← Chapters

ပါရာဂွန်ရွှမ်းဖန်ကို တိုက်ခိုက်ခြင်း

Vol. 98 Ch. 1358

ပါရာဂွန်ရွှမ်းဖန်ကို တိုက်ခိုက်ခြင်း

Vol. 98 Ch. 1358

ရွှမ်းဖန်သည် အလင်းမြား၏မူလအစကို ရှာဖွေ၍ ထိုအလင်းမြား၏လမ်းကြောင်း အတိုင်းလိုက်ကာ အသက်ရှူချိန်အနည်းငယ် နောက်ပြန်သွားနိုင်သော နတ်ဘုရားစွမ်းရည်ကို အသုံးပြုလိုက်ပုံရ၏။ ထိုမျှသာမက .. ပါရာဂွန်ရွှမ်းဖန်ကိုယ်တိုင်လည်း ... အချိန်နောက်ပြန်သွားခဲ့ပြီလေပြီ။

သူ နေ၏မျက်နှာပြင်ထက်တွင် ပေါ်လာသည့်အခါ အလင်းမြားကြောင့် သူ ရရှိခဲ့သော ဒဏ်ရာများသည် ရုတ်တရက် မှေးမှိန်သွား၏။

တဂျုန်းဂျုန်းမြည်သံများ ကြားရနိုင်ပြီး နေတစ်စင်းလုံး တုန်ခါလာသည်။ အခြေအနေ ရုတ်တရက်ပြောင်းလဲသွားမှုက မန်ဟို့မျက်လုံးများကို မှေးကျဉ်းသွားစေသည်။

“အချိန်အနှစ်သာရ” မန်ဟို့အနေဖြင့် သူ့ဘဝတွင် လူပေါင်းများစွာနှင့် တိုက်ခိုက်ခဲ့ဖူး၍ ရွှမ်းဖန်ကဲ့သို့ အတွေ့အကြုံမများလောက်သော်လည်း ထို့နီးနီးတော့ ရှိသည်။ သို့ဖြစ်၍ သူက တွန့်ဆုတ်ခြင်းမရှိ တုံ့ပြန်သည်။ အမှန်တွင် သူ၏ခန္ဓာကိုယ်က သူ့စိတ်ထက်ပင် ပိုမြန်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားသည် ကျင့်ကြံသူတစ်သိန်းမှ ဖော်ဆောင်ထားသော မန္တန်ဝင်္ကပါစွမ်းအားကို ယူရင်း တိုက်ကွက်တစ်ကွက် ပစ်လွှတ်လိုက်၏။

နေစွမ်းအားအပြည့်ပါသော ထိုတိုက်ကွက်သည် ရွှမ်းဖန်ထံသို့ မဦးတည်။ ပုလဲနက်ထံ ဦးတည်သွားသည်။

မန်ဟို့ကို လွန်စွာ စိတ်ထင့်စေသည်က ထိုပုလဲပင်။

ပါရာဂွန်ရွှမ်းဖန်မှ ဖြာထွက်နေသော ရွှေအလင်းရောင်သည် အတန်ငယ်မှိန်ကျသွားခဲ့၏။ မိုးကောင်းကင်ကို အာခံသည့် အချိန်ပြောင်းလဲမှော်အစွမ်းမှ လွယ်လင့်တကူ အသုံးပြုနိုင်သောအရာမဟုတ်မှန်း သိသာသည်။ အမှန်တွင် သူ့အနေဖြင့် ထိုမှော်အစွမ်းကို နောက်တစ်ကြိမ် ထုတ်လွှတ်နိုင်ဦးမဟုတ်လောက်ပေ။ ၎င်းသည် မန်ဟို၏ အာကာသအနှစ်သာရနှင့် ဆင်တူ၏။

မည်သို့ဆိုစေ ပါရာဂွန်ရွှမ်းဖန် နေပေါ်တွင် ဘွားခနဲ ပေါ်လာခြင်းက မန်ဟို့မျက်လုံးများကို ပြူးကျယ်သွားစေသည်သာမက ပါရာဂွန်ပင်လယ်အိပ်မက်ကိုလည်း တုန်လှုပ်သွားစေသည်။

ပါရာဂွန်ပင်လယ်အိပ်မက်သည် နေရှိရာသို့ နေရာရွှေ့ပြောင်းဖို့ သူမ၏စွမ်းအားအလုံးစုံကို ချက်ချင်း ဆင့်ခေါ်လိုက်၏။ မန်ဟိုလည်း သူ့ကို အန္တရာယ်တွင်းမှ ကယ်ထုတ်ပေးရန် သူ၏ပါရာဂွန်ရုပ်သေးရုပ်ကို ဆင့်ခေါ်လိုက်သည်။

ထစ်ချုန်းသံများ၏အလယ်တွင် တောက်ပသောအလင်းရောင်က ပါရာဂွန်ရွှမ်းဖန် နေ၏မျက်နှာပြင်ပေါ် ရိုက်ချဖို့ပြင်နေသော ပုလဲနက်ထံ မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ပြေးဝင်သွား၏။ ထိုအမြန်နှုန်းဖြင့် ၎င်းသည် ပုလဲ နေမျက်နှာပြင်နှင့်မထိအောင် သေချာပေါက် တားနိုင်လိမ့်မည်။

ရွှမ်းဖန်က အေးစက်စက် နှာမှုတ်ပြီးနောက် ပုလဲနက်ကို ရုတ်တရက် လွှတ်ချကာ နေ၏အလင်းရောင်အား ၎င်းကို ဝင်တိုက်ခွင့်ပေးလိုက်သည်။

အုန်းးးးးးးးး။ ပုလဲသည် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွား၏။

ထိုသို့ဖြစ်ပျက်သောအခါ ထူးဆန်းချိတ်ပိတ်အစွမ်းတစ်မျိုး ပါရှိသော အနက်ရောင်မြူများ ဖြာထွက်လာသည်။ ကံကောင်းထောက်မစွာနှင့် ရာနှုန်းပြည့်မထုတ်လွှတ်နိုင်ခင် ဖျက်စီးခဲ့ရလေသည်။ ပုလဲကိုသာ အသုံးပြုပြီးပါက ပါရာဂွန်တစ်ဦးအတွက်ပင် ထိုချိတ်ပိတ်မှုအား ပြန်ဖွင့်ဖို့ ခက်ခဲလိမ့်မည်။

ပုလဲကား ပါရာဂွန်တစ်ဦးသာ ဖန်ဆင်းနိုင်သော အဖိုးထိုက်ရတနာတစ်ပါးမှန်း သိသာပေသည်။

ပုလဲနက်ကြေမွသွားလျှင်ချင်း ပါရာဂွန်ရွှမ်းဖန်က ရိပ်ခနဲ လှုပ်ရှားသည်။ မျက်စိတစ်မှိတ်အတွင်း သူသည် အဝေးသို့ ရောက်သွားလေပြီ။ သို့သော် နေမျက်နှာပြင်ပေါ်၌သာ ရှိဆဲဖြစ်ပြီး အံ့အားသင့်ဖွယ်ကောင်းစွာနှင့် သူ့လက်ထဲတွင် ပုလဲနက်နောက်တစ်လုံးအား မြင်ရနိုင်သည်။ သူက လာနေသော ပါရာဂွန်ပင်လယ်အိပ်မက်နှင့် ပါရာဂွန်ရုပ်သေးရုပ်ကို လျစ်လျူရှုကာ မထီမဲ့မြင်ပြုံးနေ၏။

“ငါဆိုတဲ့ကောင်က တိုက်ခိုက်ရင် စေ့စေ့စပ်စပ်ပြင်ဆင်ပြီးသား” သူက အေးစက်စွာ ပြောသည်။ “ငါ လှုပ်ရှားတဲ့အခါ မအောင်မြင်တာ နည်းတယ်” ထို့နောက် သူသည် ပုလဲနက်အား နေ၏မျက်နှာပြင်အပေါ်သို့ ပစ်ချလိုက်၏။

“သူက ဘာကြောင့် အဲဒီပုလဲကို နေနဲ့ ထိစေချင်နေတာလဲ..” မန်ဟိုက မျက်မှောင်ကြုတ်လျက် တွေးသည်။ ရုတ်တရက် သူ့ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာပြီး တစ်ချိန်တည်းမှာပင် မိုးကြိုးဒယ်အိုးလည်း ထွက်လာသည်။ လျှပ်စီးဝင်းခနဲ လက်သွားစဉ် မန်ဟိုက မန္တန်ဝင်္ကပါအပြင်သို့ နေရာရွှေ့ပြောင်းလာခဲ့လေပြီ။ မျက်စိတစ်မှိတ်အတွင်း နေရာလဲသိုင်းက မန်ဟိုကို သူ့နှင့် နေရာချင်းလဲပေးလိုက်သဖြင့် ရွှမ်းဖန် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

မန်ဟိုက လက်ဝှေ့ယမ်းလိုက်ပြီး နေ၏မျက်နှာပြင်နှင့် ထိလုဆဲဆဲ ပုလဲနက်ကို လှမ်းဖမ်းလိုက်၏။

၎င်းကို ထိလိုက်လျှင်ချင်း သူ နားလည်လိုက်သည်။

“သူက ငါ့ကို သတ်ချင်လို့ ပုလဲနက်ကို သုံးနေတာမဟုတ်ဘူး... နေကို ချိတ်ပိတ်ချင်လို့ပဲ” ထို့နောက် သူက ခေါင်းမော့ကြည့်လိုက်ရာတွင် ပါရာဂွန်ရွှမ်းဖန် ... တတိယမြောက်ပုလဲနက်တစ်လုံးကို ထုတ်ခဲ့ပြီးပြီဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် မျက်လုံးများမှေးကျဉ်းသွားတော့သည်။

ဤတစ်ခေါက်တွင် ရွှမ်းဖန်သည် စကားမပြော။ မန်ဟို့မျက်လုံးများ သူ့အပေါ် ရောက်လာလျှင်ချင်း သူက ပုလဲကို ပစ်မချဘဲ ခြေပစ်လိုက်၏။

ပုလဲကြေသွားသည့်အခါ အနက်ရောင်မြူအလိပ်များ ဖြာထွက်လာပြီး နေတစ်စင်းလုံးကို လွှမ်းခြုံကာ ထူးခြားသော ပိုင်နက်မြေတစ်ခုသဖွယ် ဖြစ်သွားစေသည်။

ဤအခိုက်အတန့်တွင် မန်ဟို၏ပါရာဂွန်ရုပ်သေးရုပ်က အနားရောက်လာ၍ အနက်ရောင်မြူထုထံ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ သို့သော် လက်သီးချက်မှာ ပင်လယ်ပြင်ထဲ ပစ်ချခံလိုက်ရသော ကျောက်တုံးတစ်တုံးသဖွယ် စုန်းစုန်းမြုပ်ပျောက်ကွယ်သွားသည်။ ထိုမျှသာမက မြူထုထံမှ ဘာတုံ့ပြန်မှုမှ မရှိပေ။

ပါရာဂွန်ပင်လယ်အိပ်မက်မှာမူ အနားရောက်လာသည်နှင့်တစ်ပြိုင်နက် ပါရာဂွန်စွမ်းအားကို ပို့လွှတ်လိုက်သည်။ သို့သော် ၎င်းသည် မြူထုကို အတန်ငယ်တုန်ခါသွားစေရုံမှအပ ဘာမှမလုပ်နိုင်ပေ။

“အဲဒါက မှောင်ရိပ်ပုလဲတွေပဲ” အလွန်ခက်ထန်သွားသောအမူအရာတစ်ခုက ပင်လယ်အိပ်မက်၏မျက်နှာထက်တွင် ဖြတ်ပြေးသွားသည်။ မှောင်ရိပ်ပုလဲများသည် ကောင်းကင်ဘုံ ၃၃ ဘုံမှ ပုလဲများမဟုတ်ပေ။ ပါရာဂွန်အင်မော်တယ်လောက ကပ်ဘေးကြီးကို ရင်ဆိုင်ခဲ့ရတုန်းက အဓိကရန်သူအင်အားစုနှစ်စုက အင်မော်တယ်ကမ္ဘာ၏ အစွမ်းထက်ပညာရှင်များကို ထောင်ချောက်ဆင်ဖို့ ၎င်းတို့ကို ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏စွမ်းအားကို အလွယ်တကူဖျောက်ဖျက်မရပေ။

မည်သည့်အရာကိုမဆို ၎င်းတို့အထဲ၌ အနည်းဆုံး ၁၅ မိနစ်မျှ ပိတ်ထားနိုင်သည်။

ထို ၁၅ မိနစ်အတွင်း ပိတ်လှောင်ခံထားရသော မည်သည့်အရာမဆိုသည် အပြင်လောကနှင့် လုံးဝအဆက်အသွယ် ဖြတ်တောက်ခံရ၏။

ပင်လယ်ပင်လယ်အိပ်မက်၏ မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည့်အချိန်မှာပင် မြူထုအတွင်း၌ ပါရာဂွန်ရွှမ်းဖန်၏မျက်လုံးများသည် သတ်ဖြတ်လိုစိတ်တို့ဖြင့် မီးဝင်းဝင်းတောက်လာ၏။ သူသည် အစတုန်းက ပါရာဂွန်ရုပ်သေးရုပ်ကို ပစ်မှတ်ထားခဲ့ပုံပေါ်သော်လည်း မျက်စိတစ်မှိတ်အတွင်း မန်ဟို့ဘက် မြားဦးလှည့်ခဲ့သည်။ သို့သော် သူ မန်ဟို့ကို သတ်တော့မည်ဟု လူတိုင်း ထင်နေကြသည့်အချိန်တွင် သူက နေကို ချိတ်ပိတ်ဖို့ မှောင်ရိပ်ပုလဲတစ်လုံးကို ထုတ်ခဲ့သည်။

သူသည် နေ၏စွမ်းအား မထုတ်လွှတ်နိုင်အောင် ပုလဲသုံးလုံးပင် ပြင်ဆင်ခဲ့၏။ ယင်းက ကျူးကျော်နေသောစစ်တပ်အတွက် အဓိကအဟန့်အတားတစ်ခုကို ဖယ်ရှားပေးလိမ့်မည်။

သို့သော် သူ လုပ်ဖို့ ကြိုးစားနေသောအရာကို လူတိုင်း ရိပ်စားမိသည်ဟု ထင်သည့်အခါ ရွှမ်းဖန်က ဗျူဟာပြောင်းပြန်သည်။ နေကို ချိတ်ပိတ်မည့်အစား သူက မန်ဟို့ကို ပစ်မှတ်ထားလိုက်၏။ တကယ့်တကယ် .... သူ၏ရ့ည်ရွယ်ချက်က ဘာလဲ ဂဃနဏသိသူ မရှိသည်သာ။

ယခုအချိန်တွင် နေမှာ မြူများကြောင့် အဆက်အသွယ်ဖြတ်ခံထားရသည်။ အပြင်တွင် ပင်လယ်အိပ်မက်နှင့် ရုပ်သေးရုပ်တို့ မြူကို ခွင်း၍ ချိတ်ပြန်ဖွင့်ဖို့ ကြိုးစားနေကြသည့်အချိန် မန်ဟိုမှာ အထဲတွင် အန္တရာယ်ကို ရင်ဆိုင်နေရသည်။

“မင်းကို သတ်ဖို့ အချိန်ဆယ့်ငါးမိနစ်ရတယ်။ ငါ လိုအပ်တာလည်း အဲဒီအချိန်လောက်ပဲ” ရွှမ်းဖန်သည် အေးစက်စွာ ရယ်ရင်း ပါရာဂွန်အဆင့်ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ဖော်ကာ မန်ဟို့ထံ လှမ်းလိုက်၏။

မန်ဟို့မျက်နှာမည်းမှောင်သွားသည်။ ရွှမ်းဖန်သည် အမှန်တကယ် ခေါင်းကိုက်စရာဖြစ်၏။ သူ၏ကျင့်ကြံအဆင့်က မြင့်မားသည်သာမက သူ၏ဖြတ်ထိုးဉာဏ်သည်လည်း နက်နဲသိမ်မွေ့သည်။ သူက အောဂူထက် ပို၍ကိုင်တွယ်ရခက်ကြောင်း သက်သေပြခဲ့ပြီးလေပြီ။

ရွှမ်းဖန် သူ့အပေါ် ထိုးဆင်းလာသည့်အချိန်မှာပင် မန်ဟိုသည် မန္တန်ဝင်္ကပါ၏စွမ်းအားကို စုဆောင်းဖို့ နတ်ဘုရားစိတ်ဆန္ဒအား ဖြန့်ကျက်ရင်း နောက်ဆုတ်၏။ တောက်ပသောအလင်းရောင်က ရွှမ်းဖန်ထံ အလင်းမြားသဖွယ် ရွှီးခနဲ ပြေးဝင်သွားသည်။

ရွှမ်းဖန်သည် ဟိန်းဟောက်၍ လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ သူ့အနောက်တွင် ဧရာမရွှေခြင်္သေ့ကြီးတစ်ကောင် ပေါ်လစေ၏။ ခြင်္သေ့သည် အရွယ်အစား လျင်မြန်စွာ ကြီးမားလာပြီး ရွှမ်းဖန်ကို အုပ်မိုးကာ သူ့အစား မြားဒဏ်ကို ခံလိုက်သည်။

ဘန်းးးးးးးးးးး။ မြားက ခြင်္သေ့၏ပုံရိပ်ကို ဖောက်ထွက်သွားသဖြင့် ခြင်္သေ့သည် ပုံပျက်လာပြီး အော်ပင်မအော်နိုင်ခင် စိစိညက်ညက်ပြိုကွဲသွားသည်။ အလင်းမြားသည် မှေးမှိန်သွားသည့်တိုင် ရွှမ်းဖန်ဆီ ဆက်လက်ပြေးဝင်သွားသေး၏။ ရွှမ်းဖန်က ၎င်းကို လှမ်းဖမ်း၍ ခြေပစ်လိုက်ကာ မျက်နှာဖြူဖပ်ဖြူလျော်နှင့် နောက်ဆုတ်လိုက်သည်။ သို့သော် သူ့အမူအရာတွင် အထင်သေးမှုတို့ စိုးမိုးနေလေသည်။

“ကိုးတံဆိပ် ပေးခဲ့တဲ့ ရတနာတွေက အမှန်တကယ် အစွမ်းထက်တယ်။ ကံဆိုးတာက မင်းအနေနဲ့ သူ့စွမ်းအားကို အကြိမ်အကန့်အသတ်နဲ့ပဲ ထုတ်လွှတ်နိုင်တာ။ မြားနဲ့ဆက်တိုက်ပစ်ရင်တော့ ငါ့ကို သတ်ကောင်းသတ်နိုင်လိမ့်မယ်။ ဒါပေမဲ့ မင်းက အဲဒီမန္တန်ဝင်္ကပါနဲ့ ထိန်းပေးထားတဲ့ ကျင့်ကြံသူတစ်သိန်းရဲ့ အကူအညီပါမှ ထုတ်လွှတ်နိုင်တာမဟုတ်လား။ ဘယ်လောက်ရယ်စရာကောင်းလိုက်သလဲ

“ဒါ့အပြင် နောက်အသက်ဆယ်ရှိုက်နေရင် မင်းအနေနဲ့ ဒီနေရဲ့စွမ်းအားကို မထုတ်လွှတ်နိုင်တော့ဘူး” ရွှမ်းဖန်သည် ပြောပြောဆိုဆိုနှင့် ရွှေအလင်းရောင်ကို ဖြန့်ကျက်လျက် မန်ဟို့ဆီ ပြေးတက်လာကာ လက်သီးတစ်လုံး ပစ်ခွင်းလိုက်၏။

“မင်းရဲ့ အပြင်အားကိုယ်မှာ အပြင်အားကိုယ်ကျင့်စဉ်ရဲ့ အရိပ်အယောင်တွေ တွေ့တယ်။ မင်း ဘယ်လောက်ကောင်းကောင်း ကျင့်ကြံထားလဲ ကြည့်ကြသေးတာပေါ့”

လက်သီးချက်သည် တောင်တန်းများကို ဖြိုခွင်း၍ မြေပြင်ကို ခြေမွနိုင်သည်အထိ အားပြင်း၏။ ဧရာမရွှေခြင်္သေ့ကြီးတစ်ကောင်က လက်သီးချက်၏အနောက်တွင် ဟိန်းလျက် ပေါ်လာပြီး မန်ဟို့ဆီ ပြေးတက်သွားသဖြင့် နေမှာ တသိမ့်သိမ့်တုန်လာပြီး အဆုံးမဲ့ရွှေအလင်းရောင် ဖြာထွက်သွားသည်။

ပါရာဂွန်စွမ်းအားသည် ပတ်ဝန်းကျင်ရှိ သဘာဝနိယာမများကို ဖယ်ရှားလိုက်ရာ ကျင့်ကြံသူတစ်သိန်းမှာ သွေးအန်လိုက်ကြရသည်။ ဖောင်းခနဲ ဖောင်းခနဲ တစစီပေါက်ကွဲသွားသော တချို့ပင် ရှိ၏။

မန်ဟို၏ကျင့်ကြံခြင်းအခြေခံမှာ ရုတ်တရက် ဗြောင်းဆန်သွားပြီး သူ့မှာ နောက်ယိုင်သွားသည်။ တစ်ချိန်တည်းမှာပင် ပါရာဂွန်ပင်လယ်အိပ်မက်၏ လောကြီးနေသောအသံက မတူညီသောအချိန်နှင့်အာကာသမှ လာနေသည့်အလား မြူ၏အလွန်မှ ကတိုက်ကရိုက် ပဲ့တင်ထပ်လာသည်။

“မန်ဟို ဆယ့်ငါးမိနစ်လောက်ပဲ တောင့်ခံထား။ ဒီချိတ်ကို ဖွင့်ဖို့ အဲဒီလောက်ပဲ အများဆုံးလိုတယ်"

အန္တရာယ်က အလွန်ပြင်းထန်၍ မန်ဟို့အား ရင်တဒိန်းဒိန်း ခုန်နေစေသည်။ သူသည် အနှစ်သာရ ၆ ခုအဆင့်၏အထွတ်အထိပ်တမျှ အစွမ်းထက်ကောင်း ထက်လိမ့်မည်။ အင်ပါယာသခင်များကို တိုက်ခိုက်နိုင်ကောင်း တိုက်ခိုက်နိုင်လိမ့်မည်။ သို့သော် သူနှင့်ပါရာဂွန်၏ ကွာဟမှုမှာတော့ ကြီးမားလွန်းပေသည်။ သူ့မှာ လောလောဆယ်တွင် ချောင်ပိတ်ခံထားရ၍ မသေမချင်းတိုက်ခိုက်ရုံမှတစ်ပါး ရွေးစရာမရှိတော့ပေ။

ဤအခြေအနေတွင် မန်ဟိုသည် အစီအစဉ်ဆွဲဖို့ စိတ်ကူးမနေတော့ပေ။ သူ့စိတ်ထဲတွင် တိုက်ခိုက်လိုစိတ်သာ ဆူပွက်နေသည်။

“ဆယ့်ငါးမိနစ်...” သူက မျက်လုံးများ မီးဝင်းဝင်းတောက်နေလျက် တွေးသည်။ ထို့နောက် သူ၏နတ်ဘုရားနတ်ဘုရားအာရုံကို ရွှမ်းဖန်အား ရိုက်ခတ်စေပြီး နောက်ဆုတ်မည့်အစား ဖိအားကို ဆန့်ကျင်၍ ရှေ့တစ်လှမ်းတက်ကာ သူ၏လက်သီးချက်ကို ပစ်သွင်းလိုက်သည်။

အသက်နုတ်လက်သီး

မန်ဟို့လက်သီးနှင့် ပါရာဂွန်ရွှမ်းဖန်၏လက်သီးတို့ ထိသွားသည့်အခါ အရာခပ်သိမ်း ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး လေပြင်းတစ်ချက် အရပ်လေးမျက်နှာသို့ တိုက်ခတ်သွားသည်။ မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွားသော်လည်း သူက အလွန်တရာရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် နောက်တစ်လှမ်းတက်ကာ ဒုတိယလက်သီးချက်အား ပစ်သွင်းလိုက်သည်။

နတ်ဆိုးလက်သီး

နတ်ဆိုးမဆန်ဘဲ အသက်မရှင်နိုင်။ မန်ဟိုက တဟားဟား ရယ်သည်။ လက်သီးချက်မှ ထုတ်လွှတ်လိုက်သော အားလှိုင်းက နားကွဲလုမတတ်ပေါက်ကွဲသံကြီးကို ဟိန်းထွက်သွားစေသည်။ ပါရာဂွန်ရွှမ်းဖန်ပင်လျှင် အံ့အားသင့်သွား၏။ မန်ဟိုမှ သွေးထပ်အန်လိုက်ရပြန်ပြီး သူ့ကိုယ်ထဲမှ အရိုးကျိုးသံများ ကြားလိုက်ရသည်။

မန်ဟို့တွင် တာအိုဥသျှောင်အဆင့်အပြင်အားကိုယ် ရှိလျှင်ရှိမည်။ သို့သော် ရွှမ်းဖန်သည် ပို၍ပင်သန်မာသောအပြင်အားကိုယ်နှင့် ပါရာဂွန်တစ်ဦးဖြစ်၏။

“မင်း တကယ် သေချင်နေတာလား” ရွှမ်းဖန်က အေးစက်စက် ရယ်ရင်း သူ၏ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ကာ ပြင်းထန်သောဖိအားကို ဖြန့်ကျက်လိုက်သည်။ ရွှေခြင်္သေ့သည် မာန်သွင်းဟိန်းဟောက်၍ မန်ဟို၏နတ်ဆိုးလက်သီးအား ဖိနှိပ်ပြီးနောက် မန်ဟို့အရှေ့တည့်တည့်တွင် ပေါ်လာလေပြီ။

ဤအခိုက်အတန့်တွင် မန်ဟို့မျက်လုံးများက လင်းလက်သွားပြီး သူသည် တတိယလက်သီးချက်ကို ထုတ်လွှတ်လိုက်၏။

၎င်းကား ... နတ်ဘုရားသုတ်သင်လက်သီးမှတစ်ပါး အခြားမဟုတ်ပေ။

All Chapters