← Chapters

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း (၂၀၄) - မြွေမိစ္ဆာ သုံးကောင်

မြေပြင်သည် ရုတ်တရက် တုန်ခါသွားပြီး လူတိုင်း၏ ခြေအောက်တွင် အက်ကြောင်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာ၏။

ထို့နောက် ချက်ချင်းပင် မယုံနိုင်လောက်အောင် အစွမ်းထက်သော အငွေ့အသက် တစ်ခုသည် အက်ကြောင်းထဲမှ ပေါက်ကွဲထွက်လာပြီး ဤအငွေ့အသက်၏ အန္တရာယ်ရှိမှုကို လူတိုင်း ချက်ချင်း သတိပြုမိသွားကြသည်။

"ရှောင်ကြ..."

ချိုးယွီနင်သည် အခြေအနေကို ချက်ချင်း သဘောပေါက်သွားပြီး အော်ဟစ်လိုက်၏။

ဤအခိုက်အတန့်တွင် အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိ လူတိုင်း နောက်သို့ အမြန်ဆုတ်ခွာလိုက်သည်။

ချန်လော့မှာမူ မီတာဒါဇင်ပေါင်းများစွာ အကွာသို့ ပြေးထွက်သွားလေ၏။

မြေပြင် စတင်တုန်ခါလာသည့် အခိုက်အတန့်တွင် သူသည် အရင်ဆုံး စတင်ပြေးနေခဲ့ပြီ ဖြစ်သည်။

"ဝုန်း..."

ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ မြေပြင်သည် ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ဧရာမ လူရိပ်တစ်ခုက မြေအောက်မှ ခုန်ထွက်လာလေသည်။

အားလုံးက ထိုလူရိပ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် အလန့်တကြား ဖြစ်သွားကြတော့သည်။

မြေကြီးထဲမှ ရုတ်တရက် ထွက်ပေါ်လာသော သတ္တဝါမှာ ဧရာမ မြွေကြီးတစ်ကောင်မှလွဲ၍ အခြားမဟုတ်ချေ။

ပို၍ အရေးကြီးသည်မှာ ထိုမြွေကြီး၏ ကျင့်ကြံမှုအဆင့်မှာ နတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိနေပုံရသည်။

တစ်နည်းအားဖြင့် သူတို့ရှေ့ရှိ ဧရာမ မြွေကြီးသည် သူတို့ရှာဖွေနေသော နတ်ဝိညာဉ်အဆင့် ခေါင်းဆောင် သုံးကောင်အနက်မှ တစ်ကောင်ပင် ဖြစ်သည်။

ချန်လော့သည် အနည်းဆုံး မီတာ ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ခန့် ရှည်လျားပြီး အလွန် တုတ်ခိုင်သော မြွေကြီးကို ကြည့်လိုက်၏။ ၎င်းကို လူသုံးယောက် သို့မဟုတ် ငါးယောက်ခန့် လက်ဆန့်တန်းကာ ဖက်ထားမှသာ လုံလောက်မည် ဖြစ်သည်။

"ဒီကောင်က ကိုင်တွယ်ရလွယ်မယ့်ပုံ မပေါ်ဘူး..."

ချန်လော့ စကားပြောနေစဉ် နောက်တစ်စက္ကန့်တွင် မြွေကြီး တစ်ကောင် ခုန်ထွက်လာကာ ဖြောင့်မတ်တာအို ဂိုဏ်းသားတစ်ဦးအား ကိုက်ရန် ဦးတည်သွားသည်ကို မြင်လိုက်ရသည်။

ကံကောင်းစွာဖြင့် ထိုဂိုဏ်းသားသည် အမြန်တုံ့ပြန်နိုင်ခဲ့ပြီး သူ၏ ဓားကို ချက်ချင်း လွှဲခုတ်လိုက်၏။

သို့သော် နောက်တစ်စက္ကန့်တွင် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်သွားတော့သည်။

ထိုဂိုဏ်းသား လွှဲခုတ်လိုက်သော ဓားကို မြွေနက်ကြီးက သူ၏ ပါးစပ်ကြီးဖြင့် ကိုက်ချလိုက်လေသည်။

"ဒေါင်..."

သံချင်းထိခတ်သွားသည့် ကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာ၏။

သို့သော် ထိုမြွေနက်ကြီးမှာ အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာ မရရှိခဲ့ချေ။

ထိုမြင်ကွင်းကို မြင်သောအခါ လူတိုင်း အံ့အားသင့်သွားသည်။ အကြောင်းမှာ သူတို့သည် ဂိုဏ်းအသီးသီးမှ ပါရမီရှင်များ ဖြစ်ကြပြီး သူတို့၏ မှော်ရတနာများမှာလည်း အလွန် ကောင်းမွန်ကာ အနည်းဆုံး အလယ်အလတ် သို့မဟုတ် အဆင့်မြင့် အရည်အသွေးများရှိသည်။

မှော်ရတနာ၏ တိုက်ခိုက်မှုအောက်တွင် အနည်းငယ်မျှ ထိခိုက်မှုမရှိသည်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။

"ချလွမ်..."

ထိုစဉ် ၊ သတ္တုပြုတ်ကျသံ တစ်ခု ထွက်ပေါ်လာပြီး လူတိုင်း၏ အကြည့်များမှာ ထိုနေရာသို့ ရောက်ရှိသွားကြသည်။

နောက်တစ်စက္ကန့်တွင် အားလုံး အလန့်တကြား ဖြစ်သွားကြ၏။

အနက်ရောင်မြွေ၏ အကိုက်ခံလိုက်ရသော ထိုဂိုဏ်းသား၏ လက်ထဲရှိ ဓားမှာ ဓားသွားအလယ်တည့်တည့်မှ နှစ်ပိုင်းကွဲထွက်သွားသည်။

ဓားကျိုးသွားသည့်နေရာကို သေချာ အကဲခတ်လိုက်သောအခါ ၊ ဓားသွားပေါ်တွင် မည်သည့်အချိန်ကတည်းက တိုက်စားခံထားရမှန်း မသိရသော ငွေရောင်သံရည်ပူများသည် မြွေဆိပ်များနှင့် ရောနှောကာ အောက်သို့ တတောက်တောက် စီးကျနေ၏။

"အဲဒါ အဆိပ်မြွေနက်ပဲ... မြွေမျိုးနွယ်စုရဲ့ ဒုတိယမြောက် နတ်ဝိညာဉ်အဆင့် ခေါင်းဆောင်ပဲ..."

"သူက တိုက်ခိုက်ဖို့ အဆိပ်သုံးတဲ့နေရာမှာ အကျွမ်းကျင်ဆုံးပဲ... နတ်ဝိညာဉ်အဆင့် အချင်းချင်းတောင် သူ့ရဲ့ အဆိပ်ကို လွယ်လွယ်နဲ့ မထိရဲဘူး..."

ကျားမိစ္ဆာ၏ အသံသည် ဘေးမှ ထွက်ပေါ်လာ၏။

ဤအခိုက်အတန့်တွင် သူသည် မြေအောက်မှ ရုတ်တရက် ထွက်ပေါ်လာသော မြွေကြီးနှင့် တိုက်ပွဲဝင်နေသည်။

နှစ်ဖက်စလုံးသည် တစ်လှည့်စီ အနိုင်ရလိုက်၊ အရှုံးပေးလိုက်ဖြင့် ပြင်းထန်စွာ တိုက်ခိုက်နေကြ၏။ ဧရာမ မြွေကြီးက အစွမ်းထက်နေခြင်းလား သို့မဟုတ် ကျားမိစ္ဆာက အားနည်းနေခြင်းလား ဆိုသည်မှာ မသေချာပေ။

ထိုစကားကို ကြားလိုက်ရချိန်တွင် ချိုးယွီနင်၏ မျက်နှာအမူအရာမှာ မသာမယာ ဖြစ်သွားတော့သည်။

မြွေမိစ္ဆာများ၏ ဒုတိယမြောက် ခေါင်းဆောင် နတ်ဝိညာဉ်အဆင့်ရှိ သားရဲသည် သူ၏ အဆိပ်နှင့် အမြန်နှုန်းကြောင့် နာမည်ကြီးနေသော အဆိပ်မြွေနက် တစ်ကောင် ဖြစ်နေမည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

ထိုမြွေနှစ်ကောင်စလုံးသည် မြွေမျိုးနွယ်စုတွင် ပါဝင်သော်လည်း အဆိပ်မြွေနက်နှင့် ဧရာမ မြွေကြီးတို့မှာ နေထိုင်မှုပုံစံနှင့် အပြုအမူများတွင် အလွန် ကွာခြားလှပေသည်။

ထို့ကြောင့် အချိန်အများစုတွင် သူတို့သည် တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်ဘက် အခြေအနေတွင်သာ ရှိနေကြ၏။

သို့သော် သူတို့သည် ယခု အချင်းချင်း ကူညီရန် ပူးပေါင်းလိုက်ကြလိမ့်မည်ဟု

မမျှော်လင့်ထားခဲ့ချေ။

"မင်းတို့ရဲ့ ကာကွယ်ရေး လက်နက် မှော်ရတနာတွေ အားလုံးကို သုံးကြ... အဲဒီအနက်ရောင်မြွေကို သတိထား... အခု ငါတို့ရဲ့ ဦးစားပေးက သူ့ကို သတ်ဖို့ပဲ..."

ချိုးယွီနင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သို့သော် သူတို့၏ ကာကွယ်ရေးလက်နက် မှော်ရတနာများသည် အဆိပ်မြွေနက်၏ တိုက်ခိုက်မှုများကို ထိရောက်စွာ ကာကွယ်နိုင်မည်လားဆိုသည်ကို သူ သေချာ မသိပေ။

မည်သို့ပင်ဆိုစေကာမူ ထိုကောင်၏ အဆိပ်မှာ လျှို့ဝှက်ဆန်းကြယ်သော အဆင့်မြင့် လက်နက်များကိုပင် လွယ်ကူစွာ တိုက်စားနိုင်သည်။

ဤအခိုက်အတန့်တွင် ချန်လော့သည် အဝေးတစ်နေရာတွင် ရပ်နေပြီး ချိုးယွီနင်နှင့် အခြားသူများ၏ စစ်မြေပြင် အခြေအနေကို မြင်ပြီး သူ၏ သိုလှောင်အိတ်ထဲမှ ကာကွယ်ရေးလက်နက် မှော်ရတနာ အများအပြားကို ထုတ်ယူကာ ဝတ်ဆင်လိုက်သည်။

အဆင့်မြင့် မှော်လက်နက်ကိုပင် တိုက်စားနိုင်လောက်လောက် အဆိပ်ပြင်းထန်သည်မှာ အံ့သြစရာမရှိတော့ချေ။

‘သူက နတ်ဝိညာဉ်အဆင့် မြွေမိစ္ဆာကိုး…’

"တကယ်လို့ သူ့ရဲ့ အဆိပ်ကိုသာ ရနိုင်ရင် ချိုးယွီနင်ကို လုပ်ကြံရမယ့် အလုပ်က အများကြီး ပိုလွယ်သွားမှာပဲ..."

ချန်လော့ ဤသို့ တွေးလိုက်စဉ် သူ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု မသိမသာ လှစ်ဟသွား၏။

သို့သော် သူ ချက်ချင်း ခေါင်းခါလိုက်၏။

သေချာ စဉ်းစားကြည့်ပါက အဆိပ်မြွေနက်ကို သတ်ဖြတ်ခြင်းမှာ မတန်ချေ။

သူ့လက်ထဲတွင် လျှို့ဝှက်လက်နက် အများအပြား ရှိသည်၊ ဤတစ်ကြိမ်တွင် လောချင်းယွီ ပြင်ဆင်ပေးလိုက်သော မှော်ရတနာ အမျိုးမျိုးသည် အဆိပ်မြွေနက်ကို အလွယ်တကူ အနိုင်ယူရန် လုံလောက်သည်။

သို့သော်လည်း ချန်လော့သည် ဤအဆိပ်မြွေနက် တစ်ကောင်အတွက်ဖြင့် သူ၏မှော်ရတနာများကို ဖြုန်းတီးချင်စိတ် မရှိချေ။

ပထမအချက်မှာ ချန်လော့သည် အဆိပ်မြွေနက်မှာ တန်ဖိုးမရှိမှန်း ခံစားရသောကြောင့် ဖြစ်သည်။

အဆိပ်မှာ သေချာပေါက် ကောင်းမွန်သောအရာတစ်ခု ဖြစ်သော်လည်း ချန်လော့ကိုယ်တိုင်က အဆိပ်ကျွမ်းကျင်သူ တစ်ဦးဖြစ်သည်။ အကယ်၍ သူသာ ဆန္ဒရှိပါက အဆိပ်မြွေနက်နှင့် ဆင်တူသော အဆိပ်တစ်မျိုးကို ဖန်တီးနိုင်သည်။

ထို့ကြောင့် အဆိပ်ပုလင်းငယ်လေး တစ်လုံးအတွက် သူ၏ လက်နက်များကို ထုတ်ပြခြင်းမှာ အကျိုးမရှိနိုင်ပေ။

အထူးသဖြင့် လီချန် ကဲ့သို့ သူ့ကို အပြည့်အဝ မယုံကြည်သေးသူ လူအချို့ ရှိနေသေး၏။

အကယ်၍ သူသာ ယခင်က သူ၏ "ပုံစံ" နှင့် ဆန့်ကျင်ဘက်ဖြစ်သော စွမ်းအားကို ထုတ်ဖော်ပြသလိုက်ပါက လီချန်နှင့် အခြားသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်မိမည်ဖြစ်ပြီး ၊ သူ့အတွက် ကောင်းကျိုးတစ်ခု ဖြစ်လာမည် မဟုတ်ချေ။

ထို့ကြောင့် သေချာ တွေးတောပြီးနောက် ချန်လော့သည် အဆိပ်ရယူရန် အဆိပ်မြွေနက်ကို သတ်ဖြတ်မည့် အကြံကို စွန့်လွှတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ချန်လော့၏ စိတ်ထဲတွင် သိချင်စိတ်တစ်ခု ဖြစ်လာသည်။

"ဒီမြွေမိစ္ဆာတွေထဲမှာ ပထမဆုံး နတ်ဝိညာဉ်အဆင့် အစွမ်းထက်သူက ဧရာမ မြွေကြီးတစ်ကောင် ဖြစ်ပြီး ဒုတိယတစ်ကောင်က သေးငယ်သွက်လက်တဲ့ အဆိပ်မြွေနက်တစ်ကောင် ဖြစ်နေတယ်... ဒါဆို တတိယမြောက် မြွေမိစ္ဆာက ဘယ်လို အစွမ်းထက်တဲ့ကောင်မျိုး ဖြစ်နေမလဲ..."

ချန်လော့ တွေးနေစဉ်မှာပင် ဧရာမ မြွေကြီး ဖောက်ထွက်လာသော တွင်းထဲမှ အခြား မြွေမိစ္ဆာတစ်ကောင် ခုန်ထွက်လာလေသည်။

ထိုမြွေမိစ္ဆာသည် ဂူထဲမှ ရုတ်တရက် ခုန်ထွက်လာပြီး ၎င်း၏ ခေါင်းနောက်တွင် တဝက်တပျက် ဖောက်ထွင်းမြင်ရသော အတောင်ပံငယ်တစ်စုံ ပါရှိ၏။

ရုတ်တရက် ပေါ်ထွက်လာသော မြွေမိစ္ဆာကို မြင်လိုက်ရချိန်တွင် မလှမ်းမကမ်းရှိ ချိုးယွီနင်မှာ အလန့်တကြား ဖြစ်သွားသည်။

ထို့နောက် သူသည် ရုတ်တရက် ခုန်တက်လာသော မြွေမိစ္ဆာထံတွင် တစ်ခုခုကို မြင်လိုက်ရပုံရပြီး သူသည် ရုတ်တရက် တုန်လှုပ်သွားသည်။

"အဲဒါ တောင်ပံပါတဲ့ မြွေပဲ... နတ်ဝိညာဉ်အဆင့် တောင်ပံပါတဲ့ မြွေပဲ... သူ့ကို အရင် သတ်..."

ထိုစကားကို ကြားလိုက်ရချိန်တွင် လူတိုင်း တောင်ပံပါသော မြွေကို လှည့်ကြည့်လိုက်ကြသည်။

သို့သော် သေချာ အကဲခတ်ကြည့်လိုက်ရာ တောင်ပံပါသော မြွေသည် သူ၏ မူလနေရာတွင် မရှိတော့ဘဲ ဖြောင့်မတ်တာအို ကျင့်ကြံသူတစ်ဦးထံသို့ အလွန် မြန်ဆန်သော အမြန်နှုန်းဖြင့် ဦးတည်သွားနေကြောင်း တွေ့လိုက်ရ၏။

ထိုမြွေ၏ မျက်လုံးများမှာ ဒေါသ ၊ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။

All Chapters