အခန်း ၆၆
Vol. 7 Ch. 66
အခန်း (၆၆) အချည်းနှီး ကြွားဝါတတ်သော စုယွမ်
"ဝိုး...ရှောင်ယွမ်ကို ဉာဏ်ကောင်းတဲ့ ကလေးလို့ ငါ အမြဲတမ်း ထင်ခဲ့တာ... သူက ရှောင်ယွမ်ထက်တောင် အမှတ်ပိုများသေးတယ်..."
"ဟုတ်တယ် ဟုတ်တယ်... ငါတို့က ရှောင်ယွမ်ကို ဒီမှာ အတော်ဆုံး ကျောင်းသားလို့ အရင်က ထင်ခဲ့တာ... သာမန်အချိန်တွေမှာ ကြွားဝါလေ့မရှိတဲ့ ဟန်သယ်က စာသင်တဲ့နေရာမှာ ရှောင်ယွမ်ထက် ပိုတော်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."
"အံ့ဩစရာပဲ... နင့်ရဲ့ ဟန်မိသားစုက တကယ်ကို စာပေပါရမီရှင် တစ်ယောက် မွေးထုတ်ပေးနိုင်ခဲ့တာပဲ..."
ချန်မေ့လီ၏ စကားများကို ကြားလိုက်ရချိန်၌ သက်ကြီးရွယ်အို တစ်စုက ကလေး၏ အသိပညာ ကြွယ်ဝပုံအကြောင်းများကို ချီးကျူးစကားများ စတင်ပြောဆိုလာကြလေသည်။ ၎င်းတို့၏ ကိုယ်ပိုင် မြေးများ၏ စာမေးပွဲရမှတ်များမှာ ၎င်းတို့၏ သွေးပေါင်ချိန်လောက်ပင် မမြင့်မားကြချေ။
"ရှောင်ဟန်ရဲ့ အမေ... သူ သူဌေးကြီး ဖြစ်လာရင် ငါတို့ကို မေ့ထားလို့ မရဘူးနော်..." အဘွားကြီးတစ်ယောက်က ပြောဆိုလိုက်၏။
"ဒါပေါ့... ငါတို့ရဲ့ ရှောင်ဟန်က အနာဂတ်မှာ သူဌေးကြီး ဖြစ်လာမှာပဲ... သူ့ကို ကြီးပြင်းလာတဲ့အထိ စောင့်ရှောက်ကြည့်ရှုပေးခဲ့တဲ့ နင်တို့လည်း အကျိုးခံစားရမှာပေါ့..." ချန်မေ့လီက ထိုသို့ပြောဆိုလိုက်သော်လည်း သူမ၏ ရင်ထဲတွင်တော့ အလွန်အမင်း အထင်သေးနေခဲ့ပေသည်။
"ညီမလေး... ရှောင်သယ်က စာမေးပွဲမှာ အဲဒီလောက် ကောင်းကောင်း ဖြေနိုင်ခဲ့တာဆိုတော့ ဂုဏ်ပြုတဲ့အနေနဲ့ သူ့ကို ဟုန်ပေါင်တစ်အိတ်လောက် ပေးသင့်တယ် မဟုတ်လား..." ချန်မေ့လီက စကားလမ်းကြောင်းလွှဲလိုက်ပြီး သူမ၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် တောက်ပနေလေ၏။
ချန်ချွေ့ဖန်မှာ နှလုံးသား မရှိသကဲ့သို့ ခံစားလိုက်ရသည်။ အရင်တုန်းက စုယွမ် တက္ကသိုလ် ဝင်ခွင့်ရခဲ့ချိန်၌ စာတော်နေခြင်းက အသုံးမဝင်ကြောင်း ချန်မေ့လီက ပြောဆိုခဲ့သော်လည်း အခုတော့ကော ဘယ်လိုလဲ။ သူမက ငါတို့အိမ်တံခါးဝအထိ လာပြီး ပိုက်ဆံလာတောင်းနေတာလား။
ရယ်စရာကောင်းလိုက်တာ။
"ကောင်းပြီ... ငါ ခဏနေရင် တစ်အိတ်ပေးလိုက်မယ်..." ချန်ချွေ့ဖန်သည် သူမ၏ အိတ်ကပ်ထဲတွင် ယွမ်နှစ်ဆယ် ရှိနေကြောင်း သတိရသွားသည်။ မများသော်လည်း မနည်းလှပေ။
သူမ၏ ရည်ရွယ်ချက် အောင်မြင်သွားသည်ကို မြင်လိုက်ရသဖြင့် ချန်မေ့လီသည် သူမ၏ ဒုတိယအစီအစဉ်ကို စတင်ရန် ပြင်ဆင်လိုက်၏။
ဆိုလိုသည်မှာ စုယွမ်က မျက်နှာပန်းလှရန်အတွက် ကားငှားရမ်းခဲ့သည့် လုပ်ရပ်ကို သူမတို့ ဖော်ထုတ်ကြတော့မည် ဖြစ်သည်။
လူအများအပြား ရှိနေသဖြင့် လူတိုင်းက ဤအကြောင်းကို ပြောဆိုနေကြမည်ဖြစ်ပြီး မနက်ဖြန်တွင် ၎င်းတို့အားလုံး သိရှိသွားကြပေလိမ့်မည်။
"ညီမလေး... တကယ်တော့ ငါ ဒီနေ့ ဒီကိုလာတာ တခြားကိစ္စတွေလည်း ရှိသေးတယ်..."
"အဲဒါက စုယွမ်နဲ့ ပတ်သက်နေတာမို့လို့ စိတ်ကို ပြင်ဆင်ထားပြီး ဒေါသမထွက်နဲ့နော်..." ချန်မေ့လီက စိုးရိမ်ပူပန်နေသော အမူအရာဖြင့် ပြောဆိုလိုက်လေသည်။
ဤစကားကို ကြားလိုက်ရချိန်၌ အဘိုးကြီး အဘွားကြီးများသည် အမြင်အာရုံဝေဝါးခြင်း၊ ခြေထောက်နာကျင်ခြင်းများ ချက်ချင်း ရပ်တန့်သွားကာ ၎င်းတို့၏ နားများကို စွင့်၍ အနီးသို့ လျှောက်လာကြတော့၏။
ချန်ချွေ့ဖန်ကို ဒေါသထွက်စေမည့်အရာက ဘာများဖြစ်နိုင်မည်နည်း။
ဤစကားကို ကြားလိုက်ရချိန်၌ ချန်ချွေ့ဖန်မှာ လန့်ဖြတ်သွားခဲ့သည်။ စုယွမ်၏ ငွေရှာသည့် လုပ်ငန်းများက တရားမဝင်တာများ ဖြစ်နေမလား။
အကယ်၍ အဲဒီလိုသာ တကယ်ဖြစ်နေရင် ထောင်ကျရတော့မှာ မဟုတ်ဘူးလား။
ဤအကြောင်းကို တွေးမိချိန်တွင် ချန်ချွေ့ဖန်မှာ အနည်းငယ် စိုးရိမ်ပူပန်သွားလေ၏။
"ညီမလေး... စိတ်မပူပါနဲ့... ငါ ဖြည်းဖြည်းချင်း ရှင်းပြပါ့မယ်..." ချန်မေ့လီသည် ချန်ချွေ့ဖန်၏ စိုးရိမ်ပူပန်မှုကို မြင်တွေ့ရသဖြင့် တိတ်တဆိတ် ဝမ်းမြောက်နေခဲ့ပေသည်။
"ဒါက တကယ်တော့ အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး... ဒါပေမဲ့ လူတိုင်း ကြားနိုင်အောင် လူမြင်ကွင်းမှာ ပြောပြချင်လို့ပါ..."
"စုယွမ်က ပညာရေးမှာ ငါ့ရဲ့ ဟန်သယ်လောက် မတော်ဘူးလို့ ငါ အရင်က ထင်ခဲ့တာ... ဒါပေမဲ့ အခုတော့ သူ့မှာ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ပြင်းထန်တဲ့ ပြဿနာတွေ ရှိနေမှန်း ငါ သိလိုက်ရတယ်..."
"မနေ့က ငါ့သား ဟန်သယ်က ဒီ ယွမ်တစ်သိန်းတန် ကားကို ကျန်းချန်ကို မောင်းသွားပြီး အလည်အပတ်သွားရင်း စုယွမ်နဲ့ ဆုံခဲ့တယ်လေ..."
"ဟန်သယ်အတွက် ငါတို့မိသားစုက ကားတစ်စီး ဝယ်ပေးထားတာကို စုယွမ်က မနာလိုဖြစ်ပြီးတော့ မနာလိုစိတ်နဲ့ ကြွားဝါချင်စိတ်တွေ ဖြစ်လာခဲ့တာ နေမှာပါ..."
"ဟန်သယ်ရှေ့မှာ ကြွားဝါဖို့အတွက် သူက ပိုက်ဆံအများကြီး အကုန်ခံပြီး ကားတစ်စီး ငှားခဲ့တယ်လေ... အဲဒါက သူ့ရဲ့ ကြွားဝါချင်စိတ်ကို ကျေနပ်စေဖို့နဲ့ ဟန်သယ်ကို ကျော်တက်ဖို့အတွက်လေ..."
"သူက တက္ကသိုလ်ကနေ အခုမှ ဘွဲ့ရခါစပဲ ရှိသေးတာ... သူ အလုပ်လုပ်နေတာ တစ်လပဲ ရှိသေးပြီး တစ်လကို ယွမ်ငါးထောင်လောက်ပဲ ရသေးတယ်... ဒါပေမဲ့ သူက ကြွားဝါဖို့အတွက် ဇိမ်ခံကားတစ်စီးကို ငှားဖို့ ယွမ်ထောင်ဂဏန်းချီပြီး သုံးပစ်လိုက်တယ်..."
"ငါတို့မိသားစုက ဟန်သယ်အတွက် ကားတစ်စီး ဝယ်ပေးလိုက်တော့ရော ဘာဖြစ်လဲ... သူက ကြွားဝါဖို့နဲ့ သူ့ရဲ့ အချည်းနှီး ကြွားဝါချင်စိတ်ကို ကျေနပ်စေဖို့ လုပ်ခဲ့တာပဲ..."
"သူ့မိသားစု အခြေအနေ ဘယ်လိုရှိလဲဆိုတာ နင်တို့ မသိကြဘူးလား... ငါ့ညီမနဲ့ ခဲအိုက ဒီဆိုင်လေးကို ဖွင့်ထားပြီး အများကြီးလည်း မရှာနိုင်ကြဘူး... သူတို့မိသားစုက ငါတို့မိသားစုနဲ့ဆို ကောင်းကင်နဲ့ မြေကြီးလို ကွာခြားတယ်လို့ ပြောလို့ရတယ်..."
"တက္ကသိုလ်ကျောင်းသား တစ်ယောက်၊ အဆင့်မြင့်ပညာရေးကို သင်ကြားထားတဲ့ တက္ကသိုလ်ကျောင်းသား တစ်ယောက်က ဒီလောက်တောင် အချည်းနှီး ကြွားဝါပြီး သူ့မိသားစု အခြေအနေကို လုံးဝ ဂရုမစိုက်ဘူး... ဟူး... ငါ တကယ်ကို..."
ချန်မေ့လီက ဝမ်းနည်းဟန်ဆောင်ကာ ဘေးနားရှိ အဘိုးကြီး အဘွားကြီးများကို ရံဖန်ရံခါ ခိုးကြည့်နေခဲ့လေ၏။
သေချာပေါက်ပင် ဤစကားများကို ကြားလိုက်ရချိန်၌ ရွာသတင်းအချက်အလက်စင်တာသည် ချက်ချင်းပင် အချင်းချင်း ဆူညံစွာ စတင်ပြောဆိုလာကြတော့သည်။
"ရှောင်ယွမ် ဆိုတဲ့ ဒီကလေးက အရင်တုန်းက အရမ်းလိမ္မာတာ... ဘယ်လိုဖြစ်ပြီး အခု လမ်းမှားကို ရောက်သွားရတာလဲ..."
"ဟူး... မြို့ကြီးကို ရောက်တာနဲ့ လူတွေက ပြောင်းလဲသွားကြတာပဲ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူတို့က အိမ်ကို နည်းနည်းလေးတောင် မလွမ်းကြတော့ဘူးလား..."
"ရှောင်ယွမ်က မျက်နှာပန်းလှဖို့နဲ့ ကြွားဝါဖို့အတွက် ကားငှားတာမျိုး မလုပ်သင့်ဘူး..."
"ဟုတ်တယ်... ငါတို့မှာ ပိုက်ဆံအများကြီး မရှိပေမဲ့ ရှိရင်လည်း ရှိမယ် မရှိရင်လည်း မရှိဘူးပေါ့... သိမ်ငယ်နေစရာ မလိုပါဘူး... အေးချမ်းတည်ငြိမ်တဲ့ ဘဝလေးမှာ နေရတာ မကောင်းဘူးလား..."
"ရှောင်ယွမ်က အရင်တုန်းက ကလေးမျိုး မဟုတ်တော့ဘူး..."
လူအုပ်ကြီးက စိတ်လှုပ်ရှားစွာဖြင့် ဆူညံစွာ ပြောဆိုနေကြပြီး ဆွေးနွေးမှုများက ပို၍ပို၍ ပြင်းထန်လာကာ နောက်ဆုံးတွင် ဥပဒေရေးရာ ကိစ္စရပ်များအထိ အဆင့်မြင့်တက်သွားခဲ့လေ၏။
စုယွမ် အဖမ်းခံရမည်လား ဆိုသည်ကို လူတိုင်းက ပြောဆိုနေကြသည်။
ချန်မေ့လီနှင့် ဟန်သယ်တို့က ပြုံးလိုက်ကြ၏။ လူတိုင်းအား စုယွမ်၏ စစ်မှန်သော အသွင်အပြင်ကို သိရှိစေရန် ဟူသော ၎င်းတို့၏ ရည်ရွယ်ချက် အောင်မြင်သွားခဲ့လေပြီ။
"... ငါပြောတာကို နားထောင်စမ်းပါ... နင်တို့တွေ စုယွမ်ကို တကယ် ဆုံးမသင့်တယ်... သူ့ကို အဲဒီလောက် အလိုမလိုက်သင့်ဘူး..." ချန်မေ့လီက ချန်ချွေ့ဖန်အား ပြောဆိုလိုက်ပေသည်။
ချန်ချွေ့ဖန်၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။ ၎င်းမှာ တရားမဝင်သော သို့မဟုတ် ရာဇဝတ်မှုနှင့် ပတ်သက်သော ကိစ္စရပ် မဟုတ်ကြောင်း သိလိုက်ရသည်။
သူမသည် ချန်မေ့လီကို ကောင်းစွာ သိရှိထားပြီး သူမပြောသမျှ စကားများ၏ ထက်ဝက်ခန့်သာ အမှန်ဖြစ်နိုင်ပေသည်။
ချန်မေ့လီ၏ မောက်မာသော အမူအရာကို မြင်လိုက်ရသဖြင့် ချန်ချွေ့ဖန်၏ ဒေါသများ ပိုမိုပြင်းထန်လာခဲ့လေ၏။
သူမက ဒီနေ့ လူတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် တမင်သက်သက် ရောက်လာတာပဲ။
"အဲဒါက မိသားစုကိစ္စမို့လို့ အစ်မ စိတ်ပူနေစရာ မလိုပါဘူး..." ချန်ချွေ့ဖန်မှာ မအပါဘူး။ သူမကိုယ်တိုင်လည်း ကိုယ်ပိုင် ဆင်ခြင်တုံတရားဖြင့် ခန့်မှန်းဆုံးဖြတ်နေခဲ့သည်။
ဟန်သယ်က ကျန်းချန်ကို သွားပြီး စုယွမ်ကို တွေ့ခဲ့တာ ဖြစ်နိုင်တယ်။ ပြီးတော့ စုယွမ်က ဒီရက်ပိုင်း ပိုက်ဆံရှာနိုင်ခဲ့လို့ သူ့ကားနဲ့ ဆင်တူတဲ့ ကားတစ်စီးကို ဝယ်လိုက်တာ ဖြစ်မယ်။ အဲဒါကို သူက စုယွမ် ကားငှားလာတယ်လို့ ထင်သွားတာနေမှာ...
ချန်ချွေ့ဖန်သည် ဤကဲ့သို့ဖြစ်မည်ဟု တွေးတောလိုက်ပြီး ချန်မေ့လီအား သိပ်ဂရုစိုက်ရန် မရည်ရွယ်တော့ချေ။
"မဟုတ်ဘူးလေ ညီမလေး... ငါက စုယွမ်ရဲ့ အဒေါ်လေ... သူက ငါတူ... ငါ့သားနဲ့ အတူတူပဲ... သူ လမ်းမှားရောက်သွားတာကို ငါ ဒီအတိုင်း ကြည့်မနေနိုင်ဘူး..."
"စုယွမ်ဆီ အခု ဖုန်းဆက်လိုက်... သူ လူမြင်ကွင်းမှာ သူ့အမှားတွေကို ဝန်ခံစေချင်တယ်... ပြီးရင် ငါ သူ့ကို သေချာ ဆုံးမပေးမယ်..."
ချန်မေ့လီသည် တရားမျှတပြီး ကြောက်ရွံ့ရိုသေဖွယ်ကောင်းသော ပုံစံမျိုး ပြသနေကာ သူမသည် စုယွမ်၏ ကောင်းကျိုးအတွက် အမှန်တကယ် လုပ်ဆောင်နေသည့်အလား ဟန်ဆောင်နေပေ၏။
"ဟုတ်တယ်... ရှောင်ယွမ်ရဲ့ အမေ... ကလေးတွေ ဒီလို ပြုမူလာတဲ့အခါ လူကြီးတွေက တစ်ခုခုတော့ ပြောသင့်တယ်..."
"ဟုတ်တယ်... မဟုတ်ရင် အနာဂတ်မှာ သူတို့ ဘာတွေလုပ်လာမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ..." အဘွားကြီးနှစ်ယောက်က ပြောဆိုလိုက်လေသည်။
ချန်ချွေ့ဖန်က ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်၏။ သူမသည် စုယွမ်ထံသို့ လုံးဝ ဖုန်းခေါ်ဆိုမည် မဟုတ်ပေ။
အကယ်၍ ၎င်းမှာ အမှန်ဖြစ်နေလျှင်တောင်မှ သူမ ဖုန်းခေါ်မည် မဟုတ်ချေ။
ဆိုရိုးစကားရှိသည့်အတိုင်း "ကိုယ့်အရှက်ကို လူကြားထဲ မဖွင့်ချပါနဲ့..." အခြေအမြစ်မရှိသော ကိစ္စရပ်တစ်ခုဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။
အကယ်၍ ၎င်းတို့က တကယ်ပဲ ဖုန်းခေါ်ဆိုလိုက်မည်ဆိုပါက ဤကိစ္စရပ်၏ အမှန်တရားကို ဝန်ခံလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ဤသက်ကြီးရွယ်အိုများ၏ သတင်းဖြန့်ဝေမှု အမြန်နှုန်းအရ ဆိုလျှင် မွန်းလွဲပိုင်းတွင် ရွာတစ်ရွာလုံး သိရှိသွားကြပေမည်။
"ထားလိုက်ပါတော့... ရှောင်ယွမ်က အလုပ်တော်တော်များနေတာဆိုတော့ ငါ ဖုန်းမခေါ်တော့ဘူး... ဘယ်လိုပဲဖြစ်ဖြစ် သူ ဖုန်းကိုင်ချင်မှ ကိုင်မှာ..." ချန်မေ့လီက ကမ်းလှမ်းမှုကို ငြင်းပယ်ကာ ပြောဆိုလိုက်၏။
"အဲဒီလို လုပ်လို့ မရဘူး... ဒီနေ့ ငါ ဆုံးဖြတ်ချက်ချထားပြီးပြီ... နင် ဒီနေ့ ဖုန်းခေါ်ကို ခေါ်ရမယ်... မဟုတ်ရင်..." ချန်မေ့လီ စကားမဆုံးမီမှာပင် သူမ၏ နံဘေးမှ ဟန်သယ် အော်ဟစ်လိုက်သံကို ရုတ်တရက် ကြားလိုက်ရလေသည်။
ချန်မေ့လီက အလျင်အမြန် လှမ်းကြည့်လိုက်ရာ ဟန်သယ်၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး သူ၏ မျက်နှာမှာ အနီရင့်ရောင် သန်းနေကာ သူ၏ လက်ညှိုးက နေရာတစ်ခုကို ညွှန်ပြနေသည်ကို မြင်တွေ့လိုက်ရ၏။
ချန်မေ့လီ အလျင်အမြန် လှမ်းကြည့်လိုက်ရာ အသစ်စက်စက် အနက်ရောင် SUV ကားတစ်စီးက သူတို့ဆီသို့ ဖြည်းညင်းစွာ မောင်းနှင်လာနေသည်ကို မြင်တွေ့လိုက်ရလေသည်။