← Chapters

အခန်း ၄၃၄

Vol. 44 Ch. 434

အခန်း ၄၃၄

Vol. 44 Ch. 434

အခန်း (၄၃၄)

" စစ်သေနာပတိချုပ်ဟွမ်ယိရဲ့ အ‌ရေးပေါ်အစီရင်ခံစာ အရှင်ချန်ဖျင် မီချီက ချင်နိုင်ငံကို သစ္စာဖောက်ပြီး ချူနိုင်ငံဘက်ကို ကူးပြောင်းသွားပါတယ်။ " ဟန်ဖေးက ကျယ်လောင်စွာ ပြောလိုက်သည်။

ထိုစကားများ ထွက်ပေါ်လာသည်နှင့် ခန်းမထဲမှ အရာရှိတိုင်းက မှင်သက်သွားကြပြီး မယုံကြည်နိုင်ဖြစ်သွားကြသည်။ အထူးသဖြင့် ဖုစု၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်က ယိမ်းယိုင်သွားသည်။ သို့သော် ဟူဟိုက်နှင့် ကျောက်ကောင်းတို့ကတော့ အံ့အားသင့်သွားပြီးနောက် ဝမ်းသာသွားကြပြီး ထအော်ချင်စိတ်ပင် ပေါက်သွားကြသည်။

" ကောင်းကင်က ဖုစုကို အိမ်ရှေ့စံ မဖြစ်စေချင်ဘူး။ မီချီက ဖုစုရဲ့ အဘိုးပဲ။ မီချီက ချင်နိုင်ငံနဲ့ ချင်ဘုရင်ကို သစ္စာဖောက်တယ်။ ဒီလိုသစ္စာဖောက်ရဲ့ မြေးက ဘယ်လိုလုပ် အိမ်ရှေ့စံမင်းသား ဖြစ်နိုင်တော့မှာလဲ။ ဖုစုနဲ့ မီမိသားစုကတော့သွားပြီ။ " ကျောက်ကောင်းက စိတ်လှုပ်ရှားစွာဖြင့် တွေးလိုက်သည်။ မီချီ၏ သစ္စာဖောက်မှုက ဖုစုနှင့် မီမိသားစုကို ဖျက်ဆီးလိုက်ခြင်းပင်ဖြစ်သည်။

" သွားပြီ။ အကြီးဆုံးမင်းသားတော့ ပြီးသွားပြီ။ " ဟွိုက်ကျွမ်းက ထိတ်လန့်စွာဖြင့် တွေးလိုက်သည်။ ဖုစုကို ထောက်ခံခဲ့သော ဝန်ကြီးများကလည်း အတူတူပင် ဖြစ်သည်။

" အရှင်ချန်ဖျင်က ချင်နိုင်ငံကို ဘာလို့သစ္စာဖောက်ရမှာလဲ။ အရှင်မင်းကြီး ဒီကိစ္စရဲ့ နောက်ကွယ်မှာ တစ်ခုခုများ ရှိနေတာလား။ " ဟွိုက်ကျွမ်းက သူ၏ စိတ်ကို ထိန်းချုပ်ပြီး မေးလိုက်သည်။

" နိုင်ငံကို သစ္စာဖောက်တာက သေချာနေပြီပဲ။ ဘာအကြောင်းပြချက်လိုဦးမှာလဲ။ " ရင်ကျန့်က ကျိန်းမောင်းလိုက်သည်။

" အ‌ရေးပေါ်အစီရင်ခံစာကို စစ်သေနာပတိချုပ်ဟွမ်ယိကိုယ်တိုင် ရေးသားခဲ့တာပဲ။ ကျွန်တော်မျိုး ဖတ်ပြပါမယ်။ မီချီက ချင်နိုင်ငံကို သစ္စာဖောက်ပြီး ချူနိုင်ငံက ရှန်းယန်နဲ့ ပူးပေါင်းပြီး ဟန်ကုစခန်းကို ဖျက်ဆီးဖို့ ကြံစည်ခဲ့ပါတယ်။ ရှန်းယန်က ချူဖန်မြို့က ထွက်လာပြီး ကျွန်တော်မျိုးတို့ စစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်အောင် ဆွဲဆောင်ခဲ့ပါတယ်။ ကျွန်တော်မျိုးတို့ တပ်တွေ မြို့က ထွက်သွားတာနဲ့ မီချီက ကျွန်တော်မျိုးတို့ရဲ့ ရိက္ခာလမ်းကြောင်းကို ဖြတ်တောက်ပြီး ချန်းယင်မြို့ကနေ ကျွန်တော်မျိုးတို့ တပ်တွေ နောက်ဆုတ်မယ့် လမ်းကြောင်းကို ပိတ်ဆို့ခဲ့ပါတယ်။ "

" ကံကောင်းစွာနဲ့ စစ်သေနာပတိချုပ်ကျောက်ဖုန်းက မီချီရဲ့ သစ္စာဖောက်မှုကို သတိပေးခဲ့ပါတယ်။ ရှန်းယန် ထွက်လာချိန်မှာ ကျွန်တော်မျိုးတို့ တပ်တွေက နောက်ဆုက်ခဲ့ပြီး မီချီ အဆင်သင့်မဖြစ်ခင် ချန်းယင်မြို့ကို တိုက်ခိုက်ခဲ့ပါတယ်။ မြို့ကို တစ်ခါတည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မီချီရဲ့ သစ္စာဖောက်မှုမှာ ပါဝင်တဲ့ လူအများစုကို ကျွန်တော်မျိုးရဲ့ တပ်တွေက ကွပ်မျက်ခဲ့ပါတယ်။ ဒါပေမယ့် မီချီကတော့ အခြေအနေကို သိသွားပြီး ကျန်တဲ့ တပ်တွေနဲ့အတူ ချူနိုင်ငံကို ထွက်ပြေးသွားခဲ့ပါတယ်။ ကျွန်တော်မျိုးက တပ်တွေကို ချူနယ်မြေက ပြန်ရုပ်သိမ်းပြီး စခန်းတစ်ခုလုံးကို ချန်းယင်မြို့မှာ တပ်စွဲထားခဲ့ပါတယ်။ ချူနိုင်ငံကို နောက်တစ်ကြိမ် မတိုက်ခိုက်ခင် အနားယူနေပါတယ်။ " ဟန်ဖေး၏ အသံက ခန်းမထဲတွင် ပဲ့တင်ထပ်သွားသည်။

ခန်းမထဲမှ အရာရှိအားလုံး၏ အမူအရာများက ပြောင်းလဲသွားကြသည်။ ဟွမ်ယိကိုယ်တိုင် ရေးသားထားသော စာလုံးတိုင်းက အဓိပ္ပါယ်ရှိလှသည်။ ချူနိုင်ငံမှ စစ်မြေပြင်ကို စိတ်ကူးကြည့်နိုင်လေသည်။ ကျောက်ဖုန်းဆီမှ သတင်းသာ မရခဲ့လျှင် ဟန်ကုစခန်းက အမှန်တကယ် ပျက်စီးသွားစေနိုင်သည်။ ဟန်ဖေး၏ နောက်ဆုံးစကားနှင့်အတူ ခန်းမတစ်ခုလုံးက တိတ်ဆိတ်သွားပြီး ဘယ်သူမှ အသံမထွက်ရဲတော့ပေ။ လူတိုင်းက ရင်ကျန့်၏ ဒေါသကို ခံစားမိကြသည်။

မီချီ၏ သစ္စာဖောက်မှုက ရင်ကျန့်၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်ဖြစ်သည်။ မီချီက ချင်နိုင်ငံအတွက် ကြီးမားသော ကပ်ဘေးကို ယူဆောင်လာခြင်းဖြစ်သည်။ စစ်သည်သိန်းချီက သူကြောင့် သေဆုံးသွားနိုင်သည်။

" စစ်သေနာပတိချုပ်ဟွမ်ယိကို သတင်းပေးပို့ခဲ့တဲ့ ဝူအန်းကျွင်းကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ဟန်ကုစခန်းက ပျက်စီးသွားလိမ့်မယ်။ မီချီက တော်ဝင်မိသားစုဝင်တစ်ယောက်ပါ။ သူက ချင်နိုင်ငံကို သစ္စာဖောက်လိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ။ " ဟန်ဖေးက ပထမဆုံးစကားပြောလိုက်သည်။ " စစ်သေနာပတိချုပ်ဟွမ်ယိတောင် သူ့ကို ယုံကြည်ပြီး ရိက္ခာစီမံခန့်ခွဲဖို့ တာဝန်ပေးခဲ့တာပါ။ ဒါက တကယ်ကို အန္တရာယ်များလွန်းပါတယ်။ "

" မှန်တယ်။ ဒါက တကယ်ကို အန္တရာယ်များလွန်းတယ်။ " ဝမ်ကျန့်ကလည်း စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

ဤတစ်ကြိမ်တွင် ရင်ကျန့်က အမှန်တကယ် ‌ဒေါသထွက်နေခဲ့သည်။ သူက ထိုင်ခုံမှ ဖြည်းညင်းစွာ ထရပ်လိုက်သည်။ ထို့နောက် သူက ရုတ်တရက် လှည့်ထွက်သွားပြီး နောက်ဘက် နန်းဆောင်ဆီသို့ လျှောက်သွားသည်။ ဤအချိန်တွင် သူက အလွန်ဒေါသထွက်နေသောကြောင့် စကားမပြောလိုတော့ပေ။

ဝန်ကြီးများမပြောနှင့် ချင်ဘုရင်ကိုယ်တိုင်ပင် ၎င်းကို ကြိုမမြင်ခဲ့ပေ။ မီမိသားစုအပေါ် သူပေးအပ်ခဲ့သော အကျိုးကျေးဇူးများနှင့် အခွင့်အရေးများက အမှန်တကယ် ကြီးမားလှသည်။ မီချီကို ပြန်လာလျှင် ညာဝန်ကြီးချုပ်ရာထူးပင် ပေးအပ်မည်ဟု ကတိပေးခဲ့သည်။ သို့သော် မီမိသားစု၏ အမြင့်ဆုံး အဆင့်အတန်းကို ရရှိထားသော မီချီကပင် သူ့ကို သစ္စာဖောက်သွားခဲ့သည်။

ထွက်ခွာသွားသော ရင်ကျန့်ကို ကြည့်ပြီး ဖုစု၏ မျက်နှာကလည်း လူသေတစ်ယောက်ကဲ့သို့ ဖြူဖျော့နေသည်။ သူ၏ အဘိုးဖြစ်သူ သစ္စာဖောက်သွားခြင်းက ဘာကိုဆိုလိုသည်ကို သူလည်းနားလည်ပေသည်။

" အကိုတော်ရဲ့ မိခင်ဘက်က ဆွေးမျိုးတွေက အကိုတော်ကို ထိခိုက်အောင်လုပ်ဖို့ လက်မရွံ့ကြဘူးပဲ။ " ဟူဟိုက်က ချဉ်းကပ်လာပြီး လှောင်ပြောင်လိုက်သည်။

ဖုစု ပြဿနာတစ်ခုတက်တိုင်း သူက မလှောင်ပြောင်ဘဲ မနေနိုင်ပေ။ သူဘာမှလုပ်စရာမလိုဘဲ ဖုစုဘက်မှ လူများက သူတို့ဘာသာ သူတို့ ဒုက္ခ‌ရောက်နေကြခြင်းဖြစ်သည်။ ဤကိစ္စပြီးလျှင် ဖုစုကို ထောက်ခံသူများက ရှိတော့မည်မဟုတ်ပေ။ ထို့ကြောင့် ဟူဟိုက် ဝမ်းသာနေသည်မှာ မထူးဆန်းပေ။

ကျန်းထိုင်နန်းဆောင်ထဲတွင် ရင်ကျန့်က ထိုင်ခုံပေါ်တွင် ထိုင်နေပြီး ပထမဆုံးအကြိမ်အဖြစ် ဘာအစီရင်ခံစာမှမစစ်ဆေးဘဲ ရှိနေသည်။ မီချီ ချင်နိုင်ငံအား သစ္စာဖောက်သွားသည်ကို သူကိုယ်တိုင်ပင် မယုံကြည်နိုင်ဖြစ်နေသည်။ သူက မီချီကိုရာထူးအာဏာများ ပေးအပ်ခဲ့ရုံသာမက တော်ဝင်ဆွေမျိုးအဆင့်အတန်းကိုလည်း ပေးအပ်ခဲ့သည်။

" ငါ သူ့အပေါ် အရမ်းကောင်းခဲ့လို့လား။ ငါ သူတို့အပေါ် လွတ်လပ်ခွင့် အရမ်းပေးမိလို့လား။ ငါ သူတို့ကို ဒီလောက်ထိ ချီးမြှောက်ခဲ့တာတောင် သူက သစ္စာဖောက်ရဲတယ်ပေါ့။ ဘယ်လောက်တောင် ရဲတင်းလိုက်လဲ။ " ရင်ကျန့်၏ အမူအရာက ပို၍ အေးစက်လာသည်။

နိုင်ငံကို စတင်အုပ်ချုပ်ကတည်းက သူက သစ္စာရှိသူများကို ယုံကြည်ပြီး သံသယရှိသူများကို လက်မခံခဲ့ပေ။ နန်းတွင်းရှိ ဝန်ကြီးများကလည်း သူ၏ ယုံကြည်မှုနှင့် ထိုက်တန်သူများဖြစ်ပြီး သစ္စာရှိစွာဖြင့် အမှုထမ်းခဲ့ကြသည်။ သို့သော် ယခု မီချီ၏ သစ္စာဖောက်မှုက ရင်ကျန့်ကို အလွန်ဒေါသထွက်စေခဲ့သည်။

ထိုအချိန်တွင်

" အရှင်မင်းကြီး ကျွန်မ ကြင်ယာတော်မီက မီမိသားစုတွေကို ဦးဆောင်ပြီး ကျွန်မရဲ့ ဖခင်အတွက် အရှင်မင်းကြီးကို လာရောက်တောင်းပန်ပါတယ်။ " နန်းတော်အပြင်ဘက်တွင် ဝမ်းနည်းနေသော အသံတစ်ခုက ထွက်ပေါ်လာသည်။

ထိုအသံကို ကြားသောအခါ ရင်ကျန့်က ဖြည်းညင်းစွာ မော့ကြည့်လိုက်သည်။ ဘေးတွင် တာဝန်ထမ်းဆောင်နေသော ကျောက်ကောင်းက ရင်ကျန့်ကို သတိကြီးစွာဖြင့် ကြည့်လိုက်သည်။ သို့သော် ရင်ကျန့်က ဘာမှမပြောသောကြောင့် သူက မလှုပ်ရှားရဲပေ။

" ကျွန်တော်မျိုးတို့မှာ အပြစ်ရှိပါတယ်။ အရှင်မင်းကြီး အပြစ်ပေးတော်မူပါ။ " အပြင်မှ လူအချို့၏ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

အပြင်တွင် ဖုစု၏ မိခင် ကြင်ယာတော်မီက ရှေ့ဆုံးမှ ဒူးထောက်နေပြီး သူမ၏ နောက်တွင် မီမိသားစု၏ အရာရှိများက ဒူးထောက်နေကြသည်။

ခန်းမထဲတွင် ရင်ကျန့်က ခံစားချက်မဲ့သော အမူအရာနှင့် ရှိနေသည်။ သူက ညီလာခံခန်းမမှ ထွက်လာခြင်းမှာ မီမိသားစု၏ အပြစ်ကို မည်သို့ဆုံးဖြတ်ရမည်ကို မသိသောကြောင့်ဖြစ်သည်။ မီချီက သစ္စာဖောက်ခဲ့သောကြောင့် သူ၏ မိသားစုတစ်ခုလုံးကို ကွပ်မျက်ရမည်ဖြစ်သည်။ ရင်ကျန့်သာ အမြန်ထွက်မလာခဲ့လျှင် ခန်းမထဲမှ ဝန်ကြီးများက မီမိသားစုကို ပြစ်ဒဏ်ချမှတ်ပေးရန် တောင်းဆိုကြပေလိမ့်မည်။

" ကျွန်တော်မျိုးမရဲ့ ဖခင်က ခွင့်လွှတ်လို့မရဲ့ ပြစ်မှုကို ကျူးလွန်ခဲ့ပါတယ်။ ကျွန်တော်မျိုးမက သူ့အစား ပြစ်ဒဏ်ခံယူဖို့ အဆင်သင့်ပါပဲ။ မီချီရဲ့ သစ္စာဖောက်မှုကို မသိတဲ့ မီမိသားစုဝင်တွေကို အသက်ချမ်းသာပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော်မျိုးမ နန်းတွင်းမှာ ထာဝရအကျဉ်းချခံဖို့ အဆင်သင့်ပါပဲ။ ဒီဘဝမှာ အရှင်မင်းကြီးနဲ့ ထပ်မတွေ့တော့ပါဘူး၊ ဖုစုနဲ့လည်း ထပ်မတွေ့တော့ပါဘူး။ " ကြင်ယာတော်မီ၏ အသံက ဝမ်းနည်းကြေကွဲမှုများဖြင့် ပြည့်နှက်နေသည်။

ထိုအပြစ်ကို သူမမခံယူလျှင် ဖုစုအပါအဝင် မီမိသားစုတစ်ခုလုံး ဒုက္ခရောက်ပေလိမ့်မည်။ သမီးတစ်ယောက် မိခင်တစ်ယောက်အနေဖြင့် သူမက ပြစ်ဒဏ်ကို ခံယူမှသာ ရင်ကျန့်၏ ဒေါသကို ပြေလျော့စေပြီး နန်းတွင်းမှ စွပ်စွဲမှုများကို ရပ်တန့်နိုင်မည်ဖြစ်သည်။

ကျန်းထိုင်နန်းဆောင်ထဲတွင် ကြင်ယာတော်မီ၏ စကားများကို ကြားသောအခါ ရင်ကျန့်၏ မျက်နှာပေါ်မှ အေးစက်မှုများက အနည်းငယ် လှုပ်ခါသွားသည်။ မိခင်တစ်ယောက်အနေဖြင့် သားတစ်ယောက်ကို ဘဝတစ်ခုလုံး မတွေ့ရခြင်းက သံသယဝင်စရာမလိုဘဲ အကြီးမားဆုံး ပြစ်ဒဏ်ပင်ဖြစ်သည်။ သို့သော် ထိုမျှနှင့် မလုံလောက်သေးပေ။

" မီမိသားစုအရာရှိအားလုံးက ရာထူးလျှော့ချပြီး လစာတွေ စွန့်လွှတ်ပါမယ်။ အရှင်မင်းကြီးရဲ့ ခွင့်လွှတ်မှုကို တောင်းခံပါတယ်။ " မီမိသားစု၏ အရာရှိများကလည်း ဝမ်းနည်းစွာဖြင့် တောင်းပန်လိုက်ကြသည်။

ကျန်းထိုင်နန်းဆောင်ထဲမှ ရင်ကျန့်၏ မျက်နှာပေါ်တွင် ခံစားချက်အချို့ ပေါ်လာသည်။

" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ဒီနေ့ကစပြီး ကြင်ယာတော်မီက နန်းတွင်းမှာ ထာဝရအကျဉ်းချခံရမယ်။ အပြင် လုံးဝမထွက်ရဘူး။ မီမိသားစုရဲ့ အရာရှိအားလုံးကို ရာထူးတစ်ဆင့်လျှော့ချပြီး တစ်နှစ်စာလစာကို သိမ်းယူမယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

" ကျွန်တော်မျိုး အမိန့်ကို နာခံပါတယ်။ " ကျောက်ကောင်းက ရိုသေစွာ ပြောပြီး ဆုတ်ခွာသွားသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters