← Chapters

အခန်း ၂၀၇

Vol. 21 Ch. 207

အခန်း ၂၀၇

Vol. 21 Ch. 207

အခန်း (၂၀၇) - အလွန်အမင်း သတိထားလွန်းခြင်း

တောင်ပံပါသောမြွေ၏ လုပ်ရပ်ကြောင့် လူတိုင်း မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာသည်။

‘ ချိုးယွီနင်က အခုလေးတင် ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး လဲကျသွားတာလေ...တကယ်လို့ ဒီတောင်ပံပါတဲ့မြွေက ချိုးယွီနင်ကို မသတ်နိုင်ရင်တောင်မှ အနည်းဆုံးတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး ဒုက္ခရောက်သွားအောင်တော့ လုပ်နိုင်မှာပဲ…’’

‘ ဒါပေမဲ့ တောင်ပံပါတဲ့ မြွေက ဒီတိုင်း လှည့်ထွက်သွားတယ် ဟုတ်လား... သူက ဒီတိုင်း လှည့်ထွက်သွားတယ်ပေါ့…’

‘ ဒါ သူတို့ထဲက တစ်ယောက်ကို သတ်နိုင်မယ့် အခွင့်အရေးကို ဖြုန်းတီးပစ်လိုက်တာပဲ…’

‘ ဘာဖြစ်လို့လဲ... သူက အရမ်း ကြင်နာလွန်းလို့ သတ်ဖြတ်တာကို မလုပ်ချင်လို့များလား..’

‘ဒါ လုံးဝ မဖြစ်နိုင်ဘူး….’

လူတိုင်း ဇဝေဇဝါ ဖြစ်နေကြပြီး ချိုးယွီနင် ကိုယ်တိုင်ပင် နားမလည်နိုင်ခဲ့ချေ။

သို့သော် သူ စဉ်းစားရန် အချိန်မရခဲ့ပေ။ အကြောင်းမှာ ရွှေမြုတေအဆင့်ရှိ သားရဲတစ်ကောင်က တိုက်ခိုက်လာသောကြောင့် ဖြစ်သည်။

သူသည် အလျင်အမြန် ထကာ သူ၏ ဓားကို ကောက်ယူလိုက်ပြီး ဓားချက်အနည်းငယ်ဖြင့် မြွေမိစ္ဆာကို ပြင်းထန်စွာ ဒဏ်ရာရစေကာ နောက်သို့ ဆုတ်ခွာသွားစေခဲ့သည်။

ရောင်စဉ်ဖြာ လက်နက်နှင့် ပတ်သက်၍မူ ဤရွှေမြုတေအဆင့် မြွေမိစ္ဆာအပေါ် အသုံးပြုမည် မဟုတ်။ ၎င်းမှာ အလွန် ဖြုန်းတီးရာ ကျပေလိမ့်မည်။

ဤအခိုက်အတန့်တွင် သူသည် အားလုံး၏ စိုးရိမ်နေသော အကြည့်များကို သတိပြုမိသွားပုံရပြီး ချက်ချင်း ဆိုလိုက်သည်။

"ကျွန်တော် အဆင်ပြေပါတယ်... တောင်ပံပါတဲ့မြွေကို တိုက်ခိုက်လာအောင် ဆွဲဆောင်ပြီး ရောင်စဉ်ဖြာ လက်နက်နဲ့ သတ်ဖို့ ဟာကွက်တစ်ခုကို တမင် ဖန်တီးလိုက်တာပါ..."

ချိုးယွီနင်၏ စကားကို ကြားမှသာ အားလုံး သက်ပြင်း ချလိုက်နိုင်ကြ၏။

‘ဒါပေမဲ့ ဘာလို့ အဲဒီ တောင်ပံပါတဲ့ မြွေက ဘာလို့ မလှုပ်ရှားခဲ့တာလဲ…’

“ လူကို ဒဏ်ရာရစေချင်လို့ မဟုတ်ပါဘူး... ဒါပေမဲ့ တောင်ပံပါတဲ့မြွေက ဘာလို့ ဒီလို အခွင့်အရေးကောင်းကြီးကို စွန့်လွှတ်လိုက်ရတာလဲဆိုတာ တကယ်ကို နားမလည်နိုင်ဘူး”

အားလုံး၏ စိတ်ထဲတွင် တူညီသော မေးခွန်းတစ်ခု ရှိနေခဲ့သည်။

အကယ်၍ တစ်ယောက်ယောက်က ၎င်းကို ရှင်းပြရန် အတင်းအကျပ် တောင်းဆိုပါက ၎င်းမှာ လုံးဝ နားမလည်နိုင်စရာတော့ မဟုတ်ပေ။

၎င်းမှာ စကားလုံး နှစ်လုံးတည်းအပေါ်တွင်သာ မူတည်ပေသည်—သတိထားခြင်း။

ဤမြွေမိစ္ဆာများသည် လူသားများ မဟုတ်သော်လည်း အားလုံးမှာ ကျင့်ကြံသူများ ဖြစ်ကြပြီး သူတို့သည် လူသား ကျင့်ကြံသူများထက် ပို၍ပင် အန္တရာယ်များသည်။

ဤသို့ သတိကြီးသော သားရဲတစ်ကောင်ကို သတ်ရန်မှာ သူတို့အတွက် ပို၍ပင် ခက်ခဲပေလိမ့်မည်။

လူတိုင်း မလှမ်းမကမ်းရှိ ကျားမိစ္ဆာအပေါ် သို့ သူတို့၏ မျှော်လင့်ချက်များကို ပုံအပ်ထားရတော့သည်။

‘ သူ ဧရာမ မြွေကြီးကို ရှင်းလင်းပြီးသွားရင် ငါတို့ကို လာကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်…’

အကယ်၍ ကျားမိစ္ဆာသာ တစ်ခုခု ဖြစ်သွားပါက ချိုးယွီနင်သည် သူ၏သိုလှောင်အိတ်ထဲမှ မှော်ရတနာကို ချက်ချင်း အသုံးပြုပေလိမ့်မည်။ ထို့ကြောင့် သူသည် မှော်ရတနာများကို နောင်တွင် အသုံးပြုရန် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ကျားမိစ္ဆာသည် ချိုးယွီနင်နှင့် အခြားသူများက သူ၏ ပခုံးပေါ်သို့ ကြီးလေးသော ဝန်ထုပ်ဝန်ပိုးတစ်ခု တင်ပေးထားကြောင်း မသိရှိခဲ့ဘဲ ဧရာမ မြွေကြီးနှင့် ပြင်းထန်သော တိုက်ပွဲကို ဆင်နွဲနေ၏။

အတောင်ပံတစ်ချက် ခတ်လိုက်ရုံဖြင့် ကျားမိစ္ဆာသည် လေထဲသို့ ပျံတက်သွားသည်။

ထို့နောက် သူ၏ လက်ဝါးကို မြှောက်ကာ ပြင်းထန်စွာ ရိုက်ချလိုက်၏။

သို့သော် ဧရာမ မြွေကြီးမှာ အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိဘဲ ၎င်း၏ ဧရာမ အမြီးကြီးဖြင့် ကျားမိစ္ဆာကို ပြန်လည် ရိုက်ခတ်လိုက်သည်။

"ဝုန်း..."

ကျယ်လောင်သော အသံနှင့်အတူ ကျားမိစ္ဆာသည် ဧရာမ မြွေကြီး၏ အမြီးဖြင့် ရိုက်ခတ်ခံလိုက်ရပြီး သွေးတစ်ပွက် ချက်ချင်း အန်ထုတ်လိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်မှာ အဝေးသို့ လွင့်ထွက်သွားသော်လည်း ကံကောင်းစွာဖြင့် ကျားမိစ္ဆာသည် သူ၏ ဟန်ချက်ကို လျင်မြန်စွာ ပြန်လည် ထိန်းကျောင်းနိုင်ခဲ့သည်။

သူသည် ဧရာမ မြွေကြီးကို ကြည့်လိုက်၏။ ထိုတိုက်ခိုက်မှုတွင် သူ ဒဏ်ရာရခဲ့သော်လည်း ဧရာမ မြွေကြီးမှာလည်း လွယ်ကူမနေခဲ့ချေ။

မြွေကြီး၏ အမြီးတစ်ပိုင်းမှာ စုတ်ပြဲနေသည်။ သို့သော် ဧရာမ မြွေကြီးသည် ၎င်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ သူ၏ ဧရာမ ပါးစပ်ကြီးကို ဟကာ သူ့ကိုယ်ပိုင်အမြီးကို ကိုက်ပြီး အားလုံး၏ ရှေ့တွင် မျိုချလိုက်သည်။

ဤမြင်ကွင်းကို မြင်သောအခါ သားရဲတစ်ကောင်လည်းဖြစ်သော ကျားမိစ္ဆာပင်လျှင် မျက်မှောင်ကြုတ်သွား၏။

"ကိုယ့်အသားကို ကိုယ် အစိမ်းလိုက် စားတယ်ဆိုတော့ သူက တကယ်ကို ရက်စက်တဲ့ ကောင်ပဲ..."

"မင်း ငါနဲ့ လာတိုးတာ ကံဆိုးတာပဲ..."

ကျားမိစ္ဆာသည် ထိုသို့ပြောပြီး နောက်တစ်စက္ကန့်တွင် လျင်မြန်သော အမြန်နှုန်းဖြင့် ဧရာမ မြွေကြီးဆီသို့ ပြေးဝင်သွားလေသည်။

အင်အားညီမျှနေခဲ့သော သားရဲနှစ်ကောင်သည် ရှင်းလင်းသော အနိုင်အရှုံးဖြင့် စတင် တိုက်ခိုက်လာကြတော့သည်။

ကျားမိစ္ဆာသည် ဧရာမ မြွေကြီးကို အဆက်မပြတ် တိုက်ခိုက်နေပြီး ဧရာမ မြွေကြီးမှာမူ ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေးပင် မရဘဲ အရိုက်နှက်ခံနေရသည်။

ဤမြင်ကွင်းကို မြင်သောအခါ မလှမ်းမကမ်းတွင် ရှိနေသော ချိုးယွီနင် က ပြုံးလိုက်၏။

"ဒီအတိုင်း ဆက်သွားရင် ဧရာမ မြွေကြီး သေချာပေါက် အသတ်ခံရလိမ့်မယ်... အဲဒီအခါကျရင် ကျားမိစ္ဆာ စီနီယာက ငါတို့ကို လာကူညီနိုင်ပြီ..."

သို့သော် သူ စကားပြောပြီးသည်နှင့် သူတို့ဘက်ရှိ အဆိပ်မြွေနက်နှင့် တောင်ပံပါသော မြွေတို့သည် ပို၍ မြန်မြန်ဆန်ဆန် တိုက်ခိုက်လာသည်ကို သူ သတိပြုမိလိုက်သည်။

"သေစမ်း... ဒီကောင်တွေ အားဆေးသောက်ထားတာလား..."

ဘေးတွင် ရပ်နေသော ချန်လော့သည် စိတ်ထဲမှ ကျိန်ဆဲလိုက်၏။

ဤမြွေမိစ္ဆာများသည် သူတို့၏ တိုက်ခိုက်မှု အမြန်နှုန်းကို ရုတ်တရက် မြှင့်တင်လိုက်သဖြင့် ၊ အစပိုင်းတွင် သူသည် မိမိ၏ စစ်မှန်သော စွမ်းအားကို မထုတ်ဖော်ဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ခဲ့သည်။

သို့သော် ယခုအခါ ဤအတိုင်း ဆက်သွားပါက သူသည် သူ၏ စွမ်းအားကို ထုတ်ဖော်ရမည် ဖြစ်သည်။ သို့မဟုတ်ပါက သူသည် နှစ်မိနစ် သုံးမိနစ်အတွင်း ချေမှုန်းခံရလိမ့်မည်။

ဤအခိုက်အတန့်တွင် ချိုးယွီနင်သည် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသော ကျားမိစ္ဆာကို တစ်ချက်ကြည့်လိုက်ပြီး ဘာဖြစ်နေသည်ကို ချက်ချင်း သဘောပေါက်သွားလေသည်။

"အဆိပ်မြွေနက်နဲ့ တောင်ပံပါတဲ့ မြွေက ဧရာမ မြွေကြီးဟာ ကျားမိစ္ဆာ စီနီယာကို မယှဉ်နိုင်ဘူးဆိုတာ သဘောပေါက်သွားတယ်... ပြီးတော့ သူတို့က သွားကူညီနိုင်ဖို့ ငါတို့ကို မြန်မြန် အနိုင်ယူချင်နေကြတာပဲ..."

ချိုးယွီနင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

“သူတို့ အရင်က သတိထားနေခဲ့တာက ဧရာမ မြွေကြီးနဲ့ ကျားမိစ္ဆာတို့ကြားက တိုက်ပွဲကြောင့် ဖြစ်နိုင်တယ်... ဧရာမ မြွေကြီး အပြတ်အသတ် အနိုင်ရတဲ့အထိ စောင့်ပြီးမှ သူတို့ဆီ လာကူညီချင်နေကြတာပဲ…”

“နတ်ဝိညာဉ်အဆင့် သုံးကောင် ပူးပေါင်းတိုက်ခိုက်လာရင် သူတို့ လွတ်မြောက်ဖို့ အခွင့်အရေး မရှိတော့ဘူးလေ…”

“ခုတော့ ဧရာမ မြွေကြီးက အရှုံးပေးရတော့မယ့် အခြေအနေကို ရောက်နေလို့ သူတို့က ဧရာမမြွေကြီးကို သွားကူညီဖို့ အလျင်လိုနေကြတာပဲ”

"သူတို့က ငါတို့ကို သတ်ပြီး သူတို့ကို သွားကူညီချင်နေမှတော့... သူတို့ကို အဲဒီ အခွင့်အရေး ပေးလိုက်ကြတာပေါ့..."

ချိုးယွီနင် စကားပြောလိုက်သည်နှင့် အားလုံး ချက်ချင်း နားလည်သွားကြသည်။

သို့သော် ထိုအခိုက်အတန့်မှာပင် အနက်ရောင် အရိပ်တစ်ခုက ချိုးယွီနင်ကို မြေပြင်ပေါ်သို့ တွန်းချလိုက်သည်ကို မြင်လိုက်ရ၏။

"ရွှီး..."

အဆိပ်မြွေနက်သည် ၎င်း၏ လျှာကို ထုတ်ကာ ၎င်း၏ သွေးနီရောင် ပါးစပ်ကြီးကို ဟလျက် ချိုးယွီနင်ထံသို့ ပြေးဝင်လာသည်။

အဆိပ်မြွေနက်သည် သူ့ဆီသို့ ပြေးဝင်လာသည်ကို မြင်သောအခါ ချိုးယွီနင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။

"နောက်ဆုံးတော့ ငါ မင်းကို စောင့်နေရတာ တန်သွားပြီ..."

ထို့နောက် သူ၏ ညာလက်မှ တောက်ပသော အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာတော့သည်။

အဆိပ်မြွေနက်သည် အလင်းတန်းကို မြင်လိုက်ရချိန်တွင် အလန့်တကြား ဖြစ်သွားသော်လည်း ထို့နောက် ဘာဖြစ်နေသည်ကို သဘောပေါက်သွားကာ ထွက်ပြေးရန် နောက်လှည့်လိုက်သည်။

ကံမကောင်းစွာဖြင့် သူသည် ဤအရာအားလုံးကို သဘောပေါက်သွားချိန်တွင် အလွန် နောက်ကျသွားပြီ ဖြစ်သည်။

"ရောင်စဉ်ဖြာ လက်နက်..."

အလင်းလုံးသည် အလွန် မြန်ဆန်သော အမြန်နှုန်းဖြင့် ရုတ်တရက် ပြေးထွက်သွားသည်။

ရောင်စဉ်ဖြာ လက်နက်သည် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို လုံးဝ လွှမ်းခြုံသွားလေသည်။

ထို့နောက် လေထဲတွင် အရိုးစုတစ်ခု ကျလာခဲ့သည်။ ၎င်းမှာ အဆိပ်မြွေနက်၏ အကြွင်းအကျန်များ ဖြစ်ကြောင်း ထင်ရှားသည်။

၎င်းပေါ်တွင် အသားနှင့် သွေးများ ကျန်ရှိမနေတော့ဘဲ ဗလာကျင်းနေသော အဖြူရောင် အရိုးစုတစ်ခုသာ ရှိသည်။၎င်း၏

အသားနှင့် သွေးများမှာ ရောင်စဉ်ဖြာ လက်နက် ကြောင့် လွင့်စင်သွားခဲ့ပြီ ဖြစ်သည်။

All Chapters