အခန်း ၁၃၇၉
Vol. 138 Ch. 1379
အခန်း (၁၃၇၉) ပြင်းထန်သော တိုက်ပွဲ
"ဟား"
မဟာလွတ်လပ်ခြင်း နှင်းတောင်ဗောဓိသတ္တက သူ၏နေရာတွင် ရပ်နေပြီး၊ ပြင်းထန်သော အော်ဟစ်သံတစ်ခုကို ထုတ်လွှတ်လိုက်၏။
သန့်စင်သော ဗုဒ္ဓပုတီးစေ့က အရှိန်အဟုန်ပြင်းပြင်းဖြင့်ပျံထွက်သွားပြီး လေဟာနယ်၏ဗဟိုတွင် ဆင်းသက်ကာ၊ အဖြူရောင်အလင်းတန်းများ လင်းလက်သွားပြီး၊ ၎င်း၏မျက်လုံးများကို ဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
ဤကျယ်ပြောလှသော စွမ်းအားအောက်တွင်၊ ကပ်ဘေးစွမ်းအားကို အသုံးပြုသောကျင့်ကြံသူများ၏စွမ်းရည်က အလွန်အမင်းနှေးကွေးသွားသည်အထိ ဖိနှိပ်ခံလိုက်ရသည်။
ထို့အတူ ဤအခိုက်အတန့်တွင်၊ နောက်ဆုံးတော့ ဗောဓိသတ္တတစ်ပါး လှုပ်ရှားလာခဲ့၏။
သူ၏တောင့်တင်းသော ခန္ဓာကိုယ်ကမြင့်တက်လာပြီး၊ခြေဗလာများက လေဟာနယ်ထဲသို့ ရုတ်တရက်နင်းဝင်သွားကာ၊ သူ၏အောက်ရှိ အရာအားလုံးကို ဆုတ်ဖြဲပစ်ရန်ရည်ရွယ်သည့်အလား ပင်။ သူ၏လက်ချောင်းငါးချောင်းက ချွန်ထက်သော လက်သည်းများအလား ရှန်းယီ၏မျက်နှာဆီသို့ တိုက်ရိုက်ဦးတည်လာခဲ့သည်။
ဗောဓိဂိုဏ်း၏ ခန္ဓာကိုယ်က နတ်ဆိုးများကို နှိမ်နင်းနိုင်ပြီး ဝိညာဉ်များကိုဖမ်းချုပ်နိုင်ကာ၊ တောင်များနှင့် မြစ်များကို ထိန်းချုပ်နိုင်စွမ်း ရှိသည်။
ဤ ဗောဓိသတ္တ၏မျက်နှာတွင် မည်သည့်အကြောက်တရား အရိပ်အယောင်မျှမရှိပေ။
ကတိသစ္စာပြုထားသော ရွှေမသေမျိုးကို ရင်ဆိုင်နေရသော်လည်း၊ သူ၏နောက်တွင် ဗောဓိသတ္တအများအပြား ထိန်းချုပ်နေသော သန့်စင်သော ဗုဒ္ဓ ပုတီးစေ့ ရှိနေပြီး၊ ဤဗုဒ္ဓအလင်းတန်း တွင် ကောင်းကင်အောက်ရှိ အရာအားလုံးကို သူ ဖမ်းဆီးနိုင်ပါသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ကူလီ၏အမူအရာကို ချက်ချင်း ပြောင်းလဲသွားစေခဲ့၏။
သူမက ယခင်က မကျင့်ကြံခဲ့ဖူးသော်လည်း၊ ဘုန်းကြီးများ၊ မသေမျိုးများနှင့် အကြိမ်ကြိမ် ဆက်ဆံဖူးခဲ့သည်။ ဤဗောဓိသတ္တ၏ လှိုင်းထန်နေသော ကပ်ဘေးစွမ်းအားက ဒုတိယအဆင့် ကျင့်ကြံသူ နှင့် ပတ်သက်၍ သူမ၏နားလည်မှုကို များစွာ ကျော်လွန်နေခဲ့သည်။
"နောက်ဆုတ်လိုက်.."
ကူလီက ဧကရာဇ်ချီများပြည့်နှက်နေသော ပုံသွင်းကျောက်ဓားတစ်လက်ကို လှမ်းကိုင်လိုက်ပြီး၊အနက်ရောင်တာအိုဝတ်ရုံပိုင်ရှင်ကို ကူညီရန် ရည်ရွယ်ကာတုံ့ဆိုင်းခြင်းမရှိဘဲ ခုန်တက်သွားခဲ့သည်။
သို့သော် နောက်တစ်ခဏတွင်၊ သူမ၏မျက်လုံးများထဲ၌ဇဝေဇဝါဖြစ်မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။
ရှန်းယီပ ရှောင်တိမ်းရန် ရည်ရွယ်ချက် လုံးဝ မပြသဘဲ၊ ထိုနေရာတွင် တိတ်ဆိတ်စွာရပ်နေကာ တောက်ပသောပုံရိပ်က သူ့ထံ ပြေးဝင်လာသည်ကို စောင့်ကြည့်နေခဲ့ပြီး၊ ကျယ်ပြောလှသော ဗုဒ္ဓ အလင်းတန်းက မျက်တောင်တစ်ခတ်အတွင်း သူ၏ပုံရိပ်ကို ဝါးမျိုသွားခဲ့သည်။
ရွှေရောင်ဆံထိုးက စီးဆင်းနေသောသဲများအလား ပြောင်းလဲပြန့်ကျဲသွားပြီး၊ တစ်ချိန်က သပ်ရပ်စွာ စုစည်းထားသော ဆံပင်များက ယခုအခါ ရှုပ်ပွပြီး လွင့်ခတ်နေသည်။ ဤတာအိုခန္ဓာကိုယ်က သန့်စင်သော ဗုဒ္ဓပုတီးစေ့အောက်တွင် စတင် လိမ်ကောက်လာပြီး၊ ၎င်း၏ပုံသဏ္ဌာန်များမရှင်းမလင်းဖြစ်လာကာ၊ ခမ်းနားသော အနက်ရောင်တာအာိဝတ်ရုံပင်လျှင် ပြင်းထန်စွာလွင့်ခတ်နေပြီး၊ အဝတ်အစားများက နက်မှောင်သည့်တိမ်တိုက်များ အသွင်သို့ စုတ်ပြဲသွားခဲ့၏။
နှင်းတောင် ဗောဓိသတ္တအပါအဝင်ငါးပါးလုံးက သူတို့၏အနှစ်သာရကို မွေးရာပါဗုဒ္ဓရတနာထဲသို့ လောင်းထည့်နေခဲ့ကြ၏။
သို့သော်၊ အပြင်ပန်းတွင်တော့ ဤ မဟာလွတ်လပ်ခြင်း ဗောဓိသတ္တတစ်ပါးတည်းသာ ဒုတိယအဆင့်နယ်ပယ်ကို အားကိုးကာ၊ ကတိသစ္စာပြုထားသော ရွှေမသေမျိုးတစ်ပါး၏တာအိုခန္ဓာကိုယ်ကို လက်ဝါးတစ်ချက်တည်းဖြင့် ဖျက်ဆီးလုနီးပါးဖြစ်သွားစေသလိုပင်။
ဤဗောဓိသတ္တကိုယ်တိုင်ပင်လျှင် အနည်းငယ် စိတ်လှုပ်ရှားလာခဲ့၏။
တွေးကြည့်ပါက ဤကျောက်စိမ်းဟင်းလင်းပြင်စကြာဝဠာ အစစ်အမှန်အရှင်က တာအိုဓမ္မဆွေးနွေးပွဲတွင် လှိုင်းထန်မှုများဖြစ်ပေါ်စေခဲ့သူဖြစ်သည်။ ယခုအခါ သူ့ကို ကောင်းကင်တာအိုထံသို့ ကိုယ်တိုင်ပြန်လည် ပို့ဆောင်ပေးရန်အခွင့်အရေး တစ်ခုရရှိနေလေပြီ။
ဤအတွေးဖြင့် သူက တိုးညှင်းသောဟိန်းဟောက်သံတစ်ခုကို ထုတ်လွှတ်လိုက်ပြီး၊ သူ၏ခန္ဓာကိုယ်က ရုတ်တရက်တုန်ခါသွားကာ သူ့ကိုရစ်ပတ်နေသောတိမ်များနှင့် မြူများကို ဖယ်ရှားပစ်လိုက်၏။
ထို့အတူ သူ၏လက်ဝါးအောက်ရှိ အနက်ရောင်တာအိုဝတ်ရုံပုံရိပ်က ထက်ဝက်ကျော်ပျောက်ကွယ်သွားပြီး၊ နက်မှောင်သည့်တိမ်တိုက်များ အဖြစ်သို့ ပြိုကွဲသွားခဲ့ပြီ ဖြစ်သည်။
"ငါ့လက်ချက်နဲ့ သေလိုက်တော့"
မဟာလွတ်လပ်ခြင်း ဗောဓိသတ္တ၏ လက်ချောင်းငါးချောင်းက ရုတ်တရက်တင်းကျပ်သွားပြီး၊ နက်မှောင်သည့် တိမ်တိုက်အစုအဝေးကို လုံးဝချေမွပစ်ရန် ရည်ရွယ်လိုက်၏။
ရုတ်တရက်၊ သူ၏မျက်နှာက အနည်းငယ် တုံ့ဆိုင်းသွားပြီး၊ကျဆင်းသွားသော လက်ဝါးကလည်း နှစ်ကြိမ်ခန့်တုန်လှုပ်သွားပါသည်။
တစ်ချိန်တည်းမှာပင်၊တစ်ခုခု မှားယွင်းနေကြောင်း သူ အာရုံခံမိလိုက်စဉ်၊ ကျောက်စိမ်းဖြူ လက်မောင်းတစ်ဖက်က နက်မှောင်သည့်တိမ်တိုက်များထဲမှ ပြင်းထန်သောအရှိန်ဖြင့် ထွက်ပေါ်လာပြီး၊ သွယ်လျသောလက်ချောင်းများက မဟာလွတ်လပ်ခြင်းဗောဓိသတ္တ၏ လည်ပင်းပေါ်သို့ အတိအကျ ကျရောက်သွားခဲ့သည်။
ဘုန်းကြီးက အပြည့်အဝမတုံ့ပြန်နိုင်မီမှာပင်၊ သူ၏ တစ်ကိုယ်လုံးက ထိန်းချုပ်မှု ကင်းမဲ့သွားပြီး၊ လေထဲသို့မြင့်မားစွာ မြှောက်တင်ခံလိုက်ရသည်။
သူက အထိတ်တလန့်ဖြင့်နှစ်ကြိမ်ခန့် ရုန်းကန်ခဲ့သော်လည်း၊လွတ်မြောက်ရန် ကျရှုံးခဲ့ရုံသာမက အနည်းငယ်ရယ်စရာကောင်းနေပုံပင်။
"ငါ့ကို လွှတ်..."
မဟာလွတ်လပ်ခြင်း ဗောဓိသတ္တ၏ အမူအရာက ကြမ်းကြုတ်နေပြီး၊လက်မောင်းကို လက်နှစ်ဖက်ဖြင့် ရိုက်ချလိုက်သော်လည်း၊ အေးစက်မှုကိုသာ ခံစားလိုက်ရကာ အသားနှင့်သွေး ခန္ဓာကိုယ် မဟုတ်တော့ကြောင်း ရှင်းလင်းနေခဲ့သည်။
သူခေတ္တမျှမှင်သက်သွားပြီး၊ အောက်သို့ငုံ့ကြည့်လိုက်ရာ၊ သူ၏မျက်လုံးသူငယ်အိမ်များ တင်းကျပ်စွာကျုံ့ဝင်သွားပြီး၊ ၎င်းအတွင်းရှိ ရွှေရောင်မြစ် ပင်လျှင်တုန်ယင်သွားခဲ့၏။
ထိုအခိုက်အတန့်တွင် နက်မှောင်သည့် တိမ်တိုက်များ ကွဲကွာသွားသည်နှင့်အမျှ..
တစ်ချိန်က မသေမျိုးအငွေ့အသက်များရှိခဲ့သော အစစ်အမှန်အရှင်က ပျောက်ကွယ်သွားပြီး၊ မိုးကောင်းကင်နှင့် မြေပြင်၏အပြစ်ကင်းစင်သော ထွင်းထုချက်ဖြင့် ဖန်တီးထားသည့် မျက်နှာနှင့် ဧရာမကျောက်စိမ်းဖြူဖန်တီးထားသော ခန္ဓာကိုယ်တစ်ခုက နေရာယူထားကာ၊ သူငယ်အိမ်မပါသော ကျောက်စိမ်းမျက်လုံးတစ်စုံက သူ့ကိုခံစားချက်ကင်းမဲ့စွာ စိုက်ကြည့်နေသည်။
တာအိုသင်္ကေတများက ကျောက်စိမ်းဖြူခန္ဓာကိုယ် တစ်လျှောက် စီးဆင်းနေခဲ့သည်။
ဘုန်းကြီးက ရုတ်တရက်အသက်ရှူကျပ်သွားသလို ခံစားလိုက်ရပြီး၊ သူ၏မျက်လုံးများကိုပင် မယုံနိုင်အောင်ဖြစ်နေကာ သူ၏ခန္ဓာကိုယ်ရုန်းကန်ရန်ပင် မေ့လျော့သွားခဲ့သည်။
"အဲဒါ.."
မဟာလွတ်လပ်ခြင်းမယိုင်းမယိုင်လှုပ်ရှားခြင်းမဲ့ဗောဓိသတ္တဘုရင်
တာအိုသင်္ကေတများက ကျောက်စိမ်းဖြူခန္ဓာကိုယ် တစ်လျှောက် သွားလာနေရင်း ရွှေရောင်ကြိုးမျှင်ကဲ့သို့သော မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားကာ၊ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး၊ နောက်ဆုံးတွင် ထိုကျောက်စိမ်းမျက်လုံးများကို လင်းလက်သွားစေခဲ့သည်။
ဤသန့်စင်သော မီးတောက်အောက်တွင်၊ ဘုန်းကြီးများကို ရစ်ပတ်ထားသော ရွှေရောင်မြစ်ပင်လျှင် ညစ်ညမ်းသွားပုံရသည်။
"ဗောဓိသတ္တ။"
မဟာလွတ်လပ်ခြင်း နှင်းတောင် ဗောဓိသတ္တက ထိုနေရာတွင်မှင်သက်စွာ ရပ်နေပြီး၊ တံတွေးကို ခက်ခဲစွာ မျိုချလိုက်၏။
ရှန်းယီက နတ်ဘုရားမင်းဆက် စစ်သူကြီးဖြစ်ကြောင်း သိရှိပြီးနောက်၊ သူ့ကိုအံ့အားသင့်စေနိုင်မည့် နောက်ထပ်အရာမရှိတော့ဟု သူ ထင်မှတ်ခဲ့သော်လည်း၊ယခု ဤနေရာတွင် သူ၏စိတ်ကို တူဖြင့် ထုနှက်ခံနေရသကဲ့သို့ ခံစားရပြီး မူးဝေသွားစေခဲ့သည်။
အရှေ့ပိုင်း ဍုမေဏုတွင် ဘုန်းကြီးများကို သတ်ဖြတ်ခြင်းကြောင့် နာမည်ကြီးသော ထို ကြမ်းကြုတ်သည့် နတ်ဘုရား၊ မိစ္ဆာဟု ခေါ်ဆိုခံရသူက ထိုအရေခွံကိုခွာချပြီးနောက် ဤကျောက်စိမ်းဖြူဓမ္မကိုယ်ထည်ကို ပြသခဲ့၏။
ဤကဲ့သို့ သန့်စင်သော ဓမ္မကိုယ်ထည် နှင့် လှိုင်းထန်နေသော ရွှေရောင်မီးတောက်များ၏ အရှေ့တွင်၊ ရည်မှန်းချက်ကြီးမားပြီး မဟာကတိသစ္စာများကို ပြုလုပ်ခဲ့သော နှင်းတောင်ဗောဓိသတ္တပင်လျှင် သိမ်ငယ်စိတ်ကို ခံစားလိုက်ရသည်။
လောကတွင် မည်သူမျှ တာအိုသင်္ကေတနှစ်ခုကို တစ်ပြိုင်နက်တည်း မပိုင်ဆိုင်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်းက ခက်ခဲကြမ်းတမ်းပြီး၊ တာအိုလမ်းကြောင်းတစ်ခုပေါ်သို့ ခြေချနိုင်ခြင်းကပင် ရှားပါးသည်ဟု ယူဆရရာ၊ လုံးဝဆန့်ကျင်ဘက်ဖြစ်နေသော လမ်းကြောင်းနှစ်ခုကိုလျှောက်လှမ်းပြီး နောက်ဆုံးတွင် ၎င်းတို့ကို ပေါင်းစပ်နိုင်ရန်ဆိုလျှင် ပြောစရာပင်မလိုတော့ပေ။
ဤကဲ့သို့သောအောင်မြင်မှုကို မည်သူက လုပ်ဆောင်နိုင်မည်နည်း။ သူတို့ကို လူသားဟု ခေါ်ဆိုနိုင်သေးသည်လော။
"မင်းက မသေမျိုးဧကရာဇ်ဖြစ်ဖို့ မွေးဖွားလာတာပဲ။"
ရှန်းယီအပေါ် နက်ရှိုင်းသော နာကြည်းချက်များကို သိမ်းဆည်းထားသော ဘုန်းကြီးများပင်လျှင်၊ သူတို့၏ပါးစပ်များ ခြောက်သွေ့ပြီး လည်ချောင်းများ အက်ကွဲနေလျက် ဤခံစားချက်ကိုထုတ်ဖော်ပြောဆိုရန် တွန်းအားပေးခံလိုက်ရသည်။
အကယ်၍ သူသာ ဤကဲ့သို့နက်နဲမှုများကို စောစီးစွာထုတ်ဖော်ပြသခဲ့ပါက၊ မဟာကပ်ဘေးကြီးက မယုံနိုင်လောက်အောင် ရိုးရှင်းသွားပါလိမ့်မည်။
နတ်ဘုရားမင်းဆက်ကိုသာ ဖြုတ်ချရန်သာ လိုအပ်မည်ဖြစ်ပြီး၊ မိုးကောင်းကင်နှင့် မြေပြင်၏သခင် ရာထူးအတွက် ထပ်ရွေးချယ်စရာရှိတော့မည် မဟုတ်ပေ။
"..."
ကူလီ၏ အံ့အားသင့်နေသော အကြည့်အောက်တွင်၊ ကျောက်စိမ်းဖြူပုံရိပ်က အရှေ့သို့ ပေါ့ပေါ့ပါးပါးတစ်ချက်ကြည့်လိုက်ပြီး၊ သူ၏လက်ထဲရှိ ဘုန်းကြီးကို ရိုက်ချလိုက်၏။
အချိုးအစားကျနပြီး လှပသောထိုလက်မောင်းက အကန့်အသတ်မဲ့သော စွမ်းအားကို အတွင်း၌သိုလှောင်ထားပုံ ရသည်။
မဟာလွတ်လပ်ခြင်းနှင်းတောင် ဗောဓိသတ္တက အသိစိတ်ပြန်ဝင်လာပြီး မျက်မှောင်ကြုတ်လိုက်ကာ၊ကျန်ရှိသော ဗောဓိသတ္တလေးပါးကလည်း သူတို့၏လူကို ဖမ်းဆီးရန်ကြိုးပမ်းကာ အလျင်အမြန် လှုပ်ရှားလိုက်ကြ၏။