← Chapters

အခန်း ၄၃၆

Vol. 44 Ch. 436

အခန်း ၄၃၆

Vol. 44 Ch. 436

အခန်း (၄၃၆)

ကမ္ဘာငယ်အတွင်းသို့ လူတစ်သောင်းကျော် ရောက်လာကြသည်။ ရောက်လာသည့်အချိန်မှာပင် လူတိုင်းက မှင်သက်သွားကြသည်။

" ကမ္ဘာသစ်ကနေ ကြိုဆိုပါတယ်။ ဒီကမ္ဘာမှာ စစ်ပွဲတွေမရှိဘူး။ သတ်ဖြတ်မှုတွေမရှိဘူး။ ဒီကမ္ဘာမှာ မင်းတို့က နေဖို့စားဖို့အတွက်ပဲ အလုပ်လုပ်ရမယ်။ မင်းတို့က ဒီကမ္ဘာရဲ့ ပထမဆုံး နိုင်ငံသားတွေ ဖြစ်လိမ့်မယ်။ ချန်လင်း ဒီလူတွေကို မင်းဆီအပ်လိုက်မယ်။ သူတို့ ဒီကမ္ဘာမှာ အသက်ရှင်ပြီး ကြီးပွားတိုးတက်အောင် လုပ်ပေးပါ။ " ကျောက်ဖုန်း၏ အသံက ကမ္ဘာငယ်အတွင်း ထွက်ပေါ်လာသည်။

" အမိန့်အတိုင်းပါ။ " ဝူချန်များက အမိန့်အတိုင်း စနစ်တကျ စတင်ဆောင်ရွက်လိုက်ကြသည်။

တု​ဆွေနှင့် ကျန်းဟန်တို့ကလည်း ထိုကမ္ဘာတွင် ခဏနေခဲ့ကြပြီး ပြန်ထွက်လာသောအခါ သူတို့၏ မျက်နှာက ရိုသေလေစားမှုများဖြင့် ပြည့်နှက်နေသည်။

" တစ်ခုခုပြောစရာရှိရင် ပြောလေ။ " ကျောက်ဖုန်းက သူတို့ကို ကြည့်ပြီး ပြုံးလိုက်သည်။

" အရှင် ဒါက တကယ်ပဲ အခြားကမ္ဘာတစ်ခုလား။ " ကျန်းဟန်က အံ့ဩစွာဖြင့် မေးလိုက်သည်။

" ဟုတ်တယ်။ ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ကမ္ဘာတစ်ခုပဲ။ အဲ့ဒီကမ္ဘာမှာ လုံးဝဘေးကင်းတယ်။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။

" အရှင်က တကယ် နတ်ဘုရားတစ်ပါးပဲ။ " တုဆွေနှင့် ကျန်းဟန်တို့က ရိုသေစွာ ပြောလိုက်သည်။

" ရှန်ထျန်းအဆင့်ရဲ့သက်တမ်းက နှစ်ပေါင်း ၁၅၀၊ ဆရာသခင်အဆင့်ရဲ့ သက်တမ်းက နှစ်ပေါင်း ၃၀၀၊ မဟာဆရာသခင်ရဲ့ သက်တမ်းက နှစ်ပေါင်း ၅၀၀ထိ ရောက်နိုင်တယ်။ မင်းတို့က ဆရာသခင်အဆင့်ကို ရောက်နေပြီဆိုတော့ သက်တမ်းက နှစ်ပေါင်း ၃၀၀ ရှိနေပြီ။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

" အရှင် ကျွန်တော်တို့က နှစ်ပေါင်း ၃၀၀တောင် အသက်ရှင်နိုင်မှာပေါ့။ " ကျန်းဟန်နှင့် တုဆွေတို့က စိတ်လှုပ်ရှားသွားကြသည်။

ကျောက်ဖုန်းက သက်တမ်းနှင့် ပက်သက်ပြီး တစ်ခါမှ မပြောဖူးပေ။ သူ၏ အရင်းအမြစ် စုဆောင်းမှုနှင့် ဤကမ္ဘာ၏ စိတ်ဝိညာဉ်စွမ်းအား ကြွယ်ဝမှုများကြောင့် ကျောက်ဖုန်း၏ နောက်လိုက်များထဲတွင် ဆရာသခင်အဆင့် သိုင်းပညာရှင်များ ပေါ်လာခဲ့သည်။

" ရှန်းကျိုးနယ်မြေမှာ သိုင်းပညာရှင်တွေရဲ့ သက်တမ်းကို ဖိနှိပ်ထားတဲ့ စည်းမျဉ်းတစ်ခုရှိနေတယ်။ ဆရာသခင်အဆင့်ရဲ့ မူလသက်တမ်းက နှစ်၃၀၀ ဆိုပေမယ့် နှစ် ၁၅၀ထိ ကန့်သန်ခံထားရတယ်။ ဒါပေမယ့် ငါ့ကမ္ဘာထဲ ရောက်လာရင်တော့ အဲ့ဒီဖိနှိပ်မှုတွေ မရှိတော့ဘူး။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

" ဒါဆို ကျွန်တော်တို့ရဲ့ အနာဂတ်က အရှင်ရဲ့ ကမ္ဘာလား။ " ကျန်းဟန်က မေးလိုက်သည်။

" အနာဂတ်မဟုတ်ဘူး။ နောက်ဆုံး ခံတပ်ပဲ။ တစ်နေ့မှာ ငါတို့က သက်တမ်းကန့်သတ်ချက်ကို မကျော်လွန်နိုင်ရက် အဲ့ဒီကမ္ဘာက ငါတို့ရဲ့ နောက်ဆုတ်ရမယ့်နေရာပဲ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" ကျွန်တော်တို့ နားလည်ပါပြီ။ " ကျန်းဟန်နှင့် တုဆွေက ခေါင်းညိမလ့လိုက်သည်။

" ဒီလူတစ်သောင်းက မလောက်ဘူး။ ငါ့ရဲ့ ကမ္ဘာက လူပေါင်းသန်းချီ ထောက်ပံ့နိုင်တယ်။ နောက်ကျရင်လည်း တိုးချဲ့လို့ရတယ်။ ဒီတောင်ကြားကို စောင့်ကြပ်ထား။ ဒါကို ဝူအန်းစခန်းရဲ့ လေ့ကျင့်ရေးကွင်းအဖြစ် သုံးမယ်။ အပြင်လူတွေ အဝင်မခံနဲ့။ အချိန်တစ်ခုကြာတိုင်း ငါ ဒီကိုလာပြီး စုဆောင်းထားတဲ့ လူတွေကို ကမ္ဘာငယ်ထဲ ထည့်ပေးမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" နားလည်ပါပြီ။ " သူတို့နှစ်ယောက်က ချက်ချင်း ပြန်ပြောလိုက်သည်။

" ဒါနဲ့ အရှင်က မြင်းလည်းမပါ ကိုယ်ရံတော်တွေလည်း မပါဘဲနဲ့ ဘယ်လိုလုပ် ဒီရောက်လာတာလဲ။ " ကျန်းဟန်က သိလိုစိတ်ဖြင့် မေးလိုက်သည်။

ကျောက်ဖုန်းက ပြုံးလိုက်ပြီး သူ၏ ခန္ဓာကိုယ်က ဖြည်းညင်းစွာ မြောက်တက်သွားသည်။ ထို့နောက် သူက ကောင်းကင်သို့ ပျံသန်းသွားပြီး သူတို့၏ အမြင်မှ ပျောက်ကွယ်သွားသည်။ ကျန်းဟန်နှင့် တုဆွေက ထိုမြင်ကွင်းကို ကြည့်ပြီး မှင်သက်သွားကြသည်။

" အရှင်က ပျံနိုင်တယ်။ " သူတို့က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး အံ့ဩတကြီး ပြောလိုက်ကြသည်။

ချူနိုင်ငံ ချူဖန်မြို့။

" အရှင်ချန်ဖျင် ဟွမ်ယိသိသွားတာ ခင်ဗျားကြောင့်လား။ " ရှန်းယန်က ထိပ်ဆုံးတွင် ထိုင်နေပြီး မီချီက သူ၏ ဘယ်ဘက်တွင်ထိုင်ကာ နှစ်ယောက်လုံး၏ အမူအရာများက တင်းမာနေသည်။

သူတို့က အကြီးအကျယ် ရှုံးနိမ့်သွားခဲ့သည်။ ဟန်ကုစခန်းကို မဖျက်ဆီးနိုင်သည့်အပြင် မြို့အချို့ကိုလည်း ဆုံးရှုံးခဲ့ကသည်။ မြို့ငါးမြို့လုံး ပျက်စီးသွားပြီး မရေတွက်နိုင်သော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်။ ချူနိုင်ငံအနေဖြင့် ဒုက္ခသည်ထောင်ပေါင်းများစွာကို နေရာချပေးရန် လိုအပ်လာသည်။

ချင်နိုင်ငံက မြို့ထဲမှ အရပ်သားများကို မသတ်သော်လည်း မြို့ထဲမှ မောင်းထုတ်ခဲ့သည်။ အိုးမဲ့အိမ်မဲ့ ဖြစ်နေသော ချူပြည်သူထောင်ပေါင်းများစွာကို နေရာချပေးခြင်းက ချူနိုင်ငံအတွက် ခေါင်းခဲစရာပင်ဖြစ်သည်။

" ကျုပ်က မြို့တစ်ခုလုံးကို ပိတ်ထားတာ သတင်းပေါက်ကြားစရာ အကြောင်းမရှိဘူး။ ဒါကြောင့် စစ်သေနာပတိချုပ်ဘက်က သတင်းပေါက်ကြားသွားတာများလား။ " မီချီက ရှန်းယန်ကို ကြည့်လိုက်သည်။

" အဲ့ဒါက ပိုတောင်မဖြစ်နိုင်သေးတယ်။ ဒီကိစ္စကို ကျုပ်နဲ့ ကျုပ်ရဲ့ ကိုယ်ရံတော်တပ်မှူးပဲသိတယ်။ ချူဖန်မြို့က မထွက်ခွာခင် ကျုပ်ရဲ့ စစ်သည်တွေကို မတိုက်ခိုက်ဖို့တောင် တားထားသေးတယ်။ " ရှန်းယန်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

" ဒါဆို ဘယ်လိုလုပ်ပေါက်ကြားသွားတာလဲ။ အခု လက်ရှိအခြေအနေအရ ဟန်ကုစခန်းက မပျက်စီးသေးဘူး။ ချင်နိုင်ငံရဲ့ အင်အားကလည်း မလျော့ဘူး။ ချင်နိုင်ငံက စစ်အင်အားတိုးမြှင့်ပြီး တိုက်ခိုက်လာမှာ သေချာတယ်။ ဒီလိုဆိုရင်တော့ ချူနိုင်ငံက အန္တရာယ်ရှိ​နေပြီ။ " မီချီက စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

ယခုအချိန်တွင် နောင်တတရားများက သူ၏ စိတ်ထဲတွင် ပြည့်နှက်နေသည်။ အစက သူက ချင်နိုင်ငံကို သစ္စာဖောက်ပြီး ဟန်ကုစခန်းကို ဖျက်ဆီးကာ ချူနိုင်ငံကို ကျေးဇူးပြုပြီး နေရာတစ်ခုရရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် ယခု အောင်မြင်မှု မရသည့်အပြင် သစ္စာဖောက်ဟူသော နာမည်ဆိုးကိုပါ ရရှိသွားခဲ့သည်။

၎င်းက မီချီအတွက် လုံးဝ ကောင်းသောအရာမဟုတ်ပေ။ အောင်မြင်မှုနှင့် ပြန်လာသော အခြေအနေနှင့် အောင်မြင်မှုမရဘဲ ပြန်လာသောအခြေအနေက လုံးဝ ကွဲပြားသည်။ ၎င်းက ရှန်းယန်၏ သဘောထားကို ကြည့်လျှင် သိနိုင်သည်။

" အခု ဟွမ်ယိက မတိုက်ခိုက်သေးဘဲ ချင်နိုင်ငံ နယ်စပ်မြို့မှာ တပ်စွဲထားတယ်။ ဒါ့အပြင် ဟွမ်ယိက ပိုသတိထားလာပြီ။ သူက သတိနဲ့ ရှေ့ဆက်တိုးမယ့်အပြင် ရန်သူကိုလည်း အထင်မသေးတော့ဘူး။ " ရှန်းယန်က လေးနက်စွာ ပြောလိုက်သည်။

" အစီရင်ခံပါတယ်။ ချင်နိုင်ငံက လျို့ဝှက်အစီရင်ခံစာ ရောက်လာပါတယ်။ " ရှန်းယန်၏ ကိုယ်ရံတော်တပ်မှူးက အစီရင်ခံစာကို ကိုင်ပြီး ရောက်လာသည်။

" ပေးစမ်း။ " ရှန်းယန်က အစီရင်ခံစာကို ယူပြီး ဖတ်ကြည့်လိုက်သောအခါ သူက မယုံကြည်နိုင်ဖြစ်သွားသည်။

" ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အရှင်ချန်ဖျင် ချင်နိုင်ငံကို သစ္စာဖောက်တာကို ကျောက်ဖုန်းက ဘယ်လိုလုပ်သိသွားတာလဲ။ သူက ဟွမ်းယိကို ဘယ်လိုလုပ် ကြိုပြီး သတိပေးနိုင်တာလဲ။ " ရှန်းယန်က စိတ်ရှုပ်ထွေးသွားပြီး နားမလည်နိုင်ဖြစ်သွားသည်။

" ကျောက်ဖုန်းလား။ သူနဲ့ ဘာဆိုင်လို့လဲ။ " မီချီကလည်း နားမလည်ဘဲ မေးလိုက်သည်။

ရှန်းယန်က ဘာမှမပြောတော့ဘဲ အစီရင်ခံစာကို မီချီကို ပေးလိုက်သည်။ အစီရင်ခံစာကို ကြည့်ပြီးနောက် မီချီ၏ အမူအရာကလည်း ထူးဆန်းသွားသည်။

" ကျောက်ဖုန်း ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူက ဘယ်လိုလုပ်သိသွားတာလဲ။ ငါ မြို့ကို ပိတ်လိုက်လို့ သူသတိထားမိတယ်ဆိုရင်တောင် သတင်းကို အပြင်ကို ရောက်အောင် ဘယ်လိုပို့ခဲ့တာလဲ။ " မီချီက စိတ်ရှုပ်ထွေးသွားသည်။

" ခင်​​ဗျားဘေးက လူတစ်ယောက်ယောက်က ကျောက်ဖုန်းရဲ့လူဖြစ်ရမယ်။ မဟုတ်ရင် သတင်းက ပေါက်ကြားစရာ အကြောင်းမရှိဘူး။ " ရှန်းယန်က သေချာစွာ ပြောလိုက်သည်။

" စစ်သေနာပတိချု​ပ်က ကျုပ်ကို မယုံတာလား။ " မီချီက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

အစပိုင်းတွင် သူတို့က သူ့ကို ချူနိုင်ငံသို့ ပြန်လာရန် ကတိများစွာ ပေးခဲ့ပြီး ဘုရင်လုပ်ပေးမည်ဟုပင် ပြောခဲ့သည်။ သို့သော် ယခု အစီအစဉ်က ပျက်သွားပြီး ရှန်းယန်က သူ၏ ကတိကို ဖျက်သိမ်းတော့မလိုဖြစ်နေသောကြောင့် မီချီက အနည်းငယ် ဒေါသထွက်သွားသည်။

" အရှင်ချန်ဖျင် ဒေါသထွက်စရာမလိုဘူး။ နောက်ဆုံးမှာ ဒိကိစ္စက ကျရှုံးခဲ့တာပဲ။ ချင်နိုင်ငံက ဘာမှမဆုံးရှုံးလိုက်ရဘူး။ ကျုပ်တို့ ချူနိုင်ငံကတော့ အန္တရာယ်ထဲ ကျရောက်နေပြီ။ အခု အရှင်ချန်ဖျင်က ချူနိုင်ငံကို ပြန်ရောက်လာပြီဆိုတော့ မြို့တော်ကို ခေါ်သွားရမယ်။ " ရှန်းယန်က ဖြည်းညင်းစွာ ပြောလိုက်သည်။

" စစ်သေနာပတိချုပ်က ပေးထားတဲ့ ကတိကို ဘယ်တော့တည်မှာလဲ။ " မီချီက လေးနက်စွာ မေးလိုက်သည်။

" ချင်နိုင်ငံကို အနိုင်ရပြီးရင် ကျုပ်ရဲ့ ကတိကို တည်မယ်။ " ရှန်းယန်က တည်ငြိမ်စွာ ပြောလိုက်သည်။

အစပိုင်းတွင် သူတို့က မီချီကို အသုံးချပြီး ချင်နိုင်ငံကို အကြီးအကျယ် ဆုံးရှုံးအောင် လုပ်နိုင်မည်ဟု ယူဆပြီး ကတိပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ယခု မီချီက တစ်ယောက်တည်း ဖြစ်နေပြီး ဘာတန်ဖိုးမှ မရှိတော့ပေ။

" ကောင်းပြီ။ " မီချီက သက်ပြင်းချလိုက်သည်။ ယခု သူက သစ္စာဖောက်လိုက်ပြီဖြစ်သောကြောင့် ချင်နိုင်ငံကို ပြန်သွားရန် မဖြစ်နိုင်တော့ပေ။

" ဒီအတိုင်းပဲ ဆက်သွားရတော့မှာပဲ။ နောက်ဆုတ်စရာ လမ်းမရှိတော့ဘူး။ ငါ့လူတို့ အရှင်ချန်ဖျင်ကို အနားယူဖို့ ပြင်ဆင်ပေးလိုက်။ မနက်ဖြန် အရှင်ချန်ဖျင်ကို မြို့တော်ကို ပို့ဆောင်ဖို့ စစ်သည်တစ်ထောင် ပြင်ဆင်ထားလိုက်။ " ရှန်းယန်က အမိန့်ပေးလိုက်သည်။

" ဟုတ်ကဲ့။ " ကိုယ်ရံတော်တပ်မှူးက ချက်ချင်း ပြန်ပြောလိုက်သည်။

မီချီထွက်သွားပြီးနောက် ကိုယ်ရံတော်တပ်မှူးက ပြန်ရောက်လာသည်။

" စစ်သေနာပတိချုပ် မီချီက အခု ဘာတန်ဖိုးမှ မရှိတော့ဘူး။ အစက ချင်စစ်တပ်ကို ဖျက်ဆီးဖို့ သူ့ကို အသုံးချခဲ့ပေမယ့် ဘာရလဒ်မှ ထွက်မလာတော့ သူက အသုံးမဝင်တော့ဘူး။ ပြီးတော့ သူက ချူမြို့တော်ကိုပြန်ပြီး စစ်သေနာပတိချုပ်ကိုယ်တိုင် ရေးထားတဲ့စာကို အပ်လိုက်ရင် ပြဿနာတက်သွားနိုင်တယ်။ " ကိုယ်ရံတော်တပ်မှူးက စိုးရိမ်တကြီး ပြောလိုက်သည်။

" ဟုတ်တယ်။ မီချီက အသုံးမဝင်တော့ဘူး။ ဒါပေမယ့် သူက ချူနိုင်ငံရဲ့ တော်ဝင်မိသားစုဝင်ဖြစ်ပြီယ ထီးနန်းကို ဆက်ခံပိုင်ခွင့်ရှိတယ်။ မိသားစုကြီးသုံးခုကို တိုက်ခိုက်ဖို့အတွက် အနာဂတ်မှာ ဘုရင်တစ်ပါးကို ထောက်ခံဖို့ လိုလာနိုင်တယ်။ မီချီက သင့်တော်တယ်။ သူ့ကို ထောက်ခံမယ့်သူမရှိသလို ချူနိုင်ငံမှာလည်း မိသားစုမရှိဘူး။ ငါထိန်းချုပ်ဖို့အတွက် အကောင်းဆုံးပဲ။ " ရှန်းယန်က အေးစက်စွာ ပြုံးလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters