အခန်း ၄၃၇
Vol. 44 Ch. 437
အခန်း (၄၃၇)
ချန်ယင်မြို့။
" စစ်သေနာပတိချုပ် မီချီရဲ့ သစ္စာဖောက်နောက်လိုက်တွေအားလုံးကို ရှင်းလင်းပြီးပါပြီ။ ကျွန်တော်တို့ စစ်တပ်ရဲ့ အကျပ်အတည်းကလည်း ပြေလည်သွားပါပြီ။ " လီရှင်းက ဟွမ်ယိကို ပြောလိုက်သည်။
" တကယ်အန္တရာ်ယ်က လွတ်မြောက်လာတာပဲ။ " ဟွမ်ယိက ပြောလိုက်သည်။
" ဟုတ်ပါတယ်။ " လီရှင်းက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။ " ဝူအန်းကျွင်းရဲ့ သတိပေးချက်သာမရှိရင် ကျွန်တော်တို့ စစ်တပ်က လုံးဝ ပျက်စီးသွားလိမ့်မယ်။ ဟန်ကုစခန်းကလည်း ရှိတော့မှာမဟုတ်ဘူး။ "
" ဝူအန်းကျွင်းရဲ့ ကျေးဇူးကို မင်းရော ငါရော မှတ်ထားရမယ်။ ဟန်ကုစခန်းတစ်ခုလုံးက စစ်သည်အားလုံးကလည်း မှတ်ထားရမယ်။ ဒါက အသက်သခင် ကျေးဇူးရှင်ပဲ။ " ဟွမ်ယိက လေးနက်စွာ ပြောလိုက်သည်။
" နားလည်ပါပြီ။ " လီရှင်းကလည်း ခေါင်းညိမ့်လိုက်သည်။
" ဝူအန်းကျွင်း အသက် ၂၄ နှစ်ပဲရှိသေးတယ်။ ငါ့ထက် အများကြီး ငယ်ပေမယ့် သူ့ရဲ့ စိတ်ဓာတ်နဲ့ ရဲစွမ်းသတ္တိကတော့ ငါ့ထက် သာတယ်။ " ဟွမ်ယိက ပြောလိုက်သည်။
" စစ်သေနာပတိချုပ် သစ္စာဖောက်တွေ ကိစ္စလည်း ဖြေရှင်းပြီးသွားပြီဆိုတော့ ကျွန်တော်တို့ ဆက်ပြီး တိုက်ခိုက်ရပါမယ်။ " လီရှင်းက ပြတ်သားစွာ ပြောလိုက်သည်။
" ရှန်းယန်က ချူဖန်မြို့မှာ စခန်းချနေတယ်။ ဒိမြို့က တောင်ကို အမှီပြုပြီး တည်ဆောက်ထားတာဆိုတော့ ခုခံဖို့လွယ်ပြီး တိုက်ခိုက်ဖို့ခက်ခဲတယ်။ ငါတို့ စစ်တပ်က အဲ့ဒီမြို့ကို တိုက်ရိုက်တိုက်ခိုက်လို့မရဘူး။ ဘယ်ဘက်နဲ့ ညာဘက်ကနေပဲ တိုက်ခိုက်ရမယ်။ ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ မင်းက မင်းရဲ့ စစ်တပ်ကို ဥိးဆောင်ပြီး ဘယ်ဘက်ကနေ တိုက်ခိုက်ရမယ်။ စစ်သူကြီးစစ်မာချုံးက ညာဘက်ကနေ တိုက်ခိုက်ရမယ်။ လမ်းတစ်လျှောက်လုံးက မြို့တွေကို သိမ်းပိုက်ပြီး ချူဖန်မြို့ကို ဝန်းရံရမယ်။ " ဟွမ်ယိက အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " လီရှင်းက ဦးညွှတ်ပြီး ချက်ချင်း ထွက်ခွာသွားသည်။
" ကျောက်ဖုန်း တကယ်ထူးချွန်တဲ့သူပဲ။ ငါထက်သာတယ်။ ကမ္ဘာပေါ်မှ သူနဲ့ယှဉ်နိုင်တဲ့သူမရှိလောက်ဘူး။ ဝမ်ကျန့်က တကယ်ကို သမက်ကောင်းရထားတာပဲ။ " ဟွမ်ယိက လေးနက်စွာ တွေးလိုက်သည်။
ရှရွာ၊ နံနက်ခင်းအချိန်တွင်။
" အဖေ ကြည့်လိုက်။ သား ဒီကျောက်တုံးကြီးကို မနိုင်တယ်နော်။ " ကျောက်ချီက ပေါင်ရာချီလေးသော ကျောက်တုံးကြီးကို မပြီး ကျောက်ဖုန်းကို ပြောလိုက်သည်။
" သမီးလည်းနိုင်တယ်။ " ကျောက်လင်းကလည်း သွားပြီး ကျောက်တုံးတစ်တုံးကို မလိုက်သည်။
ထိုနေရာတွင် ကိုယ်ရံတော်များမဟုတ်ဘဲ သာမန်အစေခံများဖြစ်လျှင် ထိုမြင်ကွင်းကို ကြည့်ပြီး တုန်လှုပ်သွားပေလိမ့်မည်။ အသက် ၇နှစ်အရွယ် ကလေးနှစ်ယောက်က ကျောက်တုံးကြီးများကို မနေကြခြင်းဖြစ်သည်။ ၎င်းက ကလေးနှစ်ယောက် ဟောက်ထျန်းအဆင့်ကို ရောက်သွားရုံသာ ဖြစ်သည်။
ကျောက်ဖုန်း၏ ကျင့်စဉ်များ၊ ဆေးလုံးများနှင့် အရင်းအမြစ်များ ပံ့ပိုးပေးထားသောကြောင့် သူတို့၏ ကျင့်ကြံမှုက မြန်မြန်ဆန်ဆန် တိုးတက်နေကြသည်။ ထို့အပြင် ကျောက်ဖုန်း၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသောကြောင့် သူတို့၏ မွေးရာပါပါရမီကလည်း ထူးချွန်ကြသည်။
" သတိထားနော်။ ခိုက်မိဦးမယ်။ " ရှတုန်အာက စိုးရိမ်တကြီး ပြောလိုက်သည်။ သူမကလည်း ကျောက်ဖုန်း၏ သိုင်းတာအိုအကြောင်း သိထားပြီးဖြစ်သည်မှာ ထင်ရှားသည်။
" အဖွား ကျွန်တော်က တကယ်သန်မာတယ်။ " ကျောက်ချီက ဂုဏ်ယူစွာ ပြောလိုက်သည်။
" အမေ အခုကလေးတွေကလည်း ကျင့်ကြံနေကြပြီဆိုတော့ အမေလည်း သေချာကျင့်ကြံရမယ်။ ဒါမှ အနာဂတ်မှာ ကျွန်တော်တို့မိသားစု အချိန်အကြာကြီး နေနိုင်လိမ့်မယ်။ " ကျောက်ဖုန်းက ရှတုန်အာကို ကြည့်ပြီး ပြောလိုက်သည်။
" အင်းပါ။ " ရှတုန်အာက ခေါင်းညိမ့်လိုက်သည်။
သူမ၏ စိတ်ထဲတွင် ရင်ကျန့်ကိုလည်း စိတ်ပူနေသေးသည်။ ရင်ကျန့်သာ ကျင့်ကြံနိုင်လျှင် သူမတို့ မိသားစုက စုံစုံလင်လင်နှင့် အချိန်အကြာကြီး နေနိုင်မည်ဖြစ်သည်။ သိုင်းတာအိုကို ကျင့်ကြံလျှင် အသက်ရှည်နိုင်သည်ဟု သူမ၏ သားက ပြောထားလေသည်။
" မကြာခင် ငါတို့မိသားစု ဆုံရတော့မှာပါ။ အခုတော့ အရမ်းစိုးရိမ်းရာမလိုတော့ဘူး။ ဒီကမ္ဘာမှာ ဖုန်ူအာကို ထိခိုက်အောင် လုပ်နိုင်မယ့်သူမရှိဘူးထင်တယ်။ " ရှတုန်အာက တိတ်ဆိတ်စွာ တွေးလိုက်သည်။
ကမ္ဘာကြီးကို စုစည်းပြီးနောက် ရင်ကျန့်က သူမကို ရှန်းယန်သို့ ပြန်ခေါ်မည့်အချိန်ကို သူမက စိုးရိမ်နေခဲ့သည်။ လွန်ခဲ့သော နှစ် ၂၀ မှကဲ့သို့ သူမတို့မိသားစုက ရှန်းယန်တွင် ကူကယ်ရာမဲ့နေမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခု ထိုသို့မဖြစ်နိုင်တော့ပေ။ သူမ၏ သားက သူမကို ကာကွယ်ပေးနိုင်သည်။ သူမတို့မိသားစုတစ်ခုလုံးကို ကာကွယ်ပေးနိုင်သည်။
" အရှင် အရှင်မင်းကြီးရဲ့ လျို့ဝှက်သံတမန် ရောက်လာပါတယ်။ " ကျန်းမင်က ရောက်လာပြီး လေးစားစွာ ပြောလိုက်သည်။
" လျို့ဝှက်သံတမန်လား။ " ကျောက်ဖုန်းက တစ်စုံတစ်ခုကို တွေးမိပြီး သူ၏ အမူအရာက လေးနက်သွားသည်။
" သွားမယ်။ " ကျောက်ဖုန်းက ခန်းမဆီသို့ ထွက်လာခဲ့သည်။
ခန်းမထဲတွင် သက်လတ်ပိုင်းလူတစ်ယောက် စောင့်နေပြီး ကျောက်ဖုန်းကို မြင်သောအခါ ချက်ချင်း ဦးညွှတ်လိုက်သည်။ " စစ်သေနာပတိချုပ်ကို ဂါရဝပြုပါတယ်။ "
" အရှင်မင်းကြီးရဲ့ အမိန့်တော်က ဘာလဲ။ " ကျောက်ဖုန်းက တိုက်ရိုက်မေးလိုက်သည်။ သူ၏ စိတ်ထဲတွင် အဖြေတစ်ခု ရှိနေပြီးသားဖြစ်သည်။
သက်လတ်ပိုင်းလူက လျို့ဝှက်အမိန့်စာကို ကျောက်ဖုန်းကို ပေးလိုက်သည်။ ကျောက်ဖုန်းက အမိန့်စာကို ယူ၍ ဖတ်လိုက်ပြီးနောက် သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
" အရှင်မင်းကြီးကို ပြောလိုက်ပါ။ ငါ ကျောက်ဖုန်း ချက်ချင်း ထွက်ခွာမယ်။ " ကျောက်ဖုန်းက ချက်ချင်း ပြောလိုက်သည်။
" ဟုတ်ကဲ့။ " သက်လတ်ပိုင်းလူက ဦးညွှတ်ပြီး ထွက်ခွာသွားသည်။
" ရှရွာက အိမ်ကို စောင့်ကြပ်ဖို့ စစ်သည်တစ်ထောင်ထားခဲ့လိုက်။ ကျန်တဲ့သူတွေက ယွင်ကျုံးမြို့ကို ထွက်ခွာကြမယ်။ " ကျောက်ဖုန်းက ကျန်းမင်ကို ညွှန်ကြားလိုက်သည်။
" အရှင် ကျွန်တော်တို့ ချူနိုင်ငံကို တိုက်ခိုက်ရတော့မှာလား။ " ကျန်းမင်၏ မျက်လုံးများက တောက်ပသွားသည်။
" ဟုတ်တယ်။ " ကျောက်ဖုန်းက ပြုံး၍ ခေါင်းညိမ့်လိုက်သည်။
ချင်ဘုရင်က စစ်အင်အား တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် ချူနိုင်ငံကို အလစ်ငိုက်တိုက်ခိုက်ရန် ယွင်ကျုံးမြို့တွင် တည်ရှိသော ကျောက်ဖုန်း၏ ဝူအန်းစခန်းက အကောင်းဆုံးဖြသ်သည်။ အကြောင်းမှာ ဝူအန်းစခန်းက အရှေ့ဘက်ကို သွားလျှင် ယန်နိုင်ငံကို ရောက်ပြီး တောင်ဘက်ကို သွားလျှင် ချူနိုင်ငံကို ရောက်ပေလိမ့်မည်။
" အရှင် ချက်ချင်း ထွက်ခွာမှာလား။ " ကျန်းမင်က မေးလိုက်သည်။
" မင်းက ကိုယ်ရံတော်တွေကို ဦးဆောင်ပြီး ထွက်လာခဲ့။ ငါက ရှေ့က အရင်သွားနှင့်မယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" နားလည်ပါပြီ။ " ကျန်းမင်က ဘာမှမပြောတော့ဘဲ ခေါင်းညိမ့်လိုက်သည်။
" ဒီစစ်ပွဲက စစ်ဦးစီးချုပ်ရာထူးကို တည်ဆောက်ပေးလိမ့်မယ်။ စစ်ဦးစီးချုပ်ဖြစ်လာရင် အနည်းဆုံး အဆင့်သုံးရတနာသေတ္တာကို ရရှိလိမ့်မယ်။ " ကျောက်ဖုန်းက မျှော်လင့်ချက်များဖြင့် တွေးလိုက်သည်။
စစ်ဦးစီးချုပ်ဖြစ်လာသည်နှင့် သူက ချင်နိုင်ငံတွင် အမြင့်ဆုံး ရာထူးကို ရရှိသွားမည်ဖြစ်သည်။ အနာဂတ်တွင် ရတနာသေတ္တာများကို ရရှိရန် ကံအပေါ်သာ မူတည်ပေသည်။ သို့သော် ရှန်းကျိုးနယ်မြေ၏ ပြင်ပတွင် နတ်ဆိုးအင်မော်တယ်များ ရှိနေသည်ကို သူသိသွားပြီဖြစ်သည်။ သူတို့က အနာဂတ်တွင် ကျောက်ဖုန်း၏ သားကောင်များ ဖြစ်လာပေလိမ့်မည်။
ကောင်းကင်နှင့် မြေကြီးကို ပိုင်းခြားထားသည့်အတွက် ကျောက်ဖုန်းက လက်ရှိအချိန်တွင် အင်မော်တယ်များကို စိုးရိမ်စရာမလိုသေးပေ။ ထို့အပြင် ရှန်းကျိုးနယ်မြေ၏ ကံကြမ္မာစွမ်းအားက ရှိနေသေးသောကြောင့် အင်မော်တယ်များ မလာနိုင်ပေ။ အင်မော်တယ်အောက်က ကျင့်ကြံသူများဆိုလျှင် ရောက်လာသော ကျင့်ကြံသူတိုင်းကို ကျောက်ဖုန်းက သတ်ပစ်လိုက်မည်ဖြစ်သည်။
သူ၏ မိသားစုဝင်များကို နှုတ်ဆက်ပြီးနောက် ကျောက်ဖုန်းက ထွက်ခွာလာခဲ့သည်။ သူက ကောင်းကင်သို့ ပျံသန်းသွားပြီး အဝေးသို့ ရောက်သောအခါ နဂါးနက်ကို ဆင့်ခေါ်လိုက်သည်။ သူက နဂါးနက်ခေါင်းပေါ်သို့ တက်ပြီး ယွင်ကျုံးမြို့ဆီသို့ ဦးတည်သွားသည်။
ကမ္ဘာငယ်အတွင်း ယန်ထင်မှ ဝူချန်များ၏ စီစဉ်မှုအောက်တွင် အရာအားလုံးက စနစ်တကျ ရှိနေသည်။ ကမ္ဘာငယ်ထဲသို့ ပထမဆုံး ဝင်လာသော လူများက လျင်မြန်စွာ နေသားကျသွားပြီး အလုပ်များ စတင်လုပ်နေကြပြီဖြစ်သည်။ အနာဂတ်တွင် လူများ ပိုဝင်လာဦးမည်ဖြစ်သည်။
ကျောက်ဖုန်းက ကမ္ဘာငယ်ကို လုံးဝ ဘေးကင်းသော ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲချင်သည်။ ရှန်းကျိုးနယ်မြေက မလုံခြံတော့လျှင် သူ၏ မိသားစုကို ထိုနေရာတွင် ထားမည်ဖြစ်သည်။ ထို့နောက် သူက စိုးရိမ်စရာမလိုဘဲ တိုက်ခိုက်နိုင်ပေလိမ့်မည်။
ယွင်ကျုံးမြို့၊ ဝူအန်းစခန်း။
"စစ်သေနာပတိချုပ်ကို ဂါရဝပြုပါတယ်။ " စခန်းမှ စစ်သူကြီးသုံးယောက်နှင့် လက်ထောက်စစ်သူကြီးများအားလုံးက ခန်းမထဲတွင် စုဝေးနေကြပြီး ကျောက်ဖုန်းကို ဦးညွှတ်လိုက်ကြသည်။
" ထိုင်ကြပါ။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်သည်။
" ကျေးဇူးတင်ပါတယ် စစ်သေနာပတိချုပ်။ " အားလုံးက ပြောပြီး ရာထူးအလိုက် ထိုင်လိုက်ကြသည်။
" ငါက လျို့ဝှက်အမိန့်စာ ရထားတယ်။ ငါတို့ ဝူအန်းစခန်းက တောင်ဘက်ကို ချီတက်ပြီး ချူနိုင်ငံကို တိုက်ခိုက်ရမယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" စစ်သေနာပတိချုပ်နောက်ကို သေတဲ့အထိလိုက်ဖို့ ကျိန်ဆိုပါတယ်။ " အားလုံးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" ယန်ပို " ကျောက်ဖုန်းက ခေါ်လိုက်သည်။
" ကျွန်တော်ရှိပါတယ်။ " ယန်ပိုက ချက်ချင်း ပြန်ဖြေလိုက်သည်။
" စစ်ချီရင် ထောက်ပံ့ရေးက အရေးကြီးဆုံးပဲ။ စခန်းမှာ ရိက္ခါတွေ ဘယ်လောက်ကျန်သေးလဲ။ " ကျောက်ဖုန်းကမေးလိုက်သည်။
" စစ်သေနာပတိချုပ် စခန်းတစ်ခုလုံးအတွက် နှစ်လစာ ရိက္ခါတွေ ရှိပါတယ်။ " ယန်ပိုက ပြန်ဖြေလိုက်သည်။
" အရှင်မင်းကြီးက အမိန့်ထုတ်ထားပြီးသား။ တုချန်ဒေသက ဆန်စပါးနဲ့ ရိက္ခာတွေကိုငါတို့ ဝူအန်းစခန်းက သုံးစွဲရမယ်။ မင်းက ယန်နယ်မြေကို လူလွှတ်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးချိုင်စီကို ရှာပါ။ အမိန့်စာကို ပြပြီး ရိက္ခါတွေ စုဆောင်းခိုက်းလိုက်။ တစ်လအတွင်း ထောက်ပို့ဌာနကို ရောက်အောင် ပို့ပေးရမယ်။ " ကျောက်ဖုန်းက ယန်ပိုကို အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " ယန်ပိုက ချက်ချင်း ပြန်ဖြေလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့