← Chapters

အခန်း ၅၂

Vol. 6 Ch. 52

အခန်း ၅၂

Vol. 6 Ch. 52

အခန်း (၅၂) သတင်းပေးတိုင်ကြားခြင်း

ယနေ့၏ သတင်းအချက်အလက်များကို ကြည့်ရှုပြီးနောက် စုယွမ်သည် ကားစက်နှိုးကာ အိမ်ပြန်ရန် ပြင်ဆင်လိုက်သည်။

ရုတ်တရက် တစ်စုံတစ်ယောက်က ကားမှန်ကို လာခေါက်လေ၏။ လှည့်ကြည့်လိုက်ချိန်တွင် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။

ခုနက ရုံးခန်းထဲတွင် ရှိနေသော အမျိုးသမီးပင် ဖြစ်ပုံရပေသည်။

သူမမှာ ထျန်းကျန်းလုပ်ငန်းစုတွင် လက်ရှိ ပရောဂျက်တစ်ခု၏ တာဝန်ခံဖြစ်သူ ကျိုးကျန်းဟိုင်၏ သမီး ကျိုးယွန်းပင် ဖြစ်သည်။

"မမလေးကျိုးလား... ကျွန်တော် ကူညီပေးရမယ့် တခြားကိစ္စ ရှိသေးလို့လား..."

စုယွမ်က ကားမှန်ကို ချကာ မေးမြန်းလိုက်၏။

ကျိုးယွန်း၏ မျက်နှာပေါ်တွင် တောင်းပန်မှု အရိပ်အယောင် အနည်းငယ် ပေါ်လွင်နေသော်လည်း အနည်းငယ်မျှသာ ဖြစ်ပေသည်။

"မင်္ဂလာပါ... ပထမဆုံးအနေနဲ့ ကျွန်မရဲ့ တူလေးကို ကယ်တင်ဖို့ သဲလွန်စတွေ ပေးခဲ့တဲ့အတွက် ရှင်ကို ကျေးဇူးတင်ဖို့ လာခဲ့တာပါ..."

"ပြီးတော့ စောစောက ဖြစ်ခဲ့တဲ့ ကိစ္စအတွက် တောင်းပန်ချင်ပါတယ်..."

"ရှင် သိတဲ့အတိုင်း သန်းတစ်ရာဆိုတာ အရမ်းများလွန်းတယ်... ကျွန်မတို့က လုပ်ငန်းစုကြီး တစ်ခုဖြစ်ပေမဲ့ ငွေသား အများကြီးကို တစ်ပြိုင်နက်တည်း ထုတ်ပေးဖို့က အရမ်းခက်ခဲပါတယ်..."

"ဒါကြောင့် အခု ရှင့်ကို လျော်ကြေးအစီအစဉ် တစ်ခု ကမ်းလှမ်းချင်ပါတယ်..."

"ကျွန်မရဲ့ ကိုယ်ပိုင်ငွေနဲ့ ရှင့်ကို ယွမ်ငါးသန်း လွှဲပေးပါမယ်... ပြီးတော့ ကားတစ်စီး ပေးပါမယ်... အဲဒါနဲ့ပဲ ဒီကိစ္စကို အဆုံးသတ်လိုက်ကြရအောင်... မဟုတ်ရင် ဘယ်သူ့အတွက်မှ ကောင်းမှာ မဟုတ်ဘူး..."

"ဒါကို နည်းတယ်လို့ မထင်ပါနဲ့... ကျွန်မရဲ့ စေတနာက ရှင့်အတွက်တော့ ကြီးမားတဲ့ ပမာဏပါပဲ..."

ကျိုးယွန်းက တည်ငြိမ်သော လေသံဖြင့် နှစ်ဖက်စလုံးကို တန်းတူညီမျှ အဆင့်အတန်းတွင် ထားရှိနေသကဲ့သို့ ပြောဆိုလိုက်သည်။

သို့သော် သူမ၏ စကားများသည် ငြင်းဆန်၍မရသော အမိန့်များအလား သူမ၏ မျက်လုံးများထဲတွင် ဖျောက်ဖျက်၍မရသော မောက်မာမှု အငွေ့အသက်များ အမြဲတစေ ရှိနေခဲ့ပေ၏။

ထျန်းကျန်းလုပ်ငန်းစု ယုံကြည်စိတ်ချရမှု ကင်းမဲ့သွားပြီး ၎င်းတို့ဘက်က မှားယွင်းနေကြောင်း သူမ သိရှိထားသော်လည်းပင်။

ဤသို့ မလုပ်သင့်ကြောင်း သူမ ပြောခဲ့သော်လည်း အတွင်းစိတ်ထဲ၌မူ ကျိုးကျန်းဟိုင်နှင့် သဘောထား တိုက်ဆိုင်နေခဲ့၏။ ကျိုးလုံကလည်း အလားတူပင် တွေးတောထားလေသည်။

အကယ်၍ ကျိုးကျန်းဟိုင်နှင့် ကျိုးလုံတို့က သာမန်လူများကို အပေါ်ယံတွင်သာ အထင်သေးကြသည်ဆိုပါက ကျိုးယွန်း၏ ရွံရှာမှုမှာမူ သူမ၏ နှလုံးသား အတွင်းပိုင်းမှ လာခြင်းပင် ဖြစ်ပေသည်။

ဤကိစ္စက ထျန်းကျန်းလုပ်ငန်းစုအပေါ် ထိခိုက်လာမည်ကို သူမ မစိုးရိမ်ပါက စုယွမ်နှင့် ညှိနှိုင်းရန် ဆင်းလာမည် မဟုတ်ချေ။

"ဟားဟား..."

စုယွမ်သည် သူ၏ နဖူးကို ပွတ်သပ်ကာ ခါးသီးစွာ ပြုံးလိုက်ချင်မိသည်။

"မမလေးကျိုး... ခင်ဗျားတို့က ဒီကိစ္စကို စတင်ခဲ့တာဖြစ်ပြီး အဆုံးကျတော့လည်း ကတိမတည်တဲ့သူတွေက ခင်ဗျားတို့ပဲလေ... ကျွန်တော်က ဆက်မလိုချင်တော့ပေမဲ့ ခင်ဗျားတို့က စည်းကမ်းချက်တွေ ညှိနှိုင်းဖို့ ကျွန်တော့်နောက်ကို လိုက်လာသေးတယ်ပေါ့..."

"တကယ်တော့ ခင်ဗျားတို့က ကျွန်တော့်အပေါ် ကတိဖျက်မိလို့ အပြစ်ရှိသလို ခံစားနေရတာ မဟုတ်ဘဲ ဒီကိစ္စက ခင်ဗျားတို့ရဲ့ ထျန်းကျန်းလုပ်ငန်းစုကို ထိခိုက်လာမှာကို ကြောက်နေကြတာပဲ..."

"မဟုတ်ရင် ခင်ဗျားတို့လို အဆင့်အတန်းမြင့်တဲ့သူတွေက ကျွန်တော့်ဆီကို နှိမ့်ချပြီး လာမှာ မဟုတ်ဘူးလေ..."

"ကျွန်တော် ဆုကြေးငွေ သန်းတစ်ရာကို ယူဖို့ မရည်ရွယ်တော့ပါဘူး... မမလေးကျိုး ခင်ဗျား သဘောရှိ လုပ်ပါ..."

စုယွမ်သည် ကျိုးယွန်းနှင့် ဆက်လက်အငြင်းပွားရန် ရည်ရွယ်ချက် မရှိတော့ဘဲ ကားမှန်ကို ဖြည်းညင်းစွာ ပိတ်လိုက်သည်။

ကျဉ်းမြောင်းသော အပေါက်လေးတစ်ခုသာ ကျန်ရှိချိန်တွင် စုယွမ်က ထပ်မံ ပြောဆိုလိုက်၏။

"မမလေးကျိုး... အမှားလုပ်ရင် ပြစ်ဒဏ်ခံရမယ်ဆိုတာကို ခင်ဗျားအဖေဆီ သွားပြောလိုက်ပါဦး..."

ထိုသို့ပြောဆိုပြီးနောက် စုယွမ်သည် ကားစက်နှိုးကာ မောင်းထွက်သွားလေသည်။

ကားဆီမှ လေတစ်ချက်က ကျိုးယွန်း၏ မျက်နှာကို တိုက်ခတ်သွားပြီး သူမ၏ ခံစားချက်များကို ဆက်လက်မထိန်းချုပ်နိုင်အောင် ဖြစ်သွားစေတော့သည်။

"သူ့ကိုယ်သူ ဘယ်သူလို့များ ထင်နေတာလဲ... ငါက ဒါတွေအားလုံးကို လျစ်လျူရှုထားလို့ ရရဲ့သားနဲ့... သူ့ကို အကျိုးအမြတ်တချို့ ရစေချင်လို့ လုပ်ပေးတာကို သူက ကျေးဇူးကန်းလိုက်တာ..."

"သာမန်လူတစ်ယောက်ကများ ငါ့ရှေ့မှာ လာပြီး ဟန်ရေးပြနေသေးတယ်..."

"ငါ ကတိမတည်ရင် ဘယ်လိုတန်ကြေးမျိုး ပေးရမလဲဆိုတာ ကြည့်လိုက်ချင်သေးတယ်..."

ကျိုးယွန်းက ဒေါသတကြီး ပြောဆိုလိုက်ပြီး သူမ၏ စေတနာကောင်းကို အလွဲသုံးစားလုပ်ခံရသည်ဟု ခံစားလိုက်ရသည်။

သူတောင်းစားကို ဆွမ်းပေးလျှင်ပင် နှစ်ကြိမ် ကျေးဇူးတင်သင့်သော်လည်း ဤကောင်ကကော ဘာလဲ။

စုယွမ်၏ ကားနောက်မီးများကို မမြင်ရတော့သည်အထိ ကျိုးယွန်းသည် အပေါ်ထပ်သို့ မတက်ခဲ့ချေ။

ရုံးခန်းထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် ကျိုးလုံနှင့် ကျိုးကျန်းဟိုင်တို့၏ အကြည့်များက သူမထံသို့ ရောက်ရှိလာခဲ့၏။

ကျိုးယွန်း၏ မပျော်ရွှင်သော မျက်နှာအမူအရာကို မြင်ချိန်တွင် ကျိုးလုံက ပြုံးလိုက်သည်။

"ဘယ်လိုလဲ... အဲဒီကောင်လေးက လက်မခံသေးဘူးလား..."

"ဒီလိုလူမျိုးက ပိုက်ဆံကို တကယ် ရူးသွပ်တာပဲ..."

"ဘယ်ပုံမှန်လူကမှ သန်းတစ်ရာ တောင်းမှာ မဟုတ်ဘူး... သူကတော့ တကယ်ကို အလေးအနက်ထားနေတာ..."

ဆိုဖာပေါ်တွင် တစ်ဝက်တစ်ပျက် လှဲလျောင်းနေရင်း ကျိုးလုံက ပြောဆိုလိုက်သည်။

"ထားလိုက်ပါတော့... သူက ကျေးဇူးမတင်တတ်မှတော့ ပိုက်ဆံယူဖို့ ရည်ရွယ်ထားပုံ မပေါ်ပါဘူး..."

"အဲဒီလိုဆိုရင်တော့ သူ့ကို အပြစ်မတင်တော့ပါဘူးလေ..."

"တကယ်တော့ ငါလည်း သူ့ကို အပြစ်မတင်ပါဘူး..."

ကျိုးကျန်းဟိုင်က မျက်မှောင်ကြုတ်လိုက်၏။ ထိုကောင်လေးက ဤကိစ္စကို ကြီးကျယ်အောင် လုပ်ခဲ့လျှင်ပင် သူသည် လူထုဆက်ဆံရေးအတွက် အများဆုံး ယွမ်သန်းဆယ်လောက်သာ အလွယ်တကူ သုံးစွဲရပေမည်။

မည်သို့ပင်ဆိုစေ ယွမ်သန်းတစ်ရာ ဆုကြေးငွေကို မည်သူကမျှ အလေးအနက်ထားမည် မဟုတ်ပေ။

"သူ့ရဲ့ ယုံကြည်မှုတွေက ဘယ်ကနေ လာလဲဆိုတာ ငါ မသိဘူး..."

ကျိုးယွန်းက ဒေါသတကြီး ပြောဆိုလိုက်သည်။

"သူ မထွက်သွားခင်မှာ အမှားလုပ်ရင် တန်ကြေးပေးဆပ်ရမယ်လို့ ပြောသွားသေးတယ်..."

ဤစကားကို ကြားချိန်တွင် ကျိုးလုံ တုန်ရီသွားပြီး မကောင်းမှုများလွန်းလှခြင်းကြောင့် ဖြစ်ပေါ်လာသော သဘာဝတုံ့ပြန်မှုတစ်ခု ဖြစ်ပေ၏။

သို့သော် သူ၏ အခွန်ရှောင်မှုအကြောင်းကို မည်သူမျှ မသိရှိသောကြောင့် သာမန်လူတစ်ယောက်ဖြစ်သည့် ထိုကောင်လေးလည်း သဘာဝကျကျ သိနိုင်မည်မဟုတ်ဟု သူ တွေးလိုက်မိသည်။

ကျိုးကျန်းဟိုင်က သိပ်ဂရုမစိုက်ခဲ့ချေ။ လတ်တလော အရေးကြီးဆုံးကိစ္စမှာ အမွေဆက်ခံမည့် ပြဿနာဖြစ်ကြောင်း သူ ယုံကြည်ထားလေသည်။ သူ၏ သားအကြီးဆုံး သေဆုံးမှုကို လျှို့ဝှက်ထားသောကြောင့် ပြင်ပမှ မည်သူမျှ သိနိုင်မည် မဟုတ်ပေ။

သာမန်လူတစ်ယောက်မှာ ပုရွက်ဆိတ်တစ်ကောင်နှင့် တူပြီး လှိုင်းဂယက်တစ်ခု ဖန်တီးနိုင်ရန် ဝေလာဝေး ၎င်းကို ကြီးမားသော အရာများ ပေးလျှင်ပင် သယ်မနိုင်ချေ။

သူတို့သုံးဦးစလုံးက စုယွမ်၏ နောက်ဆုံးစကားများကို ဟာသတစ်ခုအနေဖြင့်သာ မှတ်ယူကြပြီး အလေးအနက် မထားခဲ့ကြချေ။

အိမ်ပြန်ရောက်ပြီးနောက် စုယွမ်သည် စနစ်မှ ပေးအပ်ထားသော ကျိုးလုံ၏ အခွန်ရှောင်မှု သက်သေအထောက်အထား ကွင်းဆက်ကို အရင်ဆုံး စစ်ဆေးကြည့်ရှုလိုက်သည်။

သက်သေအထောက်အထား ကွင်းဆက်မှာ ပြီးပြည့်စုံနေပြီး အနည်းငယ်မျှပင် အပြစ်အနာအဆာ မရှိပေ။ ၎င်းကို တင်ပြလိုက်သည်နှင့် တစ်ပြိုင်နက် ထျန်းကျန်းလုပ်ငန်းစု တစ်ခုလုံး အခြေအနေကို ပြောင်းပြန်လှန်ရန် အခွင့်အရေး လုံးလုံးလျားလျား ရရှိတော့မည် မဟုတ်ချေ။

ဤသည်မှာ စနစ်မှ သတင်းအချက်အလက်များ၏ တိကျသေချာမှုပင် ဖြစ်၏။

ထို့နောက် ထျန်းကျန်းလုပ်ငန်းစုကို မည်သူ ဆက်ခံမည်နည်းဆိုသည့် မေးခွန်း ရှိလာပေသည်။

အမွေဆက်ခံသူ ကျိုးရွေ့ မမျှော်လင့်ဘဲ သေဆုံးသွားပြီးနောက် ကျိုးကျန်းဟိုင်သည် မွေးကင်းစကလေးငယ် တစ်ဦးကို အမွေဆက်ခံသူအဖြစ် ပြုစုပျိုးထောင်ချင်နေခဲ့သည်။

ဤကိစ္စသာ ပြင်ပလောကသို့ ပေါက်ကြားသွားသည်နှင့် တစ်ပြိုင်နက် လုပ်ငန်းတူ ပြိုင်ဘက်များ၏ တိုက်ခိုက်မှုများကို ဦးတည်သွားစေလိမ့်မည်။

ကြီးမားသော ကော်ပိုရေးရှင်းကြီးတစ်ခုကို အမွေဆက်ခံခြင်းမှာ အလွန်အမင်း အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်ပြီး အနည်းငယ်မျှ မှားယွင်းသွားသည်နှင့် ကုမ္ပဏီတစ်ခုလုံး၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးသွားနိုင်ပေ၏။

စုယွမ်သည် အများကြီး တွေးတောမနေတော့ဘဲ လွှမ်းမိုးမှုရှိသော မီဒီယာအေဂျင်စီ အချို့ကို ရှာဖွေလိုက်ပြီး ဤကိစ္စနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ၎င်းတို့ထံ ပေးပို့ရန် ပြင်ဆင်လိုက်သည်။

မိနစ်အနည်းငယ်ကြာ ပြင်ဆင်ပြီးနောက် စုယွမ်သည် သူ ဆက်သွယ်ရမည့် ဖုန်းနံပါတ်အချို့ကို ချရေးလိုက်၏။

ထို့နောက် သူသည် အွန်လိုင်းမှ သတင်းပေးတိုင်ကြားနိုင်သော အီးမေးလ်လိပ်စာကို ရှာဖွေလိုက်လေသည်။

All Chapters