ကျောက်ရှင်းမုံ့
Vol. 011 Ch. 544
ဘိုင်ဝေက ခေါင်းညိတ်၍ လေးစားစွာ ပြောလိုက်သည်။ “တပည့်က လက်လျော့ပါတယ်…”
လေးယောက်မြောက်အမ ကျောက်ရှင်းမုံ့က ဝမ်လင်းက အလေးအနက်ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။ “ ညီခုနှစ်…ငါကလည်း လက်လျော့လိုက်ရင် ဒီနေရာကို ရဖို့ နင့်အတွက် လွယ်သွားလိမ့်မယ်…။ ဒီတော့ ငါတို့နှစ်ယောက်ကြားက တိုက်ပွဲက ဒီနေ့ ဖြစ်လာတော့ မှာပေါ့…”
ဝမ်လင်း စိတ်ထဲ၌ ယွမ်တောက်ဇီ၏ ကြောက်ရွှံ့သွားသည့်အသွင်က ပေါ်လာခဲ့သည်။ သူက ချီတုံ့ချတုံ့ ဖြစ်လို့နေ၏။
“တပည့်က လက်လျော့ပါတယ်…” ဝမ်လင်းက အသက်ဝဝရှုသွင်း၍ ရှေ့ဖြစ်ဟောသူ ထံသို့ ကြည့်လိုက်သည်။
ရှေ့ဖြစ်ဟောသူက မှင်တက်မိသွား၏။ ဝမ်လင်းမျက်နှာပေါ်၌ သည်လိုပုံစံမျိုးဖြစ်သည်မှာ ပထမဆုံးအကြိမ်ပင်။ ရှေ့ဖြစ်ဟောသူက ဝမ်လင်းကို ကြည့်ကာ အလေးအနက်လေသံဖြင့် မေးလိုက်၏။ “မင်းက ဘာလို့ လက်လျော့တာလဲ…”
ကျောက်ရှင်းမုံ့မျက်နှာပေါ်ရှိ တည်ငြိမ်မှုသည်လည်း ပျောက်ကွယ်သွားခဲ့ကာ ထူးဆန်းသောအသွင် အစားဝင်လာခဲ့သည်။ သူမက ဝမ်လင်းကို စူးစိုက်ကြည့်ကာ တိတ်တဆိတ် စဉ်းစားနေ၏။
ယွမ်တောက်ဇီ၏ ကြောက်ရွှံ့သွားခဲ့သည့်ပုံရိပ်က ဝမ်လင်းစိတ်ထဲ၌ ရှိလို့နေဆဲပင်။ သူက ရှေ့ဖြစ်ဟောသူ၏ စကားကို ကြားလိုက်သည့်အခါ အနည်းငယ်စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။ “တပည့်ရဲ့ကျင့်ကြံမှုအဆင်က လေးယောက်မြောက်အမနဲ့ ယှဉ်နိုင်လောက်အောင် မမြင့်ပါဘူး…”
“ဝမ်လင်း…” ရှေ့ဖြစ်ဟောသူက ဝမ်လင်းစကားကို ဖြတ်တောက်လိုက်သည်။သည့်နောက်သူက ဝမ်လင်းက အဓိပ္ပာယ်ပါပါကြည့်၍ ပြောလိုက်၏။ “ဆရာက မင်းကို တစ်ကြိမ်တော့ တိုက်ခိုက်ကြည့်စေချင်တယ်…။ ငါ့တပည့်တွေက သူရဲဘော ကြောင်တဲ့လူတွေ မဖြစ်သင့်ဘူး။ ဒါ့အပြင် မင်းကလည်း အခြားလူတွေရဲ့ စိုးမိုးတာကို မခံသင့်ဘူး…။ မင်းနှလုံးသားထဲမှာ မလိုအပ်တဲ့အရာတွေနဲ့ ပြည့်နေခဲ့တယ်...။ မင်းက မင်းဆန္ဒအတိုင်းပဲ လိုက်ပါလုပ်ဆောင်ဖို့ လိုတယ်ဆိုတာ မမေ့ပါနဲ့။ ငါ မင်းကို အမွှေးတိုင်တစ်တိုင်ထွန်းချိန်တစ်ဝက် အချိန်ပေးမယ်။ မင်းက ဒါကို သေချာစဉ်းစားပါ…။ အဲ့နောက်မှာ မင်းက လက်လျော့ဖို့ ဆုံးဖြတ်နေဦးမယ် ဆိုရင်တော့ ငါက မင်းကို မတားတော့ဘူး…” ရှေ့ဖြစ်ဟောသူက မျက်မှောင်ကြုတ်နေသည်။ သည့်နောက် သူက ယွမ်တောက်ဇီထံသို့ ကြည့်လိုက်ကာ သူ့အသွင်က သုန်မှုန်လာခဲ့တော့သည်။
ယွမ်တောက်ဇီက သူ့ဆရာအကြည့်ကို သတိပြုမိလိုက်သည့်အတွက် သူ့နှလုံးသားက တုန်ယင်သွးကာ ခေါင်းငုံ့ထားလိုက်မိသည်။
ရှေ့ဖြစ်ဟောသူ၏ စကားလုံးများကို အခြားအုပ်စုခွဲခြောက်ခု၏ တပည့်များသည်လည်း ကြားလိုက်ရလေသည်။ စိတ်ရှုပ်ထွေးမှုနှင့် ပြည့်နေသည့် သူတို့အကြည့်များက ဝမ်လင်းပေါ်သို့ ကျရောက်လာကြသည်။
အကြောင်းကတော့ သူတို့ဆရာက တစ်စုံတစ်ယောက်၏ စိတ်ကို ပြောင်းလဲရန်ကြိုးစားသည်က အလွန်တရာမှ ရှားပါးလှသောကြောင့်ပင်။ ခရမ်းရောင်အုပ်စုခွဲ၌ စွန်ယွမ်အပြင် ဝမ်လင်းသည် ထိုသို့ ရှေ့ဖြစ်ဟောသူကို ထိုသို့ဖြစ်စေခဲ့သည့် ဒုတိယမြောက်လူ ဖြစ်လေသည်။
အမွှေးတိုင်တစ်ဝက်ထွန်းစာ ကြာချိန်က တဖြည်းဖြည်း ကုန်ဆုံးလာခဲ့သည်။ ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။သည့်နောက် သူက ရှေ့ဖြစ်ဟောသူကို ကြည့်ကာ လေးစားစွာဖြင့် ပြောလိုက်သည်။ “တပည့်က တစ်ကြိမ်လောက် တိုက်ခိုက်ကြည့်ချင်ပါတယ်…”
ရှေ့ဖြစ်ဟောသူက ကျေနပ်သွားဟန်ရကာ ခေါင်းညိတ်လိုက်သည်။ “ကောင်းတယ်…”
ကျောက်ရှင်းမုံ့က ဝမ်လင်းကို ကြည့်က နူးညံ့စွာ ပြောလိုက်၏။ “မောင်လေးခုနှစ်…စကြစို့…”
ခရမ်းရောင်ကြယ်များ တစ်ခုပြီးတစ်ခု ရုတ်တရပ် ထွက်ပေါ်လာပြီး သူမကို ဝန်းပတ်လို့သွားလေ၏။
ဝမ်လင်းက ထိုကြယ်များကို စူးစိုက်ကြည့်နေသည်။ ထျန်ယွမ်ဂြိုဟ်ပေါ်တွင် တိုက်ခိုက်ရာ၌ ရတနာများကို သိပ်အသုံးမပြုသည့်ပုံပင်။ ထိုအစား မန္တာန်များကိုသာ အသုံးပြုလေ့ရှိကြ၏။ သူက သည်နေရာသို့ ရောက်လာသည်မှာ ဘာမှ မကြာလှသေးသော်လည်း သူနှင့်တွေ့ခဲ့သည့်လူတိုင်းက အဓိကတိုက်ခိုက်ရာ၌ မန္တာန်များကိုသာ အသုံးပြုသည်အား တွေ့ခဲ့ရလေ၏။
ကျောက်ရှင်းမုံ့ကို ဝန်းပတ်နေသည့် ကြယ်များက သူမလက်ချောင်းထိပ်၌ စတင်စုဝေးလာကြသည်။ သူမကလည်း လေထုကို ဖြတ်ကာ ရွှေ့လျားလာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမကို ထူထဲသော ခရမ်းရောင်အလင်းက ဖုံးအုပ်သွားတော့၏။
သူမခန္ဓာကိုယ်သည်ပင် ခရမ်းရောင်အလင်းအလွှာပါးတစ်ခုနှင့် အုပ်နေကာ ထူဆန်းသောခံစားမှုကို ပေးစွမ်းနေ၏။
“မောင်လေးခုနှစ် …နင်က ငါ့တာအိုကို မသိဘူးဆိုတာ ငါ သိတယ်…၊ဒါ့ကြောင့် ဒီနေ့မှာ ငါက နင့်ကို ပြောပြမယ်…။ငါ့တာကိုက နတ်ဆိုးအရိပ်ပဲ ဖြစ်တယ်…။ ငါကမန္တာန်တစ်ခုကို တစ်ကြိမ်မြင်ပြီးတာနဲ့ ဒီမန္တာန်ရဲ့လိုအပ်ချက်က ငါ့ကျင့်ကြံမှုအဆင့်ကို မကျော်လွန်ဘူးဆိုရင် ငါက ဒါကို အင်ပြည့်အားပြည့် မဟုတ်ပေမဲ့ တုပနိုင်စွမ်း ရှိတယ်…။ ဒီမန္တာန်က နင့် နတ်ဆိုးလက်ချောင်းမန္တာန်ကနေ တုပဖန်တီးထားတဲ့ ဟာပဲ…။ ငါက ဒါကို ခရမ်းရောင်နတ်ဆိုးလက် လို့ နာမည်ပေးထားတယ်…”
သူမက ပြောပြီးသည်နှင့် ရှေ့သို့ လက်ဝှေ့ရမ်းလိုက်သည်။ ခရမ်းရောင်အလင်းက ရုတ်တရပ် သူမ လက်ကနေ ဝမ်လင်းထံသို့ ပျံသန်းသွားတော့၏။
ဝမ်လင်းက နောက်သို့ အလျင်အမြန် ဆုတ်လိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် သူက ညာဘက်လက်ညှိုးကို မြှောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များက လှုပ်ရှားလာပြီး ခရမ်းရောင်မီးတောက်တစ်ခုက သူ့လက်ချောင်းထိပ်၌ ပေါ်လာခဲ့သည်။
မီးတောက်ပေါ်လာသည်နှင့် မွန်းစတားဆန်လှသည့် နတ်ဆိုးအော်ရာကပါ သည်ဧရိယာတွင် ပေါ်လာခဲ့တော့သည်။
“ဒီကလေးက ငါ့တာအိုနဲ့ တကယ့်ကို အပ်စပ်တယ်…။ အတိတ်တုန်းက “သူ” က ငါ့ကို စကားတစ်ခွန်း ချန်ထားခဲ့တယ်…။ ငါ့တာအိုက ကောင်းကင်ဘုံရဲ့ ကံကြမ္မာတာအို ဖြစ်တယ်။ ငါက ငါ့တာအိုနဲ့ သင့်တော်အပ်စပ်တဲ့လူကို ရှာတွေ့နိုင်ခြင်းကသာ တတိယအဆင့်ရောက်ဖို့ အခွင့်ရေးရှိစေလိမ့်မယ်…” ရှေ့ဖြစ်ဟောသူ အသွင်က သာမာန်အတိုင်း ရှိနေကာ သူက ဝမ်လင်း၏ ညာလက်ညှိုးပေါ်သို့ အာရုံစိုက်လိုက်သည်။
“ဒီကလေးကသာ ငါ့တာအိုနဲ့ တကယ် သင့်တော်ရင် အဲ့နောက်မှာ ငါ ရှေ့ဖြစ်ဟောသူကလည်း ဘယ်လိုပဲဖြစ်ဖြစ် ရင်းနှီးပစ်ရမှာပဲ…။ ငါက “သူ” နဲ့တွေ့ခဲ့တည်းကဆိုရင် နှစ်ပေါင်း သုံးသောင်ကျောက် ခဲ့ပြီ….။ငါ့မှာ အဲ့အချိန်တည်းကဆိုရင် ငါ့တပည့်ပေါင်းများစွာကိုလည်း ဆုံးရှုံးခဲ့ပြီးပြီး…။ ငါ့အတွက် ဒါကိုလုပ်ဖို့က …ငါမှန်လား…ဒါမှမဟုတ်…ငါမှားလား…” ရှေ့ဖြစ်ဟောသူက စိတ်ထဲ၌ ထိုသို့တွေးနေရင်း ဝမ်လင်းကို ဆွေးမြေ့စွာ ကြည့်လို့နေလေသည်။
ဝမ်လင်းမျက်လုံးများက အလေးအနက်ဖြစ်လာပြီး သူက ပြောလိုက်၏။ “နတ်ဆိုးလက်ချောင်း…”
သူလက်ချောင်းပေါ်ရှိ ခရမ်းရောင်မီးတောက်က ရုတ်တရပ် ပျံသန်းထွက်သွားကာ ကျောက်ရှင်းမုံ့၏ ခရမ်းရောင်နတ်ဆိုးလက်နှင့် ထိပ်တိုက်တွေ့လေ၏။
ခရမ်းရောင်ကြယ်များကလည်း ခရမ်းရောင်အလင်းထဲကနေ မြင့်တက်လာခဲ့ကာ အက်ကွဲသံများကိုပင် ဆက်တိုက်ကြားလိုက်ရ၏။ ထူးဆန်းသောပြောင်းလဲမှုက သည်ခရမ်းရောင်အလင်းထဲ၌ ဖြစ်ပျက်သွားခဲ့သည်။
သည်အလင်းကနေ ထွက်ပေါ်လာသည့် နတ်ဆိုးစွမ်းအင်က ဝမ်လင်းနတ်ဆိုးလက်ချောင်း၏ စွမ်းအင်ထက် အဆများစွာ သိပ်သည်းလေ၏။ သ
ကျောက်ရှင်းမုံ့က လျင်မြန်စွာဖြင့် နောက်သို့ဆုတ်ကာ သိုလှောင်အိတ်ထဲက ပုလဲတစ်လုံးကို ထုတ်ယူလိုက်၏။သူမက ပိုင်နိုင်သည့်အသွင်ဖြင့် တိုးညင်းစွာ ပြောလိုက်တော့၏။ “စုစည်းစမ်း…”
ထိုသို့ပြောလိုက်ပြီးနောက် နတ်ဆိုးစွမ်းအင်က ပျံ့နှံ့နေရာကနေ ရုတ်တရပ် ရပ်တန့်သွားပြီးမှ သူမလက်ထဲရှိ ပုလဲထဲသို့ စတင်ဝင်ရောက်လာခဲ့သည်။သိပ်မကြာခင်မှာပင် နတ်ဆိုးစွမ်းအင်အားလုံးက ပုလဲ၏ စုပ်ယူခြင်းကို ခံလိုက်ရလေတော့သည်။
နဂိုမူလအဖြူရောင်ပုလဲက ခုချိန်တွင် လုံးဝ နက်မှောင်လို့သွား၏။သည်ပုလဲထံကနေ အေးစက်စက်စွမ်းအင်များ ပေးစွမ်းလို့နေသည်။
ကျောက်ရှင်းမုံ့က ပုလဲကို ကိုင်ထားရင်း ပြုံး၍ ပြောလိုက်၏။ “မောင်လေး ခုနှစ်…ငါက နင်နဲ့ အစစ်အမှန်တပည့် နေရာအတွက် တိုက်ခိုက်ချင်ခဲ့တာ မဟုတ်ဘူး…ဒါပေမဲ့ ဒီနတ်ဆိုးစွမ်းအင်ကတော့ ငါပိုင်ဆိုင်ရမယ်…”
ဝမ်လင်းက ပုလဲကို ကြည့်က အလေးအနက်အသွင်ဖြင့် ပြောလိုက်သည်။ “နင်က ခရမ်းရောင် နတ်ဆိုးလက်ကို ဖန်တီးပြီး ငါ့နတ်ဆိုးလက်ချောင်းအသုံးပြုအောင် လုပ်ခဲ့တယ်…။အဲ့နောက်မှာ ဒီထဲက နတ်ဆိုးစွမ်းအင်ကို စုပ်ယူခဲ့တယ်…။ စီနီယာအမ… နင်က ငါ့ကို တည့်တည့်တောင်းဆိုရင် ငါက စိတ်ရှိမှာ မဟုတ်ဘူး…။ ဒါပေမဲ့ ခုချိန်မှာတော့ ဒီနတ်ဆိုးစွမ်းအင်ကို နင်ရနိုင်ဖို့ မဖြစ်နိုင်တော့ဘူး…”
ဝမ်လင်းက ထိုသို့ပြောလိုက်စဉ်တွင် ကျောက်ရှင်းမုံ့လက်ထဲရှိ ပုလဲထဲရှိနတ်ဆိုးစွမ်းအင်များက အမြန်အဆန် ကွယ်ပျောက်သွားတော့သည်။ သိပ်မကြာခင်မှာပင် အနက်ရောင်ပုလဲက အဖြူရောင်အဖြစ်သို့ ပြန်ပြောင်းလဲသွားခဲ့တော့သည်။
သည်နတ်ဆိုးစွမ်းအင်က ကျင့်ကြံခြင်းကနေ ဖြစ်တည်လာသည့် အစစ်အမှန်နတ်ဆိုးစွမ်းအင်မဟုတ်ဘဲ ဝမ်လင်း၏ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ဖြင့် ဖန်တီးထားသည့်အရာသာ ဖြစ်သည်။ သည့်အတွက်ကြောင့် ဝမ်လင်းက ၎င်းစွမ်းအင်ကို ထိန်းချုပ်နိုင်က အတွေးတစ်ချက်ဖြင့်ပင် သူက ပျောက်ကွယ်စေနိုင်ခဲ့သည်။
သည်လိုမွန်းမံထားသည့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်မျိုးက အခြားလူများ ယူ၍ မရနိုင်ချေ။ ဝမ်လင်းကလည်း သည်လိုနည်းလမ်းကို စစ်ထူနန်အား မည်သူ့ကိုမျှ ပြန်သင်ကြာမပေးရန် ကတိပေးထားခဲ့သေးသည်။
ကျောက်ရှင်းမုံ့အသွင်က ရှုံ့မဲ့ကာသွားသည်။ သူမက လက်ထဲရှိ ပုလဲကို တစ်ချက်ကြည့်ကာ ချေမွပစ်လိုက်၏။ သည့်နောက် သူမက ခေါင်းမော့ကာ ဝမ်လင်းကို ကြည့်၍ တိုးညင်းစွာ ပြောလိုက်သည်။ “မောင်လေးခုနှစ်…ငါက နင့်ရဲ့ နတ်ဆိုးစွမ်းအင် နည်းနည်းပဲ လိုချင်တာပါ…နင်က ငါ့ကို အဲ့တာ ပေးရင် ငါက အစစ်အမှန်တပည့်နေရာအတွက် လက်လျော့မယ်…။မဟုတ်ရင်တော့…”
ဝမ်လင်းက ကျောက်ရှင်းမုံ့ကို ကြည့်လိုက်သည်။ သူတို့က အရင်တုန်းက ပတ်သတ်မှုအချို့ ရှိခဲ့သော်လည်း ကိုယ်လမ်းကိုယ်သာ လျှောက်လှမ်းရမည်သာ။ ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ “စီနီယာအမ…ငါက နင့်ကို မကူညီနိုင်ဘူး..”
ကျောက်ရှင်းမုံ့က ဝမ်လင်းကို ကြည့်လိုက်သည်။ သည့်နောက် သူမက လက်မြှောက်၍ တိုးညင်းစွာ ပြောလိုက်သည်။ “စက်ဝိုင်းကိုးခုကောင်းကင်ဘုံသန့်စင်ခြင်းနည်စနစ်…”
ထိုသို့ပြောပြီးနောက် အားကောင်းသော ရွှေရောင်အလင်းတစ်ခုက ကျောက်ရှင်းမုံ့ခန္ဓာကိုယ်အတွင်း၌ ပေါ်လာခဲ့တော့သည်။ တစ်ပြိုင်နက်တည်းမှာပင် သူမမျက်နှာက ရွှေရောင်အလင်းဖြင့် ဖုံးလွှမ်းသွား၏။
သတ္တုကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များက သူမလက်ပတ်လည်တွင် တဖြည်းဖြည်း ဖြစ်ပေါ်လာကာ ရွှေ့ရောင်စက်ဝိုင်းတစ်ခုကဲ့သို့ ဖြစ်လာ၏။ စက်ဝိုင်းတစ်ခု,နှစ်ခု,သုံးခု,လေးခု, ငါးခု ထိ ဖြစ်လာခဲ့၏။
ဝမ်လင်းမျက်လုံးကလည်း လက်ခနဲ ဖြစ်သွားကာ သူက ဘယ်ဘက်လက်ကို မြှောက်လိုက်သည်။ ထိုအခါ သူ့လက်ဝါးပေါ်တွင်လည်း သတ္တုကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် စက်ဝိုင်း သုံးခုက ရုတ်တရပ် ပေါ်ထွက်လာခဲ့တော့သည်။
ကျောက်ရှင်းမုံ့မျက်လုံးထဲ၌ တုန်လှုပ်မှုတစ်ခု ဖြစ်ပေါ်သွား၏။ သူမက ဝမ်လင်းကို လွန်ခဲ့သောရက်အနည်းတုန်းကမှ သည် စက်ဝိုင်းကိုးခုကောင်းကင်ဘုံသန့်စင်ခြင်းနည်းစနစ်ကို ပေးခဲ့ခြင်းပင်။ သို့သော် သူက သည်လိုအချိန်တိုလေးအတွင်း စက်ဝိုင်းသုံးခုထိရောက်အောင် ကျင့်ကြံနိုင်နေခဲ့ပြီ ဖြစ်သည်။ သည်အရာက သူမ မျှော်လင့်ထားသည်ထက် ပိုလေ၏။
ကျောက်ရှင်းမုံ့က သူမမျက်လုံးထဲရှိ တုန်လှုပ်မှုကို ဖုန်းကွယ်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ “မောင်လေးခုနှစ်…စက်ဝိုင်းသုံးခုက ငါ့ကို ဆန့်ကျင်ဖို့ အသုံးမဝင်ဘူး…”
ဝမ်လင်းအသွင်က တည်ငြိမ်နေကာ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကလည်း လှုပ်ရှားလာခဲ့၏။ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်အမျှင်တန်းတစ်ခုက သူ့ခန္ဓာကိုယ်ထဲကနေ သတ္တုကောင်းကင်ဘုံစက်ဝိုင်းသုံးခုထံသို့ ရွေ့လျားလာ၏။ သတ္တုကောင်းကင်ဘုံစွမ်းအင်က ပြင်းထန်စွာ တုန်ခါသွားကာ နောက်ထပ်လှည့်ပတ်သွား၏။
“အခု စက်ဝိုင်းလေးခု ရှိပြီ…” ထိုသို့ပြောပြီးနောက် နောက်ထပ်ကောင်းကင်ဘုံစွမ်းအင်ကို သူ့ဘယ်ဘက်လက်သို့ ရွှေ့လျားစေလိုက်ပြန်၏။
ထိုအခါ စက်ဝိုင်းလေးခုက ထပ်မံလှည့်ပတ်သွားပြန်သည်။
“ခု စက်ဝိုင်းငါးခု…” ဝမ်လင်းအသွင်က တည်ငြိမ်နေသော်လည်း သူ့ခန္ဓာကိုယ်ထဲတွင် အလွန်နာကျင်စွာ ခံစားနေရသည်သာ ဖြစ်သည်။ သူ့ဘယ်ဘက်လက်ပေါ်ရှိ သတ္တု ကောင်းကင်ဘုံစွမ်းအင်စက်ဝိုင်းများက ထိန်းချုပ်မှု စတင်လွတ်ကင်းလာနေ၏။ သို့သော် ဝမ်လင်း စိတ်အင်အားက ကျောက်ရှင်းမုံ့ စိတ်ကူးနိုင်သည့် အရာ မဟုတ်ချေ။ တကယ်တော့ သူက ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် ကြီးမားကျော်ကြားသော ကလန်ကြီးတစ်ခု၏ တပည့်ဖြစ်သူ ကျောက်ရှင်းမုံ့ လုံးဝမတွေ့ကြုံဖူးသည့် အရာများစွာကို တွေ့ကြုံ့ခဲရသူ မဟုတ်လား။
သည်အခိုက်တွင် ကျောက်ရှင်းမုံ့မျက်လုံးထဲ၌ ဝမ်လင်းအသွင်က ပုံမှန်အတိုင်း တည်ငြိမ်နေသည်ဟူသာ မြင်နေ၏။ သူမက တစ်ခုခုမှားနေသည်ကို အနည်းငယ်လေးပင် မရိပ်မိချေ။
ဝမ်လင်းက ကျောက်ရှင်းမုံ့ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။ “စီနီယာအမက ငါ့ရဲ့ သတ္တုကောင်းကင်ဘုံစွမ်းအင်စက်ဝန်း ခြောက်ခုကို တွေ့ချင်သေးလား…”
ကျောက်ရှင်းမုံ့အသွင်က ရှုံ့တွလို့နေသည်။ သူမက ဝမ်လင်းကို ကြည့်၍ ဖြည်းညင်းစွာ ပြောလိုက်၏။ “နင်က စက်ဝိုင်းခြောက်ခုစွမ်းအင် ရှိနေရင်တောင် ငါ့ပြိုင်ဘက် မဟုတ်သေးဘူး…”
ဝမ်လင်းက ရယ်မောလိုက်၏။ သူက သိုလှောင်အိတ်ထဲကနေ ပုဆိန်ကို ထုတ်ယူလိုက်ရာ သည်ပုဆိန်က အနက်ရောင်အလင်းအဖြစ် ပြောင်း၍ လေထဲ၌ မြောလွင့်သွား၏။
တစ်ပြိုင်နက်တည်းမှာပင် ဝမ်လင်းလက်ကောက်ဝတ်ကနေ သားရဲချုပ်နှောင်ခြင်းလက်ကောက်က ပျံထွက်လာကာ စစ်ရထားအဖြစ်သို့ ပြောင်းလဲသွားတော့၏။
“ဒီနှစ်ခုပါ ထပ်ပေါင်းရင်ရော ငါက မယှဉ်နိုင်သေးဘူးလား…”