← Chapters

ကောင်းကင်ဘုံကုန်းမြေ ကွဲကြေခြင်း

Vol. 011 Ch. 547

ကောင်းကင်ဘုံကုန်းမြေ ကွဲကြေခြင်း

Vol. 011 Ch. 547

ရှေ့ဖြစ်ဟောသူက သူ့အင်္ကျီလက်ကို ဝှေ့ရမ်းလိုက်ရာ ခုနှစ်ရောင်စုံတိမ်ထုတစ်ခု ပေါ်လာခဲ့သည်။သည်တိမ်က ဝမ်လင်းကို ထွေးပိုက်သွားပြီးနောက် သူ့ကို ပင်မကလန်ရှိရာသို့ ခေါ်ဆောင်သွားလေသည်။

ဝမ်လင်းက တိမ်ထုထဲ၌ ရှိနေကာ အပြာရောင်ကောင်းကင်ကို ဖြတ်သန်းသွားနေ၏။ သည့်ခြေထောက်အောက်ဘက်တွင် တောင်နှင့်မြစ်များက ရှိလို့နေ၏။

အသက်ရှုစာအကြိမ်များစွာ ကြာပြီးနောက် ရောင်စုံခုနှစ်ခုတိမ်က ကောင်းကင်ကံကြမ္မာကလန်၏ အုပ်စုခွဲများစွာကို ကျော်ဖြတ်ကာ ပင်မကလန်အပြင်ဘက်သို ရောက်ရှိလို့လာသည်။

ဝမ်လင်းရှေ့တွင်ပေါ်လာသည့် ကမ္ဘာက ကောင်းကင်ဘုံနယ်မြေထက်ပင် ပိုခံ့ညားထည်ဝါလို့နေသည်။ မြင့်မားလှသည့်တောင်များက တိမ်များကြား၌ ထိုးထွက်လို့နေ။

အလယ်ရှိ တောင်တစ်ခုက နှင်းများဖြင့် ဖုံးလွှမ်းလို့နေ၏။ နေအလင်းရောင်က တောင်ကို ရိုက်ခတ်သည့်အခါ မျက်စိကျိန်းစပ်လောက်သော အလင်းများကို ဖြစ်နေစေသည်။

တောင်ပေါ်တွင်တော့ လမ်းဟူ၍ မရှိချေ။ နှင်းများသာ ဖုံးနေ၏။ သည်နှင်းများက တစ္ဆေကိုးခုနှင်းများဖြစ်ကာ နှစ်ပေါင်းတစ်သောင်းကြာထိ အရည်မပျော်နိုင်ချေ။

ဝမ်လင်းက ခုနှစ်ရောင်စုံတိမ်ထဲ၌သာ ရှိနေသော်လည်း သူက တိမ်အပြင်ဘက်မှ အေးစက်မှုအော်ရာကို ကောင်းစွာ ခံစားမိနေ၏။

သည်အလယ်ရှိ အဖြူရောင်နှင်းဖုံးတောင်အပြင် ဘေးတွင် ရှိနေသည်သည့်တောင်နှစ်ခုကတော့ ဆန့်ကျင်ဘက် အမည်းရောင် ဖြစ်လို့နေ၏။

အဖြူရောင်နှင်းဖုံးတောင်နှင့် နှိုင်းယှဉ်ပါက သည်အနက်ရောင်တောင်များက ဆန့်ကျင်ဘက်အော်ရာများကို ပေးစွမ်းလို့နေတော့သည်။ နှင်းပွင့်နက်များကလည်း ထိုတောင်နှစ်ခုပေါ်ကနေ အဆုံးမရှိသည့်အလား ကျဆင်းလျက်ရှိနေ၏။

အကွာအဝေးတစ်ခုမှ ကြည့်လျှင် သူ့ရှေ့ရှိမြင်ကွင်းက အစစ်အမှန်မဟုတ်ဘဲ လူတစ်ယောက်က ကောင်းကင်နှင့်မြေကြီးစွမ်းအားကို အသုံးပြုကာ ပန်းချီကားတစ်ချပ် ရေးဆွဲထားသလား ထင်မှတ်ရမည်သာ ဖြစ်သည်။

ဝမ်လင်းက သည်ကောင်းကင်ကံကြမ္မာကလန်ကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်နေရင်း သူ့မျက်လုံးများကလည်း စောနက တုန်လှုပ်နေရာကနေ တဖြည်းဖြည်း ပြန်တည်ငြိမ်လာခဲ့သည်။

ရှေ့ဖြစ်ဟောသူက သူ့အင်္ကျီလက်ကို ဝှေ့ရမ်းလိုက်ရာ သူတို့ကို ဝန်းရံထားသည့် ခုနှစ်ရောင်စုံတိမ်က ပျောက်ကွယ်သွားတော့၏။ တိမ်ပျောက်ကွယ်သွားပြီးပြီးချင်း အေးစက်သောအော်ရာက တရကြမ်းတိုးဝင်လာကာ ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းလာခဲ့သည်။

ဝမ်လင်းက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို လှုပ်ရှားစေကာ သူ့ခန္ဓာကိုယ်အပြင်ဘက်၌ အလင်းမျက်နှာပြင်တစ်ခုကို ဖြစ်စေသည့်အခါမှ သူ့အသွင်က ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ သည်အေးစက်သောအော်ရာက အလင်းမျက်နှာပြင်ကို လှည့်ပတ်ကာ နေသည်။

ရှေ့ဖြစ်ဟောသူက လက်နောက်ပစ်ကာ တောင်သုံးလုံးကို ကြည့်၍ မေးလိုက်သည်။ “ဝမ်လင်း…မင်းက ဒီနေရာနဲ့ ပတ်သတ်လို့ ဘယ်လိုထင်မြင်ချက် ရှိလဲ…”

ဝမ်လင်းက အနည်းငယ်စဉ်းစားပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်၏။ “ဒီနေရာက အလွန်အားကောင်းတဲ့ အေးစက်စက်အော်ရာတွေ ရှိနေတယ်…ပြီးတော့ ယင်စွမ်းအင်ကျင့်ကြံဖို့အတွက် ကောင်းမွန်လှတဲ့နေရာတစ်ခုလည်း ဖြစ်တယ်…”

ရှေ့ဖြစ်ဟောသူက ပြုံး၍ ပြောလိုက်သည်။ “ဒါပဲလား…”

ဝမ်လင်းက ခေါင်းငုံ့က လေးစားစွာ ဆက်ပြောလိုက်၏။ “တပည့်က ဒါကို ဒီထပ်ပိုမြင်နိုင်စွမ်း မရှိပါဘူး..”

ရှေ့ဖြစ်ဟောသူက ခေါင်းရမ်းကာ ဝမ်လင်းကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။ “ငါက တပည့်တစ်ယောက်ချင်းစီကို ငါ သင်ပေးမဲ့ တားမြစ်ခံမန္တာန်ကို ငါကိုယ်တိုင် ဆုံးဖြတ်လေ့ရှိတယ်…။ဒါပေမဲ့ မင်းက ဒီတောင်ရဲ့ ထူးဆန်းမှုကို မြင်နိုင်မယ်ဆိုရင် ဆရာက ဒီစည်းမျဉ်းကို ချိုးဖျက်ပြီး မင်း ကြိုက်တဲ့ မန္တာန်ကို သင်ပေးမယ်…။ ဝမ်လင်း…မင်း စိတ်ဝင်စားလား…”

ဝမ်လင်းက ခေါင်းမော့ကာ ရှေ့ဖြစ်ဟောသူကို ကြည့်ကာ ပြောလိုက်သည်။ “ဆရာက ဒါကို အမိန့်ပေးတော့လည်း တပည့်က မလိုက်နာဘဲ မနေဝံ့ပါဘူး…” သူက ဘယ်ဘက်ခြမ်းရှိ အနက်ရောင်တောင်ကို လက်ညွှိုးထိုးကာ ပြောလိုက်သည်။ “ဒီတောင်က လုံးဝ နက်မှောက်နေတယ်..။ ကျဆင်းနေတဲ့ နှင်းတွေတောင်မှ အနက်ရောင် ရှိတယ်…။ ဒါပေမဲ့ ဒီအနက်ရောင်နှင်းတွေက အေးစက်မှု မရှိတော့ အလယ်မှာရှိတဲ့ အဖြူရောင်နှင်းတောင်နဲ့ယှဉ်ရင် ဒီတောင်က ထူးဆန်းတဲ့ လေထုဝန်းကျင်ကို ပေးစွမ်းနေတယ်…”

ရှေ့ဖြစ်ဟောသူအသွင်က ပုံမှန်အတိုင်းရှိနေကာ သူက ပြုံး၍ ပြောလိုက်သည်။ “ဆက်ပြောပါဦး…”

ဝမ်လင်းက ညာလက်ခြမ်းရှိတောင်ကို လက်ညွှန်ကာ ပြောလိုက်သည်။ “ဒီတောင်ကတော့ ပိုလိုတောင် ထူးဆန်းနေသေးတယ်…။တပည့်က ဒီတောင်ကနေ အသက်ဓာတ်အငွေ့အသက်ကိုပါ ထောက်လှမ်းမိတယ်…။တပည့်က တောင်တစ်ခုဟာ အသက်ဓာတ်ရှိတာကို ခုမှ ပထမဆုံးအကြိမ် ခံစားမိတာပဲ…”

ရှေ့ဖြစ်ဟောသူ အသွင်က တည်ငြိမ်နေပြီး သူက ပြုံး၍ ပြောလိုက်သည်။ “ဒါပဲလား…ဒါပဲဆိုရင်တော့ တပည့်က ဆရာ့ဆီကနေ လိုချင်တဲ့ တားမြစ်ခံမန္တာန်ကို တောင်းဆိုဖို့ အခွင့်ရေး မရှိသေးဘူး…”

ဝမ်လင်းက ပြုံး၍ ခေါင်းခါကာ ပြောလိုက်သည်။ “ဆရာ …ဒီတောင်နှစ်ခုက အတုအယောင်ပဲ…”

သူက ထိုသို့ပြောလိုက်သည့်အခါ ရှေ့ဖြစ်ဟောသူ မျက်လုံးထဲ၌ တုန်လှုပ်မှုအရိပ်အယောင် ဖြစ်လို့သွား၏။ သူက ဝမ်လင်းကို နောက်တစ်ကြိမ် ကြည့်လိုက်ကာ ရယ်မောလိုက်လေ၏။ သူက အင်္ကျီလက်ကို ဝှေ့ရမ်းလိုက်ရာ သူတို့နှစ်ယောက်က အလယ်ရှိတောင်ရှိရာသို့ အလင်းတန်းအလား ပျံသန်းသွားတော့သည်။

“ဒီကလေးရဲ့ စိတ်အင်အားက အခြားလူတွေ အထက်မှာ ရှိနေတာပဲ…။ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအလယ်အဆင့်နဲ့ ငါ့မန္တာန်ရဲ့ သဲလွန်စကို ရှာတွေ့နိုင်စွမ်းရှိတာက တကယ့်ကို ရှားပါးလွန်းလှတယ်…”

ဝမ်လင်းအသွင်က ပုံမှန်အတိုင်းသာ ရှိနေသော်လည်း သူ့စိတ်ထဲတွင်တော့ တုန်ခါနေမိသည်။ သူက သည်တောင်သုံးခုကို မြင်လိုက်ကတည်းက ရှေးဟောင်းနတ်ဘုရားထူစီ၏ မှတ်ဉာဏ်တစ်ခုက သူ့စိတ်ထဲတွင် ပေါ်လာခဲ့လေသည်။

သည်မှတ်ဉာဏ်ကတော့ ထူစီကိုးကြိမ်မြောက် သန့်စင်ခဲ့သည့် ရတနာတစ်ခုအကြောင်းပင်။ ၎င်းရတနာက သူက နောက်ဆုံအကြိမ်အဖြစ် သန့်စင်ခဲ့ခြင်းလည်း ဖြစ်နေသည်။ သက်ရတနာက အသွားသုံးချောင်းပါသည့် ခက်ရင်းခွ ဖြစ်သည်။

ထူစီက မရေမတွက်နိုင်သော ပစ္စည်းများကို ရှာဖွေပြီးမှာ နောက်ဆုံးတွင် ယင်းရတနာကို သန့်စင်နိုင်ခဲ့ခြင်းပင်။

သူက သည်ရတနာနှင့်ပတ်သတ်၍ အလွန်ကျေနပ်မိခဲ့သည်။သို့သော် ၎င်းက ရုပ်ပိုင်းအသွင်သာ ရှိ၍ စိတ်ဝိညာဉ်မရှိချေ။သည့်အတွက် ထူစီက သူ့ရှေးဟောင်းနတ်ဘုရားသွေးစက်အချို့ကို ၎င်းပေါ်သို့ သွန်းလောင်းခဲ့ကာ ကြီးမားသည့်ဂြိုဟ်ကြီးတစ်ခုပေါ်သို့ ယင်းရတနာကို ပစ်လွှတ်ထားခဲ့ပေသည်။

ထူစီအစီအစဉ်က သူက သူ့နည်းစနစ်ကို ပြီးပြည့်စုံအောင် လေ့ကျင့်ပြီးမှ သည်ရတနာကို ပြန်လာယူရန် ဖြစ်သည်။ သည်အချိန်၌ သည်ရတနာက တောင်အသွင် ဖြစ်ပေါ်နေမည် ဖြစ်သည်။

ခက်ရင်းခွက ဖန်တီးထားခဲ့သည် တောင်သုံးလုံးက ခု ဝမ်လင်း မြင်နေရသည့် တောင်သုံးလုံးနှင့် တစ်ပုံစံတည်းဖြစ်လို့နေသည် မဟုတ်လား။

သို့သော် သူက သည်တောင်သုံးခုက ခက်ရင်းခွရတနာ ဖြစ်နေလိမ့်မည် ဆိုသည့်စိတ်ကူးကို ချက်ခြင်း ပယ်ချပစ်လိုက်သည်။ အကြောင်းကတော့ သူ စောနကပြောခဲ့သလိုပင် ခုသူ့ရှေ့ရှိ တောင်သုံးခုတွင် နှစ်ခုက အတုအယောင် ဖြစ်နေသောကြောင့်ပင်။

“ဒါပေမဲ့ ရှေ့ဖြစ်ဟောသူရဲ့ ကျင့်ကြံမှုအဆင့်က မြင့်မားလွန်းလှတယ်….။ သူသာ ဒါကို ဖုံးကွယ်ထားချင်ရင် ငါ့ခုလက်ရှိ ကျင့်ကြံမှုအဆင့်နဲ့ ဒီလိုထွင်းဖောက်မြင်နိုင်ဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူး…” ဝမ်လင်းက သူတို့နှစ်ယောက် တောင်ခြေသို့ ရောက်လာသည့်အခါ သူ့စိတ်ကို ရှင်းလင်းလိုက်သည်။

“ဝမ်လင်း…ဆရာက မင်းကို ဒီနေရာမှာ စောင့်နေမယ်…။မင်းက တည်နေရာရွှေ့ပြောင်းခြင်း အသုံးမပြုရဘူး…အဲ့တောင်ထိပ်ကို ဒီအတိုင်း ပိုမြန်မြန်သွားနိုင်ရင် မင်းအတွက် ဆုလဒ်ကလည်း ပိုကောင်းလိမ့်မယ်…။ ခြေလှမ်းတစ်ရာလောက် သွားဖို့က မင်းကျင့်ကြံမှုအဆင့်နဲ့ဆို ခက်မှာ မဟုတ်ပါဘူး…။ဒါပေမဲ့ ခြေလှမ်းတစ်ရာလှမ်းနိုင်ဖို့က မင်း ကံပေါ်မူတည်တယ်….။ ဒီတောင်ထိပ်ကို ရောက်ဖို့ ခြေလှမ်းတစ်ရာကို ဆရာက ကောင်းကင်ဘုံကုန်းမြေ ကွဲကြေခြင်း လို့ခေါ်တွင်ထားတယ်…” ရှေ့ဖြစ်ဟောသူက ပြန်လှည့်ကာ ခြေတစ်လှမ်းလှမ်းလိုက်ရာ ဝမ်လင်းရှေ့ကနေ ပျောက်ကွယ်လို့သွားတော့၏။

ဝမ်လင်းက ခေါင်းမော့ကာ အဖြူရောင်တောင်ထွတ်ကို ကြည့်လိုက်၏။ အဆုံးမရှိသောနှင်းများက တောင်ပေါ်တွင် ကျဆင်းနေရာ လူတစ်ယောက်က သည်မြင်ကွင်းကို အချိန်အတန်ကြာကြည့်လျှင် ဓားများ အောက်သို့ ဆင်းသက်လာနေသည့်အလား ခံစားမိမည် ဖြစ်သည်။

သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် ဝမ်လင်းက တောင်ပေါ်သို့ ချက်ခြင်း တက်ရောက်ခြင်း မပြုဘဲ ကျင့်ကြံရန်အတွက် ထိုင်ချလိုက်၏။ အမွှေးတိုင်တစ်တိုင်စာ ကုန်ဆုံးချိန်ပြီးနောက် သူက မျက်လုံးဖွင့်လာခဲ့သည်။ သူ့မျက်လုံးမျာက လုံးဝ တည်ငြိမ်လို့နေ၏။

သည့်နောက် သူက မတ်တပ်ထရပ်ကာ တောင်ထိပ်သို့ တစ်လှမ်းချင်း လှမ်းလျှောက်သွားတော့သည်။

လေအေးများနှင့်နှင်းများက သူ့ကို အရိုးထဲထိ အေးစိမ့်စေသည်။ ဝမ်လင်းက ဆက်လျှောက်လှမ်းလာနေရင်း အေးစက်မှုအော်ရာကလည်း ပိုအားကောင်းလာခဲ့၏။ လေအေးများက ကျယ်လောင်စွာ ဝှေ့ပတ်တိုက်ခတ်နေကာ ဝမ်လင်းထံသို့ ဆက်တိုက် တိုက်ခတ်လာနေ၏။

ခြေတစ်လှမ်း နှင်းပေါ်သို့ ချလိုက်ပြီးနောက် မည်သည့်ခြေရာမျှ ကျန်မနေခဲ့ပေ။ သေမျိုးတစ်ယောက်က အအေးဒဏ်ကို ကာကွယ်နိုင်သည့် ရတနာရှိမည်ဆိုလျှင်ပင် သူတို့က ဆက်လက်၍ အပေါ်သို့ တက်ရောက်နိုင်မည် မဟုတ်ပေ။ အကြောင်းကတော့ သည်နေရာက သူတို့တက်ရောက်နိုင်သည့် နေရာမျိုး မဟုတ်သောကြောင့်ပင်။

သို့သော် ဝမ်လင်းအတွက်ကတော့ သူ့ခြေထောက် သည်တောင်ကို ထိမိခြင်းပင် မရှိဘဲ တောင်၏နှင်းမျက်နှာပြင်ထက် သုံးလက်မခန့် အပေါ်ကနေ လှမ်းလျှောက်သွားနေခြင်းဖြစ်လေသည်။

စောနက ရှေ့ဖြစ်ဟောသူက တည်နေရာရွှေ့ပြောင်းခြင်းကို အသုံးမပြုရန် ပြောခဲ့ခြင်းက စမ်းသပ်မှုတစ်ခု ဖြစ်ပေလိမ့်မည်။ သည့်နောက် တည်နေရာရွှေ့ပြောင်းခြင်းကိုသာ အသုံးပြုလိုက်လျှင် သူက စမ်းသပ်မှု၌ ကျရှုံးသွားလိမ့်မည် ဖြစ်၏။

သည့်အတွက်ကြောင့် ဝမ်လင်းက တည်နေရာ ရွေ့ပြောင်းခြင်း မပြုဘဲ တောင်ထိပ်ဆီသို့ တစ်လှမ်းချင်း လှမ်းသွားနေခဲ့သည်။

မည်သို့ပင် ဖြစ်စေကာမူ သည်လိုစမ်းသပ်မှုများက ဝမ်လင်း မကိုင်တွယ်နိုင်သည့် အရာမဟုတ်ချေ။ အတိတ်တုန်းက သူသည် ရှေးဟောင်းနတ်ဘုရားနယ်မြေ၌ သည်လိုနေရာများစွာကို ဖြတ်သန်းသွားခဲ့ဖူးသည် မဟုတ်လား။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာနေ၏။ဝမ်လင်းက တောင်ထိပ်နှင့် ပိုနီးကပ်လာလေလေ အေးစက်သောအော်ရာက ပိုတိုးကာ ဝမ်လင်းကို ဝန်းရံလာလေ ဖြစ်နေသည်။ သူက တောင်ထိပ်သို့ ခြေလှမ်းတစ်ရာ ခြေချပြီးနောက် ရပ်တန့်လိုက်ကာ ရှေ့သို့ ဆက်မသွားတော့ချေ။

သူက အသက်ဝဝရှုသွင်းလိုက်စဉ် အက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာခဲ့၏။ သူ အသက်ရှုသွင်းပြီး မှုတ်ထုတ်လိုက်သည့် လေပင် ဝမ်လင်းပါးစပ်၏ သုံးလက်မခန့်အကွာတွင် အေးခဲလို့သွားကာ ကြွပ်ဆပ်ဆပ်အက်ကွဲသံတစ်ခုကို ပေးစွမ်းလာလေ၏။

တစ်ချိန်တည်းမှာပင် အေးစက်သောအော်ရာက သူ့ ပါးစပ်နှင့်နှာခေါင်းထဲသို့ တိုးဝင်လာလေ၏။ သည်အော်ရာက ဝမ်လင်းခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိဉာဉ်စွမ်းအင်များကြောင့် ဖြည်းဖြည်းချင်း ပြန်ပျောက်ကွယ်လို့သွားလေ၏။

ဝမ်လင်းက ခေါင်းမော့လိုက်သည်။ ခြေလှမ်းတစ်ရာ ကွာဝေးသော တောင်ထိပ်၌ နှင်းများဖြင့် ဖုံးလွှမ်းနေသည့် မျှော်စင်တစ်ခု ရှိလို့နေသည်။ သည်မျှော်စင်က ရောင်စုံခုနှစ်ခုကို ပေးစွမ်းနေကာ အလွန်လှပလေ၏။

“ကောင်းကင်ဘုံကုန်းမြေ ကွဲကြေခြင်း…” ဝမ်လင်းမျက်လုံးများက အေးစက်လာခဲ့သည်။ သူက အနည်းငယ်စဉ်းစားပြီးနောက် ဆင်းသက်လိုက်၏။ ပထမဆုံးအကြိမ်အဖြစ် သူက တောင်ပေါ်ရှိ နှင်းမျက်နှာပြင် ပေါ်သို့ ခြေချလိုက်ခြင်း ဖြစ်သည်။

သူက ခြေထောက်နှစ်ဖက်က တောင်နှင့် ထိမိလိုက်သည့်အခိုက်တွင် သူက ပွတ်တိုက်မှုဖြစ်သည်ကို မခံစားလိုက်ရချေ။ ဝမ်လင်း မျက်လုံးက ပိုမိုအေးစက်လာကာ သူက အေးစက်စွာနှာခေါင်းရှုံ့၍ သူ့ညာဘက်ခြေထောက်ကို ပုံမှန်အတိုင်း ရှေ့သို့ လှမ်းလိုက်၏။

ထိုအခါ ဘုန်းကနဲ အသံနှင့်အတူ ဝမ်လင်း ညာခြေထောက်က မြေပြင်ထဲသို့ တစ်လမ်မခန့် ဝင်ရောက်သွားကာ ထူထဲသော ခြေရာကို ဖြစ်ပေါ်သွားစေ၏။

ထိုအခိုက်မှာပင် အံ့မခန်း အေးစက်သည့်အော်ရာက မြေပြင်ထဲကနေ ထွက်ပေါ်လာ၏။ သည်အေးစက်မှုက အရင်က သူကြုံခဲ့သည့် အေးစက်မှုထက် အဆများစွာ သာနေသည်။ သည်အော်ရာက သူ့ခြေထောက်ကို ဖြတ်ကာ ခန္ဓာကိုယ်ထဲသို့ဝင်ရောက်ကာ သူ့သွေးကြောများထဲသို့ပင် မြန်ဆန်စွာ ဖြတ်သန်းသွား၏။

သည်အော်ရာက ဝမ်လင်းခန္ဓာကိုယ်ထဲ၌ ရွှေ့လျားသွားစဉ် ဝမ်လင်းခန္ဓာကိုယ်၏ မူလစိတ်ဝိညာဉ်ထဲက နတ်ဘုရားအာရုံက ရုတ်တရပ် ထွက်ပေါ်လာခဲ့သည်။ သည်နတ်ဘုရားအာရုံကို သူ့ခန္ဓာကိုယ်အနှံ့ဖြန့်ကျက်လိုက်ရာ အေးစက်သောအော်ရာက ထူးဆန်းစွာ တည်ငြိမ်သွား၍ သူ့ခြေထောက်အောက်ကနေ တောင်ပေါ်သို့ ပြန်ရွှေ့လျားသွားလေ၏။

“ဒီအေးစက်မှုအော်ရာက ငါ့နှလုံးသားလောက် မအေးစက်နိုင်ပါဘူး…။ ဒါက ငါ့နှလုံးသားကို အေးခဲစေမယ်ဆိုရင်တောင် ငါ့စိတ်ဝိညာဉ်နဲ့ ငါ့ခန္ဓာကိုယ်ကို ဘယ်လိုလုပ် အေးခဲအောင် လုပ်နိုင်မှာလဲ…။ ဟာသပဲ…” ဝမ်လင်းက နှာခေါင်းရှုံ့ကာ နောက်ထပ် ခြေတစ်လှမ်းလှမ်းလိုက်၏။

သူ့မျက်နှာပေါ်ရှိ အေးစက်မှုက တောင်ပေါ်ရှိ အရာများတွင် အအေးစက်ဆုံးအရာ ဖြစ်လာခဲ့သည်။ သူ့သုံးလက်မပတ်လည်ရှိ အေးစက်မှုသည်လည်း ပျောက်ကွယ်လို့သွားခဲ့သည်။

ဝမ်လင်းက တောင်ပေါ်တွင် ခြေရာများ ထင်ကျန်စေကာ တောင်ထိပ်ထံသို့ တစ်လှမ်းချင်း လှမ်း၍ ဆက်လျှောက်သွားလေ၏။

All Chapters