ခန္ဓာကိုယ်ထဲသို့ နယ်ပယ်ဝင်ရောက်ခြင်း
Vol. 011 Ch. 548
ခုလက်ရှိတွင် ဝမ်လင်းက ထိုသို့ပြုလုပ်နိုင်ခြင်းမှာ သူ့ကျင့်ကြံမှုအဆင့်က သည်အအေးဓာတ်ကို ဖိနှိပ်နိုင်ခြင်းကြောင့် မဟုတ်ဘဲ သူ့နှလုံးသားထဲရှိ အေးစက်မှုကြောင့်သာ ပြုလုပ်နိုင်ခြင်းဖြစ်သည်။
သူ့နှလုံးသားထဲရှိ အေးစက်မှုက အရည်ပျော်မည့်ဟန်မရှိပေ။သည့်အတွက်ကြောင့် ဝမ်လင်းကို ဦးမညွတ်သည့်စိတ်ဆန္ဒကို ဖြစ်ပေါ်စေ၏။
ဝမ်လင်းအကြည့်က အေးစက်နေသလို သူ့အော်ရာကလည်း ထိုနည်းတူသာ။ ခုချိန်တွင်သူက လူသားခံစားချက်လုံးဝရှိမနေဘဲ ကမ္ဘာဦးရေခဲတုန်းကဲ့သို့ အေးစက်မှုအော်ရာသာ ရှိလို့နေလေ၏။
တောင်ထိပ်ရှိ မျှော်စင်ပေါ်၌ ရှေ့ဖြစ်ဟောသူ ရှိလို့နေကာ တစ်လှမ်းချင်းလှမ်းတက်လာသော ဝမ်လင်းကို ကြည့်လို့နေ၏။ သူ့မျက်လုံးများက ဝမ်လင်းကို ကြည့်နေရင်း တောက်ပလို့နေသည်။
မူလတုန်းက ရှေ့ဖြစ်ဟောသူက ဝမ်လင်းသည် သည် ကောင်းကင်ကုန်းမြေကွဲကြေခြင်း နေရာတွင် ခြေဆယ်လှမ်းခန့်သာ လျှောက်လှမ်းနိုင်လိမ့်မည်ဟု တွေးထင်ထား၏။ သည်ခြေဆယ်လှမ်းက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအလယ်အဆင့်တစ်ယောက်အတွက် အကန့်အသတ်ပင် ဖြစ်သည်။ ဝမ်လင်းက ထိုသို့လုပ်နိုင်လျှင် သူက ဝမ်လင်းကို မျှော်စင်သို့ သူကိုယ်တိုင် ဆင့်ခေါ်ပေး၍ တားမြစ်ခံမန္တာန်ကို သင်ပေးမည်ဟု ဆုံးဖြတ်ထားခဲ့သည်။
သို့သော် ခုချိန်၌ ဝမ်လင်းက ခြေလှမ်း (၂၁) လှမ်း လှမ်းပြီးသွားခဲ့ပြီးဖြစ်ကာ သည်ခြေလှမ်းက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်အားလုံး၏ အကန့်အသတ်ပင် ဖြစ်နေသည်။ အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ပင်လျှင် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ နောက်ထပ် ခြေလှမ်း (၂၂) ခုမြောက်ကို လှမ်းနိုင်မည် ဖြစ်၍ မဟုတ်လျှင် သူတို့၏မူလစိတ်ဝိညာဉ်ပင် အေးခဲသွားနိုင်ပေ၏။
ရှေ့ဖြစ်ဟောသူ၏ စိတ်ဓာတ်အင်အားဖြင့်ပင် သူက မတုန်လှုပ်မိဘဲ မနေနိုင်ဖြစ်ရသည်။
“သန့်စင်စိတ်နှလုံး…ဒီကလေးက သူ့စိတ်ကို ဒီနေရာမှာလာပြီး သန့်စင်ပစ်နေတာပဲ…။ ကောင်းကင်ဘုံကျင့်ကြံခြင်း၊အစစ်အမှန် ကျင့်ကြံခြင်းနဲ့ တာအိုကျင့်ကြံခြင်း….။ ကြည့်ရတာ ဒီကလေးက ဉာဏ်အလင်းအချို့ ရထားတဲ့ပုံပဲ…။သူ့နှလုံးသားက အေးစက်နေတယ်…။ ဒါ့ကြောင့် သူက ဘယ်လောက်အေးတဲ့အရာပဲဖြစ်ဖြစ် သူ့နှလုံးသားပေါ်မှာ သက်ရောက်နိုင်တော့မှာ မဟုတ်ဘူး။ ဒီအခြေအနေကို အသုံးပြုပြီး သူက ခြေလှမ်း (၂၁) လှမ်းလှမ်းနိုင်ခဲ့တာပဲ…။ ဝမ်လင်း…ဆရာက မင်းကို လျော့တွက်မိခဲ့တယ်…။ မင်းကသာ နှစ်ပေါင်းသောင်းကျော်ကြာအောင် ကျင့်ကြံနိုင်ခဲ့ရင် မင်းက နိဗ္ဗာနအဆင့်သုံးဆင့်ကို ရောက်လာနိုင်မလား ငါသိချင်မိတယ်…”
ဝမ်လင်းက နှစ်ဆယ့်တစ်လှမ်း လှမ်းပြီးနောက် ရပ်တန့်လိုက်လေ၏။
သူ့တစ်ကိုယ်လုံးက ရေခဲများနှင့် ဖုံးလွှမ်းလို့နေသည်။
“ငါ့နယ်ပယ်က ပြန်လည်မွေးဖွားခြင်းစက်ဝန်းအောက်မှာ သေခြင်းရှင်ခြင်းနဲ့ပတ်သတ်တဲ့ နားလည်မှုအမျှင်တန်းတစ်ခုကို ရခဲ့တာပဲ…။ ပြန်လည်မွေးဖွားခြင်းတာအိုက တည်ရှိမှုတွေထဲမှာ အရက်စက်ဆုံး တာအို ဖြစ်တယ်…” ဝမ်လင်းနောက်တွင် ကောင်းကင်က အရောင်ပြောင်းလဲလာပြီး ကျဆင်းနေသောနှင်းများက လှုပ်ခတ်လာ၏။ သည့်နောက် သူ့နောက်တွင် ကြီးမားသည့် စာလိပ်ကြီးတစ်ခု ရုတ်တရပ် ပေါ်လာခဲ့သည်။
တောနှင့်မြစ်များက သည်စာလိပ်ပေါ်တွင်ပေါ်လာခဲ့၏။သို့ရာတွင် သည်အရာများက အရောင်အစင်းမရှိဘဲ အဖြူနှင့်အနက်သာ ရှိသည်။
ဝမ်လင်းက အသက်ဝဝရှုသွင်းကာ သူ့ခြေထောက်ကို မြှောက်၍ နှစ်ဆယ့်နှစ်လှမ်း မြောက်ကို လှမ်းလိုက်လေ၏။
သည်ခြေလှမ်းနှင့်အတူ တောင်တစ်ခုလုံးက တုန်ခါသွားကာ သူ့အောက်ရှိ ရေခဲများက အက်ကွဲလို့သွား၏။ သည်အရာက သည်ခြေလှမ်းသည် မည်မျှသန်မာနေသည်ကို ပြသလို့နေခြင်းပင်။
ရှေ့ဖြစ်ဟောသူက မျှော်စင်တွင် မတ်တပ်ရပ်နေရင်း သူ့မျက်လုံးထဲကနေ ရွှေ့ရောင်တောင်ပမှုတစ်ခု ထွက်ပေါ်သွား၏။
“အတိတ်တုန်းက…စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်နဲ့ ခြေလှမ်း (၂၆) လှမ်း လှမ်းနိုင်ခဲ့တယ်…။ဝမ်လင်း မင်းကကော ခြေလှမ်းဘယ်လောက်များများ လှမ်းနိုင်မှာလဲ…”
ဝမ်လင်းက ခေါင်းမော့၍ တောင်ထိပ်ရှိ မျှော်စင်ရှိရာသို့ ကြည့်လိုက်သ်ည။ အနည်းငယ်စဉ်းစားပြီးနောက် သူက ခြေမြှောက်၍ နောက်တစ်လှမ်းလှမ်းလိုက်ပြန်သည်။
သည်တစ်ကြိမ်၌ သူက ခြေတစ်လှမ်းတည်းမဟုတ်ဘဲ နှစ်လှမ်း၊သုံးလှမ်း၊လေးလှမ်း၊ငါးလှမ်း ထိ လှမ်းလိုက်ခြင်းပင်။
ပထမ ခြေလှမ်း၌ ဝမ်လင်းက ခေါင်းမော့လာခဲ့ကာ သူ့မျက်လုံးက အေးစက်လာခဲ့သည်။ဒုတိယခြေလှမ်း၌ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ရေခဲကဲ့သို့ ဖြစ်သွား၏။ တတိယခြေလှမ်းတွင် သူ့နောက်ရှိ သေခြင်းရှင်ခြင်းစာလိပ်က ရုတ်တရပ်တုန်ခါကာ သူ့ခေါင်းထက်၌ လွင့်မြောလာခဲ့သည်။
လေးခုမြောက်ခြေလှမ်းတွင် ဝမ်လင်း နှလုံးသားထဲ၌ အေးစက်မှုစွမ်းအင်များနှင့် ပြည့်လို့သွားလေသည်။ သည်အေးစက်မှုက သူ့နယ်ပယ်နှင့်ပေါင်းစပ်၍ ထူးဆန်းသောအားတစ်ခုကို ဖန်တီး၏။ သည့်နောက် သူက ငါးလှမ်းမြောက် ခြေလှမ်းကို လှမ်းခဲ့ခြင်း ဖြစ်သည်။
ခြေလှမ်းငါးလှမ်းလှမ်းပြီးနောက် ဝမ်လင်းက တောင်ထိပ်ရှိ မျှော်စင်ရှိရာသို့ အလင်းတန်းအလား ကြည့်လိုက်သည်။
သည်ခြေလှမ်းငါးလှမ်းက တစ်ဆက်တည်းလှမ်းခဲ့ခြင်း ဖြစ်ကာ ခြေတစ်လှမ်းချင်းစီက တောင်ကို တုန်ခါသံများဖြင့် ပဲ့တင့်ထပ်စေခဲ့သည်။ သူက ခြေလှမ်းငါးလှမ်း လှမ်းလိုက်ပြီးနောက် ဝမ်လင်းပတ်လည်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများပေါ်လာခဲ့သည်။သို့ရာတွင် ပြိုကျပျက်စီးသွားရမည့်အစား ၎င်းအက်ကွဲကြောင်းများက ထူးဆန်းစွာ ပြန်ကောင်းမွန်သွား၏။
ခုနှစ်လှမ်းမြောက်။
ဝမ်လင်းခေါင်းထက်ရှိ သေခြင်းရှင်ခြင်း စာလိပ်က သုံးလက်မအကွာတွင် လွင့်မြောနေရာကနေ သူ့ဦးခေါင်းထဲသို့ ဝင်ရောက်သွား၍ သူ့မူလစိတ်ဝိညာဉ်နှင့် ပေါင်းစပ်သွားလေတော့သည်။
သည်အခိုက်မှာပင် ဝမ်လင်းခန္ဓာကိုယ်ကနေ တုန်လှုပ်ဖွယ်အော်ရာတစ်ခု ပျံ့နှံ့လို့လာခဲ့တော့၏။ သူ့ဆံပင်အရှည်များက လေမတိုက်ဘဲ လွင့်မြောနေကာ သူ့ပတ်လည်၌ နှင်းများက ဝဲကတော့ကဲ့သို့ လှည့်ပတ်လာကာ သူ့အဝေးသို့ လွင့်စင်သွားကြ၏။
နယ်ပယ်…။
သည်အရာက စိတ်ဝိညာည်ပုံစံဖြစ်ပေါ်ခြင်းအဆင့်သို့ ရောက်မှသာ နားလည်နိုင်သည့်အရာ ဖြစ်သည်။ သည့်နောက် လူတစ်ယော်ကက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်သုံးဆင့်ကနေ နားလည်သဘောပေါက်မှုရယူပြီးနောက် ပုံစံဖြစ်တည်ခြင်း အဆင့်သို့ ရရှိမည်ဖြစ်သည်။ သည့်နောက် လူတစ်ယောက်က လုံလောက်သောကျင့်ကြံခြင်းနှင့် ကောင်းကင်ဘုံကျောက်စိမ်းပြားများကို အသုံးပြုကာ သူ့ခန္ဓာကိုယ်ကို သေမျိုးခန္ဓာကိုယ်ကနေ ကောင်းကင်ဘုံခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲအောင် သန့်စင်ပစ်ခြင်း ဖြစ်သည်။သည့်နောက် လူတစ်ယောက်၏ မူလစိတ်ဝိညာဉ်က ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားကာ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ရှိလိမ့်မည် ဖြစ်သည်။
လူတစ်ယောက်၏နယ်ပယ်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်၌ နားလည်မှုဉာဏ်အလင်းရသည့်အခါ လုံးဝ အထည်ဒြပ်အဖြစ် တည်ရှိလာပေလိမ့်မည်။ သို့ရာတွင် သည်ဖြစ်စဉ်က ချက်ခြင်းဖြစ်တည်ခြင်း မဟုတ်ဘဲ တဖြည်းဖြည်း အချိန်ယူရ၏။
ဝမ်လင်း၏ သေခြင်းရှင်ခြင်းနယ်ပယ်က ရှားပါးလွန်းလှသည့်နယ်ပယ် အမျိုးအစား ဖြစ်သည်။ ၎င်းက အထည်ဒြပ်အဖြစ် ပြုလုပ်ရန် အလွန်ခက်ခဲလေသည်။ ခုချိန်ထိ ဝမ်လင်းက အထည်ဒြပ်ဖြစ်တည်အောင် ပြုလုပ်ရန် မှုန်ဝါးဝါးသာ သိသေး၏။ သူက လိုအပ်သော သော့ချက်များကို ဖမ်းဆုပ်နိုင်ခြင်း မရှိသေးချေ။
သူက သည်လိုသာ ဆက်ဖြစ်နေလျှင် အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိရန် ခိုင်မာတော့မည် မဟုတ်ချေ။
သို့သော် ယနေ့တွင် ကောင်းကင်ဘုံကုန်းမြေကွဲကြေခြင်း နယ်မြေ၌ သူ့နယ်ပယ်နှင့် သူ့သန့်စင်သည့် စိတ်တို့က ပေါင်းစပ်သွားကာ ခြေလှမ်း (၂၂) လှမ်း ကန့်သတ်ချက်ကို ကျော်၍ နောက်ထပ် ခြေလှမ်းငါးလှမ်း လှမ်းနိုင်ခဲ့သည်။
သည်ခြေလှမ်းငါးလှမ်းက ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် ပြည့်နေသည့် တာအိုလမ်းကြောင်း လျှောက်လှမ်းခြင်းပင်။ သူက ခြေတစ်လှမ်းပင် မလှမ်းနိုင်ပါက အဆင်ပြေဦးမည် ဖြစ်သော်လည်း ခုသူက လှမ်းလိုက်သည့်အတွက် သူအရင်လှမ်းခဲ့သည့် ခြေလှမ်းများကို ဖိနှိပ်နိုင်အောင် လုပ်ရတော့မည် ဖြစ်လေ၏။
သည်အခိုက်အတန့်ကို အသုံးပြုကာ ဝမ်လင်းက သူ့နယ်ပယ်ကို အထည်ဒြပ်ဖြစ်အောင် ပြုလုပ်ခြင်း၌ အရေးကြီးသော ခြေလှမ်းကိုပါ လှမ်းလိုက်နိုင်ခဲ့၏။ သည်ခြေလှမ်းက သူ့နယ်ပယ်နှင့် ပတ်သတ်၍ နားလည်မှု သို့မဟုတ် ကျင့်ကြံမှုအဆင့်ကို တိုးမြင့်စေမှု မရှိသော်လည်း ၎င်းက သူ အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိရန် အရေးကြီးလှသည့် လမ်းတစ်ခုကို ခြေချလိုက်နိုင်ခြင်းပင်။
“နယ်ပယ်က ခန္ဓာကိုယ်ထဲ ဝင်ရောက်မှု…” မျှောင်စင်၌ ရှေ့ဖြစ်ဟောသူက အသက်ဝဝရှုသွင်းကာ ပြောလိုက်သည်။ “ဒီကလေးက နှစ်တစ်ရာအတွင်း အာဏာတက်ခြင်းအဆင့်ကို ရောက်ရှိဖို့ မျှော်လင့်ချက် ရှိလာခဲ့ပြီ…”
ခြေလှမ်း (၂၇)လှမ်း…။ ဝမ်လင်းက စဉ်းစားလို့နေသည်။ သူက ခြေလှမ်း(၂၇)လှမ်းက သူ့အကန့်အသတ်ဖြစ်သည်ဟု ခံစားနေရ၏။
ဝမ်လင်းက သူသည် နောက်ထပ် (၂၈)လှမ်းမြောက်ကို မလှမ်းနိုင်တော့သည်ကို သိနေ၏။ သူသာ ထိုသို့လှမ်းလိုက်လျှင် သူ့ကျင့်ကြံမှုအားလုံးကလည်း ပျောက်ကွယ်သွားကာ သူ့မူလစိတ်ဝိညာဉ်ပင် ကွဲကြေသွားနိုင်ပေ၏။
ထိုအခိုက်မှာပင် မျှော်စင်ထိပ်၌ ရောင်စုံခုနှစ်ခုအလင်းက စတင်တောက်ပလာခဲ့ကာ တောင်တစ်ခုလုံးကို ဝန်းရံသွားသည် ရောင်စုံအလင်းစက်ဝန်းအဖြစ်သို့ ပြောင်းလဲလို့သွားသည်။ချက်ခြင်းပင် တောင်ပေါ်ရှိ အေးစက်မှုများကလည်း ရုတ်တရပ် ပျောက်ကွယ်လို့သွားတော့သည်။ လို့သာက်က းသည်။ချက်ခြင်းပင် တောင်ပေါ်အ ပျောက်က်း မးကို အသုအပ်
ဝမ်လင်းရှေ့ ရေခဲက သက်တန့်ရောင်လင်းလက်သွားကာ သူ့ရှေ့ရှိမြေပြင်ကနေလည်း ခုနှစ်ရောင်စုံသက်တန့်တစ်ခု ပျံသန်းထွက်လာခဲ့၏။
“ငါနဲ့ တွေ့ဖို့ လာခဲ့ပါ…” ရှေ့ဖြစ်ဟောသူအသံက မျှော်စင်ကနေ ပျံ့နှံ့လာခဲ့ကာ ထည်ဝါမှုတို့နှင့် ပြည့်လို့နေ၏။
ဝမ်လင်းက အသက်ဝဝရှုသွင်းလိုက်ပြီးနောက် သက်တန့်ပေါ်သို့ ခြေချလိုက်၏။
ခြေတစ်လှမ်းဖြင့် သူကသက်တန့်ပေါ်သို့ ရောက်ရှိသွားကာ နောက်တစ်လှမ်းဖြင့် သူက ကျန်နေသေးသော ခြေလှမ်းခုနှစ်ဆယ်ကျောက်ကို ဖြတ်သန်း၍ တောင်ထိပ်ရှိ မျှော်စင်အောက်ခြေသို့ ရောက်ရှိသွားတော့သည်။
သည်မျှော်စင်က သာမာန်သာ ထင်မှတ်ရ၏။သည်အခိုက်မှာပင် မျှော်စင်အောက်ခြေ၌ ရောင်စုံအလင်းခုနှစ်ခုတို့က စုဝေးလာကာ ရှေ့ဖြစ်ဟောသူ၏ အသွင် ဖြစ်ပေါ်လာလေ၏။
“ငါ့ ကောင်းကင်ကံကြမ္မာကလန်ရဲ့ ဘိုးဘေးက ကျင့်ကြံသူတစ်ယောက် မဟုတ်ဘဲ ဒီ ကောင်းကင်ကံကြမ္မာမန္တာန်သာ ဖြစ်တယ်…။ ငါ ရှာဖွေတဲ့ တစ်ခုတည်း အရာကလည်း ကောင်းကင်ကံကြမ္မာပဲ ဖြစ်တယ်…။ ကံကြမ္မာမန္တာန်တွေက ကောင်းကင်ဘုံနဲ့ လူသားတွေ ဖန်တီးထားခဲ့ကြတာ။ ဘာပဲဖြစ်ဖြစ် …ကံကြမ္မာက သော့ချက်တစ်ခုပဲ…”
“ငါက ဟင်္သာပြဒါးဂြိုဟ်ကို ဖြတ်ကျော်သွားခဲ့စဉ်တုန်းက မင်းက မင်းရဲ့ နယ်ပယ်ကို နားလည်အောင်လုပ်နေတဲ့ အချိန်ပဲ။ မင်းက မင်းနယ်ပယ်ရဲ့ မူလအစကို လိုက်နေတာ ငါ တွေ့မြင်ခဲ့တယ်…။ အဲ့နောက် ငါက မင်းကို တပည့်တစ်ယောက်အဖြစ် လက်ခံဖို့ စိတ်ထက်သန်ခဲ့တယ်…။ ဒါက ငါတို့နှစ်ယောက်ကြားက ကံကြမ္မာက ဆရာနဲ့တပည့်ရဲ့ ကံကြမ္မာ ဖြစ်နေတယ်လို့ ဆိုလိုခြင်းပဲ…”
“ငါ…ရှေ့ဖြစ်ဟောသူက ငါ့ဘဝတစ်လျှောက်လုံး ကောင်းကင်ကံကြမ္မာနောက်ကို လိုက်လံခဲ့တဲ့လူ…။ ဒါ့ကြောင့် ငါက မင်းကို တပည့်အဖြစ် လက်ခံခဲ့တာပဲ…” ထိုနေရာ၌ ရှေ့ဖြစ်ဟောသူက စကားခဏရပ်ကာ ဝမ်လင်းကို ကြည့်လိုက်၏။
ဝမ်လင်းဟန်ပန်က လေးစားသည့်အမူအရာရှိကာ သူက ထိုနေရာ၌ တိတ်ဆိတ်စွာ မတ်တပ်ရပ်လျက်သာ ရှိလို့နေသည်။
“မင်းက ခြေလှမ်း (၂၇)လှမ်းကို လျှောက်လှမ်းနိုင်ခဲ့တာက ငါ ထင်ထားတာရဲ့ အပြင်ဘက်မှာရှိနေတယ်…။မင်းက ငါ့ကို တကယ် စိတ်မပျက်စေဘူး…” ရှေ့ဖြစ်ဟောသူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ လက်မြှောက်၍ လေထဲသို့ ဖမ်းဆုပ်လိုက်၏။
အသံလှိုင်းများက သည်ဧရိယာတွင် ပဲ့တင်ထပ်သွားခြင်းနှင့်အတူ ကောင်းကင်ကလည်း နှစ်ခြမ်းကွဲသွားကာ ကြီးမားသည့်အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာ၏။
သည်အက်ကွဲကြောင်းထဲကနေ ရောင်စုံခုနှစ်ခုအလင်းတို့ ထွက်ပေါ်ကာ ကလန်တစ်ခုလုံးအား ဖုံးလွှမ်းထားလေသည်။ ခုချိန်၌ ပင်မကလန်နှင့် တောင်သုံးခုလုံးက သည်အလင်းခုနှစ်ခုနှင့် ဖုံးအုပ်ထားခြင်းကို ခံနေရသည်။
တစ်ချိန်တည်းမှာပင် အုပ်စုခွဲခုနှစ်ခုထံကလည်း ဆိုင်ရာ ရောင်ခြည်စက်ဝန်းတစ်ခုကို ထုတ်လွှတ်လာ၏။ သည်အခိုက်တွင် ထျန်ယွမ်ဂြိုဟ်၏ အစိတ်အပိုင်းတစ်ခုက သည် ရောင်စုံခုနှစ်ခုအလင်းနှင့် ဖုံးအုပ်ထားသလား ထင်မှတ်စေသည်။
ရှေ့ဖြစ်ဟောသူက ရောင်စုံခုနှစ်ခုအလင်းအော်ရာကို ပေါက်ကွဲစေကာ သူက ပြုံး၍ ပြောလိုက်သည်။ “ငါ့ တစ်ဘဝလုံး ရောင်စုံအလင်းခုနှစ်ခုကို အနှစ်သက်ဆုံးပဲ…။ မင်းက ဒီနေရာမှာရှိတဲ့ အဖြူအနက် တောင်သောင်းလုံးကိုပါ ထပ်ပေါင်းရင် ရောင်စုံကိုးခုအတူဆုံပြီး ကမ္ဘာပေါ်မှာ အလှပဆုံးမြင်ကွင်းကို ဖြစ်စေတာပဲ…”
ထိုသို့ပြောပြီးနောက်ရှေ့ဖစ်ဟောသူ အသွင်က အလေးအနက် ဖြစ်လာခဲ့သည်။ သည်အချိန်မှာပင် အရင်တုန်းက သူ့ထံက နူးညံမှုနေရာ၌ ထူးဆန်းထည်ဝါမှုက အစားထိုး ဝင်လာခဲ့၏။ သူက ဝမ်လင်းကို ကြည့်၍ အော်ပြောလိုက်သည်။
“ဝမ်လင်း…ဒူးထောက်ချေ…”
ဝမ်လင်းက အလျင်အမြန်ဒူးထောက်ချကာ ရှေ့ဖြစ်ဟောသူကို ခေါင်းမော့၍ ကြည့်လိုက်၏။
ရှေ့ဖြစ်ဟောသူက ဝမ်လင်းထံသို့ ညာလက်ညွှန်ကာ အော်ပြောလိုက်သည်။ “ဒီနေ့..ငါ ရှေ့ဖြစ်ဟောသူက ဝမ်လင်းကို ရောင်စုံကိုးခုအောက်မှာ ခရမ်းရောင်အုပ်စုခွဲရဲ့ တပည့်အဖြစ် လက်ခံတယ်…။ဝမ်လင်း မင်းက ငါ့တပည့် ဖြစ်လာဖို့ ဆန္ဒရှိလား…။ ငါ့ ကလန်စည်းမျဉ်းတွေကို လိုက်နာဖို့ ဆန္ဒရှိလား…။ကောင်းကင်ကံကြမ္မာကလန်ကို သစ္စာမဖောက်ဖို့ ဆန္ဒရှိလား…။ မြင့်မြင့်တဲ့ တာအို လမ်းကြောင်းကို လျှောက်လှမ်းဖို့ ဆန္ဒရှိလား…၊ မင်း ငါ့ကို ဖြေပါ…”
ဝမ်လင်း မျက်လုံးက အလေးအနက်ဖြစ်လာလေ၏။ သူက ဆုံးဖြတ်ချက်ချကာ ပြောလိုက်သည်။ “ဆရာက ငါ့ကို သစ္စာမဖောက်သရွေ့ ငါကလည်း ဆရာ့ကို သစ္စာမဖောက်ပါဘူး…။ ကောင်းကင်ကံကြမ္မာကလန်က ငါ့ကို သစ္စာမဖောက်သရွေ့ ငါကလည်း ကလန်ကို သစ္စာမဖောက်ပါဘူး…။ ဒါက ငါ ဝမ်လင်းရဲ့ ကတိပဲ…”
ရှေ့ဖြစ်ဟောသူ၏ မျက်လုံးကကျဉ်းမြောင်းသွားသည်။ သူက ဝမ်လင်းကို သေချာကြည့်ရှုလိုက်ပြီးနောက် ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်သည်။ သူက ဘယ်ဘက်လက်ကို အက်ကွဲကြောင်းထံသို့ ဆန့်တန်းလိုက်ရာ ကောင်းကင်တစ်ခုလုံး တုန်ခါလို့သွားတော့သည်။
ကြီးမားသည့် ရောင်စုံခုနှစ်ခု ပလ္လင်ကြီးတစ်ခုက ကောင်းကင်ထက်ကနေ ဖြည်းညင်းစွာ ဆင်းသက်လာတော့သည်။
သည်ပလ္လင်က ကြီးမားလွန်း၏။ ၎င်းက ဆင်းသက်လာသည့်အခါ အသံအက်ကွဲမှုများပင် ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။မြေပြင်ကပင် ၎င်း၏ အလေးချိန်ကို မခံနိုင်သည့်အလား ထင်မှတ်စေ၏။ သည်ပလ္လင်ပေါ်၌ မရေမတွက်နိုင်သော ရောင်စုံခုနှစ်ခု သစ်သားပြားများ ရှိလို့နေသည်။
သည်အခိုက်မှာပင် ရှေ့ဖြစ်ဟောသူက သူ့ဘယ်လက်ကို ဝှေ့ရမ်းလိုက်ရာ သစ်သားပြားတစ်ခုက ပျံဝဲလာကာ သူ့လက်ဝါးပေါ်သို့ ကျရောက်သွား၏။
ရှေ့ဖြစ်ဟောသူက ဓားတစ်ချောင်းကဲ့သို့ သူ့လက်သည်းကို အသုံးပြု၍ သစ်သားပြားပေါ်တွင် တစ်စုံတစ်ခုကို ထွင်းထုလိုက်သည်။
“ထျန်ယွမ်ဂြိုဟ်…ယွမ်ဝူပထမနှစ်မှာ ဝမ်လင်းကို ခရမ်းရောင်အုပ်စုခွဲရဲ့ တပည့်အဖြစ် လက်ခံတယ်…” ထိုသို့ပြောပြီးနောက် ရှေ့ဖြစ်ဟောသူက သစ်သားပြားကို ပစ်လွှတ်လိုက်ရာ ၎င်းက ခရမ်းရောင်မီးတောက်အဖြစ်သို့ လောင်ကျွမ်းသွားလေ၏။ သည့်နောက် ၎င်းက ခရမ်းရောင်အလင်းတန်းအဖြစ်သို့ ပြောင်း၍ ပလ္လင်ထက်သို့ ပျံသန်းသွားလေတော့သည်။
“ခု ငါကမင်းကို တားမြစ်ခံနည်းစနစ်တစ်ခုကို သင်ပေးတော့မယ်…။ဘယ်လို နည်းစနစ်မျိုးကို မင်းသင်ယူချင်လဲ…”