အခန်း ၄၃၅
Vol. 44 Ch. 435
အခန်း (၄၃၅)
ကျောက်ကောင်းက အပြင်သို့ ရောက်ရှိသွားသောအခါ ကြင်ယာတော်မီနှင့် မီမိသားစုဝင်များက စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။
" အရှင်မင်းကြီးရဲ့ အမိန့်တော် ဒီနေ့ကစပြီး ကြင်ယာတော်မီက နန်းတွင်းမှာ ထာဝရအကျဉ်းချခံရမယ်။ အပြင် လုံးဝမထွက်ရဘူး။ မီမိသားစုရဲ့ အရာရှိအားလုံးကို ရာထူးတစ်ဆင့်လျှော့ချပြီး တစ်နှစ်စာလစာကို သိမ်းယူမယ်။ " ကျောက်ကောင်းက ကျယ်လောင်စွာ ကြေညာလိုက်သည်။
" ကျွန်တော်မျိုးမ အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ " ကြင်ယာတော်မီက ကြမ်းပြင်ထိအောင် ဦးညွှတ်လိုက်သည်။
" ကျွန်တော်မျိုးတို့ အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ " မီမိသားစု၏ အရာရှိများအားလုံးက ဦးညွှတ်လိုက်ကြသည်။
" ဦးလေးတို့ ညီအကိုမောင်နှမအားလုံး ကျွန်မရဲ့ ဖခင်ကို သင်ခန်းစာတစ်ခုအနေနဲ့ ယူကြဖို့ မျှော်လင့်ပါတယ်။ " ကြင်ယာတော်မီက မီမိသားစုဝင်များကို ပြောလိုက်သည်။ " ဒီနေ့ကစပြီး မီမိသားစုက ချင်နိုင်ငံမှာ ဘာအခွင့်အရေးမှ မရှိတော့သလို အရှင်မင်းကြီးရဲ့ စိတ်ထဲမှာလည်း ဘာမှမရှိတော့ဘူး။ "
မီမိသားစု၏ အရာရှိအားလုံး၏ စိတ်ထဲတွင် ခါးသီးမှုများဖြင့် ပြည့်နှက်နေသည်။
" မယ်တော် " ထိုအချိန်တွင် အဝေးမှ အသံတစ်ခုထွက်ပေါ်လာပြီး ဖုစုက အမြန်ပြေးလာသည်။
ကြင်ယာတော်မီက လျင်မြန်စွာ ထွက်ခွာသွားသည်။
" မယ်တော် ဘာလို့ သားတော်ကို ရှောင်နေတာလဲ။ " ဖုစုက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
" မင်းသားဖုစု အရှင်မင်းကြီးရဲ့ အမိန့်တော်ပါ။ မီချီရဲ့ ပြစ်မှုအတွက် ကြင်ယာတော်မီနဲ့ မီမိသားစုတစ်ခုလုံးက ခံယူရမှာပါ။ ဒီနေ့ကစပြီး ကြင်ယာတော်မီကို နန်းတွင်းမှာ အကျဉ်းချပြီး အပြင်ထွက်ခွင့်မရှိပါဘူး။ မင်းသားနဲ့လည်း နောက်ဘယ်တော့မှ မတွေ့ရတော့ပါဘူး။ " ကျောက်ကောင်းက ဖုစု၏ ရှေ့တွင် ပိတ်ရပ်ပြီး အေးစက်စွာ ပြောလိုက်သည်။
" ဖယ်စမ်း " ဖုစုက ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း သူက လွန်လွန်ကျူးကျူး မလုပ်ရဲပေ။
ခန်းမထဲတွင် ဖုစု၏ လုပ်ရပ်ကို ကြည့်ပြီး ရင်ကျန့်က စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်သည်။
" ခမည်းတော် အဘိုးရဲ့ အပြစ်တွေကို သားတော်တစ်ယောက်တည်း ခံယူပါ့မယ်။ " ဖုစုက ခန်းမရှေ့တွင် ဒူးထောက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
သို့သော်ရင်ကျန့်က တစ်ချက်ကြည့်ပြီး ဂရုစိုက်ဟန်မပြခဲ့ပေ။ ကျောက်ကောင်းက ကျန်းထိုင်နန်းဆောင်ထဲသို့ ဝင်လာခဲ့သည်။
" သူ ဒူးထောက်ချင်ရင် ထောက်နေပါစေ။ မီမိသားစု ကျူးလွန်ခဲ့တဲ့ ပြစ်မှုက ခွင့်လွှတ်လို့မရဘူး။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။
" ကျွန်တော်မျိုး နားလည်ပါပြီ။ " ကျောက်ကောင်းက အရိုအသေပေးပြီး ထွက်ခွာသွားသည်။
" ဖုန်းအာက ဟန်ကုစခန်းကို ကယ်တင်ခဲ့တာပဲ။ သူသာမရှိရင် ဟန်ကုစခန်းတစ်ခုလုံးကို မီချီက ဖျက်ဆီးပစ်မှာ သေချာတယ်။ " ရင်ကျန့်က စိုးရိမ်သော အမူအရာနှင့် တွေးလိုက်သည်။
ဟန်ကုစခန်းက ချင်နိုင်ငံတွင် စစ်သည်အနည်းဆုံးဖြစ်သော်လည်း သူတို့က ချင်စစ်သည်များသာဖြစ်ပြီး သူတို့ ကျဆုံးသွားလျှင် ချင်နိုင်ငံ၏ အင်အားကလည်း ကျဆင်းသွားပေလိမ့်မည်။ မီချီက သစ္စာဖောက်ခဲ့သော်လည်း ကျောက်ဖုန်း၏ သတိပေးချက်ကြောင့် အထိအခိုက် အနည်းဆုံးဖြစ်အောင် လုပ်နိုင်ခဲ့သည်။
" အခုအခြေအနေအရဆို ဟွမ်ယိတစ်ယောက်တည်းနဲ့ ချူနိုင်ငံကို ဖျက်ဆီးဖို့ မဖြစ်နိုင်သလောက်ဖြစ်သွားပြီ။ ဖုန်းအာကို မြို့တော်ကို ပြန်ခေါ်ရမယ်။ မဟုတ်ဘူး ယွင်ကျုံးမြို့ကို တိုက်ရိုက်လွှတ်ပြီး ဝူအန်းစခန်းကို တောင်ဘက်ကနေ ချူနိုင်ငံကို တိုက်ခိုက်ခိုင်းရမယ်။ " ရင်ကျန့်က စိတ်ထဲမှ တွေးလိုက်သည်။ သူက ထိုင်ခုံဆီသို့ သွားပြီး တော်ဝင်အမိန့်စာတစ်ခုကို ယူလိုက်သည်။
" ဟန်ကုစခန်းတစ်ခုတည်းနဲ့ ချူနိုင်ငံကို မဖျက်ဆီးနိုင်တော့ဘူး။ ကျောက်ဖုန်း ယွင်ကျုံးမြို့ကို သွားပြီး ဝူအန်းစခန်းက တောင်ဘက်ကနေ ချူနိုင်ငံကို တိုက်ခိုက်ရမယ်။ " ရင်ကျန့်က အမိန့်တော်ကို ရေးသားလိုက်သည်။
" သွမ်လော့ "
သွမ်လောက ရင်ကျန့်၏ ရှေ့သို့ ရောက်လာသည်။
" ဒီမှာ အမိန့်စာနှစ်ခုရှိတယ်။ တစ်ခုက ယွင်ကျုံးမြို့က တုဆွေကို ပေးလိုက်။ တစ်ခုက ကျောက်ဖုန်းအတွက်ပဲ။ " ရင်ကျန့်က အမိန့်စာနှစ်စောင်ကို ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " သွမ်လောက ရိုသေစွာ လက်ခံပြီး လျင်မြန်စွာ ထွက်ခွာသွားသည်။
ဝူအန်းစခန်းကို ချူနိုင်ငံကို တိုက်ခိုက်ခိုင်းသော ရင်ကျန့်၏ အမိန့်က လျို့ဝှက်ချက်ဖြစ်ပြီး အခြားဘယ်သူမှ မသိစေချင်ပေ။ ရည်ရွယ်ချက်က ချူနိုင်ငံကို မထင်မှတ်ထားသော အချိန်တွင် တိုက်ခိုက်ရန်ဖြစ်သည်။
"ဖုန်းအာ ချူနိုင်ငံက်င ဘယ်လိုသိမ်းပိုက်မလဲဆိုတာ ကြည့်ရမှာပဲ။ ဟန်ဖေးကို လုံလောက်တဲ့ ရိက္ခါတွေ ပြင်ဆင်ခိုင်းထားရင် ရပါပြီ။ ဝူအန်းစခန်းအတွက် လိုအပ်တဲ့ ရိက္ခါတွေကို တုချန်ဒေသက စုဆောင်းရင် လုံလောက်ပါတယ်။ " ရင်ကျန့်က တွေးလိုက်သည်။
ယွင်ကျုံးမြို့နှင့် ဆယ်လီကွာဝေးသော တောင်တန်းများကြားတွင် ယင်ပုက ကျောက်ဖုန်း၏ အမိန့်နှင့် ရောက်လာသောအခါ တုဆွေနှင့် ကျန်းဟန်တို့က စစ်တပ်လေ့ကျင့်ရေး အကြောင်းပြချက်ဖြင့် တောင်ကြားကို လုံးဝ ပိတ်ဆို့ထားခဲ့သည်။ စစ်မိန့်မပါဘဲ ဘယ်သူမှဝင်ခွင့်မရှိပေ။ တစ်ချိန်တည်းတွင် လူများစွာက တောင်ကြားသို့အဆက်မပြတ် ဝင်ရောက်နေကြသည်။
ထိုအချိန်တွင် အပြင်ဘက်၌ ကျောက်ဖုန်းက ချပ်ဝတ်တန်ဆာများ မပါဘဲ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ပြီး တောင်ကြားသို့ ဖြည်းညင်းစွာ လျှောက်ဝင်လာသည်။ သူနီးကပ်လာသည်နှင့် အထူးတပ်ဖွဲ့တစ်ခုက ချဉ်းကပ်လာသည်။
" ရပ်စမ်း ဘယ်သူလဲ။ ဒီနေရာက ဝူအန်းစခန်းရဲ့ လေ့ကျင့်ရေးကွင်းပဲ။ ခွင့်ပြုချက်မရှိဘဲ ဝင်လာရင် သေရမယ်။ " စစ်သည်တစ်ယောက်က ရှေ့ထွက်လာပြီး အော်လိုက်သည်။
ဖြန်း....
တပ်ဖွဲ့ခေါင်းဆောင်က ထိုစစ်သည်၏ ခေါင်းကို ခပ်ပြင်းပြင်း တစ်ချက်ရိုက်လိုက်သည်။
" ခေါင်းဆောင် ကျွန်တော်ကို ဘာလို့ရိုက်တာလဲ။ " စစ်သည်က လှည့်ပြီး အံ့ဩစွာဖြင့် မေးလိုက်သည်။
" လူသစ်လေး ဘေးဖယ်စမ်း။ " တပ်ဖွဲ့ခေါင်းဆောင်က ဆူပူလိုက်ပြီး ရှေ့တိုးကာ လေးစားစွာဖြင့် ဦးညွှတ်လိုက်သည်။
" စစ်သေနာပတိချုပ်ကို ဂါရဝပြုပါတယ်။ "
" စစ်သေနာပတိချုပ်လား။ " စစ်သည်က ခေါင်းမော့ပြီး ကျောက်ဖုန်းကို ကြည့်လိုက်သည်။
" စစ်သေနာပတိချုပ်ကို ဂါရဝပြုပါတယ်။ " စစ်သည်အားလုံးက ဒူးထောက်ပြီး ဦးညွှတ်လိုက်ကြသည်။
" ထပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ်။ " စစ်သည်များက ပြန်လည်ဖြေကြားလိုက်ကြပြီး အားလုံးက စိတ်လှုပ်ရှားနေကြသည်။ ဝူအန်းစခန်းအတွက် ကျောက်ဖုန်းက နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်သည်။
" ကျန်းဟန်နဲ့ တုဆွေ ဘယ်မှာလဲ။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။
" စစ်သေနာပတိချုပ် စစ်သူကြီးနှစ်ယောက်လုံးက တောင်ကြားမှာရှိပါတယ်။ " တပ်ဖွဲ့ခေါင်းဆောင်က ပြန်ဖြေလိုက်သည်။
" ဒီမှာ စစ်သည်ဘယ်လောက်ရှိလဲ။ " ကျောက်ဖုန်းက ထပ်မေးလိုက်သည်။
" တပ်ဖွဲ့ငါးခု စစ်သည်ငါးသောင်းက ဒီမှာ လေ့ကျင့်ဖို့ ရောက်နေပါတယ်။ "
" ကောင်းပြီ။ ငါ့ကို သူတို့ဆီ ခေါ်သွားပေ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။
" ကြွပါ စစ်သေနာပတိချုပ်။ " တပ်ဖွဲ့ခေါင်းဆောင်က ဦးညွှတ်ပြီး ရှေ့မှ ဦးဆောင်သွားသည်။
တောင်ကြားထဲတွင် တဲများ ဆောက်လုပ်ထားပြီး အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများ အားလုံး ရှိနေကြသည်။ သို့သော် သူတို့က အသက်လေးဆယ်မကျော်ပေ။ ပညာရှင်များကတော့ အသက်လေးဆယ် ကျော်နိုင်ပေသည်။
" လူဘယ်လောက်ရှိလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။
" အရှင် ဟန်ရှီက လူတွေ ဆက်တိုက်ပို့နေတာ အခုဆိုရင် လူပေါင်း ၁၇၀၀၀ ကျော်ပါပြီ။ ဒါပေမယ့် ရိက္ခါသုံးစွဲမှု အရမ်းများလို့ ဆန်ပြုတ်ပဲ ကျွေးဖို့ စီစဉ်ထားပါတယ်။ " တုဆွေက လေးစားစွာ ပြောလိုက်သည်။
" ရတနာတွေနဲ့ အခြားပစ္စည်းတွေဆိုရင်တော့ ရှာရခက်လိမ့်မယ်။ ဒါပေမယ့် လူဆိုရင်တော့ ရှန်းကျိုးမှာ စစ်မီးတောက်လောင်နေတော့ ဒုက္ခသည်တွေအများကြီးပဲ။ သူတို့ကို ကျွေးမွေးထားသရွေ့ အားလုံးကို ခေါ်ထားလို့ရပါတယ်။ " ကျန်းဟန်က ရယ်ပြီး ပြောလိုက်သည်။
" ဒါပေမယ့် အရှင် ဒုက္ခသည်တွေအများကြီး ဘာလို့စုဆောင်းနေတာလဲ။ သူတို့က လေ့ကျင့်ဖို့လည်း မသင့်တော်ပါဘူး။ ပြောရရင် တန်ဖိုး သိပ်မရှိပါဘူး။ " ကျန်းဟန်က နားမလည်နိုင်စွာ ပြောလိုက်သည်။
" ငါ သူတို့ကို ကမ္ဘာသစ်တစ်ခုမှာ ထားဖို့ပဲ။ မျိုးနွယ်တစ်ခု ထွန်းကားစေဖို့ သုံးမှာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ဖြေလိုက်သည်။
" အခြားကမ္ဘာတစ်ခုလား။ " တုဆွေနှင့် ကျန်းဟန်တို့က အံ့ဩသွားပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
" မင်းတို့ မကြာခင် သိရမှာပါ။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။ ထို့နောက် သူက ရှေ့မှ တဲများဆီသို့ လျှောက်သွားသည်။
" အားလုံး အပြင်ထွက်ပြီး တန်းစီကြ။ " တုဆွေက ချက်ချင်း အော်ဟစ်လိုက်သည်။
မကြာမီ တောင်ကြားမှ လူအားလုံးက စုဝေးရောက်ရှိလာကြသည်။ လူပေါင်း ၁၇၀၀၀ ကျော်က လျင်မြန်စွာ စုစည်းသွားသည်။
" အရှင် အားလုံး ရောက်ပါပြီ။ "တုဆွေက ရှေ့ထွက်လာပြီး ပြောလိုက်သည်။
ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး သူ၏ ရှေ့မှ ဒုက္ခသည်များကို ကြည့်လိုက်သည်။ အများစုက မိသားစုလိုက်ဖြစ်သည်။ သူတို့က အသက်ငါးဆယ်မကျော်လျှင် မိသားစုလိုက် ကမ္ဘာငယ်ထဲဝင်နိုင်သည်။
" ငါ စကားအပိုတွေ မပြောတော့ဘူး။ အားလုံးပဲ စိတ်လျှော့ထားကြ။ ငါမင်းတို့ကို စစ်ပွဲတွေမရှိတဲ့နေရာ အလုပ်လုပ်ပြီး အေးအေးချမ်းချမ်း အသက်ရှင်နိုင်တဲ့ နေရာမျိုးကို ပို့ပေးမယ်။ အခွင့်အရေးက တစ်ကြိမ်ပဲရမယ်။ " ကျောက်ဖုန်းက အားလုံးကို ပြောလိုက်သည်။
ကျောက်ဖုန်း၏ ရည်ရွယ်ချက်ကို နားမလည်ကြသော်လည်း သူတို့က အမိန့်ကို နာခံပြီး စိတ်လျှော့ထားကြသည်။ ကျောက်ဖုန်းက သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီး ကမ္ဘာငယ်ကို ဖွင့်လိုက်သည်။ ထိုနေရာတွင် ရှိနေသော လူ ၉၉ ရာခိုင်နှုန်းက ပျောက်ကွယ်သွားပြီး လူရာချီကတော့ ကျန်နေခဲ့သည်။
သူတို့က စိတ်မလျှော့ထားကြဘဲ ကျောက်ဖုန်းက သံသယများဖြင့် ကြည့်နေကြသည်။ ထိုနေရာတွင် လူကောင်းနှင့်လူဆိုး မျိုးစုံရှိနေသည်။
" ငါမင်းတို့ကို ပြောခဲ့တယ်။ အခွင့်အရေးတစ်ခါပဲရှိမယ်။ မင်းတို့က တန်ဖိုးမထားတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့။ " ကျောက်ဖုန်းက ခေါင်းခါပြီး လက်ဝှေ့ရမ်းလိုက်သည်။ ကိုယ်ရံတော်များက ချက်ချင်း နားလည်သွားကြသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့