အခန်း ၄၃၂
Vol. 44 Ch. 432
အခန်း (၄၃၂)
" အကြီးအကဲ ပြောပြပေးပါဦး။ " ကျောက်ဖုန်းက အရိုအသေပေးပြီး ပြောလိုက်သည်။
" လက်ရှိအင်မော်တယ်တွေက အရင်က အင်မော်တယ်တွေ မဟုတ်တော့ဘူး။ လက်ရှိ ကောင်းကင်နန်းတော်ကို နတ်ဆိုးနန်းတော်လို့ ခေါ်ရလိမ့်မယ်။ အင်မော်တယ်တွေက သွေးသားတွေ စားသောက်တာ မြင်ဖူးလား။ အင်မော်တယ်တွေက လူတွေကို အသုံးပြုပြီး ဆေးဖော်စပ်တာ မြင်ဖူးလား။ အင်မော်တယ်တွေက ကလေးတွေရဲ့ နှလုံးနဲ့ အသည်းကို စားတာ မြင်ဖူးလား။ " ကွေ့ကူကျိက ကျောက်ဖုန်းကို ကြည့်ပြီး သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်မဲ့မှု၊ ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသည်။
ကျောက်ဖုန်းက ကွေ့ကူကျိ၏ စကားများမှ မြင်ကွင်းအချို့ကို မြင်ယောင်လာသည်။ အင်မော်တယ်တွေက သွေးသောက်ပြီး အသားစားကြသည်။ သူတို့စားသောက်သော သွေးနှင့်အသားများက တိရိစ္ဆာန်များမဟုန်ဘဲ လူသားများ၏ သွေးနှင့် အသားများဖြစ်သည်။
" အင်မော်တယ်တွေက အမြဲတမ်း အဲ့ဒီလိုဖြစ်ခဲ့တာလား။ " ကျောက်ဖုန်းက တုန်လှုပ်စွာဖြင့် မေးလိုက်သည်။
" မဟုတ်ဘူး။ " ကွေ့ကူကျိက ခေါင်းခါလိုက်သည်။ " အရင်တုန်းက အဲ့လိုမဟုတ်ဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်တစ်သောင်းကျော်လောက်က ရုတ်တရက် စိတ်ဝိညာဉ်အမြစ်မလိုဘဲ ကျင့်ကြံနိုင်တဲ့ သာမန်လူသားတွေ ပေါ်လာတယ်။ ဒါပေမယ့် သူတို့က စိတ်ဝိညာဉ်အမြစ်မရှိတာမဟုတ်ဘူး။ သူတို့က စိတ်ဝိညာဉ်အမြစ်ဆေးလူံးတွေကို သောက်ပြီး သာမန်လူတွေက စိတ်ဝိညာဉ်အမြစ် ပေါ်လာကြတယ်။ သူတို့ရဲ့ ကျင့်ကြံမှုနှုန်းက သဘာဝအတိုင်း စိတ်ဝိညာဉ်အမြစ် နိုးထလာသူတွေထက် အဆပေါင်းများစွာ ပိုမြန်တယ်။ "
" ပြီးတော့ အင်မော်တယ်တွေက စိတ်ဝိညာဉ်အမြစ်ဆေးလုံးတွေကို သောက်လိုက်ရုံနဲ့ သူတို့ရဲ့ စိတ်ဝိညာဉ်အမြစ်၊ ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ အရည်အချင်းတွေ အားလုံး တိုးတက်လာတာကို တွေ့ခဲ့ရတယ်။ အဲ့ဒါကြောင့်ပဲ အင်မော်တယ်တွေက စိတ်ဝိညာဉ်အမြစ်ဆေးလုံးတွေ သောက်ပြီး ကမ္ဘာကြီးရဲ့ ငရဲခန်းက စတင်ခဲ့တာပဲ။ " ကွေ့ကူကျိက ပြောလိုက်သည်။
စိတ်ဝိညာဉ်အမြစ်ဆေးလုံးများကို သောက်ပြီး အင်မော်တယ်များက ရက်စက်ကြမ်းကြုတ်လာပြီး သွေးဆာလာကြသည်။ သူတို့က လူသွေးဝိုင်ကို သောက်ပြီး လူအသားစားခြင်းကို နှစ်သက်လာကြသည်။ အင်မော်တယ်များက လူသားများကို မွေးမြူပြီး လူများကို စားသောက်ကြသည်။
" အဲ့ဒီစိတ်ဝိညာဉ်အမြစ်ဆေးလုံးတွေက ဘယ်ကရလာတာလဲ။ လေထဲကပေါ်လာတာတော့ မဟုတ်ပါဘူး။ " ကျောက်ဖုန်းက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
" တိတိကျကျတော့မသိဘူး။ ဒါပေမယ့် စိတ်ဝိညာဉ်အမြစ်ဆေးလုံး မသောက်ဖူးတဲ့ အင်အားကြီးအင်မော်တယ်တွေ ပြောတာကတော့ ဒါက ပြင်ပက နတ်ဆိုးတွေရဲ့ လက်ချက် ဒါမှမဟုတ် ကပ်ဘေးတစ်ခုဖြစ်နိုင်တယ်လို့ ကြားဖူးတယ်။ ဒါက ငါတို့လို အဆင့်နိမ့်အင်မော်တယ်တွေ သိနိုင်တဲ့အရာမဟုတ်ဘူး။ " ကွေ့ကူကျိက သက်ပြင်းချလိုက်သည်။
" ဒီကမ္ဘာမှာသူတော်စင်ရှိလား။ " ကျောက်ဖုန်းက ချက်ချင်း မေးလိုက်သည်။
" မင်းက သူတော်စင်တွေအကြောင်း ဘယ်လိုလုပ်သိတာလဲ။ " ကွေ့ကူကျိက အံ့ဩစွာ မေးလိုက်သည်။
" သူတော်စင်တွေရှိတယ်ဆိုရင် စိတ်ဝိညာဉ်အမြစ်ဆေးလုံးတွေက ဘာလို့ရှိနေတာလဲ။ ဘာလို့ဒီလောက်ရှုပ်ထွေးနေရတာလဲ။ " ကျောက်ဖုန်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
" သူတော်စင်တွေက ပေါ်မလာတာ နှစ်ပေါင်းများစွာ ကြာပြီ။ ဘာလို့လဲတော့ အတိအကျမသိဘူး။ " ကွေ့ကူကျိက မျှော်လင့်ချက်မဲ့စွာဖြင့် ခေါင်းခါလိုက်သည်။
" သူတော်စင်တွေ တကယ်ရှိတာပဲ။ သေစမ်း ငါက ဒီကမ္ဘာကို မရိုးရှင်းမှန်း သိခဲ့ပေမယ့် ရှေးဦးမူလကမ္ဘာ ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ " ကျောက်ဖုန်းက စိတ်ထဲမှ ထိတ်လန့်သွားပြီး နားမလည်နိုင်ဖြစ်သွားသည်။
" အကြီးအကဲ ရှန်းကျ်ုးမှာ ကျင့်ကြံသူတွေ ဘာလို့မရှိတာလဲဆိုတာကို မဖြေရသေးဘူး။ ဒီရှန်းကျိုးနယ်မြေမှာ ကျင့်ကြံသူက အကြီးအကဲတစ်ယောက်ပဲ ရှိတာလား။ " ကျောက်ဖုန်းက မေးလိုက်သည်။
" မင်းက ဒုတိယမြောက်လူပဲ။ " ကွေ့ကူကျိက ရယ်မောလိုက်သည်။
" အကြီးအကဲ ကျွန်တော်ပြောတာက အင်မော်တယ်လမ်းစဉ် ကျင့်ကြံသူတွေကို ပြောတာပါ။ " ကျောက်ဖုန်းက ထပ်မေးလိုက်သည်။
" မင်းမြင်တဲ့အတိုင်းပဲလေ။ ဒီနယ်မြေမှာ ကျင့်ကြံသူဆိုလို့ ငါတစ်ယောက်ပဲရှိတယ်။ အတိအကျပြောရရင် ငါက အသက်ရှင်နေတဲ့ တစ်ဦးတည်းသော ကျင့်ကြံသူပေါ့။ " ကွေ့ကူကျိက ရယ်ပြီး ပြောလိုက်သည်။
" အင်မော်တယ်လမ်းစဉ်ရှိတယ်ဆိုရင် လူတိုင်းက စိတ်ဝိညာဉ်အမြစ်ဆေးလုံးတွေကိုပဲမှီခိုနေစရာမလိုပါဘူး။ စစ်မှန်တဲ့ အင်မော်တယ်ကျင့်ကြံသူတွေ ရှိကိုရှိရမယ်မဟုတ်လား။ " ကျောက်ဖုန်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
" မင်းက ကောင်းကင်နဲ့ မြေကြီးကြားက ဆက်သွယ်မှုအကြောင်းကြားဖူးလား။ " ကွေ့ကူကျိက မေးလိုက်သည်။
" နည်းနည်းတော့သိပါတယ်။ အင်မော်တယ်တွေ နတ်ဘုရားတွေက ကောင်းကင်ဘုံမှာနေတယ်။ လူသားတွေက လူသားဘုံမှာနေတယ်။ တစ်ယောက်နဲ့တစ်ယောက် ကိုယ့်တာဝန်ကို ကျေပွန်ကြတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" အင်မော်တယ်တွေက လူသားဘုံကို ဝင်လို့မရဘူး။ ဒါက လုံးဝကျော်လွန်ခြင်းရဲ့ အနှစ်သာရပဲ။ " ကွေ့ကူကျိက ဖြည်းညင်းစွာ ပြောလိုက်သည်။
" ဒါဆို အကြီးအကဲက ဘာလို့ ဒီမှာရောက်နေတာလဲ။ ပြီးတော် အင်မော်တယ်တွေက လူသားဘုံကို ဆင်းမလာနိုင်ဘူးဆိုရင် ကျင့်စဉ်တွေ လက်ဆင့်ကမ်းထားသင့်တယ်မဟုတ်လား။ " ကျောက်ဖုန်းက အံ့ဩစွာဖြင့် ဆက်မေးလိုက်သည်။
" စိတ်ဝိညာဉ်အမြစ်ဆေးလုံး သောက်တဲ့ အင်မော်တယ်တွေက မသောက်တဲ့ ကျင့်ကြံသူတွေကို နတ်ဆိုးအဖြစ် သတ်မှတ်ပြီး ဖမ်းဆီးကြတယ်။ ရှန်းကျိုးက နောက်ဆုံးကျန်ရစ်တဲ့ သန့်စင်နယ်မြေပဲ။ သူတို့က ရှန်းကျိုးရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကို ဖြတ်တောက်ပြီး ခုခံနိုင်မယ့်အခွင့်အရေးအားလုံးကို ဖျက်ဆီးလိုက်တာပဲ။ " ကွေ့ကူကျိက လေးနက်စွာ ပြောလိုက်သည်။
" ရှန်းကျိုးက နောက်ဆုံး ကျန်ရှိတဲ့ သန့်စင်နယ်မြေလား။ ကမ္ဘာတစ်ခုလုံး ကျဆုံးသွားပြီဆိုရင် ရှန်းကျိုးက ဘာလို့ဆက်ရှိနေသေးတာလဲ။ ရှန်းကျိုးကိုကာကွယ်ပေးထားတာ တစ်ခုခု ရှိလို့လား။ " ကျောက်ဖုန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။
" ရှန်းကျိုးက လူသားမျိုးနွယ်ရဲ့ နောက်ဆုံး ကံကြမ္မာစွမ်းအားနဲ့ ထိန်းထားတာပဲ။ ငါပြောတဲ့ ကံကြမ္မာစွမ်းအားဆိုတာကို မင်းနားလည်ချင်မှ နားလည်လိမ့်မယ်။ ပြောရရင် ရှန်းကျိုးက နောက်ထပ် နှစ်တစ်ထောင်လောက်ထိ သန့်စင်နယ်မြေဖြစ်နေလိမ့်မယ်။ နှစ်တစ်ထောင်ကျော်သွားရင်တော့ ဘာဖြစ်လာမလဲ မသိသေးဘူး။ " ကွေ့ကူကျိက မျှော်လင့်ချက်မဲ့စွာ ပြောလိုက်သည်။
" နှစ်တစ်ထောင်ကြာသွားရင် လူသားမျိုးနွယ်ရဲ့ ကံကြမ္မာစွမ်းအားက ကုန်ဆုံးသွားမှာလား။ " ကျောက်ဖုန်းက မေးလိုက်သည်။
" ကံကြမ္မာစွမ်းအားက လူသားမျိုးနွယ်နဲ့ နိုင်ငံတွေ စည်းလုံးမှုအပေါ်မှာ မူတည်တယ်။ နိုင်ငံတွေရှုပ်ထွေးပြီး စစ်ပွဲတွေဖြစ်လာလို့ လူသားတွေ သေဆုံးသွားရင် ကံကြမ္မာစွမ်းအားကလည်း လျော့နည်းသွားလိမ့်မယ်။ လူတစ်ယောက်သေဆုံးလေ ကံကြမ္မာစွမ်းအားက လျော့ကျလေပဲ။ ဒီလောက်ဆို နားလည်တယ်မဟုတ်လား။ ပြီးတော့ သူတို့က ရှန်းကျိုးကို မျက်စိကျနေကြတာ။ ကံကြမ္မာစွမ်းအားတွေ မှေးမှိန်သွားပြီး ရှန်းကျိုးကို မကာကွယ်နိုင်တော့တာနဲ့ နယ်မြေတစ်ခုလုံးက သွေးချောင်းစီးပြီး ငရဲခန်း ဖြစ်သွားလိမ့်မယ်။ " ကွေ့ကူကျိက မျှော်လင့်ချက်မဲ့စွာ ပြောလိုက်သည်။
ကျောက်ဖုန်းက သမိုင်းကို ချက်ချင်း ပြန်တွေးမိသည်။ ချင်ရှီဟွမ် သေဆုံးပြီး ချင်နိုင်ငံ၏ အဆုံးသတ်ဖြစ်သည်။ အနာဂတ်တွင် ရှန်းကျိုးက စစ်ပွဲများနှင့် အဆုံးမရှိ ဒုက္ခရောက်ပေလိမ့်မည်။ နောက်ဆုံး နယ်မြေတစ်ခုလုံး သွေးမြေကျပေလိမ့်မည်။ ထိုအရာအားလုံးက ထိုအင်မော်တယ်ဟုခေါ်သူများ၏ အစီအစဉ် ဖြစ်နိုင်သည်။ ရှန်းကျိုး၏ ကံကြမ္မာစွမ်းအားကို ဖျက်ဆီးပြီး ရှန်းကျိုးက သတ်ကွင်းတစ်ခု ဖြစ်လာပေလိမ့်မည်။
ကျောက်ဖုန်းပင် ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ အနာဂတ်တွင် လူသားမျိူးနွယ်၊ဟွာရှလူများက ဒုက္ခရောက်ပေလိမ့်မည်။
" အကြီးအကဲက ဒါကို သိနေရင် ဘာလို့မတားဆီးတာလဲ။ အကြီးအကဲရဲ့ စွမ်းအားနဲ့ဆို ဒါကို တားဆီးနိုင်မှာပါ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" ရှန်းကျိုးက အင်မော်တယ်တွေကို လက်မခံဘူး။ ငါက ဒဏ်ရာအပြင်းအထန် ရထားပေမယ့် အင်မော်တယ်ခန္ဓာ ရှိနေတုန်းပဲ။ လူသားမျိုးနွယ်ထဲ ဝင်လိုက်တာနဲ့ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာစွမ်းအားက ငါ့ကို ဝါးမြိုသွားလိမ့်မယ်။ ဒါက ငါက တိုက်ရိုက်လှုပ်ရှားလို့မရဘူး။ " ကွေ့ကူကျိက သက်ပြင်းချလိုက်သည်။
" ဒါကြောင့် တပည့်တွေကို ရှန်းကျိုးနယ်မြေကို လွှတ်ပြီး ရှန်းကျိုးရဲ့ရှုပ်ထွေးမှုတွေကို အဆုံးသတ်ခိုင်းတာလား။ " ကျောက်ဖုန်ယက နားလည်သွားသည်။
" မှန်တယ်။ ကံမကောင်းစွာနဲ့ ငါ့တပည့်တွေက တော်ပေမယ့် သူတို့က သာမန်လူသားတွေပဲ။ နိုင်ငံအသီးသီးရဲ့ ရှုပ်ထွေးမှုတွေကို အဆုံးသတ်ပြီး ကမ္ဘာကို စုစည်းဖို့ မလွယ်ဘူး။ ဒါပေမယ့် ငါက ရှန်းကျိုးနယ်မြေက လူသားမျိုးနွယ်ရဲ့ ကံကြမ္မာစွမ်းအားကို စုစည်းဖို့ ကြံစည်နေချိန်မှာ အဲ့ဒီအင်မော်တယ်တွေကလည်း သူတို့နည်းလမ်းနဲ့သူတို့ မလှုပ်ရှားဘဲ နေပါ့မလား။ သူတို့က လူသားမျိုးနွယ်ရဲ့ ကံကြမ္မာစွမ်းအား စုစည်းသွားမှာကို အကြောက်ဆုံးပဲ။ "
" ယွီလျောင်က တော်တယ်။ ငါ့တပည့်တွေထဲမှာ သူက ဘုရင်တစ်ပါး လက်အောက်မှာ စည်းလုံးအောင် ကူညီဖို့ အနီးစပ်ဆုံးပဲ။ ပြီးတော့ အဲ့ဒီအင်မော်တယ်တွေအတွက် မင်းက ပြောင်းလဲနိုင်သူတစ်ယောက် ဖြစ်လာနိုင်တယ်။ သိုင်းတာအိုက လုံးဝ ကွဲပြားတဲ့ လမ်းစဉ်တစ်ခုပဲ။ မင်းသာ ပိုပြီး သန်မာလာရင် ရှန်းကျိုးကို တကယ် ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ " ကွေ့ကူကျိက ကျောက်ဖုန်းကို မျှော်လင့်ချက်များနှင့် ကြည့်လိုက်သည်။
သူက ကျောက်ဖုန်းအကြောင်း ဘာမှမသိသော်လည်း ကျောက်ဖုန်းဆီမှ မျှော်လင့်ချက်ကို မြင်ရသည်။ သိုင်းတာအိုက စိတ်ဝိညာဉ်အမြစ် မလိုပေ။ ထိုအင်မော်တယ်များနှင့် အနာဂတ်တွင် ရင်ဆိုင်ရမည့်ကိစ္စက ရှုံးနိမ့်ခြင်းဖြင့်သာ အဆုံးသတ်လိမ့်မည်ဟု မသေချာတော့ပေ။ ရှန်းကျိုးမှ လူသားမျိုးနွယ်၏ ကံကြမ္မာစွမ်းအားက တည်ရှိနေဆဲ ဖြစ်ပြီး ကျောက်ဖုန်းတွင် ကျင့်ကြံရန် အချိန်များစွာ ရှိနေသေးသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့