← Chapters

မန္တန်ခြောက်ခု ပေါင်းစည်းစမ်း

Vol. 98 Ch. 1360

မန္တန်ခြောက်ခု ပေါင်းစည်းစမ်း

Vol. 98 Ch. 1360

ကျင့်ကြံသူတစ်သိန်းအနက် တစ်ဦးတစ်ယောက်ချင်းစီတိုင်း မန်ဟို့ကို ကူညီဖို့သာ တွေးနေကြသည်။ သူတို့၏အသက်စွမ်းအားများသည် မန္တန်ဝင်္ကပါနှင့် ဆက်သွယ်၍ သူတို့၏ဝိညာဉ်များက ထက်သန်သောလေးစားမှုတို့ဖြင့် ပြည့်နှက်နေသည်။ မန်ဟို့ကို ကာကွယ်ဖို့ အကုန်လုံး ပြိုင်တူတိုက်ခိုက်လိုက်သည့်အခါ သူတို့၏ကျင့်ကြံခြင်းအခြေခံစွမ်းအားက သူတို့အားလုံးကို တစ်ယောက်တည်းအဖြစ် ပေါင်းစည်းသွားစေ၏။

ရွှမ်းဖန်က အေးစက်စက် ရယ်ပြီးနောက် ခြေဆောင့်နင်းသည်။ ချက်ချင်းပင် အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ရီသွားပြီး ကျင့်ကြံသူတစ်သိန်းမှာ သွေးအန်လိုက်ကြရသည်။

မန်ဟိုမှာ မန္တန်ဝင်္ကပါ၏အလယ်တွင် ချာချာလည်နေသည်။ သူ့မှာ သည်အတိုင်းထိုင်၍ ဖြစ်ပျက်နေသောအရာကို လျစ်လျူမရှုနိုင်ပေ။ ပါရာဂွန်တစ်ဦးအတွက် သူက ပြိုင်ဘက်မဟုတ်၍ သူလုပ်ရန်လိုသည်မှာ မျက်လုံးမှိတ်လျက် အချိန်ကုန်သွားသည်ကို စောင့်နေရုံသာဖြစ်ကြောင်းလည်း သိသည်။ အချိန်လုံလုံလောက်လောက် ကုန်သွားလျှင် ... ဆယ့်ငါးမိနစ်တိတိပင် တောင့်ခံထားနိုင်ကောင်း တောင့်ခံနိုင်လိမ့်မည်။

ထိုအခါ သူ့အနေဖြင့် အသက်ရှင်ကျန်ခဲ့ကောင်း ကျန်ခဲ့လိမ့်မည်။

သို့သော်.... မန်ဟိုက ထိုင်စောင့်နေဖို့ မရွေးချယ်။ သူသည် မုဒြာလက်ကွက်တစ်ကွက်ဖော်ရင်း နေ၏စွမ်းအားအား ဆင့်ခေါ်နေသည်ကို ရပ်လိုက်သည်။ လက်ရှိအခြေအနေဖြင့် ဆက်လက်ဆင့်ခေါ်နေလျှင် ၎င်းက ကျင့်ကြံသူတစ်သိန်း၏အသက်စွမ်းအားများကို ပို၍လျင်မြန်စွာ ကုန်ခမ်းစေလိမ့်မည်။ သူ့အနေဖြင့် ထိုသို့မလုပ်ရက်ပေ။

သူက ရှေ့သို့လျှောက်သွားရင်း မန္တန်ဝင်္ကပါထဲမှ ထွက်ကာ သရော်နေသောမျက်ဝန်းများဖြင့် အေးစက်စက် ရယ်နေသည့် ရွှမ်းဖန်ထံ ဦးတည်သွားသည်။ ရွှမ်းဖန်သည် မန်ဟို အထဲမှထွက်မလာဘဲ သူ့အချိန်ကို ဖြုန်းမှာစိုးခဲ့လေသည်။

မန်ဟို လှုပ်ရှားလျှင်ချင်း ရွှမ်းဖန်က ရုတ်တရက် ပျောက်ကွယ်သွားပြီး မန်ဟို့အရှေ့တည့်တည့်တွင် ပြန်ပေါ်လာသည်။ ထို့နောက် သူသည် ညာလက်ကို မြှောက်၍ မန်ဟို မခုခံနိုင်လောက်သောစွမ်းအားကို ပို့လွှတ်လိုက်၏။ မန်ဟိုမှာ ချက်ချင်း ပါးစပ်မှ သွေးများပန်းထွက်လျက် နောက်ယိုင်သွားသည်။

“အိမ်ရှေ့မင်းသား”

“အိမ်ရှေ့မင်းသား” ကျင့်ကြံသူတစ်သိန်း၏ စိုးရိမ်တကြီးအော်သံများက အပူတပြင်း ဆူညံသွားသည်။

မန်ဟို ပျံဝဲနေစဉ် မြစိမ်းဧကရာဇ်ထာဝရဂါထာသည် သူ၏ခန္ဓာကိုယ် ပြိုကွဲမသွားအောင် အသည်းအသန် အလုပ်လုပ်နေ၏။ သို့သော် ပါရာဂွန်တစ်ဦး၏ဖိအားအောက်ဝယ် သူ့မှာ ကြာကြာမတောင့်ခံနိုင်သလို၊ သူ၏ဒဏ်ရာများမှာလည်း အပြင်းထန်ဆုံးအဆင့်သို့ ရောက်နေခဲ့ပြီ။

ထပ်မံ၍ ရွှမ်းဖန်က သတ်ဖြတ်လိုသောမျက်ဝန်းများဖြင့် ချဉ်းကပ်လာပြီး ညာလက်ကို မြှောက်ကာ မန်ဟို့ခေါင်းအား ဖမ်းဆုပ်ဖို့ ပြင်သည်။

“သေလိုက်တော့”

ရွှမ်းဖန် သူ့အား ဖမ်းဆုပ်ဖို့ လှမ်းလိုက်သည့်အချိန်မှာပင် မန်ဟိုသည် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနောက် သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်၏။

မိစ္ဆာချုပ်နှောင်ခြင်း အဋ္ဌမမန္တန်

သို့သော် မန္တန် ထုတ်လွှတ်လိုက်ခံရပြီး ရွှမ်းဖန် တုံ့ခနဲ ရပ်သွားသောအခိုက်အတန့်မှာပင် မန္တန်အစွမ်းသည် ပျက်စီးသွား၏။ တန်ပြန်ရိုက်ခတ်မှုက မန်ဟို့အား သွေးအန်လိုက်ရစေသည်။ သူက နောက်ယိုင်သွားပုံရသော်လည်း ရုတ်တရက် မန်ဟို့အရှေ့တွင် အချိန်လှိုင်းဂယက်များ ထလာသည်။ အရာအားလုံးပြောင်းလဲသွား၍ ရွှမ်းဖန်၏မျက်နှာပေါ်တွင် အံ့အားသင့်နေသောအမူအရာ ပေါ်လာသည်။ သူ၏မျက်လုံးများ ပြူးကျယ်နေသည့်အချိန်မှာပင် မန်ဟိုက ဖျတ်ခနဲ ပျောက်ကွယ်ပြီးနောက် သူ့အနောက်တွင် ပြန်ပေါ်လာ၏။

ရွှမ်းဖန်က မန်ဟို့ကို လှည့်ထိုးသော်လည်း အရိပ်ကို ထိုးလိုက်သကဲ့သို့ မန်ဟို့အား ဖြတ်သွားလေသည်။

“အချိန်” ရွှမ်းဖန်၏မျက်လုံးများ ထပ်မံပြူးကျယ်သွားသည်။

ဤသည်မှာ အချိန်ပြောင်းလဲမှုမဟုတ်ဘဲ အချိန်ခရီးသွားစွမ်းအား ပါရှိနေခြင်းဖြစ်သည်။ ကြည့်ရသရွေ့ မန်ဟိုသည် ရွှမ်းဖန်၏နောက်၌ အသက်ရှိုက်စာအနည်းငယ်မျှ စော၍ပေါ်လာခဲ့သည့်အလားပင်။

ဤသည်မှာ မန်ဟို အနက်ဝတ်သတ်ဖြတ်သူထံမှ သင်ယူခဲ့ရသော အချိန်လမ်းလျှောက်အတတ်မှတစ်ပါး အခြားမဟုတ်ပေ။ သူသည် ပြန်ပေါ်လာသောအခါ ရွှမ်းဖန်၏အနောက်တည့်တည့်တွင် ရှိနေဆဲဖြစ်ပြီး ရုတ်တရက် သူ၏ညာလက်က အသွင်ပြောင်းသွားသည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ... စစ်လက်နက် ပေါ်လာ၏။

ထို့နောက် သူသည် အတိတ်မှ ပစ္စုပ္ပန်သို့ လျှောက်လာနေသည့်အလား ခြေတစ်လှမ်းလှမ်းသည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ဓားသွားသည် ကျဆင်းလာ၏။

ရွှမ်းဖန်မှာ ရှောင်ရန်အချိန်မရလိုက်။ ဓားချက်က အတိတ်မှ ပစ္စုပ္ပန်သို့ ပိုင်းချလိုက်ခြင်းဖြစ်ရာ ရှောင်ဖို့ မဖြစ်နိုင်ပေ။ ပထမဆုံးအနေဖြင့် ရွှမ်းဖန်၏စိတ်ထဲတွင် အချက်ပေးခေါင်းလောင်းသံများ မြည်လာသည်။ ၎င်းက သေစေနိုင်သောအန္တရာယ်တော့မဟုတ်သော်လည်း ရွှမ်းဖန်အတွက်တော့ ကြုံရခဲသောအရာပင်။

အလင်းတန်းတစ်လက်က ပါရာဂွန်ရွှမ်းဖန်အပေါ် ကျရောက်သွားသဖြင့် ဂျုန်းခနဲမြည်သံ ကြားလိုက်ရသည်။ သူသည် လွတ်လွတ်ကျွတ်ကျွတ်တော့ မရှောင်နိုင်သော်လည်း ပွတ်သီကာ ရှောင်လိုက်နိုင်သဖြင့် ဓားချက်သည် သူ့နဖူးပေါ် မကျဘဲ သူ့ဘယ်ပခုံးအပေါ်သာ ကျသွား၏။

ဒုတ်

ပါရာဂွန်ရွှမ်းဖန်၏ ဘယ်လက်မောင်းမှ ပြတ်ထွက်သွားသဖြင့် သွေးများ ဖွားခနဲ ပန်းထွက်လာသည်။ ရွှမ်းဖန်သည် မျက်နှာဖြူဖပ်ဖြူလျော်နှင့် နောက်ဆုတ်၍ မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် မန်ဟို့ကို လှမ်းကြည့်၏။ ထို့နောက် သူ၏လက်ပြတ်က မန်ဟို့ထံ လိမ့်ထွက်သွားသော ရွှေရောင်သွေးပင်လယ်တစ်စင်းအသွင် ပြောင်းသွားတော့သည်။

မန်ဟိုမှာ တဆတ်ဆတ် တုန်သွားပြီး ဒဏ်ရာဆိုးဆိုးရွားရွား ရထားပြီးဖြစ်၍ ယခုတွင် သွေးများထပ်အန်နေရလေသည်။ သူ၏အသိစိတ်မှာ လွတ်တစ်ချက်မလွတ်တစ်ချက် ဖြစ်စပြုလာပြီး သူက ခါးသီးစွာ ရယ်နေတော့သည်။ သို့ထိတိုင် အလျှော့မပေးလိုသောအရိပ်အယောင်က သူ၏မျက်လုံးထဲတွင် တောက်ပနေပြီး သူက ဒဏ်ရာများကို လျစ်လျူရှုကာ လှုပ်ရှားလိုက်သည်။

သူ လှုပ်ရှားသောအခိုက်အတန့်တွင် ပါရာဂွန်ရွှမ်းဖန်၏ ညာလက်သည် မုဒြာလက်ကွက်တစ်ကွက်ဖော်လိုက်ရာ ရွှေဓားရှည်တစ်လက် ပေါ်လာ၏။ ဓားက သည်းထိတ်ရင်ဖို အမြန်နှုန်းဖြင့် ပိုင်းချလိုက်ပြီး မန်ဟိုမတုံ့ပြန်နိုင်ခင် အသားဂျယ်လီက ပျံထွက်လာကာ ဓားချက်ကို ခုခံသည်။

အသားဂျယ်လီမှာ ငယ်သံပါအောင် အော်ဟစ်ရင်း လွင့်ထွက်သွားပြီး သိသိသာသာ အားနည်းသွားသည်။ သို့သော် ၎င်းသည် သိုလှောင်အိတ်ထဲ ပြန်မဝင်ဘဲ မန်ဟို့ကို မန္တန်ဝင်္ကပါထဲ ပြန်ဆွဲခေါ်နေ၏။

“မင်း ဘယ်မှမသွားရဘူး” ပါရာဂွန်ရွှမ်းဖန်က ယုတ်မာကောက်ကျစ်သောအသံဖြင့် ပြောသည်။ တစ်ဖက်တည်းကျန်ခဲ့သော သူ၏ညာလက်က မန်ဟို့ဆီ လှမ်းလိုက်ပြီး သူ၏လက်ချောင်းငါးချောင်းမှ အနှစ်သာရစွမ်းအား ထွက်လာသည်။

အနှစ်သာရငါးခုက တစ်ခုကိုတစ်ခု လိမ်ယှက်ရင်း ဖြာထွက်လာ၏။ အချိန်အနည်းငယ်ကြာသော် ခြောက်ခုမြောက်အနှစ်သာရ ပေါ်လာသည်။ ထို့နောက် ခုနစ်ခုမြောက်။ အချိန်အနှစ်သာရဖြင့် ဖန်ဆင်းခံလိုက်ရသော ဧရာမလက်ကြီးတွင် စိတ်ကူးမကြည့်နိုင်သောစွမ်းအားတို့ ပြည့်ဝနေ၏။ ဤလက်ကား ... သေချာပေါက် ပစ်မှတ်ကို ရိုက်ချနိုင်လိမ့်မည်။

မန်ဟို့မျက်နှာမှာ လူသေကောင်သဖွယ် ဖြူဆုပ်နေသည်။ ဤသေရေးရှင်ရေးအခိုက်အတန့်တွင် သူက အသားဂျယ်လီကို တွန်းထုတ်၍ လာနေသောလက်ကြီးနှင့် ရွှမ်းဖန်ထံ လက်ညှိုးထိုးလိုက်သည်။

မိစ္ဆာချုပ်နှောင်ခြင်း အဋ္ဌမမန္တန်

ဧရာမလက်ကြီး တုံ့ခနဲ ရပ်သွားသဖြင့် တဂျုန်းဂျုန်းမြည်သံများကို ကြားရနိုင်သည်။ သို့သော် တဒင်္ဂကြာသော် ၎င်းက ပြန်လည်ရွေ့လျားလာ၍ ပြင်းထန်သော တန်ပြန်ရိုက်ခတ်မှုကြောင့် မန်ဟို၏ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ ဤအခြေအနေက သူ ယခင်က ချုပ်နှောင်ခြင်းမှော်အစွမ်းကို သုံးဖို့ တွန့်ဆုတ်နေခဲ့သော အကြောင်းရင်းများထဲက တစ်ခုဖြစ်သည်။ ပါရာဂွန်တစ်ဦးကို ချုပ်နှောင်ဖို့ ၎င်းအား အသုံးပြုလျှင် မအောင်မြင်ရုံသာမက သူ့ကိုယ်သူကိုလည်း ထိခိုက်မိစေလိမ့်မည်။

အောဂူနှင့် တိုက်ခိုက်ခဲ့တုန်းက ချုံမန်းတိုင်သည် အောဂူကို ကျွန်ပြုနေခဲ့သောခုလတ်တွင် ဖြစ်၍ ချုပ်နှောင်ရန် အဆင်ပြေခဲ့သည်။ သို့သော် ယခု သူ့မှာ ပါရာဂွန်တစ်ဦးကို တစ်ယောက်တည်း တိုက်ခိုက်နေရခြင်းဖြစ်ပြီး ပြဿနာက သူ၏ချုပ်နှောင်ခြင်းမှော်အစွမ်းမဟုတ်....

“ငါ့ကျင့်ကြံအဆင့်က နိမ့်လွန်းနေတယ်” မန်ဟိုသည် ခါးသီးစွာ ရယ်၍ အံတင်းတင်းကြိတ်၏။ လက်ကြီး သူ့အပေါ် ကျလာသည့်အခါ သူက နတ်မီးတောက်အနှစ်သာရကို ထုတ်လွှတ်ပြီးနောက် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ သူ့လက်ချောင်းကို အကြိမ်ပေါင်းများစွာ ဝှေ့ယမ်းလိုက်သည်။

“မိစ္ဆာချုပ်နှောင်ခြင်း သတ္တမမန္တန်

“ဆဋ္ဌမမန္တန်

“ပဉ္စမမန္တန်

“တတိယမန္တန်

“ဒုတိယမန္တန်”

အသက်ကို လောင်းကြေးထပ်ထားမှတော့ အစွမ်းကုန်ထုတ်မှဖြစ်မည်။ သူသည် ရူးမိုက်မှုတို့ မျက်ဝန်းထဲတွင် တောက်ပနေလျက် သူ၏ချုပ်နှောင်ခြင်းမန္တန်အားလုံးကို ထုတ်လွှတ်လိုက်၏။ အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ခါလာပြီး သူ့ပတ်ဝန်းကျင်ရှိ ချီများ ပရမ်းပတာအုံကြွ၍ ဖောက်ပြန်နေသောအတွေ့အထိတစ်ခုကို ခံစားလိုက်ရသဖြင့် ရွှမ်းဖန်က မျက်မှောင်ကြုတ်သွားသည်။

မိစ္ဆာချုပ်နှောင်မန္တန်၏ တန်ပြန်ရိုက်ခတ်မှုကြောင့် မန်ဟိုမှာ တဆတ်ဆတ် တုန်နေပြီး သူ၏ခန္ဓာကိုယ်လည်း သွေးသံရဲရဲနှင့် စုတ်ပြတ်သပ်နေလေပြီ။ သူ အမှန်တကယ် သုံးချင်သည်က ကောင်းကင်ဘုံချုပ်နှောင်ဂါထာဖြစ်သော်လည်း တောင်ပင်လယ်စွမ်းအားကို လိုအပ်ပေရာ ယခုလို အပြင်နှင့်အဆက်အသွယ်ဖြတ်ခံထားရသော အခြေအနေကြောင့် မအောင်မြင်ခဲ့ပေ။

ထို့ကြောင့် သူ့မှာ သူ၏မိစ္ဆာချုပ်နှောင်ခြင်းမှော်အစွမ်းများကို တိုက်ကွက်တစ်ကွက်အဖြစ် ပေါင်းစည်းဖို့ ... အသက်ကိုပင် လောင်းကြေးထပ်ခဲ့ရတော့သည်။

မန္တန်ကိုးခုကို ပေါင်းစည်းခြင်းသည် မိစ္ဆာချုပ်နှောင်သူတစ်ဦး လုပ်ဆောင်နိုင်သော အန္တိမအသွင်တစ်ခု ဖြစ်၏။ သို့သော် လောလောဆယ်တွင် မန်ဟိုက မန္တန်ခြောက်ခုကိုသာ တတ်မြောက်ထားသည်။ ပထမနှင့် စတုတ္ထမန္တန်ကို လိုအပ်သေးသလို၊ သူ၏ကိုယ်ပိုင်နဝမမန္တန်ကိုလည်း ဖန်ဆင်းရဦးမည်။

သို့သော် ဤအခိုက်အတန့်တွင် သူ တတ်နိုင်သည့် တခြားအရာမရှိပေ။ ဆယ်ငါးမိနစ်၏ တစ်ဝက်ကျော် ကျော်လွန်သွားခဲ့ပြီဖြစ်သော်လည်း တစ်ဝက်ကျန်သေးသည်ဟုလည်း ဆိုလိုသည်။ သူ့အနေဖြင့် မည်သည့်နည်းနှင့်မျှ ဆက်လက်တောင့်မခံနိုင်သည့်အတွက် မန်ဟိုသည် ရှိရှိသမျှအစွမ်းအကုန်လုံးဖြင့် တွန်းပို့ရင်း ခေါင်းနောက်လှန်ကာ ဟိန်းဟောက်လိုက်၏။ ချုပ်နှောင်မန္တန်များကို ပေါင်းစည်းဖို့ ကြိုးစားနေခြင်းကြောင့် သူ၏အသွေးအသားတို့ ပေါက်ကွဲကာ အရိုးများ ကျိုးကြေကုန်သည်။

အလွန်ကျယ်လောင်သော တဂျုန်းဂျုန်းမြည်သံကြီးများ ပဲ့တင်ထပ်နေပြီး နေပေါ်ရှိ လူတိုင်း မှင်သက်နေကြသည်။ ရွှမ်းဖန်လည်း အံ့မခန်းလိလိပြောင်းလဲမှုများကြောင့် အံ့အားသင့်နေသည်။

ဤအခိုက်အတန့်တွင် တောင်ပင်လယ်တစ်လောကလုံး တသိမ့်သိမ့်တုန်လာသည်။ ကြယ်တာရာကောင်းကင်ထဲရှိ ကျင့်ကြံသူများနှင့်အပြင်သူများ တုန်လှုပ်ကုန်ကြသည်။ ကောင်းကင်ဘုံ (၆) မှ ပါရာဂွန်ပင် အံ့ဩနေ၏။

ပင်လယ်အိပ်မက်နှင့် ကျန်ရှိသူတိုင်းလည်း အံ့အားသင့်နေကြသည်။

တောင်ကောင်းကင်းဂြိုဟ်ပေါ်တွင် ရပ်နေသော ရွှေတုန်းလျှိုမှာတော့ အားလုံးနှင့် ဆန့်ကျင်ဘက်ပင်။ သူသည် မန်ဟိုရှိရာသို့ စိုးရိမ်တကြီး ကြည့်နေပြီး သူ၏မျက်ဝန်းများ၌ ပူပန်မှုနှင့် ဗလောင်ဆူနေမှုကိုပင် မြင်ရနိုင်သည်။

နေမှ ဧရာမစွမ်းအားလှိုင်းကြီး ထွက်ပေါ်လာသည်။ မန်ဟို ပြင်းပြင်းထန်ထန် တုန်ရီနေစဉ် သူ့အရှေ့၌ အလင်းလုံးတစ်လုံး ဖျတ်ခနဲ ပေါ်လာသည်။ အလင်းသည် ၎င်းအထဲတွင် ဟိုဟိုသည်သည်သွားလာနေသော မန္တန်ခြောက်ခုဖြင့် ကသောင်းကနင်းဖြစ်နေ၏။ ထိုအလင်းကား ဖြစ်တည်မှုအသစ်တစ်ခုကို ဖွားမြင်ပေးချင်နေသည့်အလား တွေးနေပုံရသည်။

ပြင်းထန်သောဖိအားက ပါရာဂွန်ရွှမ်းဖန်၏မျက်နှာကို ရိပ်ခနဲဖြစ်သွားစေပြီး ပထမဆုံးအကြိမ် သေဘေးအန္တရာယ်ကို ခံစားလိုက်ရသည်။ သူသည် တစ်ချက်လေးပင် တွန့်ဆုတ်မနေဘဲ တဟုန်ထိုး နောက်ဆုတ်လိုက်၏။

သူ နောက်ဆုတ်လိုက်သည့်အချိန်မှာပင် မန်ဟိုက သူ၏အသက်စွမ်းအားကိုပင် ဆင့်ခေါ်ရင်း ထုတ်နိုင်သမျှ အစွမ်းအကုန်ထုတ်ကာ နောက်ကျိနေသောအလင်းစက်လုံးကို ရှေ့သို့တွန်းထုတ်လိုက်သည်။ သူ၏အသားအား ပေါက်ပြဲလန်ထွက်သွားပြီး အရိုးများပေါ်လာကာ ကျိုးကြေကုန်သည်။

အလင်းစက်လုံးသည် ဝုန်းခနဲ တွန်းထုတ်ခံလိုက်ရ၏။ သို့သော် သူ့မှာ အားတစ်စက်မှမရှိတော့၍ ဘုန်းခနဲ လဲကျသွားသည်။ အသားဂျယ်လီက သူ့ကို ပွေ့လျက် မန္တန်ဝင်္ကပါထဲ သယ်သွားသည်။

တစ်ချိန်တည်းမှာပင် အလင်းစက်လုံးသည် ရွှမ်းဖန်ဆီ ပြေးဝင်လာလေပြီ။ ၎င်း အနားရောက်လာသည့်အခါ ရွှမ်းဖန်က စူးစူးဝါးဝါး အော်သည်။ သေဘေးအန္တရာယ်၏ အတွေ့အထိက သူ့ကို ပျာယာခတ်သွားစေပြီး သူသည် ရုတ်တရက် အရွယ်အစားကြီးမားလာ၏၊ မျက်စိတစ်မှိတ်အတွင်း သူကား မီတာသုံးသောင်းမြင့်မားပြီးနောက် ချက်ချင်း ပြန်ကျုံ့ကာ ရွှေခြင်္သေ့တစ်ကောင်အသွင် ပြောင်းလိုက်သည်။

သူသည် သူ ရင်ဆိုင်နေရသော မှော်တိုက်ကွက်၏ အားနည်းချက်ကို ရှာတွေ့နိုင်ရန် မျှော်လင့်ရင်း မှော်အတတ်တစ်ခုကို အသုံးပြုလိုက်သဖြင့် သူ့မျက်လုံးများက နိမိတ်အလင်းရောင်တို့ဖြင့် တောက်ပလာသည်။

သေခြင်း

သေခြင်း

သေခြင်း....

ရွှမ်းဖန်၏မျက်နှာမှာ ဣန္ဒြေမဆည်နိုင်တော့အောင် ကြောက်လန့်နေကြောင်း သက်သေပြနေသည်။ အချိန်တိုလေးအတွင်း အနာဂတ်ဖြစ်နိုင်ခြေပေါင်း တစ်သောင်းကျော်ကို တွက်ချက်ပြီးသော်လည်း မည်မျှခွဲခြမ်းစိတ်ဖြာစေကာမူ အဆုံးသတ်ရလဒ်က ... သေခြင်းသာ ဖြစ်နေ၏။

“မဖြစ်နိုင်ဘူး။ ဒါ ဘယ်လိုနတ်ဘုရားစွမ်းရည်မျိုးလဲ” ရွှမ်းဖန်မှာ ကတုန်ကယင်ဖြင့် နောက်ဆက်ဆုတ်သွားသည်။ သူ့အတွက် ကံဆိုးစွာသည်ကား ... မန်ဟို့ကို ချောင်ပိတ်ဖို့ သူ စီရင်ထားသော မြူထုသည် သူ့ကိုလည်း ပိတ်ထားလေပြီ။

“မပြည်စုံမှု။ ဒါက မပြည့်စုံတဲ့ မှော်အစွမ်းဆိုတော့ ငါ့မှာ အခွင့်အရေးရှိတယ်။ ဒါကို သုံးလိုက်လို့ သူ့ဝိညာဉ်လည်း သေချာပေါက် ဒဏ်ရာရသွားလိမ့်မယ်။ ဒီတာအိုက သူ အစောကြီးဆင့်ခေါ်လိုက်မိတဲ့ တာအိုတစ်ခုပဲ

“နောက်ပိုင်း ဒါကို အပြည့်အစုံမလုပ်နိုင်သရွေ့ ... ဒီနေ့ သူ အသက်ရှင်လည်း အရေးမကြီးဘူး။ အပြည့်အစုံမဖော်ဆောင်နိုင်တဲ့အချိန်မတိုင်ခင်အထိ သူ ဒါကို ထပ်သုံးနိုင်တော့မှာ မဟုတ်ဘူး” ရွှမ်းဖန်၏မျက်လုံးများ လင်းလက်သွားသည်။

“ငါ့မှာ အခွင့်အရေးတစ်ခု ရှိသေးတယ်။ အဲ့ဒါက .. အချိန်စီးကြောင်းထဲမှာပဲ”

ရွှမ်းဖန်သည် ဟိန်းဟောက်ရင်း ရှိရှိသမျှစွမ်းအားအလုံးစုံဖြင့် သူ၏တာအိုအချိန်ကို ထုတ်လွှတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ဝေဝါးလာပြီး မျက်စိတစ်မှိတ်အတွင်း သူ၏ထာဝရဝိညာဉ်ပေါ်လာသည်။

“ငါဟာ နှစ်ပေါင်းထောင်ချီ နေထိုင်ခဲ့တဲ့သူ။ အနှစ်သာရ ၈ ခု အဆင့်မတက်ကောင်း မတက်နိုင်ပေမယ့် နှစ်ခြောက်ဆယ်စက်ဝန်းတစ်ခု၏ အဆုံးသတ်တိုင်းမှာ ဝိညာဉ်တစ်ကိုယ် ချန်ထားခဲ့နိုင်တဲ့အစွမ်း ငါ့မှာ ရှိသေးတယ်။ ဒါက အန္တိမအချိန်မှော်အစွမ်း။ ငါ့ရဲ့ဝိညာဉ်တွေကို မင်း မဖျက်စီးသရွေ့ ငါ့ဝိညာဉ်အစစ်ကို ဘယ်တော့မှ မဖျက်စီးနိုင်ဘူး” ရွှမ်းဖန်၏မျက်လုံးများသည် နီရဲတောက်နေ၏။ ဤမှော်အစွမ်းသည် အမှန်တကယ် သေရတော့မည့်အခိုက်အတန့်မှ သူ မလွဲမရှောင်သာ သုံးမည့် မှော်အစွမ်းဖြစ်ပေသည်။

သူ့ဘဝတွင်... တစ်ကြိမ်သာ အသုံးပြုနိုင်သောအရာလည်း ဖြစ်၏။

ဤအခိုက်အတန့်၌ သူ့မှာ ချောင်ပိတ်ခံထားရလေပြီ။ ထိုမှော်အစွမ်းကို မသုံးပါက ... မုချ သေရတော့မည်။

All Chapters