← Chapters

အခန်း (၁၆၅+၁၆၆)

Vol. 17 Ch. 165+166

အခန်း (၁၆၅+၁၆၆)

Vol. 17 Ch. 165+166

အပိုင်း ၁၆၅ + ၁၆၆

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

သို့သော်လည်း ဆိုလွန်၏ မျက်နှာမှာ အတည်ပေါက်ကြီး ဖြစ်နေပြီး ဆယ်ရက်အလိုမှ ဓားသိုင်းကို တကယ်သင်မည့် ပုံပေါ်နေ၏။

ချင်းချန်ဇီက ကြောင်အနေသည့် မျက်နှာဖြင့် ပြောလိုက်သည်။ “အာ...။ ကျွန်တော့် ဆရာက လေလွင့်ကျွန်းပေါ်က ဝင်္ကပါတောင်မှာ တံခါးပိတ် ကျင့်ကြံနေတယ်။ သခင်လေး ဆိုလွန်... အခုမှ ဆရာတင်ဖို့ သွားတာ နည်းနည်း နောက်ကျသွားပြီ ထင်တယ်။”

ဆိုလွန်က ထပ်မေးလိုက်၏။ “ဒီကနေ လေလွင့်ကျွန်းသွားဖို့ ဘယ်လောက်ကြာမလဲ။”

ချင်းချန်ဇီက ချက်ချင်း ပြန်ဖြေသည်။ “တစ်ရက်လောက်တော့ ကြာလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့် ဆရာက ကျင့်ကြံနေချိန် အနှောင့်အယှက်ပေးတာ မကြိုက်ဘူး။ ပြီးတော့ တပည့်သစ် လက်မခံတော့ဘူး။”

ဆိုလွန်က အပြုံးဖြင့် ပြောလိုက်၏။ “မကြိုးစားကြည့်ဘဲ ဘယ်လို သိမှာလဲ။ ဓားသခင် ပိုင်ရှောင်းက ကျွန်တော့်အတွက်ကို ချွင်းချက်အနေနဲ့ လက်ခံပေးနိုင်ပါတယ်။”

ချင်းချန်ဇီက ကူရာကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ “ကောင်းပါပြီ သခင်လေး ဆိုလွန်... သွားကြိုးစားကြည့်လို့ ရပါတယ်။”

ထပ်ပြီး စကားထပ်ပြောရန် ပြင်လိုက်သော်လည်း တုံ့ဆိုင်းသွား၏။

ဆိုလွန်က ပြောလိုက်သည်။ “ရင်ထဲရှိတဲ့အတိုင်းသာ ပြောပါ။”

ချင်းချန်ဇီက မျက်နှာကို တည်တင်းထားလိုက်ပြီး ပြောလိုက်၏။ “သခင်လေး ဆိုလွန်... ဓားသိုင်းလမ်းစဉ်ဆိုတာ အလွန် အလေးအနက်ထားရမယ့် ကိစ္စပါ။ အဓိပ္ပာယ်မရှိတဲ့ စိတ်ကူးယဉ်မှုတွေကို ခွင့်မပြုဘူး။ ပွင့်ပွင့်လင်းလင်း ပြောတာကို ခွင့်လွှတ်ပါ။”

“ကျွန်တော့် ဆရာရဲ့ အံ့မခန်း ပါရမီနဲ့တောင် ကပ်ဘေးကိုးသွယ်ဓားသိုင်းကို အစကနေ ပြန်လေ့လာရင် အနည်းငယ် အောင်မြင်မှုရဖို့ သုံးနှစ် အချိန်ယူရလိမ့်မယ်။ ညီမလေး ကွေ့ချင်းရှောင်းကို အနိုင်ယူဖို့ဆို အနည်းဆုံး ငါးနှစ် အချိန်ယူရလိမ့်မယ်။ အဲ့ဒါက ကျွန်တော့် ဆရာရဲ့ ပါရမီရှင် အဆင့်နဲ့ တွက်ထားတာဆိုတာ သတိပြုပါ။”

ချင်းချန်ဇီသည် ပုံမှန်အားဖြင့် ကြမ်းတမ်းသည့် စကားများကို ရှားရှားပါးပါးသာ ပြောဆိုတတ်သော ယဉ်ကျေးသိမ်မွေ့သူ တစ်ဦး ဖြစ်သည်။ အကယ်၍ အခြားလူတစ်ယောက်က သူ့အား စော်ကားလျှင် သူ ဂရုစိုက်မည် မဟုတ်ပေ။

သို့သော် လက်ရှိအချိန်၌မူ သူ အနည်းငယ် ဒေါသထွက်နေမိ၏။ ဆိုလွန်က ဓားသိုင်းပညာရပ်အပေါ် မလေးမစား လုပ်နေသည်ဟု သူ ခံစားလိုက်ရသည်။

ဆိုလွန်၏ ပေါ့ပျက်ပျက် ပြောဆိုမှုမှာ ဓားသိုင်းပညာရပ်အပေါ် စော်ကားလိုက်ခြင်းပင်။

ဓားသခင် ပိုင်ရှောင်း ကဲ့သို့သော ပါရမီရှင် တစ်ယောက်ပင် ကွေ့ချင်းရှောင်းအား အနိုင်ယူရန် ကပ်ဘေးကိုးသွယ်ဓားသိုင်းကို ငါးနှစ်တိုင်တိုင် ကျင့်ကြံရန် လိုအပ်သည်။ ဆိုလွန်ထံ၌ မည်သို့သော ပါရမီမျိုး ရှိနေသနည်း။

လောက၌ အကြီးမြတ်ဆုံး ဓားပညာရှင် ဖြစ်သည့် ပိုင်ရှောင်းထက်ပင် သူက ပို၍ တော်နေမည်လော။ ထိုသို့တိုင်အောင် ဆိုလွန်က ဆယ်ရက်သာ လိုအပ်သည်ဟု ကြွားဝါနေ၏။

ဤသည်မှာ ဟာသတစ်ခု မဟုတ်ပါလော။ ဤသည်က ဓားသိုင်းပညာရပ်အား စော်ကားခြင်း မဟုတ်လျှင် မည်သည်ကနည်း။

ဆိုလွန်က ချင်းချန်ဇီအား အရိုအသေပေးလိုက်ပြီး အလေးအနက် ပြောလိုက်သည်။ “သခင် ချင်းချန်ဇီ... ကျွန်တော့်ကို ယုံပေးပါ။ အခု ကျွန်တော့် စိတ်ထဲ လုံးဝကို အလေးအနက် ဖြစ်နေတာပါ။ ဓားသိုင်းပညာရပ်အပေါ် အမြင့်မားဆုံး လေးစားမှုနဲ့ ကြောက်ရွံ့ရိုသေမှုတွေ ရှိပါတယ်။”

ချင်းချန်ဇီက ဆိုလွန်အား တစ်ခဏမျှ ကြည့်ကာ ခေါင်းညိတ်လိုက်၏။ “အင်း... အဲ့ဒီလိုပဲ မျှော်လင့်ပါတယ်။”

ဆိုလွန်က ကွေ့ချင်းရှောင်းဘက် လှည့်လိုက်သည်။ “ကျွန်တော့်အတွက် သင်္ဘောတစ်စင်း ပြင်ပေးပါ။ ဓားသခင် ပိုင်ရှောင်းကို ဆရာတင်ဖို့ အခုချက်ချင်း လေလွင့်ကျွန်းကို သွားမယ်။”

ကွေ့ချင်းရှောင်းက ကျောက်စိမ်းဆွဲပြား တစ်ခုကို ထုတ်ယူကာ ဆိုလွန်ထံ ကမ်းပေးလိုက်၏။ “ဒါ ငါ့အမှတ်အသားပဲ။ အနောက်ဘက် တောင်လေဆိပ်ကမ်းကို သွားပြီး ဒီကျောက်စိမ်းဆွဲပြားကို ပြလိုက်။ သင်္ဘောတစ်စင်းက နင့်ကို လေလွင့်ကျွန်းဆီ ခေါ်သွားလိမ့်မယ်။”

ဆိုလွန်က ထိုဆွဲပြားကို ယူလိုက်ပြီး သူ၏ နှာခေါင်းနားသို့ တမင်တကာ တေ့ကာ စိတ်လှုပ်ရှားလွန်းနေသော ဟန်ဖြင့် နမ်းရှိုက်လိုက်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကွေ့ချင်းရှောင်းမှာ ဒေါသထွက်လွန်းသဖြင့် ကျောက်စိမ်းဆွဲပြားကိုပင် ပြန်လုယူတော့မတတ် ဖြစ်သွားရ၏။

သူမ ရွံရှာစွာဖြင့် ဆိုလွန်အား စူးရဲစွာ စိုက်ကြည့်လိုက်သည်။ “ထွက်သွားစမ်း။ အခုချက်ချင်း ငါ့မျက်စိရှေ့ကနေ ပျောက်သွားလိုက်တော့။ နင့်ကို နောက်တစ်ခါ ထပ်မမြင်ချင်တော့ဘူး။”

ထို့နောက် သူမ ဆိုလွန်အား ကျောခိုင်းလိုက်၏။

သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းမှာ အလွန်တရာ ဆွဲဆောင်မှု ရှိလှသည်။ တစ်နှစ်ပတ်လုံး ကပ်ဘေးကိုးသွယ်ဓားသိုင်းကို ကျင့်ကြံထားသောကြောင့် သူမ၏ ခါးလေးမှာ မြွေတစ်ကောင်ကဲ့သို့ ပျော့ပျောင်းနေ၏။

သေးသွယ်လှသည့် ခါးလေး၏ အောက်ဘက်ရှိ တင်ပါးများမှာ အံ့မခန်း ကော့တက်နေသည်။ အနောက်ဘက်မှ ကြည့်မည်ဆိုပါက ခါးနှင့် တင်ပါး၏ ကောက်ကြောင်းမှာ ဟော်မုန်းဗုံး တစ်လုံးကဲ့သို့ပင် မည်သည့် ယောက်ျား၏ မျက်လုံးနှင့် နှလုံးသားကိုမဆို ချက်ချင်း ဖမ်းစားသွားနိုင်စွမ်း ရှိ၏။

ထိုမျှ ဖြူစင်ပြီး မိစ္ဆာမလေးကဲ့သို့ ခန္ဓာကိုယ်မျိုးဖြင့် ဆိုပါက မည်သူကမှ ကွေ့ချင်းရှောင်းအား ယှဉ်နိုင်မည် မဟုတ်ပေ။

ဆိုလွန်က ကြေညာလိုက်သည်။ “လူကြီးမင်းတို့ ခင်ဗျာ... ကျွန်တော် ဓားသိုင်း သွားသင်ပါတော့မယ်။ နောက်ဆယ်ရက်နေရင် ဒီနေရာမှာပဲ ကွေ့ချင်းရှောင်းနဲ့ ကျွန်တော် ဓားသိုင်း ပြိုင်ကြမယ်။ လာကြည့်ပေးကြပါ။”

သူ တောင်းဆိုနေရန်ပင် မလိုအပ်ပေ။ အားလုံးက သေချာပေါက် လာရောက်ကြမည်သာ။ သူတို့က ဤပွဲကို မည်သည့် အကြောင်း​အရင်းကြောင့်မဆို လက်လွတ်ခံကြမည် မဟုတ်ပေ။

ဤမျှ ကြီးကျယ်ခမ်းနားလှသည့် အဖြစ်အပျက်မျိုးက တစ်သက်၌ တစ်ကြိမ် မြင်တွေ့ရခဲလှသည်။ အထူးသဖြင့် ကွေ့ချင်းရှောင်းက ဆိုလွန်၏ ခြေထောက်နှစ်ဖက်လုံးကို ချိုးပစ်မည်ကို သူတို့ မြင်တွေ့ချင်နေကြ၏။

ဆိုလွန်က လူအုပ်ကြီးအား အရိုအသေပေးလိုက်ပြီးနောက် ပြောလိုက်သည်။ “နှုတ်ဆက်ပါတယ် လူကြီးမင်းတို့။ ချင်းရှောင်း... ကိုယ် ပြန်လာမယ့်အချိန် စောင့်နေပါ။”

ထို့နောက် သူက စားသောက်ပွဲ ခန်းမဆောင်ထဲမှ ထွက်ခွာသွား၏။ ဆိုနင်ပင်းက သူ့ အနောက်မှ ကပ်လျက် လိုက်ပါလာသည်။ သူ၏ အခန်းဆီ လျှောက်သွားသည့်အခါ၌လည်း သူမက အတင်းအကျပ် လိုက်လာ၏။

ဆိုလွန်က နူးညံ့စွာ ပြုံးလိုက်သည်။ “အစ်မ... ကျွန်တော် အခန်းထဲဝင်ပြီး ကိုယ်ပိုင် ပစ္စည်းတချို့ သိမ်းမလို့ပါ။ အပြင်ကနေပဲ စောင့်နေပေးပါ။”

ဆိုနင်ပင်း၏ မျက်လုံးများမှာ နီရဲနေ၏။ သူမ ခေါင်းညိတ်လိုက်ပြီး အပြင်ဘက်၌ ရပ်ကာ ဆိုလွန် အခန်းထဲ ဝင်သွားသည်ကို ကြည့်နေလိုက်သည်။

**--**--**--**--**--**--**--**

တံခါးကို ပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ဆိုလွန်၏ ခန့်ညားလှသည့် မျက်နှာထက်ရှိ အပြုံးက လုံးဝ ပျောက်ကွယ်သွား၏။

သူ၏ မျက်လုံးများက လျင်မြန်စွာ နီရဲလာပြီး ခန္ဓာကိုယ်မှာလည်း တုန်ယင်လာကာ မျက်နှာမှာလည်း နာကျင်မှုကြောင့် ရှုံ့မဲ့သွားရသည်။

“အားးး”

သူ၏ ရင်ထဲရှိ ဝမ်းနည်းမှုများနှင့် ဒေါသများကို ရူးသွပ်စွာ ပေါက်ကွဲထုတ်ပစ်လိုက်ရင်း မျှော်လင့်ချက်မဲ့နေသော ဟိန်းဟောက်သံကြီးဖြင့် အော်ဟစ်လိုက်၏။ ထို့နောက် သူက ဓားကို အကြမ်းပတမ်း ဆွဲထုတ်လိုက်ပြီး အခန်းထဲရှိ အရာအားလုံးကို အပိုင်းပိုင်းပြတ်သွားစေကာ အရူးတစ်ယောက်ကဲ့သို့ ခုတ်ပိုင်းလိုက်သည်။

ဒဏ်ရာရထားသည့် တောရိုင်းသားရဲ တစ်ကောင်ကဲ့သို့ သူ ဟိန်းဟောက်နေမိ၏။ အသံအိုးများ ကွဲလုမတတ် အော်ဟစ်နေသဖြင့် သွေးများပင် အနည်းငယ် ထွက်လာပြီး သူ၏ မျက်လုံးများမှာလည်း လုံးဝကို သွေးရောင်လွှမ်းနေသည်။

ဆိုလွန်ဆိုသည်မှာ မည်သူနည်း။ အထိခိုက်မခံနိုင်ဆုံးနှင့် အမာနအကြီးဆုံး သူပင်။ ယခင်က မည်သူကမှ သူ၏ ကိုယ့်ကိုယ်ကိုယ် လေးစားမှုကို နင်းခြေဝံ့ခြင်း မရှိခဲ့ပေ။ မုန်ထိုလော့ ဖြစ်စေ ၊ ကျိနင် ဖြစ်စေ ၊ ကျိလီ ဖြစ်စေ မည်သူကမှ ထိုသို့ မလုပ်ရဲခဲ့ကြပေ။

သို့သော် ယနေ့၌ ကွေ့ရှင်းဖူက သူ့အား အရူးတစ်ယောက်ကဲ့သို့ လှည့်စားခဲ့၏။ ထို့အပြင် ကွေ့ချင်းရှောင်းက လူတိုင်း၏ အရှေ့၌ပင် သူ၏ ဂုဏ်သိက္ခာကို ရက်ရက်စက်စက် နင်းခြေခဲ့သည်။

ဆိုလွန် ရင်ထဲ၌ ကြိမ်းဝါးနေမိ၏။ “ကျေးဇူးကန်းပြီး နှလုံးသားမရှိတဲ့ ကွေ့ရှင်းဖူ... ငါ့ ဆိုမိသားစုသာ မရှိရင် မင်း အကြိမ်တစ်ရာလောက် သေနေလောက်ပြီ။”

“ပြီးတော့ ကွေ့ချင်းရှောင်း... မယ်မင်းကြီးမ။ စေ့စပ်ထားတာကို ဖျက်ရုံတင်မကဘဲ တခြားလူကို ချစ်တယ်လို့ပါ လူရှေ့မှာ ထုတ်ပြောရဲတယ်ပေါ့။ မင်းက ငါ့ ကိုယ်ရည်ကိုယ်သွေးကို ဗြောင်ကျကျ စော်ကားပြီး ငါ့ကို ဖောက်ပြန်မယ်လို့တောင် ပေါ်တင် ခြိမ်းခြောက်သေးတယ်။”

“မင်းက ငါ့ရဲ့ သိက္ခာကို ထပ်ခါတလဲလဲ နင်းခြေတယ်။ ဒါတောင် ငါက ပြုံးပြပြီး အရူးတစ်ယောက်လို ဟန်ဆောင်နေရတယ်။”

ဆိုလွန် အရူးတစ်ယောက်ကဲ့သို့ ဓားကို လွှဲယမ်းနေကာ အခန်းထဲရှိ အရာအားလုံး လုံးဝ ပျက်စီးသွားသည်အထိ ခုတ်ပိုင်းပစ်လိုက်၏။

**--**--**--**--**--**--**--**

အခန်းထဲမှ ထွက်ပေါ်လာသော သူ၏ သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်သံများကို ကြားလိုက်ရသည့်အခါ ဆိုနင်ပင်းတစ်ယောက် ဆက်၍ သည်းမခံနိုင်တော့ပေ။

သူမက အခန်းထဲ အပြေးအလွှား ဝင်သွားပြီး ဆိုလွန်အား သူမ၏ ရင်ခွင်ထဲ ဆွဲသွင်းကာ ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။

ဆိုနင်ပင်းက ငိုယိုလိုက်၏။ “မောင်လေး... ဒီလိုမျိုး မလုပ်ပါနဲ့။ ဒီလိုမျိုး မလုပ်ပါနဲ့။ အစ်မ ရင်တွေကွဲမတတ် ခံစားနေရပြီ။ ဒီမိန်းမကို လက်မထပ်နဲ့။ ဒီကနေ ထွက်သွားကြရအောင်။ ထွက်ပြေးကြမယ်။ ထျန်းရွှေမြို့ကိုလည်း မလိုချင်တော့ဘူး။ ဘယ်သူမှ မသိတဲ့ နေရာတစ်ခုကို သွားကြမယ်။ အစ်မ မင်းကို လက်ထပ်ပြီး ကလေးတွေ အများကြီး မွေးပေးမယ်နော်။”

ဆိုလွန်၏ ရှုံ့မဲ့နေသော မျက်နှာ ၊ သွေးရောင်လွှမ်းနေသည့် မျက်လုံးများနှင့် သူ၏ နှုတ်ခမ်းပေါ်ရှိ သွေးများကို မြင်လိုက်ရသည့်အခါ ဆိုနင်ပင်းမှာ အသည်းကွဲမတတ် ဖြစ်သွားရသည်။ အခြားသူများ မြင်သွားမည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သူ၏ မျက်နှာအား အသည်းအသန် နမ်းရှိုက်လိုက်၏။

သူမက သူ၏ ပါးပြင်များနှင့် မျက်လုံးထောင့်များကို နမ်းရှိုက်ရင်း ငိုကြွေးလိုက်သည်။ “မောင်လေးက အစ်မကို အများကြီး ချစ်တယ် မဟုတ်လား။ အစ်မလည်း မင်းကို ချစ်ပါတယ်။ ထွက်သွားကြရအောင်။ ထျန်းရွှေမြို့ကို မလိုချင်တော့ဘူး။ အစ်မတို့ လက်ထပ်လိုက်ကြရအောင်။ အစ်မက မင်း ပျော်ရွှင်နေတာကိုပဲ မြင်ချင်တာပါ။ မင်း ဒီလို ခံစားနေရတာကို အစ်မ မကြည့်ရက်ဘူး။”

အစ်မဖြစ်သူ၏ နှစ်သိမ့်ပေးနေသော အနမ်းများအောက်၌ ဆိုလွန်မှာ တဖြည်းဖြည်း စိတ်အေးလာ၏။ သူက ဆိုနင်ပင်း၏ လှပသည့် မျက်နှာလေးကို ကိုင်ထားလိုက်ပြီး သူမ၏ နူးညံ့ကာ အေးစက်နေသော နှုတ်ခမ်းလေးများကို နမ်းရှိုက်လိုက်ကာ နူးညံ့စွာ ပြောလိုက်သည်။

“အစ်မ... ကျွန်တော် အစ်မကို သေချာပေါက် လက်ထပ်မှာပါ။ ဒါပေမဲ့ အခုချိန်တော့ မဟုတ်သေးဘူး။ ဘယ်လိုနည်းလမ်းမျိုး သုံးရ သုံးရ ထျန်းရွှေမြို့ကို ကျွန်တော် ပြန်ယူမယ်။ လုံးဝ အလျော့မပေးဘူး။ ဘယ်သူ့ကိုမှလည်း အရှုံးမပေးဘူး။”

ဆိုလွန်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူမအား ပြောလိုက်၏။ “အစ်မ မြို့စားအိမ်တော်မှာပဲ နေခဲ့ပါ။ ဟန်ဆောင်ကောင်းတဲ့ ကွေ့ရှင်းဖူက အစ်မကို သေချာပေါက် ကောင်းကောင်း ဆက်ဆံလိမ့်မယ်။ အစ်မကျင်းယွီ တစ်ယောက်တည်းကိုပဲ လေလွင့်ကျွန်းဆီ ကျွန်တော် ခေါ်သွားမယ်။ နောက်ဆယ်ရက်နေရင် နိုင်သည်ဖြစ်စေ ၊ ရှုံးသည်ဖြစ်စေ အချိန်မီ ပြန်လာခဲ့မယ်။”

ဆိုနင်ပင်း၏ ရင်ထဲ၌မူ သူနှင့်အတူ လိုက်သွားရန်မှလွဲ၍ အခြား ဘာကိုမှ မလိုလားပေ။ သူနှင့် တစ်စက္ကန့်လေးမျှပင် မခွဲချင်ပေ။ သို့သော်လည်း ဆိုလွန်က ဆုံးဖြတ်ချက်ချပြီးပြီ ဖြစ်သောကြောင့် သူမ လိမ္မာစွာဖြင့်ပင် သဘောတူလိုက်သည်။

ဆိုလွန်က နင်ပင်း၏ ပါးပြင်လေးများကို ကိုင်ကာ သူမ၏ နှုတ်ခမ်းကို နောက်ဆုံးတစ်ကြိမ် နမ်းရှိုက်လိုက်ပြီး မည်သည့်အရာကိုမှ မသိမ်းတော့ဘဲ လှည့်ထွက်သွားတော့၏။

**--**--**--**--**--**--**--**

ထိုည၌ပင် ဆိုလွန်နှင့် ရဲ့ကျင်းယွီတို့ လင်ဟိုင်မြို့မှ ထွက်ခွာကြပြီး မြင်းများကို အမြန်စီးကာ ကမ်းရိုးတန်းရှိ တောင်လေဆိပ်ကမ်းဆီ တစ်ဟုန်ထိုး နှင်လာကြသည်။

ကွေ့ချင်းရှောင်း၏ ကျောက်စိမ်းဆွဲပြားကို ပြသပြီးနောက် မိုင်တစ်ရာခန့် ဝေးကွာသော လေလွင့်ကျွန်းဆီ သင်္ဘောဖြင့် ထွက်ခွာလာကြ၏။ ကျွန်းမှာ သိပ်မကြီးမားသော်လည်း တောင်တန်းများက အလွန် မြင့်မားလှသည်။ ကျွန်းတစ်ခုလုံး နီးပါးကိုလည်း မာကျောသည့် ကျောက်တုံးများဖြင့် ဖွဲ့စည်းထား၏။

လောက၌ နံပါတ်တစ် ဓားသိုင်းပညာရှင်အဖြစ် သတ်မှတ်ခံထားရသူ ဓားသခင် ပိုင်ရှောင်းမှာ ဤတောင်၏ အမြင့်ဆုံးနေရာရှိ ဂူတစ်ခုထဲ၌ ကျင့်ကြံနေခြင်း ဖြစ်သည်။

ဆိုလွန်က ညွှန်ကြားလိုက်၏။ “တောင်အောက်ကနေပဲ ငါ့ကို စောင့်နေ။”

ရဲ့ကျင်းယွီက ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့။”

ဆိုလွန်က ကျောက်လှေကားထစ်များအတိုင်း တောင်ပေါ်သို့ စတင် တက်သွားလိုက်၏။

ထိုစဉ် ရဲ့ကျင်းယွီက ရုတ်တရက် အော်ခေါ်လိုက်သည်။ “သခင်လေး...”

ဆိုလွန် လှည့်ကြည့်လိုက်၏။

ရဲ့ကျင်းယွီက သူ၏ သွေးရောင်လွှမ်းနေပြီး နာကျင်နေသော မျက်လုံးများကို ကြည့်ကာ မေးလိုက်သည်။ “ရှင့်ကို ကျွန်မ နမ်းလို့ ရမလား။”

ဆိုလွန်၏ မျက်နှာထက်၌ ကောက်ကျစ်သည့် အပြုံးတစ်ခု ထွက်ပေါ်လာ၏။ “အချိန်သိပ်မရှိဘူး။ ဒါပေမဲ့ အစ်မလိုချင်ရင် ဒီနေရာမှာပဲ ခပ်မြန်မြန် တစ်ပွဲလောက် ဆွဲလို့ ရတယ်။”

ရဲ့ကျင်းယွီက အရှေ့သို့ တိုးလာကာ သူ့အား တင်းကျပ်စွာ ဖက်ထားလိုက်သည်။ သူမက ဆိုလွန်၏ ဆံပင်များကို နမ်းရှိုက်ရင်း တိုးညင်းစွာ ရေရွတ်လိုက်၏။ “အဲ့ဒီလောက် ပေါ့ပျက်ပျက်နိုင်တဲ့ ပုံစံ ဟန်မဆောင်ပါနဲ့တော့။ ကျွန်မ ရင်နာလွန်းလို့ပါ။ မှတ်ထားပေးပါ။ ဒီလောကမှာ ရှင့်ကို ကောင်းကင်ဘုံထက် ပိုအရေးကြီးတယ်လို့ သတ်မှတ်ထားတဲ့ မိန်းမနှစ်ယောက် ရှိနေတယ်ဆိုတာကိုပေါ့။ သူတို့ နှလုံးသားထဲမှာတော့ ရှင်က အရာရာတိုင်းပါပဲ။ ရှင်က သူတို့ ကမ္ဘာလောကကြီး တစ်ခုလုံးပါပဲ။”

ဆိုလွန်၏ နှလုံးသားမှာ နူးညံ့သွားရသည်။ ရဲ့ကျင်းယွီ၏ လက်ကို တစ်ခဏမျှ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီးနောက် လွှတ်ပေးလိုက်ကာ တောင်ပေါ်သို့ ဆက်ပြီး တက်သွားလိုက်၏။

ရဲ့ကျင်းယွီမှူတော့ နေရာ၌ပင် ရပ်ကျန်ရစ်ခဲ့ကာ ဆိုလွန်၏ ကျောပြင်အား စွဲလမ်းစွာ စိုက်ကြည့်နေမိသည်။

**--**--**--**--**--**--**--**

မရေမတွက်နိုင်သော မတ်စောက်သည့် ကျောက်ကမ်းပါးများကို ဖြတ်ကျော်ကာ ဆယ်နာရီခန့် တက်ပြီးနောက်၌မူ ဆိုလွန်တစ်ယောက် ဝင်္ကပါတောင်၏ တောင်ထွတ်သို့ နောက်ဆုံး၌ ရောက်ရှိလာ၏။

တောင်ထွတ်မှာ ပင်လယ်ရေမျက်နှာပြင်အထက် သုံး ၊ လေး ကီလိုမီတာခန့် အမြင့်၌ ရှိနေ၏။ ပင်လယ်လေပြင်းများက ကျယ်လောင်စွာ တိုက်ခတ်နေလျက် ရှိသည်။ အဝေး၌မူ ထူထပ်နေသော မြူခိုးများကြားမှ လင်ဟိုင်မြို့အား ဝေဝါးစွာ မြင်တွေ့နေရ၏။

အပိုင်း ၁၆၅ + ၁၆၆ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters