား... အဲဒါက တစ်သန်းမဟုတ်ဘူး သန်းတစ်ရာ... သန်းတစ်ရာတောင်မှဟ..."

"အဲဒီကောင်က အောက်ခြေလူတန်းစားလေ... ဘာလို့ သူ့ကို အဲဒီသန်းတစ်ရာ ပေးရမှာလဲ... အဲဒီငွေနဲ့ လုပ်စရာ တခြားကိစ္စတွေ အများကြီး ရှိသေးတယ်..."

"ကတိဆိုတာ လေထဲက စကားသက်သက်ပဲ... ငါတို့က စာချုပ်ချုပ်ထားတာမှ မဟုတ်တာ ဘာလို့ ဒီလောက် ပိုက်ဆံတွေ အလဟဿ ဖြုန်းတီးရမှာလဲ..."

ကျိုးကျန်းဟိုင်သည်လည်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

" မှားတာက ငါ့တို့ပဲလေ..."

"ယုတ္တိတန်တန် တွေးကြည့်ရင်တော့ ဒီသန်းတစ်ရာကို သူတို့ကို ပေးသင့်တာပေါ့..."

"ဒါပေမဲ့ ထူးဆန်းတာက အဲဒီအချိန်တုန်းက ငါ အရမ်းလောသွားပြီး ဆုကြေးငွေကို ပြန်မစစ်ဆေးမိလိုက်ဘူး... ဒီလကမ်းလှမ်းချက်ကို ကျိုးလုံက ငါနဲ့ မတိုင်ပင်ဘဲ တင်ပြလိုက်တာလေ..."

"တကယ်လို့ ယွမ်သန်းဆယ်လောက်သာဆိုရင် ငါ တွန့်ဆုတ်မနေဘဲ သူ့ကို ပေးလိုက်မှာပဲ..."

"ဒါပေမဲ့ ငွေသား သန်းတစ်ရာဆိုတာက ပေးရမယ့် တန်ကြေး အရမ်းများလွန်းတယ်..."

"ဒါ့အပြင် သူလိုလူမျိုးက သန်းတစ်ရာကို ကိုင်တွယ်နိုင်လောက်တဲ့ အရည်အချင်းရှိတယ်လို့ မင်း ထင်နေလား..."

ကျိုးကျန်းဟိုင်သည် အပေါ်ယံတွင် ဖော်ရွေပုံပေါ်သော်လည်း အတွင်းစိတ်၌မူ သာမန်လူများကို အထင်သေးလေ့ရှိသူ ဖြစ်သည်။

သူ၏ထံတွင် သေချာပေါက် ငွေရှိသော်လည်း စုယွမ်၏ အဆင့်အတန်းကို သူ အထင်သေးနေခဲ့၏။ အကယ်၍ သဲလွန်စသာ တန်ခိုးဩဇာရှိသူ တစ်ဦး သို့မဟုတ် တူညီသော အဆင့်အတန်းရှိသည့် ချမ်းသာသော မိသားစုတစ်ခုထံမှ ရရှိခဲ့ပါက ငွေကို ချက်ချင်း လွှဲပြောင်းပေးမည်သာ ဖြစ်သည်။

"ဘာလို့လဲဆိုတော့..."

"တကယ်လို့ ဒီကိစ္စသာ အပြင်ရောက်သွားရင် ငါတို့ ထျန်းကျန်းလုပ်ငန်းစုအတွက် ကြီးမားတဲ့ ရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်တယ်... အပြင်လောကက ငါတို့ရဲ့ ယုံကြည်စိတ်ချရမှုကို မေးခွန်းထုတ်လာပြီး သပိတ်မှောက်တဲ့အထိတောင် ဦးတည်သွားနိုင်တယ်..."

"တကယ်လို့ အဲဒီလိုဆိုရင် ငါတို့ ထျန်းကျန်းလုပ်ငန်းစုက အများကြီး ဆုံးရှုံးရလိမ့်မယ်..."

ကျိုးယွန်းမှာ အမြော်အမြင်ရှိသော အမျိုးသမီးတစ်ဦး ဖြစ်သည်။

အထူးသဖြင့် ဤခေတ်ကြီးတွင် သတင်းအချက်အလက် တစ်ခုတည်းကပင် ဘီလီယံနှင့်ချီသော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်ပေ၏။

အကယ်၍ တစ်စုံတစ်ခု အမှန်တကယ် ဖြစ်ပွားလာပါက ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်သွားပေမည်။

"ဟီးဟီး... ညီမလေး နင်က သွေးပျက်နေပြီလား..."

"ထျန်းကျန်းလုပ်ငန်းစုက ဘာလဲ... ငါတို့က ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ကုမ္ပဏီလေ..."

"သူက လူရာမဝင်တဲ့ကောင်လေး တစ်ယောက်ဖြစ်နေရက်နဲ့ ငါတို့ကို ပြဿနာရှာနိုင်မယ် ထင်နေတာလား... အဲဒါက တကယ်ကို လေထဲ တိုက်အိမ်ဆောက်နေတာပဲ..."

"ငါတို့ကို ယှဉ်ပြိုင်ဖို့ သူ့မှာ ဘာအင်အားမှ ရှိမနေဘူးဆိုတာတောင် သူ မသိဘူး..."

ကျိုးလုံ၏ မျက်နှာသည် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေ၏။ သူသည် သာမန်လူတစ်ယောက်မျှသာ ဖြစ်ရာ အရင်းအနှီးကို စိန်ခေါ်နိုင်စွမ်း မည်သို့လျှင် ရှိနိုင်မည်နည်း။

ဤသည်မှာ အချည်းနှီးသော အိပ်မက်တစ်ခုမျှသာ ဖြစ်ပေသည်။

ဤစကားကို ကြားချိန်တွင် ကျိုးယွန်းက သက်ပြင်းရှည်ကြီး ချလိုက်သည်။

ကျိုးကျန်းဟိုင်သည် သူ၏ ဒုတိယသားကို အမြဲတစေ အထင်သေးလေ့ရှိသော်လည်း ယခုအခါ သူပြောသည်ကို သဘောတူမိလေ၏။

ကလေးတစ်ယောက်အနေဖြင့် ထျန်းကျန်းလုပ်ငန်းစုကို လွှမ်းမိုးချင်သည်မှာ လေထဲတိုက်အိမ်ဆောက်နေခြင်းထက် မပိုဘဲ ရထားလုံးကို တားဆီးရန် အချည်းနှီး ကြိုးပမ်းခြင်းသာ ဖြစ်သည်။ စိုးရိမ်ရန် မလိုအပ်ချေ။

ထိုအချိန်တွင် စုယွမ်သည် သူ၏ကားဆီသို့ ပြန်သွားလေသည်။

ရိုးရိုးသားသား ပြောရလျှင် ဤတစ်ကြိမ်တွင် သူ အနည်းငယ် ဒေါသထွက်နေမိဆဲပင်။

ဤမျှကြီးမားသော လုပ်ငန်းစုကြီးက လုံးလုံးလျားလျား ယုံကြည်စိတ်ချရမှု ကင်းမဲ့သော ဆုကြေးငွေ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ၎င်းတို့က မပေးပါကလည်း သူ အတင်းအကျပ် ပြန်ယူ၍ မရနိုင်ချေ။ ယနေ့အတွက် နေ့စဉ် သတင်းအချက်အလက် နှစ်ခု ကျန်ရှိနေသေးသဖြင့် သူ ကြည့်ရှုလိုက်သည်။

သတင်းအချက်အလက် (၄) ဂျပန်နိုင်ငံရဲ့ မန်ဂါရေးဆွဲသူက မကြာခင်မှာ သူ့နိုင်ငံမှာ ဆိုးရွားတဲ့ သဘာဝဘေးအန္တရာယ်ကြီးတစ်ခု ကျရောက်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ထားပါတယ်... ဒီပညာရှင်က အရင်တုန်းက ဆယ်ကြိမ် ဟောကိန်းထုတ်ခဲ့ဖူးပြီး ရှစ်ကြိမ် တိကျမှန်ကန်ခဲ့ပါတယ်...

"နည်းနည်းလောက် စောင့်ကြည့်လိုက်ကြတာပေါ့..."

စုယွမ်က ဤကိစ္စကို သိပ်ပြီး အာရုံမစိုက်ချင်ခဲ့ချေ။ ၎င်းတို့အပေါ် မထိခိုက်သရွေ့ မည်သည့်ပြဿနာမျှ ရှိမည်မဟုတ်ပေ။

သတင်းအချက်အလက် (၅) ကျန်းချန်ရှိ ထျန်းကျန်းလုပ်ငန်းစု ဥက္ကဋ္ဌ ကျိုးကျန်းဟိုင်ရဲ့ သားအကြီးဆုံးနဲ့ အမွေဆက်ခံသူဖြစ်တဲ့ ကျိုးရွေ့ဟာ ကွယ်လွန်သွားခဲ့ပါပြီ... ကုမ္ပဏီရဲ့ ပုံမှန်လည်ပတ်မှုကို သေချာစေဖို့အတွက် ကျိုးကျန်းဟိုင်က သေဆုံးမှုကို လျှို့ဝှက်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်... ဒါ့အပြင် သူ့ရဲ့ ဒုတိယသားဖြစ်တဲ့ ကျိုးလုံက အမွေဆက်ခံခွင့်ကို သိမ်းပိုက်ဖို့ ရည်မှန်းချက်တွေ ထားရှိပြီး ကျိုးရွေ့ရဲ့ သားကို ပြန်ပေးဆွဲဖို့ လူကုန်ကူးသူ မေ့ယင်းကို လာဘ်ထိုးခဲ့ပါတယ်... ဒါပေမဲ့ အကြံအစည်က ကျရှုံးသွားခဲ့ပြီး ကျိုးလုံက လတ်တလောမှာ တခြားနည်းလမ်းတွေကို ကြံစည်နေပါတယ်... ဥက္ကဋ္ဌ ကျိုးကျန်းဟိုင်က သူရဲ့ မြေးကို ကုမ္ပဏီရဲ့ အမွေဆက်ခံသူအဖြစ် ပျိုးထောင်ဖို့ အစီအစဉ်ရှိပြီး ကျိုးလုံကို စွန့်ပယ်ဖို့ စီစဉ်ထားပါတယ်... ဘာဖြစ်လို့လဲဆိုတော့ ကျိုးလုံဟာ ကုမ္ပဏီမှာ ရာထူးယူထားချိန်အတွင်း ယွမ်သန်းနှစ်ရာ တန်ဖိုးရှိတဲ့ တရားမဝင် အခွန်ရှောင်မှုတွေ လုပ်ဆောင်ခဲ့လို့ပါပဲ...

"အောက်ပါတို့ကတော့ ပြီးပြည့်စုံတဲ့ သတင်းအချက်အလက် ကွင်းဆက်ဖြစ်ပါတယ်..."

စုယွမ်သည် မက်ဆေ့ခ်ျကို မျက်လုံးမှေး၍ ကြည့်လိုက်၏။ ၎င်းက သူ အတိအကျ လိုချင်နေသော အရာပင် ဖြစ်သည်။

အကယ်၍ ဤသတင်းအချက်အလက်များသာ ပေါက်ကြားသွားပြီး ထျန်းကျန်းလုပ်ငန်းစု၏ ဒုတိယမျိုးဆက် အမွေဆက်ခံသူမှာ အသက်တစ်နှစ်ပင် မပြည့်သေးသော ကလေးတစ်ယောက် ဖြစ်ကြောင်း ပေါ်လွင်သွားပါက ၎င်းတို့ ကုမ္ပဏီတစ်ခုလုံး၏ တည်ငြိမ်မှုသည် ကြီးမားသော ထိုးနှက်ချက်ကြီး ခံရပေလိမ့်မည်။

ပြောစရာပင် မလိုတော့ဘဲ ဒုတိယအချက်မှာ အခွန်ရှောင်မှုက သန်းသုံးရာအထိ ရောက်ရှိနေခြင်းပင်။

ဆုကြေးငွေ သန်းတစ်ရာကို မပေးဘဲ အခွန် သန်းသုံးရာကို ရှောင်ထားသည်ပေါ့လေ။

ထို့အပြင် သတင်းအချက်အလက်အရ ကျိုးကျန်းဟိုင်က ဤကိစ္စကို သိရှိထားခဲ့ပေ၏။

ထိုသို့ဖြစ်နေမှတော့ သူ့ကို အပြစ်မတင်နှင့်တော့။

All Chapters