အခန်း ၁၃၇၂
Vol. 138 Ch. 1372
အခန်း (၁၃၇၂) မသေမျိုးများ၏ နောရမထပ်ခြေလှမ်း ၂
ဂျူနီယာများကို အပစ်ပေးချင်လျှင်ပင် သူတို့တွင် လုံလောက်သည့်အကြောင်းပြချက်များရှိဖို့လိုအပ်ပြီး နောက်ဆက်တွဲများကိုလည်း သေချာစဉ်းစားရမည်။ ယခင်က ရွှင်ပျော်အစစ်အမှန် ဗုဒ္ဓလုပ်ခဲ့သလိုမျိုးပင်။ ရှန်းယီကို ဖိနှိပ်ဖို့ကြာပန်းကို ဆင့်ခေါ်ပြီးနောက် နောက်ဆုံးတွင် သူ၏ဒေါသကို ထိန်းချုပ်ပြီး ကြာပန်းကိုပြန်ရုပ်သိမ်းလိုက်ရ၏။
ဆိုရိုးစကားအရ ဥပဒေဆိုသည်မှာ လူအုပ်အားအပြစ်မတင်ဘူးမဟုတ်လော။
'ငါတို့က မဟာကပ်ဘေးကြီးကိုလိုက်နာနေတာပဲလေ၊ အဲဒါ ဘာမှားလို့လဲ။'
"ဒီအတိုင်းပဲ ဆက်လုပ်ကြတာပေါ့။"
ချီယွင်ကျစ်က ပြတ်ပြတ်သားသားသဘောတူလိုက်ပြီးနောက် ရှန်းယီကိုကြည့်လိုက်၏။ "သူနဲ့ပတ်သက်ရင်တော့..."
အစစ်အမှန်အရှင် ရွှမ်ဝေ့ကလည်း ရှန်းယီကိုစိုက်ကြည့်ကာ လေးနက်စွာပြောလိုက်သည်။ "ဗောဓိဂိုဏ်းက ဘယ်လိုပဲတွေးတွေး၊ တာအိုဓမ္မဆွေးနွေးပွဲမှာ မင်းကထိပ်ဆုံးကသူပဲ။သူတို့က အသိအမှတ် မပြုချင်နေမယ်၊ဒါပေမယ့် ငါတို့က အသိအမှတ်ပြုတယ်။"
အစတွင် ဂျူနီယာများကို သူတို့၏စွမ်းရည်များ ပြသဖို့ သဘောတူထားခဲ့ကြခြင်းဖြစ်ပြီး၊ နယ်မြေအားလုံးကို လွှမ်းမိုးထားသည့်အရှိန်အဝါနှင့် ဤ ကျောက်စိမ်းဟင်းလင်းပြင်စကြာဝဠာ အစစ်အမှန်အရှင်က ထိပ်တန်းဂုဏ်ထူးကိုဆွတ်ခူးသွားခဲ့သောကြောင့်၊ သူက တရားဝင် မသေမျိုးဧကရာဇ် တစ်ပါး ဖြစ်လာခဲ့၏။
"ဂိုဏ်းနောက်လိုက်တွေ သိမ်းပိုက်ထားတဲ့နေရာက မင်းရဲ့ နယ်မြေပဲ။"
"အရင်ဆုံး နတ်ဘုရားတစ်ပိုင်း မသေမျိုးဧကရာဇ် တစ်ပါးဖြစ်လာပါ၊အဲဒါက မသေမျိုးသုံးပါးဂိုဏ်းက မင်းကို ပေးစွမ်းနိုင်တဲ့အရာပဲ။"
အစစ်အမှန်အရှင် ရွှမ်ဝေ့၏ ဤစကားများက မသေမျိုးများကို သံသယကင်းစွာတုန်လှုပ်သွားစေခဲ့ပြီး၊ သူတို့ကိုအခြားရည်ရွယ်ချက်များ မရှိစေရန် တားဆီးပေးခဲ့ကာ၊ ရှန်းယီကိုလည်း ကတိပေးလိုက်ခြင်းဖြစ်သည်။ မသေမျိုးများနောက်ဆုံးတွင် တိုက်ပွဲရှုံးနိမ့်သွားခြင်း မရှိသရွေ့၊ အကယ်၍ သူတို့အနိုင်ရပါက ထိုရာထူးက သူ့ဟာသာ သေချာပေါက်ဖြစ်လာမည်ဖြစ်သည်။
"ဒါပေမယ့်... မင်းကတော့ ဒီကိစ္စမှာပါဝင်တာကို ရှောင်ကြဉ်ပြီး မြောက်ပိုင်းတိုက်ကြီးဆီကို မြန်မြန် ပြန်သွားသင့်တယ်။" သူ၏လေသံတွင် ညှိနှိုင်းရန် နေရာမရှိပေ။
"မင်းရဲ့ချဉ်းကပ်ပုံက အရမ်း ညင်သာလွန်းတယ်၊ လက်ရှိ အခြေအနေနဲ့ မကိုက်ညီဘူး။" ချီယွင်ကျစ်က သက်ပြင်းချကာ သိမ်မွေ့စွာရှင်းပြလိုက်၏။
"ဒါ့ပြင်၊ မင်း အခု ကောင်းကင်တာအိုဆီကို ပြန်သွားလို့မဖြစ်ဘူး။"
မဟာကပ်ဘေးကြီးတိုက်ပွဲတွင် အခြေအနေများက ချက်ချင်းပြောင်းလဲသွားတတ်သည်။ ရှန်းယီအတွက်တော့ နောက်တစ်ကြိမ်ကြိုးစားရန် အခွင့်အရေးဆိုသည်မှာ မရှိပေ။
သူ့တွင် လုံလောက်သည့် ကပ်ဘေးစွမ်းအားများရှိနေလျှင်ပင်၊ သူ၏တာအိုခန္ဓာကိုယ်အား ပြန်လည်ပုံဖော်သည့်အချိန်တိုလေးအတွင်းမှာပင် မမျှော်လင့်ထားသည့် အပြောင်းအလဲများဖြစ်မလာနိုင်ကြောင်း မည်သူကအာမခံနိုင်မည်နည်း။
"ရှေးဟောင်းနည်းလမ်းအတိုင်း ဆက်လုပ်မယ်။"
ချီယွင်ကျစ်က ကျောခိုင်းလိုက်ပြီး၊ မသေမျိုးများထံမှလည်း မည်သည့် သဘောထားကွဲလွဲမှုမျှမပြသခဲ့ပေ။
ရှေးဟောင်းနည်းလမ်းဆိုသည်မှာ၊ သေချာပေါက် အထိရောက်ဆုံးနည်းလမ်းဖြစ်ပြီး သေမျိုးလောကကို ဖျက်ဆီးကာ၊ ထို့နောက် လူများ၏စိတ်နှလုံးကို သိမ်းပိုက်ဖို့ မသေမျိုးစွမ်းအားကိုအသုံးပြုခြင်းပင်။
အစပိုင်းတွင် သူတို့သည် တပည့်များကိုမည်သည့်နည်းလမ်းဖြင့်မဆို ရင်းမြစ်များ စုဆောင်းခွင့်ပြုနိုင်ခဲ့သော်လည်း၊ ယခုမူကွာခြားသွားပြီဖြစ်ကာ ဂိုဏ်းနှစ်ခုကြားအငြင်းပွားမှု ပါဝင်လာခဲ့၏။
အချိန်က လျင်မြန်စွာကုန်ဆုံးသွားတတ်ရာ၊ တုံ့ဆိုင်းနေရန် အချိန်လုံးဝမရှိတော့ဘဲ အလျှင်အမြန်လုပ်ဆောင်ရပါတော့မည်။
"..."
ရှန်းယီက အနီရောင်ဝတ်စုံနှင့် လူအိုကြီး၏ကျောပြင်ကို ငေးကြည့်နေပြီး၊ မသေမျိုးများ၏တညီတညွတ်တည်း တုံ့ပြန်သံများက သူ၏နားထဲတွင် ပဲ့တင်ထပ်နေကာ ရဲစွမ်းသတ္တိများနှင့် ပြည့်နှက်နေခဲ့သည်။
သူ၏တည်ငြိမ်နေပုံရသော နက်မှောင်သည့် မျက်လုံးများထဲတွင်တော့၊ မသိမသာမြင်နိုင်သည့်နူးညံ့မှုက လုံးဝပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း သတိပြုမိသူ အလွန်နည်းပါးခဲ့၏။
အနက်ရောင်တာအိုဝတ်ရုံနှင့် လူငယ်လေး၏နေရာက မရေမတွက်နိုင်သော မသေမျိုးများကြား၏ အလယ်ဗဟိုတွင်ရောက်နေခဲ့၏။
သူက မသေမျိုးများအသိအမှတ်ပြုထားသော မသေမျိုးဧကရာဇ်ဖြစ်ပြီး၊ ရွှေမသေမျိုးဆယ့်နှစ်ပါး၏ခေါင်းဆောင် ဖြစ်သည်။
သို့သော် ရှန်းယီက အနည်းငယ်နောက်ဆုတ်လိုက်၏။ ထိုကဲ့သို့ တိုတောင်းသောခြေတစ်လှမ်းမျှသာဖြစ်သော်လည်း၊ သေမျိုးလောက နှင့် မသေမျိုးခုံရုံးသို့ အကွာအဝေးတစ်ခုအလား ကျော်လွှား၍မရနိုင်သော ချောက်ကမ်းပါးကြီးတစ်ခုနှင့် တူနေပါသည်။
ဤနေ့မှစ၍ အောင်ပွဲကားသေချာသွားပြီဖြစ်သည်။
လူငယ်လေး၏ဤကဲ့သို့ သိမ်မွေ့ပြီးအဓိပ္ပာယ်မဲ့ပုံရသည့်လုပ်ရပ်များက အခြားသူများမြင်တွေ့သွားလျှင်ပင် ထူးဆန်းနေမည်မဟုတ်ပေ။
သူ့ကို အဆက်မပြတ်စောင့်ကြည့်နေသော ဟိုထူဧကရီမှလွဲ၍ပင်။
ထိုအမျိုးသမီး၏ မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျုံ့ဝင်သွားခဲ့၏။
တစ်စုံတစ်ယောက်အပေါ် ဆက်တိုက်အကဲဖြတ် မှားယွင်းနေခြင်းအပေါ် သူမအမှန်တကယ် စိတ်ပျက်နေမည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ၊ အရှေ့ဘက်အစွန်းဧကရာဇ်ပင်လျှင် ဤလူငယ်လေး၏လက်ထဲတွင် ကစားခံခဲ့ရသည်မဟုတ်လော။
သေမျိူးလောကနှင့် အနီးစပ်ဆုံး ဧကရီတစ်ပါး အနေဖြင့် သူမက အရာများစွာကိုပိုမြင်နိုင်ခဲ့သည်။
သို့သော် လူတစ်ဦး၏ကောင်းကွက်ကို အကဲဖြတ်ရာတွင် တစ်ဖက်လူ၏လုပ်ရပ်များမှတစ်ဆင့် သူ၏စိတ်နှင့် ရည်ရွယ်ချက်များကို ကောက်ချက်ချရမည်ဖြစ်သည်။
ရှန်းယီနှင့် ပတ်သက်၍မူ၊ သူ ယခုပြသနေသောအရာက ရည်ရွယ်ချက်မရှိပုံပေါ်နေပါသည်။
သေမျိုးလောကကို ကာကွယ်ရန် သူ၏နည်းလမ်းများကို ညင်သာသည်ဟုခေါ်ဆိုကြသော်လည်း၊ သူကိုယ်တိုင်က သတ်ဖြတ်ခြင်းကပ်ဘေးတစ်ခုကို ဖန်တီးခဲ့ပြီး၊ သေမျိုးလောကအား ပရမ်းပတာအခြေအနေသို့ တွန်းပို့ခဲ့သည်။
သူက မသေမျိုးဧကရာဇ် တစ်ပါးဖြစ်ချင်ရုံသက်သက်သာဟု ဆိုမည်ဆိုလျှင်လည်း ထိုမသေမျိုးကတိသစ္စာပြုခြင်းမှလွဲ၍ သူ၏လုပ်ရပ်အားလုံးက သူကိုယ်တိုင်ထိုရာထူးသို့ တက်လှမ်းခြင်းမှ တားဆီးနေခဲ့၏။
သူက ရည်မှန်းချက်ကြီးသော်လည်း အသိဉာဏ်မဲ့သည်ဟု တစ်စုံတစ်ယောက်ကပြောကောင်းပြောနိုင်သည်။ စဉ်းစားကြည့်ပါက ဤကဲ့သို့သော လူမျိုးက မိုးကောင်းကင်နှင့် မြေပြင်၏ လေနှင့် တိမ်များကို မည်သို့လှုပ်ခတ်နိုင်မည်နည်း။
ထို့ကြောင့် ဟိုထူဧကရီက ဤလူကို ခွဲခြားမသိမြင်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် သူမက သူမ၏အတွင်းစိတ်ရှိ ကနဦး ကြိုတင်ခံစားချက်နောက်သာလိုက်ရန် စီစဉ်ခဲ့၏။
"ဒီခရီးက အန္တရာယ်များတဲ့အတွက် သတိထားပါ။"
ခန်းမဆောင်ကြီး အတွင်းတွင်၊ အစစ်အမှန်အရှင် ရွှမ်ဝေ့က မသေမျိုးများ၏ခရီးစဉ်ကို သေချာစွာ စတင် စီစဉ်နေပြီး၊ အရှေ့ပိုင်းတိုက်ကြီးမှ မည်သို့ ထွက်ခွာရမည်၊ မည်သည့်နေရာသို့ သွားရမည်တို့ကို အသေးစိတ်ရှင်းပြကာ၊ မသေမျိုးသုံးပါးဂိုဏ်း၏အောင်ပွဲကို သေချာစေရန်အခွင့်အရေးကို ဆုပ်ကိုင်နိုင်ရန် သေချာအောင်လုပ်ဆောင်နေသည်။
ရင်းနှီးသောမြင်ကွင်းသို့ ပြန်လည်တွေ့မြင်လိုက်ရသောအခါ၊ တပည့်များစွာက သိသာထင်ရှားစွာ ယုံကြည်မှု ရှိလာကြ၏။
မြောက်ပိုင်းတိုက်ကြီးတွင် အနိုင်မရနိုင်ခြင်းမှာ စီနီယာအစ်ကို ရှန်းယီ၏လွှမ်းမိုးနိုင်သော ခွန်အားကြောင့် ဖြစ်သော်လည်း၊ အခြားတိုက်ကြီးများဆီသို့ သွားရောက်ခြင်းဖြင့်၊ ထိုသာမန်လူများက မဟာဂိုဏ်းကြီးအောက်တွင် ဝပ်တွားခယကြမည်ဟု သူတို့ ယုံကြည်ချက်ရှိကြသည်။
ရှန်းရွှီဘိုးဘေးက ဤအရာများကို နတ်ဆိုးတစ်သောင်းခန်းအတွင်းရှိ ကျောက်စိမ်းမှတ်တမ်းပြား ထဲသို့ လျင်မြန်စွာမှတ်တမ်းတင်နေစဉ်၊ ရှန်းယီက တိတ်ဆိတ်စွာ နားထောင်နေခဲ့၏။
ညအချိန် ရောက်ရှိလာသည်နှင့်အမျှ..
မသေမျိုး တစ်ဦးစီတိုင်းက နန်ဖျင်စီရင်စုမှ တိတ်တဆိတ် ထွက်ခွာသွားကြရာ၊ ခန်းမဆောင် အတွင်းရှိ ပုံရိပ်များစွာက တဖြည်းဖြည်းလျော့နည်းသွားခဲ့သည်။
"မင်းလုပ်ရမှာက မြောက်ပိုင်းတိုက်ကြီးကို ပြန်သွားပြီးကြီးမားတဲ့ အောင်မြင်မှုတွေရယူဖို့ပဲ။ဂိုဏ်းချုပ်က မင်းကိုစောင့်ကြည့်နေမှသာ မင်းလုံခြုံလိမ့်မယ်။"
အစစ်အမှန်အရှင် ရွှမ်ဝေ့နှင့် အခြားသူများက နောက်ဆုံးတွင် လှည့်လာပြီး၊ အကူအညီမဲ့မှုကို ပြသကာ ပြောလိုက်၏။ "တောင်ပိုင်းတိုက်ကြီးက အခုထိ မချိုးဖောက်နိုင်သေးဘဲ သိသိသာသာပိုပြီး စိန်ခေါ်မှုတွေ ရှိနေပုံရတယ်။ ဂျူနီယာတွေကိုပဲ အားကိုးနေမယ်ဆိုရင် ဍုမေဏုတောင်က မတုံ့ပြန်နိုင်ခင်ခြေကုပ်ယူဖို့ ခက်ခဲလိမ့်မယ်။ ဒါကြောင့် ငါတို့ကိုယ်တိုင်ဖြေရှင်းဖို့ လိုအပ်ပြီး မင်းကိုမကူညီနိုင်တော့ဘူး။ မင်းအနေနဲ့ အထူးသတိထားရမယ်။"
"..."
ဤရင်းနှီးသော နေရာအမည်ကို ကြားသောအခါ၊ ရှန်းယီက မျက်လုံးများကို အနည်းငယ်ပင့်လိုက်ပြီး၊ သူ၏အတွေးများက ခေတ္တမျှလွင့်မျောသွားပါသည်။
တောင်ပိုင်းတိုက်ကြီး၏ လူသူအရောက်နည်းပါးသောထောင့်စွန်းများတွင် မဟာရွှံ့နွံတောကြီးတစ်ခုရှိပြီး၊ ၎င်း၏အဆုံးတွင်တော့ နန်ယန်ရှိကာ၊ ထိုအတွင်းတွင်တော့ မဟာချန် ရှိနေခဲ့သည်။
ဘိုင်ယွင်ခရိုင်၏အရာရှိ၊ ချင်ပြည်နယ်၏ နတ်ဆိုးနှိမ်နင်းရေးစစ်သူကြီး၊ မဟာချန်၏ သိုင်းဘုံကျောင်း အကြီးအကဲ၊ နန်ယန်၏ ဂိုဏ်းချုပ်...
ထိုဘွဲ့နာမည်များ စုဝေးလာပြီး၊ မျက်နှာများစွာက စိတ်ထဲတွင်ထွက်ပေါ်လာကာ ရှန်းယီလျှောက်လှမ်းခဲ့သောလမ်းကြောင်းကို ပုံဖော်ပေးခဲ့သည်။
ယခုအခါတစ်စုံတစ်ယောက်က ဤလမ်းကြောင်းကို ဖျက်ဆီးပစ်ရန် ရည်ရွယ်နေပါသည်။
"ဟူး။"
ရှန်းယီက အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး၊ လူအုပ်ဆီသို့ ညင်သာစွာခေါင်းညိတ်ပြကာ တိုတုတ်စွာပြောလိုက်၏။ "ကောင်းပါပြီ။"