အခန်း ၆၄၁
Vol. 32 Ch. 641
အခန်း (၆၄၁)ချော်ရည်လူသား
ဤကျွန်းကား မီးတောင်ကျွန်းတစ်ခု ဖြစ်ချေသည်၊၊ ကျွန်းကိုယ်နှိုက်ကပင် အချိန်မရွေး ပေါက်ကွဲနိုင်သော မီးတောင်ရှင်ကြီးတစ်ခုပမာ ရှိနေ၏၊၊
ထိုသို့သော ပတ်ဝန်းကျင်မျိုးသည်ပင် ရန်ရှင်းနတ်သားရဲ အခြေချ နေထိုင်ကျက်စားရန် အကောင်းဆုံးသော နေရာဖြစ်ပေရာသည်။
ချင်ယွမ်ဖုန်းသည် မီးတောင်ကျွန်းပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်လှသော အပူလှိုင်းတစ်ခု ရိုက်ခတ်လာသည်ကို ခံစားလိုက်ရချေသည်၊၊
ကျွန်း၏အလယ်ဗဟိုတွင် ရှိနေသော မီးတောင်ရှင်ကြီးမှာ အလွန်တရာ လှုပ်ရှားသက်ဝင်နေပြီး အချိန်မရွေး ချော်ရည်များ မှုတ်ထုတ်နိုင်မည့် အခြေအနေတွင် ရှိနေ၏၊၊
ဤရက်ပိုင်း နှစ်ရက်အတွင်း ချင်ယွမ်ဖုန်းသည် လမ်းခရီး၌ အနားမယူဘဲ မိမိ၏ ကိုယ်တွင်းဒဏ်ရာများ သက်သာပျောက်ကင်းစေရန် အလို့ငှာ ရာစုမြက်ပင် ကိုးလှည့်ဆေးလုံးကို နေ့စဉ်နှင့်အမျှ ဖော်စပ်မှီဝဲခဲ့သည်၊၊
အကယ်၍ ချင်ယွမ်ဖုန်း၏ လက်ရှိအစွမ်းကို ကိုယ်တွင်းစွမ်းအင်ဖြင့် တိုင်းတာမည်ဆိုပါက သူသည် ပဉ္စမအဆင့် သိုင်းပညာရှင်တစ်ဦး၏ အဆင့်အတန်းသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး မိမိ၏ ကိုယ်ရံစွမ်းအင်ကိုပါ ထုတ်ဖော်နိုင်စွမ်း ရှိနေပြီ ဖြစ်ချေသည်၊၊
ချင်ယွမ်ဖုန်းသည် မီးတောင်၏ အတွင်းပိုင်းဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့သည်၊၊ ရန်ရှင်းနတ်သားရဲသည် များသောအားဖြင့် မီးတောင်ဝ၌သာ နေထိုင်လေ့ရှိသောကြောင့် ချင်ယွမ်ဖုန်းအနေဖြင့် စွန့်စားရမည်ကို သိလျက်နှင့်ပင် မီးတောင်ဆီသို့ ဦးတည်သွားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိချေ၊၊
ကျွန်းတစ်ခုလုံး၏ မြေပြင်မျက်နှာပြင်သည် မည်းနက်၍ ခဲနေသော အရာဝတ္ထုများဖြင့် ဖုံးလွှမ်းနေပြီး ယင်းတို့မှာ စီးဆင်းခဲ့သော ချော်ရည်များကြောင့် ကျန်ရစ်ခဲ့သည့် အမှတ်အသားများ ဖြစ်ပေရာ တစ်ကျွန်းလုံးမှာ မီးလောင်ပြင်ကြီးတစ်ခုကဲ့သို့ အဆင်းရှိနေတော့သည်၊၊
ချင်ယွမ်ဖုန်းသည် ဗဟိုချက်မနယ်မြေဆီသို့ နီးကပ်သွားလေလေ အပူချိန်မှာ ပိုမိုမြင့်မားလာလေလေ ဖြစ်၏၊၊
သူ၏ လှပကျယ်ပြောလှသော စိတ်ဝိညာဉ်စွမ်းအားသည် အပြင်ဘက်သို့ ပြန့်ကားသွားပြီး ကျွန်းတစ်ခုလုံးကို တစ်ခဏချင်းအတွင်း လွှမ်းခြုံသွားရာ ချင်ယွမ်ဖုန်းအနေဖြင့် ကျွန်း၏ စိမ့်စမ်းစုတ်ချွန်းမကျန် ထောင့်စေ့အောင် မြင်တွေ့နိုင်စွမ်း ရှိသွားချေသည်၊၊
အချို့သော နေရာများတွင် အပင်ငယ်လေးများပင် ပြန်လည်ရှင်သန် ပေါက်ရောက်နေကြပြီး တစ်ချိန်က သုန်းမှုန်ခြောက်သွေ့ခဲ့သော ဤမြေရိုင်းကြီးတွင် ဇီဝအသက်စွမ်းအား၏ အရိပ်အယောင်ကလေးများကို ပြသနေသကဲ့သို့ ရှိချေသည်၊၊
မီးတောင်၏ အခြားတစ်ဖက်ခြမ်းတွင်မူ ချင်ယွမ်ဖုန်းကိုယ်တိုင်ပင် သူ၏ နတ်ဘုရားဝိညာဉ်စွမ်းအားကို ထိုးဖောက်ကြည့်ရှုရန် မဝံ့မရဲ ဖြစ်နေမိသည်၊၊ အကြောင်းမူကား ထိုနေရာ၏ အပူချိန်မှာ ပြင်းထန်လွန်းလှသဖြင့် သူ၏ ဝိညာဉ်စွမ်းအားပင် လောင်ကျွမ်းသွားနိုင်သောကြောင့် ဖြစ်ချေသည်၊၊
ကျွန်းတစ်ခုလုံးတွင် အခြားသက်ရှိဟူ၍ မရှိချေ၊၊ ရန်ရှင်းနတ်သားရဲမှတစ်ပါး မည်သည့်သက်ရှိ သတ္တဝါမျှ ဤကျွန်းပေါ်တွင် အသက်ရှင် နေထိုင်နိုင်မည်မဟုတ်ပေ၊၊
ချင်ယွမ်ဖုန်းသည် ရှေ့သို့ ဆက်လက်လျှောက်လှမ်းလာခဲ့ရာ နောက်ဆုံးတွင် မီးတောင်ခြေရင်းသို့ ရောက်ရှိလာခဲ့တော့သည်၊၊
မီးတောင်ခြေရင်းတွင် အက်ကွဲကြောင်းများစွာ ရှိနေပြီး ယင်းအက်ကွဲကြောင်းများထဲမှ ချော်ရည်များမှာ ဖြည်းညှင်းစွာ စီးဆင်းနေကြသည်၊၊ ထိုချော်ရည်များ မည်သည့်နေရာသို့ စီးဆင်းသွားသည်ကိုမူ မသိရချေ၊၊
ကြည့်ရသည်မှာ အမည်းရောင်အသားအရေပေါ်တွင် ဝါကျင်ကျင်အစင်းကြောင်းများ ထင်နေသကဲ့သို့ အဆင်းရှိချေသည်၊၊
ထိုခဏတွင် ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအားသည် မီးတောင်ထဲမှ ဖြည်းညှင်းစွာ ပျံသန်းထွက်ပေါ်လာသော သတ္တဝါတစ်ကောင်၏ ပုံရိပ်ပေါ်သို့ ချက်ချင်းပင် ကျရောက်ငြိတွယ်သွားတော့သည်၊၊
ထိုသတ္တဝါသည် ဆင်တစ်ကောင်နှင့် သဏ္ဌာန်တူပြီး ကြီးမားလှသော နားရွက်နှစ်ဖက်ကို အတောင်ပံပမာ အသုံးပြု၍ ပျံသန်းလာခြင်း ဖြစ်၏၊၊
“ရန်ရှင်းနတ်သားရဲပါလား” ချင်ယွမ်ဖုန်းသည် တိုးတိုးရေရွတ်လိုက်သည်၊၊ မီးတောင်ထဲမှ ပျံထွက်လာသော ထိုသတ္တဝါသည်ကား အခြားမဟုတ်၊ သဘာဝအလျောက် ရန်ချီနတ်သားရဲပင် ဖြစ်ချေသည်၊၊
ချင်ယွမ်ဖုန်း ကိုယ်တိုင်လည်း အကြောင်းရင်းကို သေချာမသိရသော်လည်း ရန်ရှင်းနတ်သားရဲဟူသော အကြောင်းအရာကို တွေးတောမိသည်နှင့် တစ်ပြိုင်နက် ထိုသတ္တဝါ၏ ကြိုက်နှစ်သက်တတ်သော အရာများနှင့် မုန်းတီးတတ်သော အရာများအပါအဝင် ၎င်းနှင့်ပတ်သက်သော အချက်အလက် မြောက်မြားစွာသည် သူ၏ ဦးနှောက်ထဲ၌ အလိုအလျောက် ထင်ဟပ်ပေါ်ပေါက်လာရချေသည်၊၊
ထို့ကြောင့် ရန်ရှင်းနတ်သားရဲသည် မြင့်မားသောအပူချိန်ကို နှစ်သက်ပြီး ပြင်းထန်သောအအေးဓာတ်ကို မုန်းတီးကြောင်း သူသိရှိသွားသည်၊၊
အကယ်၍ ရေခဲဓာတ်စွမ်းအင် ကျင့်စဉ်များကို လေ့ကျင့်ထားသော သိုင်းပညာရှင်တစ်ဦးသာ ရှိနေမည်ဆိုပါက ရန်ချီနတ်သားရဲကို အောင်နိုင်မည့် အခွင့်အလမ်းမှာ များစွာ မြင့်မားသွားပေလိမ့်မည်၊
သို့သော် နှမြောစရာကောင်းသည်မှာ သူ့တွင် ထိုသို့သော အခြေအနေမျိုး မရှိချေ၊၊ ထို့ကြောင့် ချင်ယွမ်ဖုန်းအနေဖြင့် မိမိကိုယ်ကိုယ်သာ အားကိုးရမည် ဖြစ်သည်၊၊
ချင်ယွမ်ဖုန်း မီးတောင်ခြေရင်းသို့ ရောက်ရှိလာကတည်းက ရန်ရှင်းနတ်သားရဲသည် သူ့ကို သတိပြုမိပြီး ဖြစ်ချေသည်၊၊
ဤကျွန်းတစ်ခုလုံးသည် ၎င်း၏ နယ်မြေဖြစ်ရာ ပြင်ပလူတစ်ဦး ကျူးကျော်ဝင်ရောက်လာသည်ကို မြင်တွေ့ရသောအခါ သဘာဝအလျောက် ဒေါသအမျက် ချောင်းချောင်းထွက်သွားပြီး ကောင်းကင်ယံထက်သို့ ဖြည်းညှင်းစွာ ပျံတက်သွားတော့သည်၊၊
ချင်ယွမ်ဖုန်း ခေါင်းမော့ကြည့်လိုက်သောအခါ ရန်ရှင်းနတ်သားရဲ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက နေရောင်ခြည်ကိုပင် ကွယ်ဆို့လုနီးပါး ဖြစ်နေသည်ကို တွေ့လိုက်ရ၏၊၊
ရုတ်တရက် ချင်ယွမ်ဖုန်းသည် ရန်ရှင်းနတ်သားရဲ၏ တိုက်ခိုက်ရေးနည်းလမ်းများကို သတိရသွားပြီး နောက်သို့ အရှိန်အဟုန်ပြင်းစွာ ဆုတ်ခွာလိုက်ချေသည်၊၊
သူ ထင်သည့်အတိုင်းပင်၊ ချင်ယွမ်ဖုန်း ခုနက ရပ်နေခဲ့သော နေရာတည့်တည့်ရှိ အက်ကွဲကြောင်းထဲမှ ချော်ရည်များသည် ထက်မြက်သော မြားတစ်စုံကဲ့သို့ ဗုန်းခနဲ ပန်းထွက်လာတော့သည်၊၊
ကံကောင်းထောက်မစွာဖြင့် ချင်ယွမ်ဖုန်း အချိန်မီ ရှောင်တိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်၊၊ သို့မဟုတ်ပါက ထိုချော်ရည်များ ရိုက်ခတ်ခြင်းကို ခံရလျှင် သူသည် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပေလိမ့်မည်၊၊
ဤသည်ကား ရန်ရှင်းနတ်သားရဲ၏ တိုက်ခိုက်ရေး နည်းလမ်းဖြစ်သော ချော်ရည်များကို စိတ်တိုင်းကျ ထိန်းချုပ်ခြင်းပင် ဖြစ်ချေသည်၊
အက်ကွဲကြောင်းများထဲမှ ချော်ရည်များသည် မီးတောင်ပေါက်ကွဲသည့်အလား တဟုန်ထိုး ပန်းထွက်လာကြသည်၊၊ ထိုချော်ရည်များသည် အမည်းရောင် မြေပြင်ပေါ်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ဖြည်းညှင်းစွာ တွားသွားလှုပ်ရှားရင်း ချော်ရည်လူသားများအသွင်သို့ ပြောင်းလဲသွားကြတော့သည်၊၊
ချော်ရည်များဖြင့် ဖွဲ့စည်းထားသော ဤသတ္တဝါများတွင် မျက်နှာသွင်ပြင် လက္ခဏာဟူ၍ မရှိချေ၊၊
သို့သော်လည်း သူတို့သည် ရန်ချီနတ်သားရဲ၏ စေခိုင်းမှုကို ခံထားရသောကြောင့် ချင်ယွမ်ဖုန်း ရှိနေသည့် နေရာကို အတိအကျ သိရှိနေကြသည်၊
“ငါ ပြောချင်တာကတော့၊ ဒါ ငါတို့ ပထမဆုံးအကြိမ် တွေ့ဆုံကြတာပဲလေ၊ ဒီလောက်ကြီး ခမ်းခမ်းနားနား ကြိုဆိုနေဖို့ မလိုပါဘူး” ဟု ချင်ယွမ်ဖုန်းက လှမ်း၍ အော်ပြောလိုက်သည်၊၊
နတ်သားရဲအဆင့်သို့ မြှင့်တင်ခြင်း ခံထားရသော သားရဲများသည် ယေဘုယျအားဖြင့် အသိဉာဏ်ပွင့်လင်းလာကြပြီး လူသားတို့၏ စကားအချို့ကို နားလည်နိုင်စွမ်း ရှိကြချေသည်၊၊
သို့သော်လည်း ရန်ရှင်းနတ်သားရဲသည် မကျေမနပ်ဖြစ်သကဲ့သို့ ၎င်း၏ နားရွက်ကြီးများကို နှစ်ချက်မျှ ခါယမ်းလိုက်ရာ မြေပြင်ပေါ်ရှိ ချော်ရည်လူသားများသည်လည်း စတင်လှုပ်ရှားလာပြီး ချင်ယွမ်ဖုန်းဆီသို့ တဟုန်ထိုး ပြေးဝင်လာကြတော့သည်၊၊
မိမိ၏ နယ်မြေကို ကျူးကျော်ဝင်ရောက်လာခြင်းသည် သားရဲများ၏ မျက်စိထဲတွင် ခွင့်မလွှတ်နိုင်သော ပြစ်မှုတစ်ခု ဖြစ်ချေသည်၊၊
ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက် ချလိုက်မိသည်၊၊ ကျွန်းပေါ်သို့ ရောက်သည်နှင့် ဤမျှ မြန်မြန်ဆန်ဆန် တိုက်ပွဲဝင်ရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ၊၊
ဤအချိန်တွင် သူ့၌ တိုက်ပွဲများနှင့် ပတ်သက်သော အမှတ်သရုပ်များ အလွန် နည်းပါးနေသေးပြီး မိမိပိုင်ဆိုင်ထားသော သိုင်းပညာရပ်များနှင့် ပတ်သက်၍လည်း နားလည်မှုမှာ အလွန် ဝေဝါးနေသေးသည်၊၊
သို့သော်လည်း ရန်ရှင်းနတ်သားရဲထံသို့ ချဉ်းကပ်နိုင်ရန်အတွက် သူသည် ဤချော်ရည်လူသားများကို ဦးစွာ ခြေမှုန်းပစ်ရမည် ဖြစ်ချေသည်၊၊
ထက်မြက်လှသော ဓားမကြီးတစ်လက်သည် ချင်ယွမ်ဖုန်း၏ လက်ထဲတွင် ဖြည်းညှင်းစွာ ပေါ်ပေါက်လာခဲ့သည်၊၊ ၎င်း၏ ဓားသွားမှာ အေးစက်သော အလင်းတန်းများဖြင့် တလက်လက် တောက်ပနေ၏၊၊
“မင်းရဲ့ နာမည်ကို ငါ အခုထိ မမှတ်မိသေးပေမဲ့၊ ဒီတစ်ကြိမ်တော့ ငါနဲ့အတူ ယှဉ်တွဲ တိုက်ခိုက်ပေးပါဦး”
ချင်ယွမ်ဖုန်းသည် နဂါးကျောရိုးဓားမကြီးကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်သည် ရုတ်ချည်းပင် လှုပ်ရှားသွားတော့သည်၊၊
ချင်ယွမ်ဖုန်းသည် အလွန် သန်မာလှသည်၊၊
ဤသည်မှာ သူကိုယ်တိုင် ကြွေးကြော်နေခြင်း မဟုတ်ဘဲ ချင်ယွမ်ဖုန်းသည် အလွန် သန်မာပါသည်ဟု လူတိုင်းက လက်ခံထားကြခြင်း ဖြစ်၏၊၊
အမှန်စင်စစ်လည်း ထိုအတိုင်းပင် ဖြစ်ချေသည်၊၊ ချင်ယွမ်ဖုန်းသည် အတိတ်မေ့နေပြီး ကိုယ်တွင်းဒဏ်ရာများ မပျောက်ကင်းသေးသော်လည်း သူ၏ အစွမ်းအစကိုမူ ဖုံးကွယ်ထား၍ မရနိုင်ချေ၊၊
မိမိ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်ကိုသာ အားပြု၍ ချင်ယွုန်းဖုန်းသည် မြေပြင်ပေါ်တွင် ပုံရိပ်ယောင် မြောက်မြားစွာကို ချန်ရစ်ခဲ့ကာ မျက်စိဖြင့်ပင် မလိုက်ပါနိုင်လောက်အောင် မြန်ဆန်စွာ လှုပ်ရှားသွားတော့သည်၊၊
ချင်ယွမ်ဖုန်း၏ ပုံရိပ်နောက်တွင် အေးစက်သော အလင်းတန်းတစ်ခု ထပ်ချပ်မကွာ လိုက်ပါသွားပြီး ဟင်းလင်းပြင်ကို ဖြတ်သန်းခုတ်ပိုင်းလိုက်ရာ ရေပြင်ပေါ်တွင် ရှည်လျားသော လှိုင်းကြက်ခွပ်များ ဖြစ်ပေါ်လာသည့်အလား ထင်မှတ်ရချေသည်၊၊
ပထမဆုံး ချော်ရည်လူသားသည် ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ ပြေးဝင်လာခဲ့သည်၊၊ ၎င်း၏ ပြင်းထန်လှသော အပူရှိန်ကြောင့် ဘေးလူများဆိုပါက အနားသို့ပင် မကပ်ရဲကြပေ၊၊
သို့သော် ချင်ယွမ်ဖုန်းမှာမူ မရပ်မနားဘဲ တဟုန်ထိုး ပြေးဝင်သွားခဲ့သည်၊၊ သူ၏ နဂါးကျောရိုးဓားမကြီးသည် ချော်ရည်လူသား၏ ခန္ဓာကိုယ်ကို ဖြတ်သန်းခုတ်ပိုင်းလိုက်ရာ ထိုသတ္တဝါမှာ တစ်ခဏချင်းအတွင်း နှစ်ပိုင်း ပြတ်သွားရတော့သည်၊၊
ချင်ယွမ်ဖုန်း၏ နောက်ကွယ်တွင်မူ ထိုချော်ရည်လူသား၏ ခန္ဓာကိုယ်သည် ချော်ရည်ကန်တစ်ခုအဖြစ် ပြန်လည် အရည်ပျော်ကျသွားပြီး ယင်းထဲမှ ပူဖောင်းများ တဘွက်ဘွက် ထွက်ပေါ်နေချေသည်၊၊
ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် ချော်ရည်လူသားများ အုပ်စုထဲသို့ တိုးဝင်သွားခဲ့သည်၊၊ ချော်ရည်လူသားများသည် ချင်ယွမ်ဖုန်းကို လုံးဝ ဖမ်းဆွဲနိုင်ခြင်း မရှိကြပေ၊၊
အကြောင်းမူကား သူတို့၏ အရှိန်အဟုန်မှာ ချင်ယွမ်ဖုန်းနှင့် ယှဉ်လျှင် အဆင့်အတန်းချင်း လုံးဝ မတူညီသောကြောင့် ဖြစ်သည်၊၊
ချော်ရည်လူသားများ၏ ခန္ဓာကိုယ်များသည် အပိုင်းပိုင်း ပြတ်တောက်ကုန်ကာ ချော်ရည်များအဖြစ် ပြန်လည် ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ စီးဆင်းသွားကြရာ မြေပြင်ပေါ်တွင် တောက်လောင်နေသော မီးလျှံစုကြီးများပမာ အဆင်းရှိနေတော့သည်၊၊
ရန်ရှင်းနတ်သားရဲသည် စိတ်မရှည်တော့သည့်အလား ရှိချေသည်၊၊ ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးသည် ကောင်းကင်ယံမှ ဝဲပျံဆင်းလာပြီး ချင်ယွမ်ဖုန်း ရှိရာဆီသို့ တည့်တည့်မတ်မတ် ဦးတည်ကာ ထိုးစိုက်ဆင်းလာတော့သည်၊၊
“ကျိန်း”
စူးရှလှသော အော်မြည်သံတစ်ချက် ထွက်ပေါ်လာရာ ချင်ယွမ်ဖုန်းသည် မိမိ၏ ဝိညာဉ်တစ်ခုလုံး တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရပြီး ခန္ဓာကိုယ်မှာလည်း အလိုအလျောက် ရပ်တန့်သွားရတော့သည်၊၊
ထိုခဏတွင် ချော်ရည်လူသားများသည် သူ့ကို ဝိုင်းရံပိတ်ဆို့လိုက်ကြပြီး ပြင်းထန်လှသော အပူရှိန်ကြောင့် ချင်ယွမ်ဖုန်းသည် မိမိ၏ ခန္ဓာကိုယ်ကြီး အရည်ပျော်ကျတော့မည့်အလား ခံစားလိုက်ရချေသည်၊၊
ချော်ရည်များဖြင့် ဖွဲ့စည်းထားသော ဧရာမ လက်ဝါးကြီးတစ်ဖက်သည် ချင်ယွမ်ဖုန်း၏ ဦးခေါင်းထက်သို့ ဝုန်းခနဲ ရိုက်ချလာသည်၊၊
ချင်ယွမ်ဖုန်းသည် မိမိ၏ ဝိညာဉ်ကို တည်ငြိမ်အောင် အတင်းအကျပ် ကြိုးစားလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲမှ အေးစက်သော အလင်းတန်းသုံးခု ဖြာထွက်သွားကာ ထိုချော်ရည်လူသားကို ချက်ချင်းပင် အပိုင်းပိုင်း အစစ ဖြစ်သွားစေတော့သည်၊၊
၎င်းကို ထောက်ကန်ပေးမည့်အရာ မရှိတော့သဖြင့် ဧရာမ ချော်ရည်လက်ဝါးကြီးမှာလည်း ချော်ရည်များအဖြစ် ပျက်စီးပြိုလဲသွားရတော့သည်၊၊
ချင်ယွမ်ဖုန်းသည် ထိုအခွင့်အရေးကို အရယူကာ အမည်းရောင် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲ၍ ချော်ရည်လူသားများ၏ ဝိုင်းရံပိတ်ဆို့မှုထဲမှ ရုန်းထွက်ခဲ့သည်၊၊
သို့သော်လည်း အချို့သော ချော်ရည်များသည် သူ၏ ပုခုံးပေါ်သို့ စင်ထွက်သွားခဲ့သဖြင့် ဝတ်ဆင်ထားသော အဝတ်အစားများမှာ စတင် တောက်လောင်လာရချေသည်၊၊
ရန်ရှင်းနတ်သားရဲသည် ကောင်းကင်ယံမှ ထိုးဆင်းလာခဲ့သည်၊၊ ၎င်း၏ ဟိန်းဟောက်သံသည် လူ၏ ဝိညာဉ်ကိုပင် တုန်လှုပ်ခြောက်ခြားစေနိုင်စွမ်း ရှိချေသည်၊၊
အကယ်၍ သိုင်းပညာရှင်တစ်ဦး၏ ဝိညာဉ်စွမ်းအားသာ လုံလောက်အောင် မသန်မာပါက ထိုနေရာတွင်ပင် စက္ကန့်အနည်းငယ်မျှ ကြောင်အသွားပေလိမ့်မည်၊၊
ထိုမျှတိုတောင်းလှသော အချိန်အတွင်း၌ပင် ရန်ရှင်းနတ်သားရဲသည် ထိုသိုင်းပညာရှင်ကို အရှင်လတ်လတ် ဝါးမြိုပစ်ပေလိမ့်မည် ဖြစ်ချေသည်၊၊