← Chapters

အခန်း ၆၃၇

Vol. 32 Ch. 637

အခန်း ၆၃၇

Vol. 32 Ch. 637

အခန်း (၆၃၇) ခဏတာ နူးညံ့ပျော့ပျောင်းခြင်း

ယီဟုန်ကွမ်းအား မြင်လိုက်ရသောအခါ ထိုအမျိုးသမီးသည် သိသိသာသာပင် အံ့အားသင့်သွားပြီး မိမိ၏ ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ကာကွယ်လိုက်ချေသည်။

"ရှင်... ရှင် ဘာသူလဲ"

အမျိုးသမီးက တုန်လှုပ်ချောက်ချားစွာဖြင့် မေးမြန်းလိုက်၏။

ယီဟုန်ကွမ်းသည် လျင်မြန်စွာပင် လက်ကို ဝှေ့ယမ်းပြလိုက်ရင်း "မိန်းကလေး... မစိုးရိမ်ပါနဲ့၊ ငါက နတ်ဘုရားဆေးခန်းမအသင်းရဲ့ ဥက္ကဋ္ဌ ယီဟုန်ကွမ်း ပါ၊ ဒါက ငါ့ရဲ့ အခန်းပါ" ဟု ဆိုလေသည်။

"ရှင်က ဥက္ကဋ္ဌကြီး ယီဟုန်ကွမ်း လား" ထိုအမျိုးသမီးသည် အလွန်အမင်း အံ့ဩသွားသည့် အရိပ်အယောင် ရှိပေသည်။

"ငါပါပဲ၊ မိန်းကလေးရဲ့ အမည်က ဘယ်လိုခေါ်လဲ" ယီဟုန်ကွမ်းက မေးလိုက်၏။

"ကျမ အမည်က ကျန်ရို့ လို့ ခေါ်ပါတယ်၊ အိမ်မှာ အန္တရာယ်ဆိုးနဲ့ ကြုံခဲ့ရလို့ပါ၊ အဖေဖြစ်သူ ပင်လယ်ပြင်မှာ အသက်ဆုံးရှုံးခဲ့ရပြီးတဲ့နောက် မောင်လေးကို လုပ်ကျွေးပြုစုနိုင်ဖို့အတွက် ဝူယင်း အရှင်သခင် ခေါ်ဆောင်ရာနောက်ကို ကြည်ဖြူစွာ လိုက်ပါလာခဲ့တာပါ" ဟု အမျိုးသမီးက တည်ငြိမ်စွာ ဖြေကြားရှာသည်။

ယီဟုန်ကွမ်းသည် သက်ပြင်းတစ်ချက်ကို ဖွဖွချလိုက်ရင်း "မပူဆွေးပါနဲ့တော့၊ နောင်အနာဂတ်မှာ မင်း ဒီနေရာမှာပဲ နေထိုင်မယ်ဆိုရင် စည်းစိမ်ချမ်းသာ အပြည့်နဲ့ နေထိုင်သွားစေရမယ်လို့ ငါ အာမခံပါတယ်" ဟု ကတိပြုလေသည်။

"တကယ်ပဲလားရှင်"ကျန်ရို့သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရပြီး "ဥက္ကဋ္ဌကြီးကို အထူးပင် ကျေးဇူးတင်ရှိပါသည်၊ ကျမ ဥက္ကဋ္ဌကြီးကို စိတ်ရောကိုယ်ပါ အားသွန်ခွန်စိုက် လုပ်ကျွေးပြုစုပါ့မယ်" ဟု ဆိုချေသည်။

ယီဟုန်ကွမ်းသည် ခေါင်းညိတ်မိ၏။ ထိုသို့သော မိန်းကလေးမျိုးကို စည်းရုံးသိမ်းသွင်းရန်မှာ ပို၍ လွယ်ကူလှပေရာ ငွေကြေးအနည်းငယ်မျှဖြင့် ခေါ်ဆောင်လာနိုင်ခြင်း ဖြစ်တန်ရာသည်။

ယင်းတို့သည် တကယ်ပင် စိတ်ပျက်အားကိုးရာမဲ့နေသည့် အခြေအနေသို့ ဆိုက်ရောက်နေကြရရှာသည်။

"ကျမ ရေမိုးချိုး သန့်စင်ပြီးပါပြီ သခင်ကြီး... သခင်ကြီး ဘာများ အလိုရှိပါသလဲ" ကျန်ရို့က မျက်နှာလေး နီမြန်းလျက် မေးမြန်းလိုက်၏။

သူမ၏ ရှက်သွေးဖြန်းနေသော အမူအရာသည် ယီဟုန်ကွမ်း၏ မျက်ဝန်းအစုံကို ရမ္မက်မီးများ တောက်လောင်လာစေရန် လှုံ့ဆော်နေသကဲ့သို့ ရှိချေသည်။

သို့သော်လည်း ယခုအခါတွင်မူ သူသည် မိမိ၏ ကာမရာဂစိတ်ကို ခေတ္တမျှ ထိန်းချုပ်ထားရပေသည်၊ အကြောင်းမူကား သူ မည်မျှပင် အလိုရှိနေပါစေ မိမိ၏ ညီလေးသည် မည်သည့်တုံ့ပြန်မှုမျှ မရှိသေးသောကြောင့် ဖြစ်၏။

"မင်း ရေမိုးချိုးပြီးရင် အခန်းထဲမှာပဲ ငါ့ကို စောင့်နေပါ၊ ငါ ခဏနေရင် ပြန်လာခဲ့မယ်" ယီဟုန်ကွမ်းက တည်ငြိမ်သော လေသံဖြင့် ဆိုလိုက်သည်။

ကျန်ရို့သည် အတော်ပင် အံ့အားသင့်သွားသော်လည်း ခေါင်းကို ညိတ်ပြလိုက်ရင်း "နားလည်ပါပြီ၊ နောင်ကို ဥက္ကဋ္ဌကြီး ပြောတဲ့အတိုင်းပဲ နာခံပါ့မယ်" ဟု ဆိုလေသည်။

ယီဟုန်ကွမ်းသည် အခန်းထဲမှ ထွက်ခွာလာခဲ့ပြီး တံခါးကို ဂရုတစိုက် ပိတ်လိုက်ပြီးနောက် စာကြည့်ခန်းဆီသို့ အပြေးအလွှား သွားရောက်ကာ မိမိကိုယ်ကိုယ် အထဲ၌ သော့ခတ်ထားလိုက်ချေသည်။

ထိုအချိန်တွင် သူသည် အရက်ရှိန်လည်း လုံးဝ စင်ကြယ်သွားပြီ ဖြစ်၏။

"နောက်ဆုံးတော့... နောက်ဆုံးတော့ ဒီအချိန်ကို ရောက်ရှိလို့လာခဲ့ပြီပဲ"

ယီဟုန်ကွမ်းသည် အလွန်အမင်း ဝမ်းမြောက်လျက် ရှိနေတော့သည်။ နှစ်ပေါင်းရာချီအောင် စောင့်ဆိုင်းခဲ့ရသမျှသည် ယနေ့ည၏ ထိုအခိုက်အတန့်လေးအတွက်သာ ဖြစ်ပေသည်။

ယနေ့တွင် သူသည် ပြီးပြည့်စုံသော ယောက်ျားတစ်ဦးအဖြစ် ပြန်လည်မွေးဖွားခွင့် ရရုံမျှမက မိမိ၏ လူပျိုဘဝကိုလည်း နှုတ်ဆက်နိုင်တော့မည် ဖြစ်ရာ ယင်းက နှစ်ထပ်ကွမ်း အောင်ပွဲခံရသကဲ့သို့ ရှိချေသည်။

ယီဟုန်ကွမ်းသည် ရှုယန်ဆေးလုံး ကို ဂရုတစိုက် ထုတ်ယူလိုက်ပြီးနောက် ကြမ်းပြင်ပေါ်တွင် ထိုင်ကာ အသာအယာ မျိုချလိုက်လေသည်။

ထိုဆေးလုံး၏ ပြင်းထန်လှသော ဆေးစွမ်းအာနိသင်သည် ချက်ချင်းပင် အငွေ့ပျံသွားပြီး ယီဟုန်ကွမ်း၏ ဆီးခုံအောက်ပိုင်းဆီသို့ အကုန်လုံး စုစည်းရောက်ရှိသွားချေသည်။

ယီဟုန်ကွမ်းသည် ကလေးငယ်တစ်ဦးထက်ပင် သေးငယ်လှသော မိမိ၏ ဖိုအင်္ဂါ အလျင်အမြန် ကြီးထွားလာသည်ကို ရှင်းလင်းစွာ ခံစားသိရှိလိုက်ရ၏။

နောက်ဆုံးတွင် အမွှေးတိုင်တစ်တိုင်စာမျှ အချိန်ကုန်လွန်သွားသောအခါ ဆေးစွမ်းအားလုံးသည် စုပ်ယူခြင်း ခံလိုက်ရချေပြီ။ နှစ်ပေါင်းရာချီအောင် သေးငယ်လှသော ညီလေးသည် အမွှေးတိုင်တစ်တိုင် ကုန်ဆုံးသည့် အချိန်အတွင်း၌ လူကြီးတစ်ဦး၏ အင်္ဂါအလား ကြီးထွားဖွံ့ဖြိုးလာခဲ့ပြီ ဖြစ်သည်။

ယီဟုန်ကွမ်းသည် အတိုင်းထက်အလွန် ဝမ်းမြောက်သွားပြီး ယင်းကို ထုတ်ယူကာ ထုတ်ကြွားချင်စိတ်ကို မနည်း ထိန်းချုပ်လိုက်ရ၏။

ကံကောင်းထောက်မစွာဖြင့် ယီဟုန်ကွမ်းသည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်ခဲ့ပြီး မျက်နှာထက်တွင် ပြုံးပျော်ရွှင်မြူးသော အမူအရာဖြင့် အခန်းထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့ချေသည်။

ကျန်ရို့သည် ရေမိုးချိုးပြီးကတည်းက ကုတင်ပေါ်တွင် လျောင်းစောင်းနေခဲ့ပြီး သူမ၏ ရင်သားအစုံမှာ တစ်ဝက်မျှ ပေါ်ထွက်နေရာ အခန်းတွင်း၌ ရမ္မက်ဆန္ဒကို နှိုးဆွပေးသည့် ပတ်ဝန်းကျင်တစ်ခု ချက်ချင်းပင် ဖြစ်ပေါ်လာတော့သည်။

ယီဟုန်ကွမ်းသည် စိတ်မရှည်နိုင်တော့ဘဲ အတင်းအဓမ္မ တိုးဝင်သွားချေပြီ။ နှစ်ပေါင်းရာချီ ကြာမြင့်ပြီးနောက်တွင်မူ သူသည် ယောက်ျားတစ်ယောက်၏ စစ်မှန်သော ကာမသုခ အရသာကို နောက်ဆုံး၌ မြည်းစမ်းခွင့် ရရှိသွားခဲ့သည်။

တစ်နာရီမျှ ကြိုးပမ်းအားထုတ်ပြီးနောက် ယီဟုန်ကွမ်းသည် ကုတင်ပေါ်တွင် အမောတကော သက်ပြင်းချရင်း လှဲလျောင်းနေမိပြီး ကျန်ရို့သည်လည်း ယီဟုန်ကွမ်း၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ မှီတွဲနေချေသည်။

"ဥက္ကဋ္ဌကြီး... ဥက္ကဋ္ဌကြီး ပြောခဲ့သမျှအရာအားလုံးက တကယ်ပဲလားဟင်" ကျန်ရို့က ကပ်ချွဲ၍ မေးမြန်းနေပြန်သည်။

ယီဟုန်ကွမ်းက ခေါင်းညိတ်ပြလိုက်ရင်း "ဧကန်မုချ အမှန်ပဲပေါ့ မိန်းကလေးရဲ့၊ မစိုးရိမ်ပါနဲ့၊ ငါ့နောက်ကိုသာ လိုက်ခဲ့မယ်ဆိုရင် နောင်အနာဂတ်မှာ မကုန်ခမ်းနိုင်တဲ့ စည်းစိမ်ချမ်းသာနဲ့ ဘုန်းကျက်သရေကို ခံစားစံစားစေရမယ်" ဟု အာမခံလိုက်၏။

ကျန်ရို့က ပြုံးရယ်လိုက်ပြီး "ကျမဖြင့် ဥက္ကဋ္ဌကြီးဟာ အမျိုးသမီးတွေအပေါ်မှာ စိတ်ဝင်စားမှုမရှိဘူးလို့ပဲ ကြားဖူးထားတာ၊ ဒီလောက်အထိ ရဲရင့်ပြောင်မြောက်လှလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး" ဟု ကပ်ပြောလေသည်။

"ရဲရင့်တယ် ဟုတ်လား... ဒါက ဘာမျှ မဟုတ်သေးဘူး၊ လာစမ်း... ငါတို့ နောက်ထပ် အချီ သုံးရာလောက် ဆွဲကြသေးတာပေါ့" ယီဟုန်ကွမ်းသည် ကုတင်ပေါ်မှ ထရပ်လိုက်ပြီး ကျန်ရို့၏ ကိုယ်ပေါ်သို့ ထပ်မံ ဖိကပ်လိုက်ချေသည်။

သို့သော်လည်း နောက်တစ်စက္ကန့်၌ ယီဟုန်ကွမ်း၏ မျက်ဝန်းအစုံသည် ရုတ်ချည်းပင် ပြူးကျယ်သွားရတော့သည်။

အကြောင်းမူကား သူ၏ ဝိညာဉ်စွမ်းအင်ပင်လယ် ဆီမှ နာကျင်မှုတစ်ခုသည် ဖြည်းညှင်းစွာ ပြန့်နှံ့လာပြီး သူ၏ မျက်နှာတစ်ခုလုံး နီမြန်းသွားရသောကြောင့် ဖြစ်၏။

ဓားမြှောင်တစ်စင်းသည် ယီဟုန်ကွမ်း၏ ဝိညာဉ်စွမ်းအင်ပင်လယ်ထဲသို့ တိုက်ရိုက် ထိုးစိုက်ဝင်ရောက်သွားခဲ့ပြီး သွေးစီးကြောင်းများသည် ပန်းထွက်လာကာ ကျန်ရို့၏ ကိုယ်ခန္ဓာကို နီရဲစွာ စွန်းထင်သွားစေတော့သည်။

ကျန်ရို့၏ မျက်ဝန်းအစုံသည် ရုတ်ချည်းပင် ကောက်ကျစ်ရက်စက်သော အသွင်သို့ ပြောင်းလဲသွားချေပြီ။

သူမသည် ယီဟုန်ကွမ်းကို တွန်းဖယ်ပစ်လိုက်ပြီး ကိုယ်လုံးတီးဖြင့်ပင် ထရပ်လိုက်ရာ သွေးရောင်လွှမ်းသော ဝတ်ရုံကို ဆင်မြန်းထားသည့်အလား ထင်မှတ်ရပေသည်။

"မင်း..." ယီဟုန်ကွမ်းသည် ကျန်ရို့ကို လက်ညှိုးထိုးပြရင်း မိမိ၏ ကိုယ်တွင်းရှိ အင်အားအားလုံး ကုန်ခမ်းသွားသကဲ့သို့ ခံစားလိုက်ရချေသည်။ ထိုဓားမြှောင်ပေါ်တွင် သေစေနိုင်လောက်သော အဆိပ်အတောက်များ သုတ်လိမ်းထားသည်မှာ အထင်အရှားပင် ဖြစ်၏။

"ဟိဟိ... ဥက္ကဋ္ဌကြီး၊ ကျမ လိုချင်တဲ့အရာက စည်းစိမ်ချမ်းသာနဲ့ ဘုန်းကျက်သရေတင် မကဘူးရှင့်၊ ကျမ ဘယ်သူလဲဆိုတာ ဥက္ကဋ္ဌကြီး သိရဲ့လား"

ကျန်ရို့သည် ဘာမျှ ဖြစ်ပျက်ခြင်းမရှိသည့်အလား တည်ငြိမ်စွာဖြင့် စားပွဲဆီသို့ လျှောက်လှမ်းသွားပြီး မိမိအတွက် ရေတစ်ခွက် ငှဲ့လိုက်ချေသည်။

"မင်း..." ယီဟုန်ကွမ်း၏ ဦးနှောက်သည် အလျင်အမြန်ပင် အလုပ်လုပ်လိုက်ပြီးနောက် နောက်ဆုံး၌ သူသည် ကျန်ရို့ကို မှတ်မိသွားတော့သည်။

သူသည် ယခင်ကတည်းက ကျန်ရို့အကြောင်းကို သိရှိထားခဲ့ဖူးခြင်း ဖြစ်၏။ သူမသည်လည်း ဆေးဖော်စပ်သူတစ်ဦး ဖြစ်ပေသည်။

သို့သော်လည်း ထိုစဉ်က သူမတွင် ထိုးထွင်းဉာဏ်ချို့တဲ့သည်ဟု ယူဆမိခြင်းနှင့် အမျိုးသမီးများအပေါ် အနည်းငယ် စက်ဆုပ်ရွံရှာမိခြင်းတို့ကြောင့် သူမအား နတ်ဘုရားဆေးခန်းမအသင်းသို့ ဝင်ရောက်ခွင့်ကို ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယင်းက လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်က ဖြစ်ရပ်တစ်ခုသာ ဖြစ်ချေသည်။

"အခုတော့ မှတ်မိသွားပြီ မဟုတ်လား၊ ကျမရဲ့ ဆေးဖော်စပ်သူ ဘဝဟာ ဥက္ကဋ္ဌကြီးရဲ့ စကားတစ်ခွန်းတည်းနဲ့တင် သေဒဏ်ပေးခြင်း ခံခဲ့ရတာပါ၊ ကျမ အဲ့ဒီတုန်းက သိပ်ကို မုန်းခဲ့တာ၊ ဒါပေမဲ့ ကံကောင်းချင်တော့ အကြီးအကဲ ဝူယင်း က ကျမဆီကို ရောက်လာခဲ့တယ်"

ကျန်ရို့က အေးစက်စွာ ပြောဆိုလိုက်သည်။

ထိုအခိုက်အတန့်တွင် အခန်းတံခါးသည် ရုတ်တရက် ပွင့်ဟသွားပြီး ဝူယင်းသည် နှာခေါင်းရှုံ့လှောင်ပြောင်သော အပြုံးဖြင့် အခန်းထဲသို့ လျှောက်လှမ်း ဝင်ရောက်လာခဲ့ချေသည်။

ကျန်ရို့သည် လက်ကို ဆန့်ထုတ်ကာ အပေါ်ဝတ်ရုံတစ်ခုကို မိမိ၏ ပုခုံးပေါ်သို့ အသာအယာ ခြုံလွှမ်းလိုက်၏။

"ဥက္ကဋ္ဌကြီး... ဥက္ကဋ္ဌကြီးမှာ ဒီလိုနေ့မျိုး ကြုံတွေ့ရလိမ့်မယ်လို့ ကျုပ် လုံးဝ မမျှော်လင့်ထားခဲ့ဘူးဗျာ" ဝူယင်းက အေးစက်သော အပြုံးဖြင့် ဆိုလိုက်သည်။

"ဝူယင်း... ငါ မင်းအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာပါ၊ မင်းကို ဒုတိယဥက္ကဋ္ဌ ရာထူးအထိတောင် ပေးအပ်ခဲ့တယ် မဟုတ်လား" ယီဟုန်ကွမ်းသည် အလွန်အမင်း ဒေါသထွက်နေတော့သည်။

မိမိ အယုံကြည်ရဆုံးသော လူက မိမိအား သစ္စာဖောက်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

ဝူယင်းက ခေါင်းကို ခါယမ်းလိုက်ရင်း "ဥက္ကဋ္ဌကြီး... ဥက္ကဋ္ဌကြီး အခုထိ သဘောမပေါက်သေးဘူးလား၊ ကျုပ် ဒုတိယဥက္ကဋ္ဌ ဖြစ်နေရင်တောင်မှ ဥက္ကဋ္ဌကြီး ရှိနေသရွေ့ ကျုပ် ဘာမှ ဆုံးဖြတ်ပိုင်ခွင့် ရှိမှာမဟုတ်ဘူး၊ ဥက္ကဋ္ဌကြီးသာ ကွယ်ပျောက်သွားခဲ့ရင်တော့ တစ်ကိုယ်လုံး သော နတ်ဘုရားဆေးခန်းမအသင်းကြီးဟာ ကျုပ်အပိုင် ဖြစ်လာတော့မှာဆ" ဟု ဆိုချေသည်။

"တိရစ္ဆာန်ထက် ယုတ်ညံ့တဲ့ကောင်"

ယီဟုန်ကွမ်းသည် ကုတင်ပေါ်မှ ရုတ်ချည်း ခုန်ထလိုက်ပြီး မိမိ၏ နောက်ဆုံး ကျန်ရှိသော ၀တွင်းစွမ်းအင်များကို စုစည်းကာ ဝူယင်း၏ ကိုယ်ပေါ်သို့ လက်ဝါးတစ်ချက်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

သူသည် ဒဏ်ရာရရှိထားပြီး အဆိပ်သင့်နေသည့်အပြင် အင်အားမှာလည်း ဆယ်ပုံတစ်ပုံပင် မရှိတော့ချေ။

သို့သော်ငြားလည်း သူသည် ဘိုးဘေးနယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်နေဆဲဖြစ်ပြီး ဝူယင်းမှာမူ ပဉ္စမအဆင့် မဟာဆရာနယ်ပယ် မျှသာ ရှိသေးသည် မဟုတ်လော။

သို့သော် ယီဟုန်ကွမ်းကို အံ့အားသင့်သွားစေသည်မှာ ဝူယင်းသည် ရှောင်တိမ်းခြင်း သို့မဟုတ် ဖယ်ရှားခြင်း မပြုဘဲ မိမိ၏ လက်ဝါးဖြင့်သာ ပြန်လည် ခုခံတိုက်ခိုက်လိုက်ခြင်း ဖြစ်၏။

လက်ဝါးနှစ်ခုသည် ပြင်းထန်စွာ ရိုက်ခတ်မိသွားကြပြီး ကြီးမားလှသော စွမ်းအင်လှိုင်းများသည် ပတ်ဝန်းကျင်ရှိ စားပွဲများနှင့် ပရိဘောဂများကို ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားစေတော့သည်။

ယီဟုန်ကွမ်း၏ ကိုယ်ခန္ဓာသည် နောက်ပြန်လွင့်ထွက်သွားပြီး နံရံနှင့် ပြင်းထန်စွာ ဆောင့်မိကာ သွေးတစ်လုပ် အန်ထုတ်လိုက်ရချေသည်။

"မင်း..." ယီဟုန်ကွမ်းသည် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။ မိမိရှေ့မှ ဝူယင်းသည် သိသိသာသာပင် ဘိုးဘေးနယ်ပယ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ချေသည်။

"ဥက္ကဋ္ဌကြီး... ကျုပ် ဒါတွေအားလုံးကို နှစ်ပေါင်းတစ်ရာလုံးလုံး စီစဉ်ခဲ့တာဗျ၊ ကျုပ်ရဲ့ အင်အားက အဲ့ဒီလောက်ပဲ ရှိလိမ့်မယ်လို့ ဥက္ကဋ္ဌကြီး တကယ်ပဲ ထင်နေတာလား" ဝူယင်းက အေးစက်စွာ ဆိုလိုက်ရင်း "လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက ကျုပ်ဟာ ဘိုးဘေးနယ်ပယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီးသားပါ" ဟု ဖွင့်ဟလေသည်။

ယီဟုန်ကွမ်းသည် မိမိ၏ ကိုယ်ခန္ဓာ တဖြည်းဖြည်း အားအင်ချိနဲ့လာသည်ကို ခံစားလိုက်ရပြီး အမျက်ဒေါသများ လွှမ်းမိုးလာကာ သွေးတစ်လုပ်ကို ထပ်မံ၍ အန်ထုတ်လိုက်ရပြန်သည်။

ဝူယင်းသည် မိမိ၏ အင်အားကို အစဉ်တစိုက် ဖုံးကွယ်ထားခဲ့လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိချေ၊ မိမိဘက်မှ ဘာမျှ ရိပ်မိခြင်းမရှိခဲ့သည်မှာ အလွန်ပင် ရယ်စရာကောင်းလှပေသည်။

" ကျန်ရို့... မင်းကို ငါ ကတိပေးခဲ့တဲ့အတိုင်းပဲ၊ ယီဟုန်ကွမ်း သေဆုံးသွားပြီးတဲ့နောက် ငါက ဥက္ကဋ္ဌ ဖြစ်လာပြီး မင်းက ဒုတိယဥက္ကဋ္ဌ ဖြစ်လာလိမ့်မယ်" ဝူယင်းက တည်ငြိမ်စွာ ပြောဆိုလိုက်ရင်း "ကဲ... အခု သူ့ကို မင်းရဲ့ ကိုယ်ပိုင်လက်နဲ့ပဲ အဆုံးစီရင်လိုက်တော့" ဟု အမိန့်ပေးလေတော့သတည်း။

All Chapters