← Chapters

အခန်း ၄၃၈

Vol. 44 Ch. 438

အခန်း ၄၃၈

Vol. 44 Ch. 438

အခန်း (၄၃၈)

" ဒီတိုက်ပွဲက အရှင်မင်းကြီးရဲ့ လျို့ဝှက်အမိန့်ပဲ။ မင်းတို့ကလွဲပြီး ဘယ်သူမှမသိဘူး။ ဒီတိုက်ပွဲကို မြန်မြန်တိုက်ရမယ်။ တစ်ချက်တည်းနဲ့ ချူနိုင်ငံနယ်စပ်ကို ထိုးဖောက်ရမယ်။ ဒီတိုက်ပွဲမှာ ကျန်းဟန်ရဲ့ မြင်းတပ်က ငါနဲ့အတူ လိုက်ပါပြီး ချူနိုင်ငံကို တိုက်ခိုက်ရမယ်။ တုဆွေနဲ့ လီယောင်က နောက်တန်းကနေ စစ်တပ်ကို ဦးဆောင်ပြီး တိုက်ခိုက်ရမယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" အမိန့်ကို နာခံပါတယ်။ " စစ်သူကြီး သုံးယောက်က ချက်ချင်း ပြန်ပြောလိုက်ကြသည်။

" စစ်သေနာပတိချုပ် စစ်မချီခင် ရိက္ခါတွေ အရင်ရောက်ဖို့လိုပါတယ်။ ကျွန်တော်တို့ မြင်းစီးစစ်သည်တစ်သိန်းအတွက် ရိက္ခါခြောက်တွေလည်း ပြင်ဆင်ထားဖို့ လိုပါတယ်။ " ဝေချွမ်က ပြောလိုက်သည်။

" ယန်ပို ထောက်ပို့တပ်ကို ညွှနခကြားလိုက်ပါ။ ဒီညပဲ ရိက္ခါခြောက်တွေ ပြင်ဆင်ထားလိုက်။ မြင်းတပ်အတွက် အနည်းဆုံး ခုနှစ်ရက်စာ လုံလောက်အောင် လုပ်ရမယ်။ ကောင်းကောင်းလုပ်နိုင်ရင် ထောက်ပို့တပ်ကို ဆုချီးမြှင့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" နားလည်ပါပြီ။ " ယန်ပိုက ပြန်ပြောလိုက်သည်။

" ကောင်းပြီ။ အားလုံး သွားပြင်ဆင်ကြတော့။ မနက်ဖြန် အာရုဏ်တက်ရင် တောင်ဘက်ကို ချီတက်မယ်။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " အားလုံးက ဦးညွှတ်ပြီး ထွက်ခွာသွားကြသည်။

ကျောက်ဖုန်းက ထိုင်ပြီး ကျင့်ကြံခြင်းကို စတင်လိုက်သည်။ ကွေ့ကူကျိဆီမှ ကမ္ဘာ၏ အမှန်တရားကို သိပြီးနောက် ကျောက်ဖုန်းက ဆက်ပြီး မနှောင့်နှေးနိုင်တော့ပေ။ ချင်နိုင်ငံ၏ ကံကြမ္မာစွမ်းအားကို အမှီပြုပြီး အားလပ်ချိန်တ်ိုင်း တိုးတက်အောင် ကျင့်ကြံနေခဲ့သည်။

နှစ်ရက်ကြာပြီးနောက် ချူနိုင်ငံ၏ နယ်စပ်မြို့ ရှုဖုမြို့။ ယခင်က ကျောက်နိုင်ငံနှင့် နယ်မြေ​ချင်းထိစပ်နေသော်လည်း ယခုတော့ ချင်နိုင်ငံနှင့် နယ်မြေချင်းထိစပ်နေပြီဖြစ်သည်။ ချင်နိုင်ငံက ကျောက်နိုင်ငံကို ဖျက်စီးပြီး ဝူအန်းစခန်းကို ယွင်ကျုံးမြို့တွင် တပ်စွဲထားကတည်းက ချူနိုင်ငံကလည်း ရှုဖုမြို့ကို အင်အားဖြည့်ထားခဲ့သည်။

စစ်သည်ငါးသောင်းက မြို့ကို သတိကြီးစွာဖြင့် စောင့်ကြပ်နေကြသည်။ ရှုဖုမြို့၏ နောက်မှ မြို့များတွင်လည်း ချူနိုင်ငံက အင်အားအပြည့်ဖြင့် စောင့်ကြပ်နေသည်။ ချူနိုင်ငံ၏ အလံများက မြို့ရိုးပေါ်တွင် လွင့်ပျံနေပြီး ချူစစ်သည်များက ကင်းလှည့်နေကြသည်။

တပ်ဖွဲ့များက ခံစစ်အနေဖြင့် ပြင်ဆင်ထားကြသော်လည်း ချင်နိုင်ငံက ကျောက်နိုင်ငံကို ဖျက်ဆီးပြီး​နောက် စစ်ပွဲမရှိသည်မှာ နှစ်နှစ် သုံးနှစ်လောက် ကြာပြီဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ နယ်စပ်မြို့ဖြစ်နေလျှင်တောင့် ပေါ့ဆမှုအချို့တော့ ရှိနေခဲ့သည်။ ပေါ့ဆမှုတစ်ခုက အသက်အန္တရာယ်ကို ဖြစ်စေနိုင်သည်။

ထိုအချိန်တွင် မြင်းခွာသံများ ထွက်ပေါ်လာပြီး ရှုဖုမြို့ရိုးပင် တုန်ခါနေသည်ဟု ထင်ရသည်။ ချူစစ်သည်များက အဝေးသို့ လှမ်းကြည့်လိုက်ကြသည်။ မြင်းစီးစစ်သည်များက သူတို့မြို့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာကြသည်။ သူတို့၏ အနက်ရောင်အလံများက ကောင်းကင်တွင် လွင့်ပျံနေသည်။

" မကောင်းတော့ဘူး။ ချင်စစ်တပ်က အလစ်ငိုက်တိုက်ခိုက်နေပြီ။ တပ်မှူးဆီ အမြန်သတင်းပို့ကြ။ မြန်မြန် ခံစစ်ပြင်ကြ။ " ချူစစ်သည်များက ထိတ်လန့်သွားကြပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

ချင်မြင်းတပ်က မြို့နှင့် နီးကပ်လာသောအခါ သူတို့က လူစုခွဲသွားကြပြီး အချို့က မြို့တံခါးဆီသို့ ဆက်လက်ချီတက်သွားကြပြီး အချို့က အခြားတံခါးများဆီသို့ လှည့်သွားကြသည်။ ရှုဖုမြို့ကို မတိုက်ခိုက်ခင်ကတည်းက မြို့တွင် စစ်သည်ငါးသောင်းသာရှိသည်ကို ကျောက်ဖုန်းက ကြိုသိထားသည်။ နှစ်ဖက်တိုက်ခိုက်လျှင် ချူစစ်တပ်၏ အင်အားက ပြန့်ကျဲသွားပြီး မြို့ကို သိမ်းပိုက်ရ ပိုမိုလွယ်ကူသွားပေလိမ့်မည်။

ချင်မြင်းစီးစစ်သည်တစ်သိန်း မြို့သိမ်းလက်နက်များမလိုပေ။ ကျောက်ဖုန်းကိုယ်တိုင်က အင်အားအကြီးဆုံး မြို့သိမ်းလက်နက်ဖြစ်သည်။ ဓားတစ်ချက်နှင့် မြို့တံခါးကို ဖျက်ဆီးနိုင်သည်။

မြင်းစီးစစ်သည်များက လူစုခွဲသွားသည်နှင့် ကျောက်ဖုန်းက သူ၏ မြင်းကို အရှိန်တင်လိုက်သည်။ သူက အာဏာရှင်လှံကို လက်ထဲတွင် ကိုင်ကာ မြို့တ့်ခါးဆီသို့ ဦးတည်သွားပြီး မြင်းစီးစစ်သည်ငါးသောင်းက နောက်မှ လိုက်ပါလာသည်။

" မြားတွေ " ကျောက်ဖုန်းက မြင်းပေါ်မှ အော်ဟစ်လိုက်ပြီး သူ၏ လေးကို ကိုင်လိုက်သည်။ မြားများကို လေးပေါ်တွင် တင်ပြီး ယွမ်စွမ်းအားများ ထည့်သွင်းလိုက်သည်။ မြားပစ်နိုင်သော အကွာအဝေးသို့ ရောက်သည်နှင့် သူက ထပ်မံအော်ဟစ်လိုက်သည်။

" ပစ်ကြ။ " ကျောက်ဖုန်းက လေးကြိုးကို လွှတ်လိုက်ပြီး မြားဆယ်စင်းက အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်။

ဝုန်း ဝုန်း ဝုန်း....

ခဏအတွင်း ယွမ်စွမ်းအား ပေါက်ကွဲမှုများနှင့်အတူ မြို့တံခါးနှင့် အနီးမှ မြို့ရိုးများက ပျက်စီးသွားသည်။ တံခါးအတွင်းမှ ချူစစ်သည်များက ယွမ်စွမ်းအားလှိုင်းကြောင့် ချက်ချင်း သေဆုံးသွားကြသည်။

" ဒါ ဘာကြီးလဲ။ " ချူစစ်သည်များက တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ထိတ်လန့်သွားကြသည်။ ၎င်းက သူတို့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။ သို့သော် ကျောက်ဖုန်းနှင့် သူ၏ စစ်သည်များကတော့ သူတို့၏ အံ့ဩမှုကို ဂရုမစိုက်ကြပေ။

" သတ်ကြ။ " မြို့တစ်ခုလုံးကို သတ်ဖြတ်လိုစိတ်များက ဖုံးလွှမ်းသွားသည်။ မြားပေါင်းသောင်းချီက ကောင်းကင်မှ ရှုဖုမြို့ပေါ်သို့ ကျဆင်းလာသည်။ မြို့ထဲမှ ချူစစ်သည်များစွာက မြားမိုးအောက်တွင် သေဆုံးသွားကြသည်။ ချင်မြင်းစီးစစ်သည်များက မြို့ထဲသို့ အရှိန်အဟုန်ဖြင့် ဝင်လာကြသည်။

" မြားတွေပစ်ကြ " မြို့ရိုးပေါ်မှ တပ်မှူးတစ်ယောက်က အော်ဟစ်လိုက်ပြီး မြားများက ချင်မြင်းတပ်ပေါ်သို့ ကျဆင်းလာသည်။ ချင်မြင်းတပ်က အုပ်စုများ ခွဲထားသော်လည်း မြားမိုးအောက်တွင် ထိခိုက်မှုက ရှိနေဆဲ ဖြစ်သည်။

" ချင်စစ်သည်တို့ သတ်ကြ။ " ကျောက်ဖုန်းက မြားများကို ကာကွယ်ပြီး ပျက်စီးနေသော မြို့တံခါးမှ မြို့ထဲသို့ ပထမဆုံး ဝင်သွားခဲ့သည်။ အာဏာရှင်လှံက လှုပ်ရှားသွားပြီး ဘေးသို့ ခုတ်လိုက်ရာ ချူစစ်သည်ဆယ်ယောက်ကျော်က သေဆုံးသွားကြသည်။

" ချူစစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး နဂါးဆင်စွမ်းအား ၁ မှတ် ရရှိပါတယ်။ "

" ချူစစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး အစစ်အမှန်ယွမ် ၁ မှတ် ရရှိပါတယ်။ "

ရန်သူများကို သတ်ဖြတ်လိုက်သည်နှင့် မတွေ့သည်မှာ ကြာပြီဖြစ်သော အသိပေးချက်များ ထွက်ပေါ်လာသည်။

" စွမ်းရည်တွေ ပြောင်းလဲသွားပေမယ့် ၁ မှတ်က အနည်းဆုံးထင်တယ်။ ဒါဆိုရင်တော့ ငါ့ရဲ့ စွမ်းအားတွေ ပိုပြီး တိုးတက်လာမှာပဲ။ " ကျောက်ဖုန်းက စိတ်ထဲမှ ပြုံးလိုက်သည်။ သူက မြင်းကို အရှိန်မြှင့်ပြီး အာဏာရှင်လှံကို ဝှေ့ရမ်းလိုက်သည်။

" သတ်ကြ.... ချူစစ်သည်တွေကို အကုန်သတ်..." ချင်မြင်းတပ်ကလည်း ကျောက်ဖုန်း၏ နောက်မှ မြို့ထဲသို့ ဝင်လာကြသည်။ ချူစစ်သည်များ၏ အလောင်းများကို ဖြတ်ကျော်ပြီး အဆက်မပြတ် သတ်ဖြတ်နေကြသည်။

ချူနိုင်ငံက ပြင်ဆင်မှုများ ပြုလုပ်ထားသော်လည်း အတွေ့အကြုံရှိသော ဝူအန်းစခန်းနှင့် ရင်ဆိုင်ရသောအခါ သူတို့က ခုခံနိုင်စွမ်းမရှိဘဲ သတ်ဖြတ်ခံနေရသည်။ ညနေစောင်းသောအခါ တိုက်ပွဲက ပြီးဆုံးသွားခဲ့သည်။

" စစ်သေနာပတိချုပ် မြို့ထဲက ချူစစ်တပ်က ပျက်စီးသွားပါပြီ။ ရန်သူနှစ်သောင်းကျော်ကို သတ်ပြီး နှစ်သောင်းကျော်ကို ဖမ်းမိထားပါတယ်။ ကျွန်တော်တို့ဘက်က ထိခိုက်မှုက ငါးထောင်အောက်မှာ ရှိပါတယ်။ တကယ်အောင်ပွဲတစ်ခုပါပဲ။ "ကျန်းဟန်က လေးစားစွာ အစီရင်ခံလိုက်သည်။

" လက်နက်ချတဲ့သူတွေကို စောင့်ကြပ်ဖို့ စစ်သည်ငါးထောင် ထားခဲ့လိုက်။ ကျန်တဲ့သူတွေက နှစ်နာရီအနားယူပြီးရင် ငါနဲ့အတူ ဆက်ပြီးချီတက်မယ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" ဟုတ်ကဲ့ပါ။ " ကျန်းဟန်က ချက်ချင်း ပြန်ပြောလိုက်သည်။

" သူတို့စစ်တပ်တွေ မတုန့်ပြန်နိုင်ခင် ချူနယ်စပ်ကို ထိုးဖောက်ပစ်ရမယ်။ ပြီးတော့ တုဆွေနဲ့ လီယောင်ကိုလည်း မြန်မြန်လာခိုင်းလိုက်။ " ကျောက်ဖုန်းက ထပ်ပြောလိုက်သည်။

ချူနိုင်ငံ၊ ယင်မြို့တော်။

ညီလာခံခန်းမထဲတွင် ချူဘုရင်က ပလ္လင်ပေါ်၌ ထိုင်နေပြီး သူက အသက်သုံးဆယ်ပင် ပြည့်ပုံမရပေ။ အောက်တွင် အရာရှိများက တန်းစီပြီး ရပ်နေကြသည်။

" ဝန်ကြီးတို့ အခု ချင်စစ်တပ်က အဆက်မပြတ် တိုက်ခိုက်နေတယ်။ စစ်သေနာပတိချုပ်ရှန်းယန်ကလည်း စစ်ကူတောင်းထားတယ်။ ဝန်ကြီးတို့ စစ်တပ်တွေကို ဘယ်တော့လွှတ်ပေးမှာလဲ။ " ချူဘုရင်က ပြောလိုက်သည်။

ဘုရင်တစ်ပါးအနေဖြင့် သူက စစ်မှန်သော အာဏာကို မပိုင်ဆိုင်ထားပေ။ စစ်မှန်သော အာဏာက မိသားစုကြီးသုံးခုလက်ထဲတွင် ရှိနေသည်။ သူက စစ်ဘက်နှင့်အရပ်ဘက်အရာရှိများထဲတွင် အမြင့်ဆုံးရာထူးရှိသော မိသားစုသုံးခု၏ ခေါင်းဆောင်သုံးယောက်ကို ကြည့်လိုက်သည်။

" အရှင်မင်းကြီး စစ်သေနာပတိချုပ်ရှန်းယန်မှာ စစ်သည်နှစ်သိန်းရှိပါတယ်။ အဲ့ဒါနဲ့ ချင်စစ်တပ်ကို တားဆီဖို့ လုံလောက်ပါတယ်။ သတင်းတွေအရ ချင်နိုင်ငံက အင်အားအပြည့် မသုံးထားဘူး။ ဟန်ကုစခန်းတစ်ခုတည်းနဲ့ တိုက်ခိုက်နေတာပါ။ စစ်သေနာပတိချုပ် ရှန်းယန်က တားဆီးထားနိုင်ပါတယ်။ " ကျောက်ဝမ်က ပြုံး၍ ဦးညွှတ်လိုက်သည်။

" ထောက်ခံပါတယ်။ စစ်သေနာပတိချုပ်ရှန်းယန်ရှိနေရင် ချင်စစ်တပ်က ရှေ့ဆက်တိုးနိုင်မှာ မဟုတ်ပါဘူး။ ဟန်ကုစခန်းတစ်ခုတည်းနဲ့ ချူဖန်မြို့ကို မထိုးဖောက်နိုင်ပါဘူး။ အရှင်မင်းကြီး မစိုးရိမ်ပါနဲ့။ "

" အရှင်မင်းကြီး စိတ်အေးအေးထားပါ။ ကျွန်တော်မျိုးတို့က ချီနိုင်ငံ လှုပ်ရှားတာကို စောင့်ရမှာပါ။ သူတို့သာ လှုပ်ရှားရင် ချူနိုင်ငံက ချင်ကို ကြောက်စရာမလိုပါဘူး။ "

အခြားနှစ်ယောက်ကလည်း ထောက်ခံလိုက်သည်။ မိသားစုတိုင်းတွင် သူတို့၏ အကျိုးစီးပွားများ ရှိကြသည်။ သူတို့၏ အကျိုးစီးပွားအတွက် အဓိကမှာ သူတို့၏ အင်အားကို ကာကွယ်ရန်ဖြစ်သည်။

" ဒါပေမယ့်..." ချူဘုရင်က မျက်မှောင်ကြုတ်ပြီး စကားပြောရန် ပြင်လိုက်သော်လည်း အောက်မှ ဝန်ကြီးသုံးယောက်ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters