← Chapters

အရှေ့ရပ်မှ ခရမ်းရောင်ချီ

Vol. 011 Ch. 536

အရှေ့ရပ်မှ ခရမ်းရောင်ချီ

Vol. 011 Ch. 536

ကောင်းကင်ကံကြမ္မာနှင့်ကီလိုမီတာ သောင်းချီဝေးသည့် တောအုပ်တစ်ခုတွင် ဆံပင်ရှည်နှင့်လူငယ်တစ်ယောက်က သစ်ငုတ်တိုတစ်ခုပေါ်တွင် ထိုင်လျက် ရှိနေသည်။ သည်လူငယ်ကို ထူထဲသောအော်ရာတစ်ခုက ဝန်းရံလို့ထား၏။ အကွာအဝေးတစ်ခုကနေ သူ့ကိုကြည့်လျှင် မှုန်ဝါးဝါးသာ မြင်ရမည်ဖြစ်သည်။

ပတ်ဝန်းကျင်တစ်ခုလုံးက လုံးဝတိတ်ဆိတ်လို့နေကာ သည်လူငယ်က မျက်လုံးဖွင့်လာခဲ့လေ၏။ သူ့မျက်လုံးများက ကြယ်နှစ်လုံးကဲ့သို့ တောက်ပလျက် ရှိနေ၏။

သည်အခိုက်တွင် ကောင်းကင်က ရုတ်တရပ် အရောင်ပြောင်းလဲကာ တိမ်များအားလုံးက ရူးသွပ်စွာ ပြန့်ကျဲကုန်၍ ကြည်လင်သောကောင်းကင်တစ်ခု ပေါ်ထွက်လာခဲ့သည်။

သည်လူက သူ့လက်ကို မြှောက်ကာ ညင်သာစွာ ဝှေ့ရမ်းလိုက်၏။ သူ့ပတ်လည်ရှိ အော်ရာက စတင်၍ လှုတ်ခတ်ကာ အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲလို့သွားသည်။

သည်တောအုပ်တစ်ခုလုံးကို ဖြတ်၍ မရေမတွက်နိုင်သောအက်ကွဲကြောင်းများ ပေါ်လာကာ အက်ကွဲသံလှိုင်းမျးကိုပင် ကြားရနိုင်၏။ သည်အက်ကွဲသံမများက တဖြည်းဖြည်းဖြင့် ပိုကျယ်လောင်လာကာ တောအုပ်တစ်ခုလုံးက ဖုန်မှုန်အဖြစ်သို့ ပြောင်း၍ ပျောက်ကွယ်လို့သွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တောအုပ်က ပျောက်ကွယ်သွား၍ ဆံပင်ရှည်နှင့်လူငယ်ထိုင်နေသည့် သစ်ငုတ်တိုတစ်ခုသာ ကျန်ခဲ့တော့သည်။

သည်လူက အားဖြင့် စတင်စုပ်ယူလိုက်သည့်အခါ သူ့မျက်လုံးများက ကြယ်များအလားတောက်ပလို့နေသည်။ စောနက ပြန့်ကျဲသွားသည့် အော်ရာကလည်း သူ့ထံသို့ တရမ်ကြမ်း ပြန်ဝင်လာကာ သူ့ပါးစပ်ကို ဖြတ်၍ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လို့သွားသည်။

သည်မြင်ကွင်းက နဂါးကြီးတစ်ကောင် တိမ်များနှင့်ပင်လယ်ရေများကို ဝါးမြိုသောက်သုံးပစ်နေသည်နှင် ဆင်တူလှသည်။ သည်အော်ရာအားလုံးကို သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူပြီးနောက် လူငယ်က ကောင်းကင်နှင့်မြေကြီးပင် တုန်လှုပ်သွားနိုင်သည့် ရယ်သံကို ထုတ်ဖော်လိုက်သည်။

သူက ရယ်မောနေရင်း မတ်တပ်ထရပ်လိုက်၏။

“ခရမ်းရောင်အုပ်စုခွဲ…ငါလာနေပြီ…” လူငယ်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ အနှီလူငယ်ကတော့ ဝမ်လင်းပင် ဖြစ်ချေ၏။

ဝမ်လင်းမျက်လုံးများက တည်ငြိမ်နေပြီး သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သစ်ငုတ်တိုပေါ်ကနေ ပျောက်ကွယ်လို့သွားတော့သည်။ သူက လေထဲရှိ ပေရာပေါင်းများစွာတွင် ပြန်ပေါ်လာခဲ့သည့်အချိန်တွင် ငွေရောင်အလင်းတစ်ခု ပေါ်လာပြီး သူ့အပေါ်သို့ ဖိနှိပ်လာလေသည်။

ခုလက်ရှိအခြေအနေသည် လွန်ခဲ့သောသုံးလက ဝမ်လင်း၏ အကန့်အသတ်ဖြစ်လေသည်။ သူက လွန်ခဲ့သောသုံးလက ထိုအမြင့်ကနေ ဆက်၍ သွားနိုင်စွမ်းမရှိတော့ချေ။ သို့ရာတွင် အခုသူ့အသွင်က တည်ငြိမ်နေကာ တဖြည်းဖြည်းဖြင့် ကြယ်ပျံတစ်စင်းကဲ့သို့ ကောင်းကင်ကို ဖြတ်သန်းထိုးဖောက်သွားတော့၏။

သည့်အတွက်ကြောင့် ငွေရောင်အလင်းကနေ ထွက်ပေါ်လာသည့်အားကလည်း အံမခန်းနှုန်းဖြင့် တိုးလာခဲ့သည့်အတွက် ဝမ်လင်းခန္ဓာကိုယ်ကလည်း ခဏတာ တုန့်ဆိုင်းသွားခဲ့ရ၏။

အကွာအဝေးတစ်ခုမှ ကြည့်လျှင် လူတစ်ယောက် ငွေရောင်တောင်တစ်ခုသည် ကောင်းကင်ထက်၌ မြင့်တက်လာကာ ဝမ်လင်းက ထိုတောင်ထိပ်၌ ရှိနေသည်ကို တွေ့ရမည် ဖြစ်သည်။ သည်ငွေရောင်အလင်းတန်းက မြေပြင်ကနေ အခုံးကဲ့သို့ ရှိနေကာ သည်ဧရိယာ၏ တစ်ဆယ်ကီလိုမီတာကို ဖုံးလွှမ်းလို့ထားသည်။

ဝမ်လင်းက သူညာဘက်လက်မကို ပင့်မြှောက်လိုက်၏။ အလင်းတန်းများက သူ့လက်မပေါ်တွင် စုဝေးလာကာ အလွန့်အလွန် တောက်ပလာခဲ့သည်။ ကမ္ဘာလောက၌ သည်လက်မ တစ်ခုသာ ရှိတော့သည့်အလား ထင်မှတ်ရသည်။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူ့လက်မဖြင့်သူ့ခေါင်းထက် သုံးလက်မတွင်ရှိသည့် ငွေရောင်အလင်းအား ဖိနှိပ်လိုက်သည်။

သူ့လက်မက ငွေရောင်အလင်းနှင့်ထိမိသည့်အခိုက်တွင် အလင်းတစ်ချက် လက်ခနဲ ဖြစ်သွားပြီး မရေမတွက်နိုင်သောအက်ကွဲကြောင်းများက အလင်းမျက်နှာပြင်ပေါ်၌ ပေါ်လာခဲ့သည်။ အကွာအဝေးတစ်ခုမှကြည်လျှင် သည်ငွေရောင်တောင်ကြီးက ပြိုကျတော့မည့်အလား ထင်မှတ်ရပေမည်။

သို့သော် မျက်စိတစ်မှိတ်အတွင်း အက်ကွဲကြောင်းများအားလုံးက ပျောက်ကွယ်သွားကာ ပုံမှန် ပြန်ဖြစ်လို့သွား၏။ ဝမ်လင်းအသွင်က နက်မှောင်လာသည်။ သူက သေခြင်းလက်ချောင်းဖြင့် ငွေရောင်အလင်းမျက်နှာပြင်ပေါ်သို့ ထပ်မံ၍ ဖိနှိပ်လိုက်ပြန်၏။

ကျယ်လောင်သောအသံတစ်ခုက သည်ဧရိယာတွင် ပဲ့တင်ထပ်သွားကာ ငွေရောင်အလင်းမျက်နှာပြင်က နောက်တစ်ကြိမ် ပြင်းထန်စွာ တုန်ခါလာ၍ မရေမတွက်နိုင်သောအလင်းများက ၎င်းပေါ်တွင် ထပ်မံ၍ ပေါ်လာခဲ့တော့သည်။

သို့သော် သည်အက်ကွဲကြောင်းများက ပေါ်လာပြီးပြီးချင်း ငွေရောင်တစ်ချက် ဖျပ်ခနဲတောက်ပသွားကာ အက်ကွဲကြောင်းအားလုံးက ပျောက်ကွယ်လို့သွားလေ၏။

ဝမ်လင်းမျက်နှာက နက်မှောင်လို့နေသည်။ သူက နှာခေါင်းရှုံ့ကာ သူ့ညာဘက်လက်ညှိုးကို မြှောက်လိုက်သည်။သူ့မျက်လုံးထဲ၌လည်း နတ်ဆိုးအလင်းများ ထွက်ပေါ်လာ၏။

ဝမ်လင်းက တိုးညင်းစွာ ပြောလိုက်သည်။ “နတ်ဆိုးလက်ချောင်း…” နတ်ဆိုးအလင်းလှိုင်းများက ပတ်ဝန်းကျင်တွင်ပေါ်လာခဲ့ပြီး ဝမ်လင်းထံကနေ ထကြွလာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက သည်လက်ညှိုးထံသို့ ရွေ့လျားလို့သွားလေ၏။

“စစ်ထူက ငါ့ကျင့်ကြံမှုအဆင့်မြင့်လာတာနဲ့ နတ်ဆိုးလက်ချောင်းရဲ့ စွမ်းအားကလည်း ပိုသန်မာလာလိမ့်မယ်လို့ ပြောခဲ့တယ်…။ငါက ခု စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်အဆင့်ကို ရောက်ပြီ ဖြစ်တဲ့အတွက် ဒီမန္တာန်ကလည်း အရင်ထက် အဆများစွာ အစွမ်းထက်လာသင့်တယ်…။ ငါက ဒီအတားအဆီးအစီအရင်ကို ကျိန်းသေ ချိုးဖျက်နိုင်စွမ်း ရှိတယ်…”

ဝမ်လင်းခန္ဓာကိုယ်ထဲကနေ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ မြင့်တက်လာသည်နှင့် သူ့သွင်ပြင်ကလည်း ပြောင်းလဲသွားကာ သူ့လက်ထဲတွင် မီးတောက်တစ်ခု ပေါ်လာခဲ့တော့သည်။

ဝမ်လင်းလက်ထဲရှိ မီးတောက်ကနေ မွန်းစတားနတ်ဆိုးအော်ရာတစ်ခုက ထွက်ပေါ်လို့နေ၏။ သည်နတ်ဆိုးအော်ရာက ခရမ်းရောင်အလင်းတစ်ချက် တောက်ပသွားကာ သည်ဧရိယာတစ်ခုလုံးကို ထွန်းလင်းသွားစေ၏။

သည်အရာက နတ်ဆိုးဘုရင်ပြန်မွေးလာသလား ထင်မှတ်ရသည်။ ဝမ်လင်းက သည်အော်ရာဖြင့် ခုချိန်၌ ဖုံးလွှမ်းလို့နေသည်။ သူ့လက်ချောင်းထိပ်တွင် စုဝေးနေသည့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်အားလုံးကလည်း နတ်ဆိုးမီးတောက်အတွက် လောင်စာအဖြစ် ပြောင်းလဲပေးလို့နေသည်။ သည်ဖြစ်စဉ်က သူ့အတွက် သက်တောင့်သက်သာ ရှိလှ၏။

သိပ်မကြာခင်တွင် သူ့လက်ထဲရှိ ခရမ်းရောင်မီးတောက်က တောက်ပသထက် တောက်ပလာခဲ့လေ၏။ လွန်ခဲ့သောသုံးလက သူအသုံးပြုခဲ့သည့်မီးတောက်နှင့် နှိုင်းယှဉ်လျှင် ခုသည်မီးတောက်က အဆများစွာ ပိုကြီးမားလို့နေ၏။

ဝမ်လင်းက လက်ညှိုးဖြင့် ရှေ့သို့ ညွှန်လိုက်၏။ သည်အခိုက်တွင် သူ့လက်ညှိုးက သူ့ခေါင်းထက်ရှိ အားကို ထွင်းဖောက်ကာ ငွေရောင်အလင်းမျက်နှာပြင်ကို ကျော်ဖြတ်လို့သွားသည်။

သည့်လက်ညှိုးက အလင်းမျက်နှာပြင်ကို ဖြတ်သွားသည့်အခိုက်တွင် ဝမ်လင်းလက်ချောင်းထိပ်မှ ခရမ်းရောင်မီးတောင်က ရူးသွပ်ဖွယ်လောင်ကျွမ်းလို့လာ၏။ သည်မီးက စတင်လောင်ကျွမ်းသည်နှင့် ချက်ခြင်းပင် ပျံ့နှံ့ကာသွားတော့သည်။

မျက်စိတစ်မှိတ်အတွင်း ခရမ်းရောင်မီးတောက်က ပျံ့နှံ့၍ အလင်းမျက်နှာပြင်ခုံး၏ ထိပ်မှ အောက်ခြေထိ လောင်ကျွမ်းပစ်လေသည်။ အသက်ရှုစာသုံးကြိမ်ကြာပြီးနောက် ခရမ်းရောင်မီးတောက်က သူ့လမ်းတစ်လျှောက် လောက်ကျွမ်းပစ်ကာ မြေပြင်အထိ ရောက်ရှိကာ မီးစက်ဝိုင်းတစ်ခုလို ဖြစ်ပေါ်စေသည်။ သည်စက်ဝိုင်းက ဝမ်လင်းကို ပိတ်လှောင်ထားသည့် အလင်းလက်စက်ဝိုင်းအတိုင်း ဖြစ်လေသည်။

ဝမ်လင်းမျက်လုံးများက အေးစက်နေပြီး သူ့အကြည့်က အကွာအဝေးတစ်ခုသို့ ရောက်နေ၏။ သူပထမဆုံးလုပ်ရမည့်အရာက ကောင်းကင်ကံကြမ္မာကလန်သို့ ရောက်ရှိရန်ဖြစ်၏။သို့သော် သူက သည်နေရာနှင့်မရင်းနှီးသည့်အတွက် မည်သို့ပြန်ရမည်ကို မသိသေးချေ။

သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက သိုလှောင်အိတ်ထဲကနေ စိတ်ဝိညာဉ်အလံကို ထုတ်ယူလိုက်၏။ သူက အလံကို လှုပ်လိုက်ရာ မူလစိတ်ဝိညာဉ်တစ်ခု ထွက်ပေါ်လာခဲ့၏။

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “ချိုရီဒူ…”

မူလစိတ်ဝိညာဉ်က တုန်ခါသွားကာ ရုတ်တရပ် မျက်လုံးဖွင့်လာခဲ့သည်။ သူက ဝမ်လင်းကို အရင်ဆုံးကြည့်လိုက်ပြီးနောက် သူ့ပတ်ဝန်းကျင်ကို ကြည့်၏။ ထိုအခါ ရုတ်တရပ် လက်ခနဲ ဖြစ်လို့သွားသည်။

မူလစိတ်ဝိညာဉ်က မြန်ဆန်စွာ ကမန်းကတန်း ပြောလိုက်၏။ “ဒါ…ဒါက ထျန်ယွမ်ဂြိုဟ်…”

သည်ချိုရီဒူက ဝမ်လင်း ဟင်္သာပြဒါးဂြိုဟ်၊ကျောက်နိုင်ငံရှိ အလောင်းကောင်ကလန်တွင် ခေါ်လာခဲ့သည့် လူဖြစ်သည်။ ဝမ်လင်းက ထျန်ယွမ်ဂြိုဟ်နှင့် မရင်းနှီးသည့်အတွက် အလွယ်တကူ လမ်းပျောက်နိုင်မည် မဟုတ်လား။ သည့်အတွက်ကြောင့် သူက ထျန်ယွမ်ဂြိုဟ်၏ ဒေသခံချိုရီဒူကို စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းတစ်ယောက်၏ ခန္ဓာကိုယ်ကို ရှာပေးမည်ဟု ပြောကာ သူ့ကို သစ္စာခံခိုင်း၍ လမ်းပြအဖြစ် ရှိစေခဲ့ခြင်းပင်။

ဝမ်လင်းက လျင်မြန်စွာ မေးလိုက်၏။ “ချိုရီဒူ…မင်း ဒီနေရာကနေ ကောင်းကင်ကံကြမ္မာကလန်ကို ဘယ်လိုသွားရမလဲ သိလား…”

ချိုရီဒူက စဉ်းစားဟန်ပြုပြီးနောက် အနောက်အရပ်သို့ လက်ညှိုးထိုးကာ ပြောလိုက်သည်။ “ဒီနေရာရဲ့ အနောက်ဘက် ကီလိုမီတာ သုံးသိန်းမှာ ကောင်းကင်ကံကြမ္မာကလန် ရှိလိမ့်မယ်…”

ဝမ်လင်းက ခေါင်းမော့၍ ချိုရီဒူညွှန်ပြသည့်နေရာသို့ ကြည့်လိုက်သည်။ သည့်နောက် သူက ချိုရီဒူကို ပြန်သိမ်းကာ အနောက်ဘက်သို့ တဟုန်ထိုး ပျံသန်းသွားတော့သည်။

ဝမ်လင်းအမြန်နှုန်းက အကန့်အသတ်သို့ပင် ရောက်လာခဲ့သည်။ သူ့ပျံသန်းမှုကြောင့် အသံတုန်ခါလှိုင်းများပင် ဖြစ်ပေါ်ကုန်ကြသည်။ ဝမ်လင်းက ကောင်းကင်ကို ဖြတ်ကာ အလင်းတန်းအလား ကောင်းကင်ကံကြမ္မာကလန်ရှိရာသို့ ပျံသန်းလာခဲ့တော့သည်။

သူက ပျံသန်းနေရင်း သူ့မျက်လုံးက ပိုပိုအေးစက်လာခဲ့သည်။ သူက သည်နေရာသို့ ရောက်သည့်နေ့ကစ၍ ခရမ်းရောင်အုပ်စုခွဲမှလူများက သူ့ကို ဖိနှိပ်ရန် ကြိုးစားလာကြသည်မဟုတ်လား။ ဝမ်လင်းက သည်းခံပြီးရင်း သည်းခံခဲ့သေး၏။နောက်ဆုံးတွင်တော့ သူက သည်အခြေအနေကို ပြောင်းလဲ၍ သူ့လွှမ်းမိုးနိုင်မှုကို ထုတ်ဖော်ပြသခဲ့သည်။ သို့ရာတွင် ကျောက်ရှန်းရှက ပြင်ပအကူအညီယူ၍ ဝမ်လင်းကို ခရမ်းရောင်အုပ်စုခွဲကနေ ဖယ်ရှားပစ်ကာ သူ့ကို ပိတ်လှောင်ခဲ့လေသည်။

ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ကသာ အဆင့်ချိုးဖျက်ခါနီးသို့ရောက်နေခြင်းမရှိသည့်အပြင် လုံလောက်သောကောင်းကင်ဘုံကျောက်စိမ်းပြားများလည်း မရှိပါက သူက သည်နေရာတွင် အမှန်ပင် နှစ်များစွာ ပိတ်လှောင်ထားခံနေရမည်သာ။ သူက နတ်ဆိုးတစ်ကောင်ဖြစ်လာကတည်းက သူ့သေခြင်းရှင်ခြင်းကို အခြားလူတစ်ယောက်၏ လက်ထဲ၌ ထပ်မံ၍ ထားရှိတော့မည် မဟုတ်ပေ။

“ငါ့လမ်းမှာ လာမရှုပ်ရင် ငါကလည်း သူတို့လမ်းကို သွားရှုပ်မှာ မဟုတ်ဘူး…။ ဒါပေမဲ့ ငါ့လမ်းမှာ လာရှုပ်ဝံ့ရင်တော့ ငါက သူတို့ကို သတ်ပစ်ရလိမ့်မယ်…” ဝမ်လင်းမျက်လုံးက အေးစက်မှုတို့နှင့် ပြည့်နေပြီး သူက ကောင်းကင်ကံကြမ္မာကလန် ရှိရာသို့ တိုးဝင်လို့သွားသည်။ သည့်နောက် သူခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားပြီးနောက် တည်နေရာရွှေ့ပြောင်းလို့သွားလေ၏။

သည်လိုနှင့် ဝမ်လင်းကက လမ်းတစ်လျှောက်လုံး တည်နေရာ ရွှေ့ပြောင်းလာခဲ့သည်။ ဒုတိယနေ့ နေ့မွန်းတည့်ချိန်တွင် သူက အကွာအဝေးတစ်ခုရှိ ကောင်းကင်ကံကြမ္မာကလန်ကို လှမ်းမြင်လိုက်ရတော့သည်။

ခုလက်ရှိ ကောင်းကင်ကံကြမ္မာကလန်က အလွန်ပင် သက်ဝင်လှုပ်ရှားလို့နေသည်။ မွေးနေ့တွင် ဂုဏ်ပြုထမင်းစားပွဲများကလည်း အုပ်စုခွဲခုနှစ်ခုလုံးတွင် ရှိလို့နေသည်။ ကောင်းကင်ဘုံသစ်သည်းများနှင့် ဝိုင်များကိုလည်း ဧည့်ခံကျွေးမွေးကြ၏။

မွေးနေ့ပွဲခုနှစ်ရက်ကြာကျင်းပပြီးသည့်နောက် ရှေ့ဖြစ်ဟောသူက တာကိုကို သင်ကြားပေးမည် ဖြစ်သည်။သည့်နောက် အဝါရောင်နှင့်ခရမ်းရောင်အုပ်စုခွဲတို့က သူတို့၏ အသီးသီးသော အစစ်အမှန်တပည့်နေရာအတွက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ သည်လိုအရာများက သည်အခမ်းအနား၏ အထွတ်အထိပ်အခိုက်အတန့်ပင် မဟုတ်လော။

ခရမ်းရောင်အုပ်စုခွဲ၌ လူတစ်ယောက်က အားကောင်းသော မန္တာန်တစ်ခုကို အသုံးပြုကာ တိမ်များကို အုပ်စုခွဲဧရိယာထံသို့ စုဝေးစေ၏။ သည့်နောက် ထိုလူက မန္တာန်တစ်ခုကိုအသုံးပြုကာ ထိုတိမ်ထုကို မြေကြီးအလား မာကျောအောင် ပြုလုပ်လိုက်သည်။

အကွာအဝေးတစ်ခုမှ ကြည့်လျှင် ခရမ်းရောင်အုပ်စုခွဲတစ်ခုလုံးသည် တိမ်လွှာပါးတစ်ခုက ၎င်းနေရာပေါ်တွင် ရှိနေသည်ကို တွေ့ရမည် ဖြစ်သည်။ အဖြူရောင်တိမ်များပေါ်၌ မရေမတွက်နိုင်သော စားပွဲငယ်များ ရှိနေကာ ခရမ်းရောင်အုပ်စုခွဲတပည့်တပန်းများက သည်တိမ်များပေါ်၌ ဧည့်သည်များကို တည့်ခင်းလျက် ရှိနေသည်။

ခရမ်းရောင်အုပ်စုခွဲ၌ မွေးနေ့ဂုဏ်ပြုရန် ရောက်လာသည့်လူက ထျန်ယွမ်ဂြိုဟ်မှ ကလန်အသီးသီး၏ လူများပင် ဖြစ်သည်။ သည်လူများကြားတွင် ကျင့်ကြံမှုအဆင့်မြင့်မားသည့်သူများလည်း ရှိနေသော်လည်း သိပ်တော့များလှခြင်း မရှိချေ။ သည်ကလန်များက ထျန်ယွမ်ဂြိုဟ်ပေါ်၌ အားအနည်းဆုံးဟူ ယူဆ၍ ရကာ သူတို့က မွေးနေ့ကျင်းပစဉ်အတွင်း သည်ခရမ်းရောင်အုပ်စုခွဲတွင်သာ နေထိုင်ရသည်။

ခရမ်းရောင်အုပ်စုခွဲအပေါ်ထပ် ရှိတိမ်များပေါ်၌ စီနီယာအကို ကျောက်ရှန်းရှက ဦးဆောင်သည့်နေရာတွင် ထိုင်လျက် ရှိနေသည်။ သူ့ညာဘက်ဘေး၌ ဒုတိယအကို၊သည့်နောက် ညီသုံး၊နောက်ဆုံးတွင်တော့ လေးယောက်မြောက်အမ ထိုင်လို့နေလေ၏။ တခြားထိုင်ခုံသုံးခုကတော့ လွတ်လပ်လို့နေသည်။

အမငါးကလည်း အပြစ်ပေးခံထားရသည့်အတွက်ကြောင့် သူမက တံခါးပိတ်ကျင့်ကြံနေရပေသည်။ ညီခြောက်ကလည်း ခရီးလွန်နေကာ ပြန်မလာဘဲ ညီခုနှစ်ဖြစ်သူ ဝမ်လင်းကလည်း ပျောက်လို့နေ၏။ သည့်အတွက်ကြောင့် သည်နေရာတွင် ခုံသုံးခု လွတ်လပ်နေခြင်းပင်။

ကျောက်ရှန်းရှဘယ်ဘက်ဘေးတွင်တော့ အမျိုးမျိုးသော ဝတ်စုံများဝတ်ဆင်ထားသည့် အကြီးအကဲခြောက်ယောက်ထိုင်နေသည်။ သည်ခြောက်ယောက်ကတော့ ထျန်ယွမ်ဂြိုဟ်ပေါ်ရှိ ကလန်များ၏ ခေါင်းဆောင်များပင်ဖြစ်သည်။ သူတို့ထဲ၌ အားအနည်းဆုံးတစ်ယောက်က အာဏာတက်ခြင်းအစောပိုင်းအဆင့်တွင် ရှိကာ အသန်မာဆုံးကတော့ အာဏာတက်ခြင်းနောက်ဆုံးအထွတ်အထိပ်အဆင့်တွင် ရှိလေ၏။

မည်သို့ပင် ဖြစ်စေ သူတို့ကလန်များက အလွန်အားကောင်းလှခြင်း မရှိသဖြင့် သူတို့က သည်နေရာတွင်သာ ထိုင်နေရခြင်း ဖြစ်လေ၏။

“ဒီနေ့က မွေးနေ့ပွဲကျင်းပတာ ခုနှစ်ရက်မြောက်ပဲ…။မနက်ဖြန်ဆိုရင် ဆရာက တာအိုသင်ပေးတော့မယ်…။လူတိုင်းပဲ…ငါ့ခရမ်းရောင်အုပ်စုခွဲက သင်တို့က ဧည့်ခံရာမှာ လစ်ဟာမှုတစ်ခုခုရှိရင် သင်တို့အားလုံး စိတ်ထဲမထားဖို့ ငါမျှော်လင့်မိပါတယ်…” ကျောက်ရှန်းရှက ပြုံး၍မတ်တပ်ရပ်လာသည်။သူက လက်ထဲရှိ ဝိုင်ခွက်ကို မြှောက်ကာ လူတိုင်းကို လေးစားသမှု ပြု၏။သည့်နောက် ဝိုင်ခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။

ကျောက်ရှန်းရှ စကားများက ရိုးရှင်းသော်လည်း မန္တာန်အကူအညီကြောင့် ကီလိုမီတာငါးဆယ်အတွင်းရှိ လူအားလုံးက သူ့စကားကို ကြားလိုက်ရသည်။ ပတ်ဝန်းကျင်ရှိလူများကလည်း သူတို့ ဝိုင်ခွက်များကို ကောက်ယူကာ လေးစားမှုကို ပြန်လည် ပြသလိုက်၏။

ထိုအခိုက်မှာပင် ခရမ်းရောင်အလင်းတန်းတစ်ခုက အရှေ့အရပ်ကနေ ပျံသန်းလာကာ သည်နေရာထံသို့ တန်းတန်းမတ်မတ် တဟုန်ထိုး ပျံသန်းလာနေလေ၏။

All Chapters