← Chapters

အခန်း ၄၃၁

Vol. 44 Ch. 431

အခန်း ၄၃၁

Vol. 44 Ch. 431

အခန်း (၄၃၁)

" တော်လိုက်တဲ့ ကောင်လေး သိုင်းတာအိုက စိတ်ဝင်စားစရာပဲ။ ကြမ်းတမ်းပြီး အနိုင်ယူလိုစိတ် ပြင်းထန်တယ်။ တိုက်ခိုက်ဖို့အတွက် မွေးဖွားလာသလိုပဲ။ မင်းရဲ့ ကျင့်ကြံမှုနဲ့ဆိုရင် တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေနဲ့ ယှဉ်နိုင်တယ်။ ဒါပေမယ့် ဒီလူအိုကြီးကိုတော့ ယှဉ်နိုင်မှာ မဟုတ်ဘူး။ " ကွေ့ကူကျိက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ ပုံရိပ်က လှုပ်ရှားသွားသည်။

သူက အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထက်တွင် ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာချိန်တွင် ကျောက်ဖုန်း၏ ရှေ့သို့ ရောက်နေပြီး မြင်းမြီးယက်ဖြင့် ကျောက်ဖုန်းကို တိုက်ခိုက်လိုက်သည်။

ကျောက်ဖုန်းက ဓားကို မြှောက်ပြီး ကာကွယ်လိုက်သည်။ သူတို့နှစ်ယောက်က ကောင်းကင်တွင် ရှုပ်ထွေးစွာ တိုက်ခိုက်နေကြသည်။ သူတို့နှစ်ယောက် ထိပ်တိုက်တွေ့လိုက်သည့် အကြိမ်တိုင်း ကြောက်စရာကောင်းသော စွမ်းအားများ ပေါက်ကွဲလာပြီး ကောင်းကင်ကို တုန်ခါသွားစေသည်။ တိုက်ပွဲ၏ စွမ်းအားအကြွင်းအကျန်များက ကွေ့ကူတောင်တန်းများကို အက်ကြောင်းများ ဖြစ်ပေါ်လာစေခဲ့သည်။

" ပေါက်ကွဲလက်သီး... " ကျောက်ဖုန်းက ဓားဖြင့် ကာကွယ်နေရင်း သူ၏ လက်သီးနှင့် ထိုးလိုက်သည်။ ကြောက်စရာကောင်းသော‌ ပေါက်ကွဲစွမ်းအားက ကျောက်ဖုန်း၏ ရုပ်ခွန်အားနှင့် ယွမ်စွမ်းအားတို့ကို သယ်ဆောင်လာသည်။

ကွေ့ကူကျိက သူ၏ လက်ကို မြှောက်ပြီး အကာအကွယ်တစ်ခုကို ချက်ချင်း ထုတ်ဖော်လိုက်သည်။

ဝုန်း...

လက်သီးချက်က အကာအကွယ်ကို ထိမှန်သွားသည်နှင့် ၎င်းက ချက်ချင်း ကွဲအက်သွားသည်။ ကွေ့ကူကျိ၏ ပုံရိပ်က နောက်သို့ လွင့်စင်သွားသည်။

" ကြောက်စရာကောင်းလိုက်တဲ့ ခွန်အား။ သူရဲ့ ခွန်အားက ဒီလောက်သန်မာအောင် ဘယ်လိုများ လေ့ကျင့်ထားတာလဲ။ " ကွေ့ကူကျိက စိတ်ထဲမှ အံ့အားသင့်သွားသည်။ သူက ကာကွယ်နိုင်ခဲ့သော်လည်း ကျောက်ဖုန်း၏ ကြောက်စရာကောင်းသော ရုပ်ခွန်းအားကို ခံစားမိနေဆဲ ဖြစ်သည်။

" အကြီးအကဲကွေ့ကူ ဒါက သာမန်သိုင်းပညာတွေပဲ ရှိသေးတယ်။ ကျုပ်ရဲ့ နယ်ပယ်ကို စမ်းကြည့်ပါဦး။ ကျုပ် စလေ့ကျင့်တဲ့ အချိန်ကစပြီး အစွမ်းကုန် မတိုက်ခိုက်ရသေးဘူး။ ဒီနေ့တော့ စိတ်ကြိုက် တိုက်ခိုက်လို့ ရပြီ။ " ကျောက်ဖုန်းက ရယ်မောလိုက်ပြီး သူ၏ နတ်စွမ်းရည်ကို ထုတ်ဖော်လိုက်သည်။

" သတ်ဖြတ်ခြင်းနယ်ပယ်။ " ကျောက်ဖုန်းက ဟိန်းဟောက်လိုက်ပြီး သွေးရောင်အလင်းတန်းတစ်ခုက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းက ကွေ့ကူကျိအပါအဝင် ပေတစ်ထောင်ပတ်လည်ကို လွှမ်းခြုံသွားသည်။ နယ်ပယ်အတွင်း ကောင်းကင်တစ်ခုလုံးက သွေးရောင်ပြောင်းလဲသွားပြီး သတ်ဖြတ်ခြင်းအရှိန်အဝါ၊ သွေးချီတို့ဖြင့် ပြည့်နှက်သွားသည်။

" တစ်ခုခုတော့ မှားနေပြီ။ ငါ့ရဲ့ ကျင့်ကြံမှုက ဖိနှိပ်ခံနေရသလိုပဲ။ ဒီသိုင်းပညာက တကယ်ထူးဆန်းတာပဲ။ ဒီလိုကျင့်စဉ်မျိုးက ဘယ်တုန်းက ပေါ်လာတာလဲ။ " ကွေ့ကူကျိက အံ့ဩသွားသည်။ သူ၏ စွမ်းအားဆယ်ပုံလျှင် နှစ်ပုံနီးပါးက ဖိနှိပ်ခံနေရသည်။

ကျောက်ဖုန်း၏ သတ်ဖြတ်ခြင်းနယ်ပယ်က ကျင့်ကြံမှုအပေါ် မူတည်၍ ဖိနှိပ်သည်။ ပြိုင်ဘက်၏ ကျင့်ကြံမှုက ကျောက်ဖုန်းထက် တစ်ဆင့်မြင့်လျှင် ဖိနှိပ်မှုက သုံးဆယ်ရာခိုင်နှုန်းထိ ဖိနှိပ်နိုင်သောကြောင့် ကွေ့ကူကျိ၏ ကျင့်ကြံမှုက ကျောက်ဖုန်းထက် များစွာသာလွန်နေသည်မှာ ထင်ရှားသည်။

" ခေတ်ကာလများကို ပိုင်းခြားသော ဓား " ကျောက်ဖုန်းက နယ်ပယ်၏ စွမ်းအားနှင့်အတူ သူ၏ ယွမ်စွမ်းအားများကို စုစည်းပြီး ကြောက်စရာကောင်းသော ဓားချက်ကို ထုတ်ဖော်လိုက်သည်။ သွေးရောင်ဓားအလင်းတန်းတစ်ခုက ကွေ့ကူကျိဆီသို့ ဆင်းသက်သွားသည်။

" ဒီကောင်လေးကတော့ တကယ်အလျှော့မပေးဘဲ တိုက်နေတာပဲ။ " ကွေ့ကူကျိက စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး အင်မော်တယ်စွမ်းအားကို ထုတ်ဖော်လိုက်သည်။ သူက မြင်းမြီးယပ်ကို ဝှေ့ရမ်းပြီး အကာအကွယ်များကို ဆက်တိုက် ဖန်တီးလိုက်သည်။

ဝုန်း ဝုန်း ဝုန်း....

ဓားချက်က ကျဆင်းလာပြီး အကာအကွယ်များက ပေါက်ကွဲကာ ဓားအလင်းတန်းက ကွေ့ကူကျိ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ကျဆင်းသွားသည်။

" ဝေါ့..." ကွေ့ကူကျိပင် ထိုဓားချက်ကြောင့် ဒဏ်ရာရရှိသွားပြီး သွေးအန်လိုက်ရသည်။

၎င်းကို မြင်သောအခါ ကျောက်ဖုန်း၏ အမူအရာက ပြောင်းလဲသွားပြီး ယွမ်စွမ်းအားများကို ပြန်လည်ရုပ်သိမ်းလိုက်ရာ ဓားအလင်းတန်းကလည်း ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် သူက သတ်ဖြတ်ခြင်းနယ်ပယ်ကိုလည်း ရုပ်သိမ်းလိုက်သည်။ သူက ချက်ချင်း ကွေ့ကူကျိ၏ ‌ရှေ့သို့ ရောက်ရှိသွားသည်။

" အကြီးအကဲ ဒဏ်ရာရသွားတာလား။ " ကျောက်ဖုန်းက တစ်ချက်ကြည့်လိုက်ရုံနှင့် ကွေ့ကူကျိ၏ အခြေအနေကို သိလိုက်သည်။ သူ၏ ဓားချက်က ကွေ့ကူကျိကို ဒဏ်ရာရရှိစေရန် မဖြစ်နိုင်ပေ။

" ဟားဟား ဒဏ်ရာဟောင်းတွေပါ။ အင်မော်တယ်စွမ်းအားနဲ့ ဖိနှိပ်ထားရင် ဘာမှမဖြစ်တော့ဘူး။ " ကွေ့ကူကျိက ပါးစပ်မှ သွေးများကို သုတ်ပြီး ပြုံး၍ ပြောလိုက်သည်။ ထို့နောက် သူက အင်မော်တယ်စွမ်းအားကို အသုံးပြု၍ ဒဏ်ရာများကို ဖိနှိပ်လိုက်ရာ ရှုပ်ထွေးနေသော စွမ်းအားများကလည်း တည်ငြိမ်သွားသည်။

" အကြီးအကဲရဲ့ ကျင့်ကြံမှုနဲ့တောင် ဒဏ်ရာရနိုင်သေးတာလား။ ကျွန်တော်ထင်တာမမှားရင် အကြီးအကဲက အင်မော်တယ်တစ်ယောက်ဖြစ်ရမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။ သူက ကွေ့ကူသို့ ဝင်လာချိန်တွင် ကွေ့ကူကျိကို စစ်ဆေးရန် စနစ်ကို အသုံးပြုခဲ့သည်။ အသေးစိတ်မဟုတ်သော်လည်း သူက ကျင့်ကြံအဆင့်ကို သိရှိနိုင်သည်။

နာမည် - ကွေ့ကူကျိ

ကျင့်ကြံမှု - ကောင်းကင်အင်မော်တယ်အဆင့် အထွတ်အထိပ်

သက်တမ်း - နှစ် ၁၀၀၀၀၀

အခြေအနေ - ဒဏ်ရာအပြင်းအထန် ရရှိထားသည်

၎င်းက ကွေ့ကူကျိအကြောင်း ကျောက်ဖုန်းမြင်ခဲ့ရသော အချက်အလက်များ ဖြစ်သည်။

" ဟဟ အင်မော်တယ် " ကွေ့ကူကျိက ခါးသီးစွာ ပြုံးပြီး ခေါင်းခါလိုက်သည်။ ထို့နောက် သူက ကောင်းကင်မှ အောက်သို့ ဆင်းသွားပြီး ကျောက်ဖုန်းက နောက်မှ လိုက်ပါသွားသည်။

တောင်တန်းတစ်ခုလုံးကို အမှောင်ထုက ဖုံးလွှမ်းနေသည်။ ကွေ့ကူကျိက လက်ဝှေ့ရမ်းလိုက်ပြီး အင်မော်တယ်စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ထိုအင်မော်တယ်စွမ်းအားက အလင်းလုံးများအဖြစ်ပြောင်းလဲသွားပြီး တောင်တန်းတစ်ခုလုံးကို နေ့လည်ခင်းသဖွယ် လင်းထိန်သွားစေသည်။

" အင်မော်တယ်နည်းစနစ်က တကယ်ထူးခြားတာပဲ။ ညအချိန်က ချက်ချင်း နေအချိန်အဖြစ် ပြောင်းလဲသွားတယ်။ " ကျောက်ဖုန်းက အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

" မင်းရဲ့ သိုင်းတာအိုကလည်း တကယ်ထူးခြားပါတယ်။ စွမ်းအားကို ကြည့်ရင် ဟင်းလင်းပြင်ပြန်ခြင်းအဆင့်လို့ ထင်ရပေမယ့် လက်တွေ့ တိုက်ခိုက်‌ရေးစွမ်းအားကတော့ တာအိုပေါင်းစည်းခြင်းအဆင့်ကို ‌ရောက်နေတဲ့ပုံပဲ။ မင်းက အစစ်အမှန် အင်မော်တယ်တစ်ပါးနဲ့တောင် ယှဉ်နိုင်လောက်တယ်။ " ကွေ့ကူကျိက မှတ်ချက်ချလိုက်သည်။

" အကြီးအကဲက ကျွန်တော်ကို ချီးကျူးလွန်းနေပါပြီ။ " ကျောက်ဖုန်းက လက်သီးလက်ဝါးဆုပ်၍ ပြောလိုက်သည်။

" ဒီသိုင်းတာအိုက မင်းကိုယ်တိုင် ဖန်တီးထားတာလား။ " ကွေ့ကူကျိက သိလိုစိတ်ဖြင့် မေးလိုက်သည်။

" ဒီကမ္ဘာမှာ အခြားဘယ်သူမှ မသိဘူးဆိုရင်တော့ ကျွန်တော်က သိုင်းတာအိုမှာ ပထမဆုံး ဖြစ်နိုင်ပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ကွေ့ကူကျိ၏ တုန့်ပြန်မှုမှတစ်ဆင့် ဤကမ္ဘာတွင် သိုင်းတာအို မရှိသည်ကို သိနိုင်သည်။ မဟုတ်လျှင် ကွေ့ကူကျိက သိုင်းတာအို၏ စွမ်းအားကို ကြည့်ပြီး ယခုလောက်ထိ အံ့ဩနေမည်မဟုတ်ပေ။

" သိုင်းတာအို မင်းက လုံးဝအသစ်စက်စက် ကျင့်ကြံခြင်းလမ်းစဉ်တစ်ခုကို ဖန်တီးလိုက်တာပဲ။ ပြီးတော့ မင်းရဲ့ သိုင်းတာအိုက စိတ်ဝိညာဉ်အမြစ် မလိုဘူးမဟုတ်လား။ " ကွေ့ကူကျိက မေးလိုက်သည်။

" ဘယ်သူမဆို ကျင့်ကြံနိုင်ပါတယ်။ ဒါပေမယ့် အောင်မြင်မှု ရဖို့ကတော့ အရည်အချင်းနဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက လိုအပ်ပါတယ်။ " ကျောက်ဖုန်းက ရှင်းပြလိုက်သည်။

" ဘယ်သူမဆို ကျင့်ကြံနိုင်တယ်။ လူတိုင်းကျင့်ကြံနိုင်တာလား။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " ကွေ့ကူကျိက အံ့အားသင့်သွားသည်။

" အင်မော်တယ်လမ်းစဉ်က လူတိုင်း မကျင့်ကြံနိုင်ဘူးလား။ " ကျောက်ဖုန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။

" အင်မော်တယ်လမ်စဉ်ကို ကျင့်ကြံဖို့အတွက် စိတ်ဝိညာဉ်အမြစ် လိုအပ်တယ်။ စိတ်ဝိညာဉ်အမြစ်ရှိတဲ့သူတွေပဲ သဘာဝစိတ်ဝိညာဉ်စွမ်းအားကို ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲနိုင်တယ်။ စိတ်ဝိညာဉ်အမြစ် ပိုမြင့်လေ ကျင့်ကြံမှုက ပိုမြန်လေပဲ။ စိတ်ဝိညာဉ်အပြင် ခန္ဓာကိုယ်တည်ဆောက်ပုံကလည်း အ‌ရေးကြီးတယ်။ " ကွေ့ကူကျိက ရှင်းပြလိုက်သည်။

" ရှန်းကျိုးနယ်မြေမှာ စိတ်ဝိညာဉ်စွမ်းအားတွေ ဒီလောက်ကြွယ်ဝပေမယ့် ကျင့်ကြံသူတစ်ယောက်မှ မတွေ့ရဘူး။ ဘာလို့လဲ။ " ကျောက်ဖုန်းက သူအသိချင်ဆုံးမေးခွန်းကို မေးလိုက်သည်။

" မင်း ဒါကို တကယ်သိချင်တာလား။ " ကွေ့ကူကျိက ကျောက်ဖုန်းကို စိုက်ကြည့်လိုက်သည်။ " သာမန်လူတစ်ယောက်ရဲ့ ဘဝက တိုတောင်းတယ်။ ကုန်ဆုံးသွားရင်ပြီးတာပဲ။ ဒီအကြောင်းကို သိသွားရင် မင်းအတွက် မကောင်းနိုင်ဘူး။ "

" အကြီးအကဲ ကျွန်တော်က ကျင့်ကြံခြင်းလမ်းစဉ်ကို ဝင်‌ရောက်ထားတယ်။ ဒါပေမယ့် သက်တမ်းက ကန့်သတ်ချက်တွေ ရှိနေတယ်။ ကျွန်တော်ရဲ့ ကျင့်ကြံမှုနဲ့ဆို အနည်းဆုံး နှစ်နှစ်ထောင်အထိ နေနိုင်ရမှာ။ ဒါပေမယ့် စည်းမျဉ်းတွေရဲ့ ဖိနှိပ်ခြင်းခံနေရတယ်။ အဲ့ဒါ ဘာဖြစ်တာလဲ။ " ကျောက်ဖုန်းက‌ မေးလိုက်သည်။

" အဲ့ဒါ ကောင်းကင်စည်းမျဉ်းတွေကြောင့်ပဲ။ " ကွေ့ကူကျိက ဖြည်းညင်းစွာ ပြောလိုက်သည်။

" ကောင်းကင်စည်းမျဉ်း ကောင်းကင်နန်းတော်လား။ " ကျောက်ဖုန်းက မေးလိုက်သည်။

" မင်းက ကောင်းကင်နန်းတော်အကြောင်း သိနေတာလား။ " ကွေ့ကူကျိက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ " သာမန်လူသားတွေရဲ့ အင်မော်တယ်လမ်းစဉ်က ပြတ်တောက်သွားတာ နှစ်ပေါင်းထောင်ချီ ကြာခဲ့ပြီ။ မင်းက ကောင်းကင်နန်းတော် တည်ရှိနေတာကို ဘယ်လိုလုပ် သိနေတာလဲ။ "

" ကျွန်တော် ရှေးဟောင်းစာအုပ်တစ်ခုတည်းက သိခဲ့ရတာပါ။ ကောင်းကင်နန်းတော်က ဘုံသုံးခုကို အုပ်ချုပ်တယ်။ ကောင်းကင်၊ မြေကြီးနဲ့ လူသား ဘုံသုံးခုလုံးက ကောင်းကင်နန်းတော်ရဲ့ တရားစီရင်ပိုင်ခွင့်အောက်မှာရှိတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" မင်းပြောတာမှန်တယ်။ ကောင်းကင်နန်းတော်က ကောင်းကင်ဘုံကို အုပ်ချုပ်ဖို့နဲ့ အင်မော်တယ်တွေကို ထိန်းချုပ်ဖို့ စွမ်းအား တကယ်ရှိတယ်။ ဒါပေမယ့် လက်ရှိကောင်းကင်နန်းတော်က အရင်တုန်းက ကောင်းကင်နန်းတော်မဟုတ်တော့ဘူး။ အခုကောင်းကင်ဘုံကလည်း အရင်တုန်းက ကောင်းကင်ဘုံ မဟုတ်တော့တာ ဖြစ်နိုင်တယ်။ " ကွေ့ကူကျိက သက်ပြင်းချလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters