လာစမ်းပါ
Vol. 86-89 Ch. 1331
“ဒီလောက်ပဲလား”
ဤကဲ့သို့ မာန်ပါ၍ ဂရုမစိုက်သော အသံ ထွက်ပေါ်လာသောအခါ လူတိုင်း နတ်ဘုရင်ထံမှ နတ်ဘုရား အပြစ်ဒဏ်ကို ကြားလိုက်ရသကဲ့သို့ ဖြစ်သွားကာ ငြိမ်ကျသွားသည်။
*ကျိုးသွားတယ်*
*နဂါးလှံရှည်က ဒီလိုမျိုး ပျက်စီးသွားတာလား*
*ပြီးတော့ ရန်သူရဲ့လက်သီးနဲ့ ထိုးလိုက်လို့ ဒီလို ဖြစ်သွားတာတဲ့လား၊ ဒါက သောက်ကျိုးနည်း ဘယ်လိုကြီးလဲ*
သူတို့ အမြင်များ မှားလေသလားဟု အတော်လေး သံသယဝင်လာမိသည်။
*ယဲ့ဖန်ရဲ့ လက်သီးချက်က အဲ့လောက် ကြောက်ဖို့ကောင်းတာလား*
*ဒါ သူတော်စင်သခင်အဆင့်က ပြုလုပ်ထားတဲ့ လက်နက်လေ၊ တောင်ကိုခွဲ ချောင်းကိုခြားရင်တောင် ဘာမှ မဖြစ်တာ၊ အခု ယဲ့ဖန်ရဲ့ လက်သီးကြောင့် ပျက်စီးသွားတာလား*
ဤသို့သော သွေးပျက်ထိတ်လန့်မှုက နှလုံးသားကို ဓားနှင့် အထိုးခံလိုက်ရခြင်းထက်ပင် ပိုဆိုးလေသည်။ ယဲ့ဖန်၏ ခန္ဓာကိုယ်က အလွန် ကြောက်စရာ ကောင်းလွန်းသည်။ လက်သီးတစ်လုံး၏ အစွမ်းကပင် စကြဝဠာကို ပျက်စီး စေနိုင်သလို နတ်ဘုရားနှင့် နတ်ဆိုးများကိုလည်း ဖျက်ဆီးနိုင်သည့်ပုံပင်။
နဂါးလှံရှည်က လက်သီးကြောင့် ပျက်စီးသွားသော်လည်း ယဲ့ဖန်က ဘာဒဏ်ရာမှ မရချေ။ သူ့ပုံစံက အလွန် အေးဆေးကာ ပေါ့ပေါ့ပါးပါး ဖြစ်နေပြီး အားထုတ်ထားပုံပင် မပေါ်သည့်အတွက် ထိတ်လန့်ဖွယ် ကောင်းပေသည်။
*ဒီလောက်ပဲတဲ့လား*
*ဝူချီဖုန်း ဒီနေ့ ဒီမှာတင် ဇာတ်သိမ်းမယ်လို့ ပြောချင်တာလား*
တစ်နေ့ ဝူချီဖုန်း ရှုံးသွားလိမ့်မည်ဟု သူတို့ မတွေးရဲသော်လည်း သူတို့ရှေ့မှ ဤလူ၏ ကြောက်စရာကောင်းသော လုပ်ဆောင်မှုက ဖြစ်နိုင်ချေ ရှိသည်ဟု တွေးမိလာစေသည်။
“မင်း …”
ဝူချီဖုန်းသည် တစ်ယောက်ယောက်ထံမှ အားဖြင့် ပါးရိုက်ခံလိုက်ရသကဲ့သို့ ပြောစရာ စကားမဲ့နေပြီး သူ့အပြုံး သည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
သူ၏ အားကုန်သုံးထားသော တိုက်ကွက်ကို ရန်သူက အသာလေး ဖြေရှင်းကာ ဖျက်ဆီးခဲ့သည်။ တစ်ဖက်လူ၌ သူ့အား ဖိနှိပ်နိုင်သော သာလွန်သည့် ခွန်အား တကယ် ရှိနေလေသလော။
ဤသည်က မည်သို့ ဖြစ်နိုင်ပါမည်နည်း။ ကျုံးကျိုး အင်ပါယာတစ်ခုလုံး၌ ဘုရင်အဆင့်၌ ရှိနေသော မည်သူမဆိုက သူ၏ ပြိုင်ဘက် မဟုတ်ပေ။ ဒါ လုံးဝ မဖြစ်နိုင်ပါ။
လမ်းမတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားပြီး လေးလံထိုင်းမှိုင်းသော လေထုက လူတိုင်းအား အသက်ရှူမဝအောင် ခံစားရစေသည်။ သူတို့ အလွန် ကြောက်လန့်နေသဖြင့် ရင်တဒိန်းဒိန်း ခုန်နေကြသည်။
“ဝုန်း”
ဒေါသပါသော လက်သီးတစ်ချက်က ဝူချီဖုန်းထံသို့ တိုက်ရိုက် ကျရောက်လာသည်။ ရုတ်ချည်းဆိုသလိုပင် ဝူချီဖုန်း မျက်လုံးပြူးသွားပြီး ကြီးမားသော ဂြိုဟ်တစ်လုံးက သူ့ထံသို့ ဒေါသတကြီး ကျရောက်ကာ သူ့အား အသားပြား ဖြစ်အောင် လုပ်တော့မည်ဟု ထင်မှတ်လာရ၏။
*ချီးတဲ့မှပဲ*
ဝူချီဖုန်း မျက်ခုံးလှုပ်လာပြီး ခေါင်းပေါ် ရေခဲရေ လောင်းချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အေးစိမ့်သွားသည်။ လက်ရှိတွင် သူ လုံးဝ ကြောက်လန့်နေ၏။ သူ့ရှေ့မှလူက မည်သူနည်း။
“လာလိုက်စမ်းပါ၊ ငါးသေရင် ပိုက်ကွန်လည်း ပျက်စီးရမယ်”
သူ့၌ ထွက်ပြေးနိုင်သည့် အခွင့်အရေး မရှိကြောင်း သတိပြုလိုက်မိသဖြင့် ကြွေးကြောက်လိုက်ကာ ခြေထောက် တစ်ဖက်ကို ဆောင့်နင်း၍ လက်သီးကိုဝင့်ကာ ခုန်လွှားလိုက်သည်။ ထို့နောက် သူ့ရှေ့မှ ယဲ့ဖန်အား အားဖြင့် ထိုးနှက်လိုက်လေသည်။ အကောင်းဆုံး ကြိုးစား၍ အသေအကြေ တိုက်ခိုက်ခြင်းပင်။
လက်ရှိတွင် သူသည် ကိုယ်တွင်းမှ စွမ်းအင်အားလုံးကို ထုတ်သုံးထားပြီး ယဲ့ဖန်နှင့် အသေအကြေ တိုက်ခိုက်ရန် ဆုံးဖြတ်ထားသည်။ သူ သေမည်ဆိုလျင်တောင်မှ ယဲ့ဖန်ကိုပါ သူနှင့်အတူ အပါ ခေါ်သွားပေမည်။
သို့သော် ယဲ့ဖန်က သူ့စကားကို ကြားသော် အထင်သေးသလို ပြုံးလေသည်။
“မင်းနဲ့ အတူတူ သေရမယ် ဟုတ်လား၊ မင်းက အဲ့လောက် ထိုက်တန်လို့လား”
လက်သီးချင်း ထိုးမိတော့မည့်အချိန်၌ ယဲ့ဖန်၏ လက်သီးထံမှ နှိုင်းယှဉ်မရသော စွမ်းအင်များ ထွက်ပေါ်လာပြီး ထိုစွမ်းအင်က မီးတောင်ပေါက်ကွဲသကဲ့သို့သော အဖြစ်မျိုးနှင့်တူသလို တောမီးလောင်ဟန်နှင့်လည်း တူလေသည်။
ယန်စွမ်းအင်များက ဝူချီဖုန်းထံသို့ သူ လွင့်ထွက်သွားလေသည်။
“ဝုန်း”
ဝူချီဖုန်း ရင်ညွန့်ရိုး ကျိုးသွားသလို သွေးတစ်လုပ် အန်မိလေသည်။ သူ ဒယိမ်းဒယိုင်နှင့် နောက်ဆုတ်ရန် ပြင်လေသည်။ သို့သော် ဝူချီဖုန်း နောက်ဆုတ်ရန် ပြင်လိုက်ချိန်တွင် ယဲ့ဖန်က လက်တစ်ဖက်ကိုဆန့်ကာ ဝူချီဖုန်း၏ ခြေချင်းဝတ်ကို ဖမ်းချုပ်၍ နောက်လက်ဖြင့် ဒူးဆစ်ကို ရိုက်ချိုးချလိုက်သည်။
“ဂျွတ်”
ခြေထောက်တစ်ဖက် ကျိုးသွားလေပြီ။
“အား…”
နာကျင်စွာ အော်ဟစ်လိုက်သောအသံ ပျံ့လွင့်လာသည်။ ထိုအော်သံက လူတိုင်းကို ထိတ်လန့်သွားစေသည်။
*ဒီအသံက ဝူချီဖုန်း အော်လိုက်တာလား*
*ပြိုင်ဘက်ကင်း စစ်သားဘုရင်က ရှုံးသွားတယ်လား*
ထိတ်လန့်စရာကောင်းသော အဖြစ်အား လက်ရှိလူတိုင်း လက်မခံနိုင်သလို မယုံကြည်နိုင် ဖြစ်နေကြသည်။
“ဘုန်း”
ဝူချီဖုန်း မြေကြီးပေါ် ဒဏ်ရာနှင့် လဲကျသွားသောအခါတွင်မှ လူတိုင်းသည် အိပ်မက် မက်နေခြင်း မဟုတ်ဘဲ တကယ် ဖြစ်နေကြောင်း သိလိုက်ရသည်။
ဝူချီဖုန်း ရှုံးသွားလေပြီ။ သူသည် အစမှအဆုံးတိုင် ယဲ့ဖန်အား အမာရွတ်လေးတစ်ခုပင် ကျန်ရစ်အောင် မလုပ်နိုင်ဘဲ အရှုံးကြီး ရှုံးသွားလေသည်။
တစ်ချက်တည်း၊ လက်သီးတစ်ချက်တည်းနှင့် နာမည်ကျော် စစ်သားဘုရင်၏ ခန္ဓာကိုယ်မှ အရိုးများကို ကျိုးအောင် လုပ်သလို ခြေထောက်တစ်ဖက်ကိုပါ ချိုးပစ်ခဲ့သည်။ ဖိနှိပ်နိုင်လွန်းပေ၏။
လူတိုင်း ထိတ်လန့်ကာ မျက်လုံး၌ ကြောက်စိတ်များဖြင့် ပြည့်နှက်လာသည်။ ဝူချီဖုန်း၏ ခြေထောက်တစ်ဖက်က လိမ်နေပြီး မျက်နှာထားက ဝေဒနာ ဆိုးရွားကြောင်း ပြသနေပြီး သူ ရန်မစသင့်သော လူတစ်ယောက်ကို ရန်စမိ လိုက်ကြောင်း သတိထားမိသွားသည်။
ထိုအခိုက်တွင် ဝူကျောယို ခေါင်းမွေးထောင်နေ၏။ သူသည် ယခင်ကဲ့သို့ မမောက်မာနိုင်သလို ရယ်လည်း မရယ်နိုင်တော့ချေ။
ယခင်က သူ့ဖခင်သည် ပြိုင်ဘက်ကင်းသော ပုဂ္ဂိုလ်ဖြစ်ပြီး တစ်လောကလုံး၌ ပြိုင်စံရှားကာ အင်ပါယာအနှံ့ ကြီးမားသော နာမည်ဂုဏ်သတင်းကို ပိုင်ဆိုင်ထားသည်ဟု သူ ထင်ထားခဲ့သည်။
သူ့ဖခင်သည် တစ်ခါမှ မရှုံးခဲ့ဖူးသေးသလို သူ့အား ရန်လာစသည့်လူတိုင်း အဆုံးသတ်၌ သေခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရသည်။
ထို့ကြောင့် သူ့အလေးစားဆုံးလူမှာ ဖခင်ဖြစ်သော ဝူချီဖုန်းပင် ဖြစ်ပြီး ပြိုင်ဘက်ကင်း စစ်နတ်ဘုရားဟု သတ်မှတ်ကာ ထိုသို့ဖြစ်လာရန် ကြိုးစားနေသူဟု ထင်ထားခဲ့လေသည်။
သူ ရှုကျိုး၌ ကျားတစ်ကောင်သဖွယ် ထင်သလို သောင်းကျန်းရဲသည့် အကြောင်းရင်းမှာလည်း ရှုကျိုး၌ ဝူချီဖုန်းက ပြိုင်ဘက်ကင်းသည်ကို သိနေသောကြောင့်ပင်။ ထို့ကြောင့် သူ ရှုကျိုး၌ လုပ်ချင်တာလုပ်ရဲနေခြင်း ဖြစ်သည်။
သို့သော် ယခုအခါ၌ သူ့စိတ်ထဲ၌ ပြိုင်ဘက်ကင်းသော ဖခင်က သူ့ရှေ့မှ မျိုးမစစ်ကောင်ထံ၌ ရှုံးသွားလေသည်။ ရှုံးသွားခြင်းကလည်း လျင်မြန်၍ ရိုးစင်းလွန်းသည်။
သူ ဘယ်လိုလုပ် ဤသည်ကို လက်ခံနိုင်ပါမည်နည်း။ ထို့အပြင် ဤသည်က သူလည်း ဇာတ်သိမ်းပြီဟု ဆိုလိုနေသည် မဟုတ်ပါလော။
သူ့ဖခင်ကပင် ယဲ့ဖန်၏ ပြိုင်ဘက် မဟုတ်လျင် သူ ဘယ်လိုလုပ် ယဲ့ဖန်ကို တိုက်ခိုက်ရမည်နည်း။ ယခင်က သူ ယဲ့ဖန်ကို သေရမည်ဟု ကြုံးဝါးခဲ့သော်လည်း ယခု ဤမြင်ကွင်းကို ကြည့်ပြီး သူ ထပ်မရယ်နိုင်တော့ဘဲ မျက်နှာ ဖြူရော်လာ၏။
“ငါ့ညီ ငါ့ကို ခွင့်လွှတ်ပေးပါ၊ ဒီကိစ္စက ငါ့သားကြောင့် ဖြစ်တာပဲ၊ သူကိုယ်တိုင် ဖြေရှင်းသင့်တာပေါ့”
ဝူချီဖုန်းက ခပ်တောင့်တောင့် မျက်နှာထားနှင့် ပြောလာသည်။ လက်ရှိတွင် သူ့သဘောထားက ပျော့ပျောင်းလာ၏။ ဤသည်ကိုမြင်သော် လူတိုင်း ဝူချီဖုန်းကို မယုံနိုင်သလို ကြည့်လာကြသည်။ ယခင်က အလွန် အထက်စီးဆန်သော စစ်သားဘုရင်က ယခု အလွန် အရှက်မရှိသော ပုံစံနှင့် ဖြစ်နေသည်။ သူ့အား ခွင့်လွှတ်ပေးရန် ယဲ့ဖန်အား တောင်းဆို နေသလို သူ့သားအရင်းကိုပါ စတေးနေသည်။ ဝူကျောယို ကြက်သေ သေသွားသည်။
*ငါ့အဖေက ငါ့ကို ရောင်းစားလိုက်တာလား*
“ငါ ခွင့်မလွှတ်ပေးရင် ဘာလုပ်မလဲ”
ယဲ့ဖန်က သရော်၍ ဖြည်းဖြည်းချင်း လျှောက်လာသည်။ ဝူချီဖုန်း သွေးပျက်သွားပြီး စိုးရိမ်တကြီး ပြောလိုက်သည်။
“မင်း သဘောမတူရင် မိစ္ဆာမျှော်စင်ရဲ့ မျှော်စင်သခင်ဖြစ်တဲ့ ငါ့ဆရာနဲ့ ရင်ဆိုင်ရလိမ့်မယ်၊ သူက သူတော်စင် သခင်အဆင့်ပဲ၊ ငါ့ကိုသတ်ရင် သူ မင်းကို မရရအောင် လိုက်ဖမ်းမှာ၊ မင်းကို ကမ္ဘာဆုံးတဲ့အထိ လိုက်ဖမ်းပြီး နုတ်နုတ်စင်းလိမ့်မယ်၊ မင်း မဆင်မခြင်လုပ်ရဲတာ သေချာပြီလား”
ဒုတိယဘိုးဘေးနာမည်ကို ထုတ်ပြောလိုက်ချိန်တွင် ဝူချီဖုန်းတွင် မဖုံးဖိနိုင်သော ဝင့်ကြွားဟန်များ ပေါ်လာသည်။ သူ့စိတ်ထဲ၌ သူ့ဆရာ၏ နာမည်ကို ထုတ်ပြောလိုက်သရွေ့ ယဲ့ဖန် နာခံရုံသာ တတ်နိုင်လိမ့်မည်ဟု ထင်ထား လေသည်။
သို့သော် ယဲ့ဖန်၏ မျက်နှာတွင် ကြောက်စိတ်ကို မမြင်ရဘဲ မျက်နှာထား ပို၍ တင်းမာလာသည်ကိုသာ တွေ့လိုက်ရသဖြင့် သူ စိတ်ပျက်သွားရသည်။
“မင်းက သူ့တပည့် ဖြစ်နေလို့ကို ငါ မင်းကို ပိုသတ်ချင်နေတာ”
ယဲ့ဖန်က နဂါးတစ်ကောင် ဟစ်အော်လိုက်သကဲ့သို့ ပြောလိုက်ပြီးနောက် ကျောချမ်းဖွယ် ကောင်းသည့် လူသတ်လိုသော အငွေ့အသက်က ပတ်ဝန်းကျင်လေထုအား အေးခဲသွားစေပုံ ရသည်။ သူ့စကားကို ကြားသောအခါ ဝူချီဖုန်း ထိတ်လန့်သွားသည်။
*ငါက မျှော်စင်သခင်ရဲ့ တပည့်ဖြစ်နေလို့ သေရမယ်လို့ ပြောတာလား*
*ဒီကောင်က ငါ့ဆရာရဲ့ ရန်ငြိုးရှိတာလား*
*ဒါပေမဲ့ အင်ပါယာထဲက လူနည်းနည်းလောက်ကပဲ ငါ့ဆရာကို အလွယ်တကူ ရန်စရဲတာလေ၊ သူ့နောက်ခံက ဘာလဲ*
သူသည် တစ်စုံတစ်ရာကို စဉ်းစားမိသွားပြီးနောက် ချက်ချင်း မျက်နှာပျက်သွားသည်။
“မင်းကိုး”
သူ ယဲ့ဖန်ကို လက်ညှိုးထိုးကာ အလန့်တကြား ထအော်ကာ ယဲ့ဖန်အား သရဲသဘက်ကို ကြည့်သကဲ့သို့ ကြည့်လိုက် မိသည်။
*အဲ့နတ်ဆိုးပါလား*
ရှုကျိုးတစ်ခွင်၌ သူ့ဆရာကို တိုက်ခိုက်ရဲသူဟူ၍ တစ်ယောက်သာ ရှိလေသည်။ ထိုသူမှာ ယဲ့ဘုရင်ပင်။ ရုတ်ချည်းဆိုသလို သူ့တစ်ကိုယ်လုံး အေးစက်သွားပြီး ရင်လေးသွားသည်။
သူ ဇာတ်သိမ်းပေတော့မည်။ သူ့ဆရာတောင်မှ ယဲ့ဘုရင်ထံတွင် ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရပြီး အသတ်ခံရလုနီးပါး ဖြစ်ခဲ့သည်။ သူ့ခွန်အားလောက်နှင့် ဤမိစ္ဆာကောင်ကို မည်သို့ တိုက်ခိုက်ရမည်နည်း။
သူသည် ပြိုင်ဘက်ကင်း စစ်သားဘုရင် ဖြစ်သော်လည်း သူ့ရှေ့မှလူသည် ရန်မစနိုင်သည့် နတ်ဆိုးဖြစ်ကာ သူ၏ နည်းလမ်းများက မတွေးဝံ့စရာပင်။
“ယဲ့ဖန် မင်း ငါနဲ့အတူ တကယ် သေချင်နေတာလား၊ ငါ့အသက်ကို ရင်းပြီး သူတော်စင်သခင်အဆင့်ကို အသေသတ်နိုင်တဲ့ သိုင်းကွက် ငါ့မှာ ရှိတယ်၊ ငါ့ကို ဖိအားလာမပေးနဲ့”
ဝူချီဖုန်းက အလေးအနက် သတိပေးလေသည်။ လက်ရှိတွင် သူသည် တည်ငြိမ်နေ၏။ သူ ယဲ့ဖန်ကို ကြောက်အောင် ခြောက်နေခြင်း မဟုတ်ဘဲ တကယ် သိုင်းကွက် ရှိနေသည့်ပုံပင်။ သို့သော် သူ မတတ်သာဘဲ ယဲ့ဖန်ကို ထိုနည်းလမ်းဖြင့် ရှင်းလင်းရပေတော့မည်။
ထိုသိုင်းကွက်မှာ တစ်သက်တွင် တစ်ခါသာ အသုံးပြုနိုင်၏။ အသုံးပြုလိုက်သည်နှင့် သူ အသက်ရှင်နိုင်မည် မဟုတ်သလို အစအနပင် ကျန်ခဲ့မည် မဟုတ်ပါ။ ထို့ကြောင့် သူ ဤသိုင်းကွက်ဖြင့် ရန်သူကို သတ်ချင်စိတ် မရှိပေ။
သို့သော် ယဲ့ဖန်ကြောင့် သူ သေမတတ် ရူးသွပ်နေရသဖြင့် မတတ်သာတော့ချေ။ အေးစက်ကြမ်းကြုတ်သော လေထုက ပတ်ဝန်းကျင်၌ တိုက်ခတ်လာ၏။
ဝူချီဖုန်း ဆောက်တည်ရာမရ ဖြစ်နေကြောင်း လူတိုင်း သတိပြုမိသည်။ သူတို့ ကြောက်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ။ စစ်သားတို့၏ ဘုရင် ဝူချီဖုန်းက ဖိအားပေးခံရနေရသည်တဲ့လား။ ယခင်က ဤသို့ တစ်ခါမှ မဖြစ်ဖူးပေ။ အံ့ဩစရာ ကောင်းလှသည်။ ဝူချီဖုန်းက တံတိုင်းပေါ်မှ ခုန်ချချင်သော ခွေးတစ်ကောင်လို ဖြစ်နေကြောင်း သူတို့ သတိထားမိသည်။
လက်ရှိတွင် အားလုံး၏ အကြည့်က ယဲ့ဖန်ပေါ်သို့ ကျရောက်လာသည်။ ရှေ့ဆက်ဖြစ်မည့် အကြောင်းအရာက သူ၏ ဆုံးဖြတ်ချက်အပေါ် မူတည်နေသည်။ အခြေအနေက ထိန်းမရတော့ပေ။
ထိုစဉ် ယဲ့ဖန်က အသာပြုံး၍ ပြောလိုက်သည်။
“လုပ်လိုက်လေ”
*လုပ်လိုက်လေတဲ့*
*သူ့လာသတ်ခိုင်းနေတာလား*
*မောက်မာနေသလို အထင်လည်း သေးနေတာပဲ*
အတိုက်အခိုက် ရပ်စဲခြင်းလား၊ ခြိမ်းခြောက်ခြင်းလား။ မည်သို့ပင် ဆိုလာပါစေ ယဲ့ဖန်၏ အဘိဓာန်၌ ညှိုနှိုင်းခြင်း ဟူသည့် စကားလုံး မရှိပေ။ သတ်ချင်လျင်သတ်၊ တိုက်ချင်လျင် တိုက်ခိုက်မည်။ ဤသည်မှာ ယဲ့ဖန်ပင် ဖြစ်သည်။ ဤသည်မှာ နတ်ဆိုးမျိုးနွယ်၏ မူဖြစ်သည်။
သူ့စကားကို ကြားသော် ဝူချီဖုန်း တောင့်တင်းသွားသည်။
“ငါ မင်းကို နောက်နေတယ်လို့ ထင်နေလား”
ယဲ့ဖန် ဤမျှ ယုံကြည်မှုရှိရဲနေခြင်းက သူ လှည့်ကွက်လုပ်နေသည်ဟု ထင်နေ၍ ဖြစ်နိုင်သည်။ ထိုသို့ဆိုလျင် သူ့အပေါ် ယဲ့ဖန် အလွန် အထင်သေးခြင်းသာ ဖြစ်လေသည်။ ထို့ကြောင့် ယဲ့ဖန်အား သူ့ရည်ရွယ်ချက်ကို သိအောင် ပြရပေမည်။
“မထင်ဘူး၊ မင်းမျက်လုံးကနေ တကယ် သတ်ချင်နေမှန်း ငါ မြင်နေရတယ်၊ ဒါပေမဲ့ မင်း သတ်နိုင်မယ်လို့ပဲ ငါ မယုံတာ …”
ယဲ့ဖန် စကားပြောရမှ ရပ်သွားပြီး သရော်လိုက်သည်။
“ငါက ဒီအတိုင်း အထင်သေးရုံလေးပါပဲ”
ထိုစကားလုံးက ဝူချီဖုန်း၏ ရင်ဘတ်ကို အပ်ဖြင့် ထိုးစိုက်လိုက်သလိုပင်။ သူ၏ သေရဲသောစိတ်၊ ပြတ်သားသော စိတ်တို့က ယဲ့ဖန်၏ မျက်လုံးထဲတွင် အထင်သေးစရာ ဖြစ်နေ၏။ စော်ကားခြင်းပင်။
ထိုစကားက ဝူချီဖုန်းအား အသတ်ခံရသည်ထက် ပို၍ နာကျင်စေသသည်။
“ချီးတဲ့မှပဲ မင်း သေပေတော့”
ဝူချီဖုန်း၏ မျက်လုံးတွင် လူသတ်ချင်စိတ်များ တဟုန်းဟုန်း တောက်လောက်လာပြီး အရှိန်အဝါတစ်ခု ပေါက်ကွဲ ထွက်လာသည်။